YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 2:8-11

ယောရှု 2:8-11 Judson Bible (JBMLE)

သူ​လျှို​တို့​သည် မ​အိပ်​မီ မိန်း​မ​သည် သူ​တို့​ရှိ​ရာ အိမ်​မိုး​ပေါ်​သို့​တက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ဤ​ပြည်​ကို ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​တို့​ကြောက်​လန့်​အား​ကြီး၍ သင်​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ကြောင်း​ကို​လည်း​ကောင်း ကျွန်​မ​သိ​ပါ၏။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော​အ​ခါ၊ ဧ​ဒုံ​ပင်​လယ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌​နေ၍ သင်​တို့ ရှင်း​ရှင်း​ဖျက်​ဆီး​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​နှင့် ဩ​ဃ​တို့၌ သင်​တို့​ပြု​သော​အ​မှု​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​ကြား​ရ​ကြ​ပြီ။ ထို​သ​တင်း​ကို​ကြား​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် စိတ်​ပျက်၍ သင်​တို့​ကြောင့် တစ်​စုံ​တစ်​ယောက်​သော​သူ၌​မျှ ရဲ​ရင့်​ခြင်း​သ​တ္တိ အ​လျှင်း​မ​ကျန်​ကြွင်း​ပါ။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက် ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ အောက်​အ​ရပ် မြေ​ကြီး၌​လည်း​ကောင်း၊ အ​စိုး​ရ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။

ယောရှု 2:8-11 Common Language Bible (BCL)

သူ​လျှို​တို့​အိပ်​ရာ​မ​ဝင်​မီ​အ​ချိန်​၌ ရာ​ခပ်​သည်​အိမ်​မိုး​ပေါ်​သို့​တက်​လာ​၍၊- ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပြည်​ကို​ပေး​တော်​မူ​ကြောင်း​ကျွန်​မ​သိ​ပါ​သည်။ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည်​သင်​တို့​ကို ကြောက်​လန့်​လျက်​ရှိ​ကြ​ပါ​သည်။- သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​စဉ်​က​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ချီ​တက်​ရာ​ရှေ့​၌​ပင်​လယ် နီ​ရေ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို ကျွန်​မ​တို့​ကြား​သိ​ရ​ပါ​သည်။ ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ဖြစ်​ကြ​သည့်​ရှိ​ဟုန်​ဘု​ရင် နှင့်​သြ​ဃ​ဘု​ရင်​တို့​ကို သင်​တို့​မည်​ကဲ့​သို့ သတ်​ဖြတ်​သုတ်​သင်​ခဲ့​ကြ​ကြောင်း​ကို​လည်း ကျွန်​မ​ကြား​သိ​ရ​ပါ​သည်။- ထို​သ​တင်း​များ​ကို​ကြား​လျှင်​ကြား​ချင်း ကျွန်​မ​တို့​ကြောက်​လန့်​ကြ​ပါ​၏။ သင်​တို့ ကြောင့်​ကျွန်​မ​တို့​စိတ်​ပျက်​အား​လျော့​ကြ ပါ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​မြေ​ကို​ပိုင်​သ​အုပ်​စိုး သော​ဘု​ရား​ဖြစ်​တော်​မူ​၏။

ယောရှု 2:8-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရာခပ်​လည်း ထို​သူ​တို့​မ​အိပ်​မီ သူ​တို့​ရှိ​ရာ ခေါင်မိုးပြင်​ပေါ်သို့​တက်လာ​၍ သူ​တို့​အား “​ထာဝရဘုရား​သည် ဤ​ပြည်​ကို သင်​တို့​အား ပေး​တော်မူ​ကြောင်း​၊ သင်​တို့​ကို ကျွန်မ​တို့​ကြောက်ရွံ့ထိတ်လန့်​လျက်​ရှိ​ကြောင်း​၊ ဤ​ပြည်သား​အပေါင်း​တို့​သည် သင်​တို့​ကြောင့် စိတ်အားလျော့​လျက်​ရှိ​ကြောင်း ကျွန်မ​သိ​ပါ​၏​။ အီဂျစ်​ပြည်​မှ သင်​တို့​ထွက်လာ​သောအခါ သင်​တို့​ရှေ့​၌​ခံ​နေ​သော​ပင်လယ်နီ​ကို ထာဝရဘုရား မည်သို့​ခန်းခြောက်​စေ​တော်မူ​ခဲ့​ကြောင်း​၊ ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​လူမျိုး​တို့​၏​ရှင်ဘုရင်​နှစ်​ပါး​ဖြစ်​သော ရှိဟုန်​နှင့်​ဩဃ​တို့​ကို သင်​တို့​မည်သို့​ချေမှုန်း​ခဲ့​ကြောင်း ကျွန်မ​တို့ ကြားသိ​ရ​ပါ​ပြီ​။ ထိုသို့ သင်​တို့​သတင်း​ကို​ကြားသိ​ရ​သောကြောင့် ကျွန်မ​တို့​စိတ်ပျက်အားလျော့​ကြ​ပါ​၏​။ လူတိုင်း​အလွန်​ကြောက်ရွံ့​လျက်​ရှိ​ပါ​၏​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အထက်​မိုးကောင်းကင်​တွင်​လည်းကောင်း​၊ အောက်​မြေကြီး​တွင်​လည်းကောင်း ဘုရားသခင်​ဖြစ်​တော်မူ​၏​။