YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 13:15-33

ယောရှု 13:15-33 Judson Bible (JBMLE)

မော​ရှေ​သည်၊ ရု​ဗင်​အ​မျိုး​သား​အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သော​ပြည်​များ​ဟူ​မူ​ကား၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊ ဟေ​ရှ​ဘုန်​မြို့​နှင့်​တ​ကွ လွင်​ပြင်၌ ရှိ​သ​မျှ​သော​မြို့၊ ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊ ယ​ဟာ​ဇ​မြို့၊ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့၊ ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​တွင်​တောင်​ပေါ်​မှာ​ရှိ​သော ဇာ​ရက်​ရှာ​ဟာ​မြို့၊ ဗက်​ပေ​ဂု​ရ​မြို့၊ အာ​ဇုတ်​ပိ​သ​ကာ​မြို့၊ ဗက်​ယေ​ရှိ​မုတ်​မြို့၊ လွင်​ပြင်၌​ရှိ​သ​မျှ​သော မြို့​တို့​နှင့်​တ​ကွ၊ ဟေ​ရှ​ဘုန်​မြို့၌​မင်း​ပြု​ရ​သော အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်၏​နိုင်​ငံ​တစ်​လျှောက်​လုံး​ကို ပေး​သ​တည်း။ ထို​ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ ထို​ရှင်​ဘု​ရင်​ချီး​မြှောက်၍ သူ့​ပြည်၌​နေ​သော​မိ​ဒျန်​မင်း​ကြီး​ငါး​ပါး၊ ဧ​ဝိ၊ ရေ​ကင်၊ ဇု​ရ၊ ဟု​ရ၊ ရေ​ဘ​တို့​ကို​လည်း​ကောင်း မော​ရှေ​သည် လုပ်​ကြံ​လေ၏။ ပ​ရော​ဖက်​လုပ်​သော ဗော​ရ​သား​ဗာ​လမ်​ကို​လည်း၊ အ​သေ​ခံ​ရ​သော​သူ​တို့​နှင့်​ရော၍ ဣ​သ​ရေ​လ​လူ​တို့​သည် ဓား​နှင့်​ကွပ်​မျက်​ကြ၏။ ရု​ဗင်​အ​မျိုး​သား​နေ​ရာ​အ​ပိုင်း​အ​ခြား​ကား၊ ယော်​ဒန်​မြစ်​နှင့် မြစ်​ကမ်း​ပါး​တည်း။ ဤ​ရွေ့​ကား၊ ရု​ဗင်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော မြို့​ရွာ​များ​ပေ​တည်း။ မော​ရှေ​သည် ဂဒ်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သော ပြည်​များ​ဟူ​မူ​ကား၊ ယာ​ဇာ​မြို့​မှ​စ၍ ဂိ​လဒ်​မြို့​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ ရ​ဗ္ဗာ​မြို့​ရှေ့၌​ရှိ​သော အာ​ရော်​မြို့​တိုင်​အောင် အ​မ္မုန်​ပြည်​တစ်​ဝက်၊ ဟေ​ရှ​ဘုန်​မြို့​မှ​စ၍ ရာ​မတ်​မိ​ဇ​ပါ​မြို့၊ ဗေ​တော​နိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ မ​ဟာ​နိမ်​မြို့​မှ​စ၍ ဒေ​ဗိ​ရ​မြို့​နယ်​တိုင်​အောင်​လည်း​ကောင်း​ပါ​သော​ပြည်၊ ချိုင့်၌​လည်း၊ ဗေ​သာ​ရံ​မြို့၊ ဗက်​နိ​မ​ရ​မြို့၊ သု​ကုတ်​မြို့၊ ဇာ​ဖုန်​မြို့​အ​စ​ရှိ​သော ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယော်​ဒန်​မြစ်​အ​ပိုင်း​အ​ခြား၊ ဂင်္နေ​သ​ရက်​အိုင်​နား​တိုင်​အောင်၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင်​ရှိ​ဟုန်​ပိုင်​သော နိုင်​ငံ​ကျန်​ကြွင်း​သ​မျှ​ကို ပေး​သ​တည်း။ ဤ​ရွေ့​ကား၊ ဂဒ်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော မြို့​ရွာ​များ​ပေ​တည်း။ မော​ရှေ​သည် မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​အား​အ​မွေ​ပေး၍၊ မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော ပြည်​များ​ဟူ​မူ​ကား၊ မ​ဟာ​နိမ်​မြို့​မှ​စ၍ ဗာ​ရှန်​ပြည်​တည်း​ဟူ​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး၊ ဗာ​ရှန်​ပြည်၌​ပါ​သော ယာ​ဣ​ရ​မြို့​ခြောက်​ဆယ်​ကို အ​မွေ​ခံ​ရ​သ​တည်း။ ဂိ​လဒ်​ပြည်​တစ်​ဝက်၊ ဗာ​ရှန်​ပြည်၌ ဩ​ဃ၏​နိုင်​ငံ​အ​ဝင်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် ဧ​ဒြိ​မြို့​တို့​ကို မ​နာ​ရှေ​သား မာ​ခိ​ရ၏​သား​မြေး​တစ်​ဝက် အ​ဆွေ​အ​မျိုး​အ​လိုက် ပိုင်​ရ​ကြ၏။ ဤ​ရွေ့​ကား၊ မော​ရှေ​သည် ယော်​ဒန်​မြစ်​အ​ရှေ့၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ မော​ဘ​လွင်​ပြင်၌ အ​မွေ​ဝေ​ဖန်​သော​ပြည်​များ​ပေ​တည်း။ လေ​ဝိ​အ​မျိုး​အား အ​မွေ​ကို​မ​ပေး။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သူ​တို့​အ​မွေ​ဖြစ်​တော်​မူ​သ​တည်း။

ယောရှု 13:15-33 Common Language Bible (BCL)

မော​ရှေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု​တို့ အား​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။- သူ​တို့​၏​နယ်​မြေ​သည်(အာ​နုန်​မြစ်​ဝှမ်း​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း​အ​ထက်​ရှိ​မြို့​များ အ​ထိ​ကျယ်​ပြန့်​၍ မေ​ဒ​ဘ​မြို့​ပတ်​လည်​ရှိ ကုန်း​ပြင်​မြင့်​တစ်​ခု​လုံး​ပါ​ဝင်​သည်။- ဟေ​ရှ​ဘုန်​မြို့​နှင့်​ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့ များ​ဖြစ်​သော​ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊- ယ​ဟာ​ဇ​မြို့၊ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့၊- ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​ဝှမ်း​တောင် ကုန်း​ပေါ်​ရှိ​ဇာ​ရက်​ရှာ​ဟာ​မြို့၊- ဗက်​ပေ​ဂု​ရ​မြို့၊ ပိ​သ​ကာ​တောင်​စောင်း​နှင့် ဗက်​ယေ​ရှိ​မုတ်​မြို့​များ​ပါ​ဝင်​သည်။- ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့​အား​လုံး​နှင့်​ဟေ​ရှ ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​မင်း​ရှိ​ဟုန် ၏​နိုင်​ငံ​တစ်​ခု​လုံး​ပါ​ဝင်​သည်။ မော​ရှေ သည်​ထို​မင်း​နှင့်​တ​ကွ​မိ​ဒျန်​မင်း​များ​ဖြစ် ကြ​သော​ဧ​ဝိ​မင်း၊ ရေ​ကင်​မင်း၊ ဇု​ရ​မင်း၊ ဟု​ရ​မင်း​နှင့်​ရေ​ဘ​မင်း​တို့​ကို​နှိမ်​နင်း​ခဲ့ လေ​သည်။ ထို​မင်း​ငါး​ပါး​တို့​သည်​ရှိ​ဟုန် မင်း​၏​သြ​ဇာ​ခံ​မင်း​များ​ဖြစ်​ကြ​သည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကွပ်​မျက်​ခဲ့ သော​သူ​များ​တွင် ဗော​ရ​၏​သား​မှော်​ဆ​ရာ ဗာ​လမ်​လည်း​ပါ​ဝင်​လေ​သည်။- ရု​ဗင်​အ​နွယ်​ဝင်​တို့​ပိုင်​သော​နယ်​မြေ​၏ အ​နောက်​ဘက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ် ဖြစ်​၏။ အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင် သော​နယ်​မြေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။ မော​ရှေ​သည်​ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အား လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။- သူ​တို့​၏​နယ်​မြေ​သည်​ယာ​ဇာ​မြို့​နှင့်​ဂိ​လဒ် ပြည်​ရှိ​မြို့​အား​လုံး၊ ရဗ္ဗာ​မြို့​အရှေ့​ဘက်​တွင် ရှိ​သော​အာ​ရော်​မြို့​အ​ထိ​ကျယ်​ပြန့်​သော အမ္မုန်​ပြည်​တစ်​ဝက်​ပါ​ဝင်​သည်။- သူ​တို့​၏​နယ်​မြေ​သည်​ဟေ​ရှ​ဘုန်​မြို့​မှ ရာ​မတ်​မိ​ဇ​ပါ​မြို့​နှင့်​ဗေ​တော​နိမ်​မြို့​တိုင် အောင်​လည်း​ကောင်း၊ မ​ဟာ​နိမ်​မြို့​မှ​လို​ဒီ​ဗာ နယ်​စပ်​တိုင်​အောင်​လည်း​ကောင်း​ကျယ်​ပြန့်​သည်။- ယော်​ဒန်​မြစ်​ဝှမ်း​တွင်​တည်​ရှိ​သော​ဗေ​သာ​ရံ မြို့၊ ဗက်​နိ​မ​ရ​မြို့၊ သု​ကုတ်​မြို့၊ ဇာ​ဖုန်​မြို့​များ နှင့်​ဟေ​ရှ​ဘုန်​မင်း​ရှိ​ဟုန်​ပိုင်​နက်​မှ​ကျန်​သော နယ်​မြေ​များ​ပါ​ဝင်​သည်။ သူ​တို့​နယ်​မြေ အ​နောက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ်​တစ် လျှောက်​မြောက်​ဘက်​ဂါ​လိ​လဲ​အိုင်​အ​ထိ ဖြစ်​သည်။- အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင်​သော​နယ် မြေ​သည် ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အ​တွက် ဝေ​စု​ဖြစ်​သည်။ မော​ရှေ​သည်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​မိ​သား​စု တို့​အား​လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။- သူ​တို့​၏​နယ်​မြေ​သည်​မ​ဟာ​နိမ်​မြို့​အ​ထိ ကျယ်​ပြန့်​၍​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော ပြည်​တစ်​ပြည်​လုံး​နှင့်​တ​ကွ​ဗာ​ရှန်​ပြည်​တွင်း ရှိ​ယာ​ဣ​ရ​၏​ရွာ​ပေါင်း​ခြောက်​ဆယ်​ပါ​ဝင် သည်။- ဂိ​လဒ်​ပြည်​တစ်​ဝက်​နှင့်​သြ​ဃ​မင်း​အ​စိုး​ရ သော​ဗာ​ရှန်​ပြည်​၏​မြို့​တော်​များ​ဖြစ်​သည့် အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​လည်း ပါ​ဝင်​သည်။ အ​ထက်​ဖော်​ပြ​ပါ​နယ်​မြေ​သည် မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​၏​မိ​သား​စု​တစ် ဝက်​တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။ မော​ရှေ​သည်​မော​ဘ​လွင်ပြင်​တွင်​ရောက်​ရှိ​စဉ် အ​ခါ​က​ယေ​ရိ​ခေါ​မြို့​နှင့်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​အ​ထက်​ပါ အ​တိုင်း​ခွဲ​ဝေ​ပေး​ခဲ့​လေ​သည်။- မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​မှ​ဝေ​စု​ကို သူ​တို့​ရ​မည်​ဟု​မော​ရှေ​မိန့်​ကြား​ခဲ့​၏။

ယောရှု 13:15-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မောရှေ​သည် ရုဗင်​အမျိုးအနွယ်​ကို မျိုးနွယ်စု​အလိုက် အမွေမြေ​ခွဲဝေ​ပေး​၏​။ သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​နှင့် ချောင်း​အလယ်ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်ခုလုံး​၊ ဟေရှဘုန်​မြို့​နှင့်တကွ လွင်ပြင်​ရှိ ဒိဘုန်​မြို့​၊ ဗာမုတ်ဗာလ​မြို့​၊ ဗက်ဗာလမုန်​မြို့​၊ ယာဟတ်​မြို့​၊ ကေဒမုတ်​မြို့​၊ မေဖတ်​မြို့​၊ ကိရယသိမ်​မြို့​၊ စိဗမာ​မြို့​၊ ကုန်းမြင့်​လွင်ပြင်​ရှိ ဇာရက်ရှာဟာ​မြို့​၊ ဗက်ပေဂုရ​မြို့​၊ ပိသဂါ​တောင်စောင်း​တစ်လျှောက်​၊ ဗက်ယေရှိမုတ်​မြို့​အပါအဝင် လွင်ပြင်​ရှိ မြို့​အားလုံး​၊ ဟေရှဘုန်​မြို့​၌​စိုးစံ​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နိုင်ငံ​တစ်နိုင်ငံလုံး​ဖြစ်​၏​။ မောရှေ​သည် ရှိဟုန်​ဘုရင်​နှင့်တကွ ရှိဟုန်​ဘုရင်​မင်းမြှောက်​ထား​၍ ထို​ပြည်​တွင်​နေထိုင်​ကြ​သော​မိဒျန်​ခေါင်းဆောင် ဧဝိ​၊ ရေကင်​၊ ဇုရ​၊ ဟုရ​၊ ရေဘ တို့​ကို ကွပ်မျက်​ခဲ့​၏​။ အစ္စရေး​အမျိုးသား​တို့ ဓား​ဖြင့်​ကွပ်မျက်​ခဲ့​သော​သူ​တို့​တွင် ဗောရ​၏​သား ဂမ္ဘီရအတတ်​ပညာရှင်​ဗာလမ်​လည်း ပါ​၏​။ ဂျော်ဒန်​မြစ်​ကမ်းရိုးတန်း​တစ်လျှောက်​သည် ရုဗင်​အမျိုးအနွယ်​တို့ ရရှိ​သော​အမွေမြေ​ဖြစ်​၏​။ ဤသည်ကား ရုဗင်​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် အမွေမြေ​အဖြစ်​ရရှိ​သော မြို့​ရွာ​များ​ဖြစ်​သတည်း​။ မောရှေ​သည် ဂဒ်​အမျိုးအနွယ်​ကို မျိုးနွယ်စု​အလိုက် အမွေမြေ​ခွဲဝေ​ပေး​၏​။ သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ ယာဇာ​မြို့​၊ ဂိလဒ်​ပြည်​ရှိ​မြို့​အားလုံး​၊ ရဗ္ဗာ​မြို့​အရှေ့ဘက်​ရှိ အာရော်​မြို့​အထိ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​တစ်ဝက်​၊ ဟေရှဘုန်​မြို့​မှ ရာမတ်​မိဇပါ​မြို့​၊ ဗေတောနိမ်​မြို့​အထိ​၊ မဟာနိမ်​မြို့​မှ ဒေဗိရ​မြို့​နယ်နိမိတ်​အထိ​၊ ချိုင့်ဝှမ်းလွင်ပြင်​ရှိ ဗက်ဟာရန်​မြို့​၊ ဗက်နိမရ​မြို့​၊ သုကုတ်​မြို့​၊ ဇာဖုန်​မြို့​၊ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​ကျန်​သော​နယ်မြေ​၊ ဂျော်ဒန်​မြစ်​နယ်နိမိတ်​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း ဂင်နေသရက်​အိုင်​အထိ​ဖြစ်​၏​။ ဤသည်ကား ဂဒ်​အမျိုးအနွယ်​တို့ မျိုးနွယ်စု​အလိုက် အမွေမြေ​အဖြစ်​ရရှိ​သော​မြို့​ရွာ​များ​ဖြစ်​သတည်း​။ မောရှေ​သည် မနာရှေ​အမျိုးအနွယ်​တစ်ဝက်​အား အမွေမြေ​ခွဲဝေ​ပေး​၏​။ မျိုးနွယ်စု​အလိုက် မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​ရှိ​သော​နယ်မြေ​ကား ဗာရှန်​ပြည်​ရှိ ယာဣရ​မြို့ငယ်​ပေါင်း ခြောက်ဆယ်​အပါအဝင် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​အုပ်စိုး​သော မဟာနိမ်​မြို့​မှ ဗာရှန်​ပြည်​တစ်ပြည်လုံး​၊ ဂိလဒ်​ပြည်​တစ်ဝက်​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​မင်းနေပြည်တော်​မြို့​များ​ဖြစ်​သည့် အာရှတရုတ်​မြို့​နှင့်​ဧဒြိ​မြို့​တို့​ဖြစ်​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် မနာရှေ​၏​သား မာခိရ​၏​သားမြေး​တစ်ဝက်​တို့​ရ​သော​အမွေမြေ​ဖြစ်​၏​။ ဤရွေ့ကား ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျေရိခေါ​မြို့​အရှေ့ဘက် မောဘ​လွင်ပြင်​တွင် မောရှေ​ခွဲဝေ​ပေး​ခဲ့​သော​အမွေမြေ​များ​ဖြစ်​၏​။ မောရှေ​သည် လေဝိ​အမျိုး​တို့​ကို အမွေမြေ မ​ခွဲပေး​။ သူ​တို့​အား ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​လူမျိုး​၏​ဘုရားရှင်​ထာဝရဘုရား​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။