YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယော​ရှု 13:15-33

ယော​ရှု 13:15-33 BCL

မော​ရှေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု​တို့ အား​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။- သူ​တို့​၏​နယ်​မြေ​သည်(အာ​နုန်​မြစ်​ဝှမ်း​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း​အ​ထက်​ရှိ​မြို့​များ အ​ထိ​ကျယ်​ပြန့်​၍ မေ​ဒ​ဘ​မြို့​ပတ်​လည်​ရှိ ကုန်း​ပြင်​မြင့်​တစ်​ခု​လုံး​ပါ​ဝင်​သည်။- ဟေ​ရှ​ဘုန်​မြို့​နှင့်​ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့ များ​ဖြစ်​သော​ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊- ယ​ဟာ​ဇ​မြို့၊ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့၊- ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​ဝှမ်း​တောင် ကုန်း​ပေါ်​ရှိ​ဇာ​ရက်​ရှာ​ဟာ​မြို့၊- ဗက်​ပေ​ဂု​ရ​မြို့၊ ပိ​သ​ကာ​တောင်​စောင်း​နှင့် ဗက်​ယေ​ရှိ​မုတ်​မြို့​များ​ပါ​ဝင်​သည်။- ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့​အား​လုံး​နှင့်​ဟေ​ရှ ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​မင်း​ရှိ​ဟုန် ၏​နိုင်​ငံ​တစ်​ခု​လုံး​ပါ​ဝင်​သည်။ မော​ရှေ သည်​ထို​မင်း​နှင့်​တ​ကွ​မိ​ဒျန်​မင်း​များ​ဖြစ် ကြ​သော​ဧ​ဝိ​မင်း၊ ရေ​ကင်​မင်း၊ ဇု​ရ​မင်း၊ ဟု​ရ​မင်း​နှင့်​ရေ​ဘ​မင်း​တို့​ကို​နှိမ်​နင်း​ခဲ့ လေ​သည်။ ထို​မင်း​ငါး​ပါး​တို့​သည်​ရှိ​ဟုန် မင်း​၏​သြ​ဇာ​ခံ​မင်း​များ​ဖြစ်​ကြ​သည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကွပ်​မျက်​ခဲ့ သော​သူ​များ​တွင် ဗော​ရ​၏​သား​မှော်​ဆ​ရာ ဗာ​လမ်​လည်း​ပါ​ဝင်​လေ​သည်။- ရု​ဗင်​အ​နွယ်​ဝင်​တို့​ပိုင်​သော​နယ်​မြေ​၏ အ​နောက်​ဘက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ် ဖြစ်​၏။ အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင် သော​နယ်​မြေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။ မော​ရှေ​သည်​ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အား လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။- သူ​တို့​၏​နယ်​မြေ​သည်​ယာ​ဇာ​မြို့​နှင့်​ဂိ​လဒ် ပြည်​ရှိ​မြို့​အား​လုံး၊ ရဗ္ဗာ​မြို့​အရှေ့​ဘက်​တွင် ရှိ​သော​အာ​ရော်​မြို့​အ​ထိ​ကျယ်​ပြန့်​သော အမ္မုန်​ပြည်​တစ်​ဝက်​ပါ​ဝင်​သည်။- သူ​တို့​၏​နယ်​မြေ​သည်​ဟေ​ရှ​ဘုန်​မြို့​မှ ရာ​မတ်​မိ​ဇ​ပါ​မြို့​နှင့်​ဗေ​တော​နိမ်​မြို့​တိုင် အောင်​လည်း​ကောင်း၊ မ​ဟာ​နိမ်​မြို့​မှ​လို​ဒီ​ဗာ နယ်​စပ်​တိုင်​အောင်​လည်း​ကောင်း​ကျယ်​ပြန့်​သည်။- ယော်​ဒန်​မြစ်​ဝှမ်း​တွင်​တည်​ရှိ​သော​ဗေ​သာ​ရံ မြို့၊ ဗက်​နိ​မ​ရ​မြို့၊ သု​ကုတ်​မြို့၊ ဇာ​ဖုန်​မြို့​များ နှင့်​ဟေ​ရှ​ဘုန်​မင်း​ရှိ​ဟုန်​ပိုင်​နက်​မှ​ကျန်​သော နယ်​မြေ​များ​ပါ​ဝင်​သည်။ သူ​တို့​နယ်​မြေ အ​နောက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ်​တစ် လျှောက်​မြောက်​ဘက်​ဂါ​လိ​လဲ​အိုင်​အ​ထိ ဖြစ်​သည်။- အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင်​သော​နယ် မြေ​သည် ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အ​တွက် ဝေ​စု​ဖြစ်​သည်။ မော​ရှေ​သည်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​မိ​သား​စု တို့​အား​လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။- သူ​တို့​၏​နယ်​မြေ​သည်​မ​ဟာ​နိမ်​မြို့​အ​ထိ ကျယ်​ပြန့်​၍​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော ပြည်​တစ်​ပြည်​လုံး​နှင့်​တ​ကွ​ဗာ​ရှန်​ပြည်​တွင်း ရှိ​ယာ​ဣ​ရ​၏​ရွာ​ပေါင်း​ခြောက်​ဆယ်​ပါ​ဝင် သည်။- ဂိ​လဒ်​ပြည်​တစ်​ဝက်​နှင့်​သြ​ဃ​မင်း​အ​စိုး​ရ သော​ဗာ​ရှန်​ပြည်​၏​မြို့​တော်​များ​ဖြစ်​သည့် အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​လည်း ပါ​ဝင်​သည်။ အ​ထက်​ဖော်​ပြ​ပါ​နယ်​မြေ​သည် မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​၏​မိ​သား​စု​တစ် ဝက်​တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။ မော​ရှေ​သည်​မော​ဘ​လွင်ပြင်​တွင်​ရောက်​ရှိ​စဉ် အ​ခါ​က​ယေ​ရိ​ခေါ​မြို့​နှင့်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​အ​ထက်​ပါ အ​တိုင်း​ခွဲ​ဝေ​ပေး​ခဲ့​လေ​သည်။- မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​မှ​ဝေ​စု​ကို သူ​တို့​ရ​မည်​ဟု​မော​ရှေ​မိန့်​ကြား​ခဲ့​၏။