YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 11:16-23

ယောရှု 11:16-23 Judson Bible (JBMLE)

ထို​သို့ စိ​ရ​လမ်း​တွင်​ရှိ​သော ဟာ​လက်​တောင်​မှ​စ၍ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၊ လေ​ဗ​နုန်​ချိုင့်၌​ရှိ​သော ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ဂေါ​ရှင်​ပြည်၊ ချိုင့်​များ၊ လွင်​ပြင်​များ၊ ဣ​သ​ရေ​လ​တောင်၊ ဣ​သ​ရေ​လ​ချိုင့်​နှင့်​တ​ကွ ထို​ပြည်​အ​လုံး​စုံ​ကို ယော​ရှု​သည်​သိမ်း​ယူ၍၊ မင်း​ကြီး​အ​ပေါင်း​တို့​ကို​အောင်​သ​ဖြင့် လုပ်​ကြံ​ကွပ်​မျက်​လေ၏။ ထို​မင်း​ကြီး​အ​ပေါင်း​တို့​ကို ကာ​လ​ကြာ​မြင့်​စွာ စစ်​တိုက်​ရ၏။ ဟိ​ဝိ​လူ၊ ဂိ​ဗောင်​မြို့​သား​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော မြို့​တစ်​မြို့​မျှ​မ​ရှိ။ အ​ခြား​သော​မြို့​ရှိ​သ​မျှ​တို့​ကို တိုက်၍ အ​နိုင်​သိမ်း​ယူ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လူ​မျိုး​တို့​ကို ကျေး​ဇူး​မ​ပြု၊ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​စေ​မည်​အ​ကြောင်း၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ဆီး၍ တိုက်​ဝံ့​သည်​တိုင်​အောင် သူ​တို့​စိတ်​နှ​လုံး​ခိုင်​မာ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား အ​လို​ရှိ​တော်​မူ​သ​တည်း။ ထို​ကာ​လ​အ​ခါ ယော​ရှု​သည် ချီ​သွား၍၊ အာ​န​က​လူ​တို့​ကို တောင်​ပေါ်​အ​ရပ် ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ​မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်၊ ဣ​သ​ရေ​လ​တောင်​ရှိ​သ​မျှ​တို့​မှ ပယ်​ရှား၍၊ သူ​တို့​မြို့​များ​နှင့်​တ​ကွ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။ ဂါ​ဇ​မြို့၊ ဂါ​သ​မြို့၊ အာ​ဇုတ်​မြို့​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​တိုင်း​နိုင်​ငံ​တွင် ကျန်​ကြွင်း​သော အာ​န​က​လူ တစ်​ယောက်​မျှ​မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို မိန့်​တော်​မူ​သ​မျှ​အ​တိုင်း၊ ယော​ရှု​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သ​ဖြင့်၊ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။

ယောရှု 11:16-23 Common Language Bible (BCL)

ယော​ရှု​သည်​မြောက်​ဘက်​ရှိ​တောင်​ကုန်း ဒေ​သ​နှင့်​တောင်​ခြေ​ဒေ​သ​များ၊ တောင်​ဘက် ရှိ​တောင်​ကုန်း​ဒေ​သ​နှင့်​တောင်​ခြေ​ဒေ​သ များ၊ ဂေါ​ရှင်​ပြည်​တစ်​ပြည်​လုံး​နှင့်​ယင်း ၏​တောင်​ဘက်​ရှိ​ခြောက်​သွေ့​သော​ဒေ​သ၊ ယော်​ဒန်​မြစ်​ဝှမ်း​မှ​စ​၍​တစ်​ပြည်​လုံး ကို​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​လေ​သည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ယူ​သော နယ်​မြေ​သည်​တောင်​ဘက်​ဧ​ဒုံ​ပြည်​အ​နီး၊ ဟာ​လက်​တောင်​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​၏​တောင်​ဘက်​လေ​ဗ​နုန်​ချိုင့်​ဝှမ်း​ရှိ ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်​ကျယ်​ပြန့်​လေ​သည်။ ယော​ရှု​သည်​ထို​နယ်​မြေ​ကို​အုပ်​စိုး​သော မင်း​များ​နှင့်​ကြာ​မြင့်​စွာ​စစ်​တိုက်​ရ​သည်။ သို့​ရာ​တွင်​သူ​သည်​ထို​မင်း​အား​လုံး​တို့ ကို​လက်​ရ​ဖမ်း​ဆီး​ကွပ်​မျက်​ခဲ့​လေ​သည်။- ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ဂိ​ဗောင် မြို့​တွင်​နေ​ထိုင်​သော ဟိ​ဝိ​အ​မျိုး​သား​တို့ နှင့်​သာ​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​ဆို​ခဲ့ သည်။ အ​ခြား​သော​မြို့​များ​ကို​မူ​တိုက်​ခိုက် သိမ်း​ယူ​ခဲ့​သည်။- ထို​သူ​အ​ပေါင်း​တို့​ကို​မ​သ​နား​မ​ညှာ​တာ ဘဲ​အ​ကုန်​အ​စင်​သုတ်​သင်​သတ်​ဖြတ်​ပစ်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အ​ပေါင်း​တို့ အား​ဇွဲ​သန်​သန်​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​ခု​ခံ​တိုက်​ခိုက်​စေ​တော်​မူ​၏။ ထို​သူ​တို့ ကို​အ​ကုန်​အ​စင်​သုတ်​သင်​ရ​ခြင်း​မှာ​မော​ရှေ အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ဖြစ်​သ​တည်း။ ထို​ကာ​လ​၌​ယော​ရှု​သည်​ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ၊ ဣ​သ ရေ​လ​တောင်​ကုန်း​ဒေ​သ​စ​သော​တောင်​ကုန်း ဒေသ​များ​တွင်​နေ​ထိုင်​သည့် ထွား​ကြိုင်း​သော အာ​န​က​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ချီ​တက် လေ​သည်။ ယော​ရှု​သည်​အာ​န​က​အ​မျိုး​သား များ​ကို တစ်​ယောက်​မ​ကျန်​သုတ်​သင်​၍​သူ တို့​မြို့​များ​ကို​မြေ​လှန်​ဖျက်​ဆီး​ခဲ့​လေ သည်။- ထို့​ကြောင့်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​န​က အ​မျိုး​သား​ဟူ​၍ တစ်​ယောက်​မျှ​အ​သက်​ရှင် ၍​မ​ကျန်​ရစ်​ချေ။ သို့​ရာ​တွင်​ဂါ​ဇ​မြို့၊ ဂါ​သ မြို့​နှင့်​အာ​ဇုတ်​မြို့​များ​၌​သာ​လျှင်​အာ​န​က အ​မျိုး​သား​အ​ချို့​ကျန်​ရှိ​ကြ​သေး​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည်​အ​တိုင်း ယော​ရှု​သည်​ထို​ပြည် တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး အား​ပိုင်​ဆိုင်​စေ​ရန်​ထို​ပြည်​ကို​ခွဲ​ဝေ​ပေး လေ​သည်။ ထို​နောက်​တစ်​ပြည်​လုံး​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​လေ​သ​တည်း။

ယောရှု 11:16-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုသို့ ယောရှု​သည် တောင်ပေါ်ဒေသ​၊ မြေနိမ့်ဒေသ​၊ အရာဗ​လွင်ပြင်​တို့​မှစ၍ နေဂေ့​အရပ်​တစ်ခုလုံး​၊ ဂေါရှင်​ပြည်​တစ်ပြည်လုံး​နှင့် အစ္စရေး​တောင်တန်း​မြေပြန့်​မကျန် နယ်မြေ​အားလုံး​ကို သိမ်းယူ​ခဲ့​၏​။ စိရ​ပြည်​ဘက်​သို့​တက်သွား​သော ဟာလက်​တောင်​အထိ​၊ ထိုမှ ဟေရမုန်​တောင်​ခြေ လက်ဘနွန်​ချိုင့်ဝှမ်း​ရှိ ဗာလဂဒ်​အရပ်​အထိ သိမ်းယူ​ခဲ့​၏​။ ရှင်ဘုရင်​အပေါင်း​တို့​ကို​လည်း ဖမ်းဆီး​ပြီး ရိုက်နှက်​ကွပ်မျက်​လေ​၏​။ ယောရှု​သည် ထို​ဘုရင်​အပေါင်း​တို့​ကို ရက်ပေါင်း​များစွာ တိုက်ယူ​ခဲ့​ရ​၏​။ ဂိဗောင်​မြို့သား​၊ ဟိဝိ​လူမျိုး​တို့​မှတစ်ပါး အခြား​မည်သည့်​မြို့​မျှ အစ္စရေး​လူမျိုး​တို့​ကို မိတ်​မ​ဖွဲ့​ကြ​။ ထို့ကြောင့် အခြား​မြို့​ရှိသမျှ​တို့​ကို တိုက်ခိုက်​သိမ်းပိုက်​ကြ​လေ​၏​။ အစ္စရေး​လူမျိုး​တို့​နှင့် စစ်တိုက်​ရန် သူ​တို့​ကို ထာဝရဘုရား​စိတ်ခိုင်မာ​စေ​၏​။ ဤသို့​ဖြစ်​ခြင်း​မှာ သူ​တို့​ကို သုတ်သင်ပယ်ရှင်း​မည်​ဟု မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​ကို မ​သနား​မ​ညှာတာ​ဘဲ တစ်​ယောက်​မ​ကျန်​ကွပ်မျက်​တော်မူ​ရန်​ဖြစ်​၏​။ ထို​အချိန်​တွင် ယောရှု​သည် တောင်​ပေါ်​မြို့​ဖြစ်​သော ဟေဗြုန်​မြို့​၊ ဒေဗိရ​မြို့​၊ အာနပ်​မြို့​တို့​နှင့် ယုဒ​တောင်ပေါ်ဒေသ​၊ အစ္စရေး​တောင်ပေါ်ဒေသ​တို့​၌ နေထိုင်​သော​အာနက​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​၍ သူ​တို့​၏​မြို့​များ​နှင့် သူ​တို့​ကို အကုန်အစင်​ဖျက်ဆီး​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​၏​ပိုင်နက်​ထဲတွင် အာနက​လူမျိုး တစ်ယောက်မျှ​မ​ကျန်​။ ဂါဇ​မြို့​၊ ဂါသ​မြို့​၊ အာဇုတ်​မြို့​တို့​၌​သာ အနည်းငယ်​ကျန်ရစ်​၏​။ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း ယောရှု​သည် ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​၍ အစ္စရေး​လူမျိုး​တို့​အား မျိုးနွယ်​အလိုက် အမွေမြေ​အဖြစ် ခွဲဝေ​ပေး​လေ​၏​။ ထို့နောက်တွင် တစ်ပြည်လုံး စစ်​ငြိမ်း​လေ​၏​။