YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောန 4:1-4

ယောန 4:1-4 Judson Bible (JBMLE)

ယော​န​သည် အ​လွန်​စိတ်​ညစ်၍ အ​မျက်​ထွက်​သ​ဖြင့်၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကျွန်ုပ်​သည် ကိုယ်​ပြည်၌​ရှိ​စဉ်၊ ဤ​သို့​ပြော​ပါ​ပြီ​မ​ဟုတ်​လော။ ထို​ကြောင့်၊ ကိုယ်​တော်​ထံ​မှ တာ​ရှု​မြို့​သို့ ကြိုး​စား၍ ပြေး​ပါ၏။ ကိုယ်​တော်​သည် သ​နား​စုံ​မက်​တတ်​သော​ဘု​ရား​ဖြစ်၍ စိတ်​ရှည်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ဒဏ်​ပေး​မည့်​အ​မှု​ကို နောင်​တ​ရ​တတ်​သော သ​ဘော​ရှိ​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ၏။ သို့​ဖြစ်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို နုတ်​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ရှင်​ခြင်း​ထက် သေ​ခြင်း​သည် သာ၍​ကောင်း​ပါ​သည်​ဟု တောင်း​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​မျက်​ထွက် ကောင်း​သ​လော​ဟု မေး​တော်​မူ၏။

ယောန 4:1-4 Common Language Bible (BCL)

ဤ​သို့​ဖြစ်​ရ​ခြင်း​ကြောင့်​ယော​န​သည်​လွန်​စွာ စိတ်​မ​ကျေ​မ​ချမ်း​ဖြစ်​၍​စိတ်​ဆိုး​သ​ဖြင့်၊- ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ် တိုင်း​ပြည်​မှ​မ​ထွက်​ခွာ​မီ​က​ပင်​ကိုယ်​တော် ဤ​သို့​ပြု​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​ကြို​တင် ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ဤ​အ​ကြောင်း ကြောင့်​အ​ကျွန်ုပ်​သည်​တာ​ရှု​မြို့​သို့​ထွက်​ပြေး ရန်​ကြိုး​စား​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​မေတ္တာ က​ရု​ဏာ​ရှိ​တော်​မူ​သော၊ အ​စဉ်​စိတ်​ရှည် လျက်​အ​ကြင်​နာ​တ​ရား​ရှိ​တော်​မူ​သော၊ အ​ပြစ်​ဒဏ်​ခတ်​သင့်​သော်​လည်း​မ​ခတ်​ဘဲ ချမ်း​သာ​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ ၏။- သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင် အ​ကျွန်ုပ်​အား​သေ​ရ​သော​အ​ခွင့်​ကို​ပေး တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​တွက်​အ​သက်​ရှင် ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​၏'' ဟု​ဆု​တောင်း​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​ဤ​သို့​အ​မျက် ထွက်​သင့်​သ​လော'' ဟု​မေး​တော်​မူ​၏။

ယောန 4:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောန​သည် ထို​အမှုအရာ​ကို အလွန်ပင်​ဘဝင်မကျ​နိုင်​အောင်​ဖြစ်​လျက် အမျက်ထွက်​ပြီး ထာဝရဘုရား​ထံ “​အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​နေရင်းပြည်​၌​ရှိ​စဉ်က ဤသို့​ဖြစ်​မည်​ဟု အကျွန်ုပ်​ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော​။ ထို့ကြောင့် ကျွန်ုပ်​လည်း တာရှု​ပြည်​သို့ အမြန်ထွက်ပြေး​ခဲ့​ပါ​၏​။ စင်စစ် ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား ဖြစ်​တော်မူ​၍ ဘေးဆိုး​ကျရောက်​စေ​မည့်​အမှု​မှ စိတ်​တော်​ပြောင်းလဲ​တော်မူ​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​၏​။ ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​အသက်​ကို ယခုပင်​နုတ်ယူ​တော်မူ​ပါ​။ အကျွန်ုပ် အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။ ထာဝရဘုရား​က​လည်း သူ့​အား “​သင်​အမျက်ထွက်​သင့်​သလော​”​ဟု မေး​တော်မူ​၏​။