YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလ 3:1-21

ယောလ 3:1-21 Judson Bible (JBMLE)

ထို​နေ့​ရက်​ကာ​လ၌ အ​ထက်​က သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ငါ​ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊ ခပ်​သိမ်း​သော လူ​မျိုး​တ​ကာ​တို့​ကို ငါ​သည် စု​ဝေး​စေ၍ ယော​ရှ​ဖတ်​ချိုင့်​သို့ ခေါ်​ခဲ့​မည်။ သူ​တို့​သည် ငါ့​ပြည်​ကို ဝေ​ဖန်၍ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် ကွဲ​ပြား​စေ​သော ငါ၏​အ​မွေ​လူ​ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ ငါ​သည် တ​ရား​စီ​ရင်​မည်။ သူ​တို့​သည် ငါ၏​လူ​တို့​အ​ဖို့ စာ​ရေး​တံ​ချ​ကြ​ပြီ။ လူ​က​လေး​ကို ပြည်​တန်​ဆာ​နှင့်​လည်း​ကောင်း၊ မိန်း​မ​က​လေး​ကို မိ​မိ​သောက်​စ​ရာ စ​ပျစ်​ရည်​နှင့်​လည်း​ကောင်း ဖ​လှယ်​ကြ​ပြီ​တ​ကား။ အို​တု​ရု​မြို့၊ ဇိ​ဒုန်​မြို့၊ ပါ​လေ​တ္တိ​န​ပြည်​နှင့် နီး​စပ်​သော​အ​ရပ်​ရှိ​သ​မျှ​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​မည်​လော။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​လျှင်၊ ထို​ရန်​ကို သင်​တို့​ခေါင်း​ပေါ်​သို့ အ​လျင်​အ​မြန် ငါ​ပြန်​ရောက်​စေ​မည်။ သင်​တို့​သည် ငါ့​ရွှေ​ငွေ​ကို​ယူ၍၊ ငါ​နှစ်​သက်​ဖွယ်​သော ဥ​စ္စာ​မြတ်​တို့​ကို သင်​တို့​ဘုံ​ဗိ​မာန်​ထဲ​သို့ သွင်း​သော​ကြောင့်​လည်း​ကောင်း၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို​နေ​ရင်း​ပြည်​မှ အ​ဝေး​သို့ ပြောင်း​စေ​လို​သော​ငှာ၊ ဟေ​လ​သ​အ​မျိုး​သား​တို့​အား ရောင်း​လိုက်​သော​ကြောင့်​လည်း​ကောင်း၊ သင်​တို့ ရောင်း​လိုက်​ရာ​အ​ရပ်​မှ ငါ​သည်​ထ​မြောက်၍၊ သင်​တို့ ရန်​တုံ့​ပြု​ခြင်း​ကို သင်​တို့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​မည်။ သင်​တို့ သား​သ​မီး​များ​ကို​လည်း ယု​ဒ​အ​မျိုး​သား​တို့၌​ငါ​ရောင်း၍၊ သူ​တို့​သည် တစ်​ဖန်​ဝေး​သော​အ​မျိုး၊ ရှေ​ဘ​ပြည်​သား​တို့၌ ရောင်း​လိုက်​ကြ​လိမ့်​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ။ ဤ​အ​မှု​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ကြား​ပြော​ကြ​လော့။ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်၍ စစ်​သူ​ရဲ​တို့​ကို နှိုး​ဆော်​ကြ​လော့။ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်၍ တက်​လာ​ကြ​စေ။ သံ​ထွန်​သွား​များ​ကို ဓား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တံ​စဉ်​များ​ကို လှံ​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လော့။ အား​နည်း​သော​သူ​က၊ ငါ​အား​ကြီး​သည်​ဟု ပြော​ဆို​စေ။ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့၊ စု​ဝေး၍ လာ​ကြ​လော့။ သင်း​ဖွဲ့​ကြ​လော့။ စု​ဝေး​ရာ​အ​ရပ်၌ သင်​တို့​သူ​ရဲ​များ​ကို ထာ​ဝ​ရ​ဘု​ရား​နှိမ့်​ချ​တော်​မူ​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ထ၍ ယော​ရှ​ဖတ်​ချိုင့်​သို့ တက်​လာ​ကြ​စေ။ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ထို​အ​ရပ်၌ ငါ​ထိုင်​မည်။ ရိတ်​စ​ရာ​စ​ပါး မှည့်​သော​ကြောင့် တံ​စဉ်​ကို လွှတ်​ကြ​လော့။ စ​ပျစ်​သီး နယ်​ရာ​တန်​ဆာ​ပြည့်၍၊ စ​ပျစ်​ရည်​ကျင်း​တို့​သည် လျှံ​သော​ကြောင့် လာ​ကြ။ ဆင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​သည် ကြီး​လှ၏။ ကွပ်​မျက်​ရာ​ချိုင့်၌ လူ​များ​စည်း​ဝေး​လျက်၊ လူ​များ​စည်း​ဝေး​လျက် ရှိ​ကြ၏။ ကွပ်​မျက်​ရာ​ချိုင့်၌ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ရောက်​လု​နီး​ပြီ။ နေ​နှင့် လ​သည် မိုက်​လိမ့်​မည်။ ကြယ်​တို့​သည်​လည်း မ​ထွန်း​လင်း​ဘဲ နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​သည် တုန်​လှုပ်​လိမ့်​မည်။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏​ခို​လှုံ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ​လိမ့်​မည်။ ငါ​သည်​လည်း ငါ၏​သန့်​ရှင်း​သော ဇိ​အုန်​တောင်​ပေါ်​မှာ နေ​သော သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း သန့်​ရှင်း​လိမ့်​မည်။ နောက်​တစ်​ဖန် ထို​မြို့​ကို တစ်​ပါး​အ​မျိုး​သား မ​နင်း​ရ။ ထို​ကာ​လ၌ ချို​သော စ​ပျစ်​ရည်​သည် တောင်​တို့​မှ ယို​လိမ့်​မည်။ နို့​ရည်​သည် ကုန်း​တို့​မှ ထွက်​လိမ့်​မည်။ ယု​ဒ​မြစ်​ရှိ​သ​မျှ​တို့​သည် ရေ​စီး​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​က စမ်း​ရေ​ထွက်၍ ရှိ​တ္တိမ်​ချိုင့်​ကို စို​စေ​လိမ့်​မည်။ ယု​ဒ​ပြည်၌ အ​ပြစ်​မ​ရှိ​သော​သူ​တို့​ကို သတ်၍ ယု​ဒ​အ​မျိုး​သား​တို့​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သည် လူ​ဆိတ်​ညံ​လျက် ရှိ​လိမ့်​မည်။ ဧ​ဒုံ​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​သော တော​ဖြစ်​လိမ့်​မည်။ ယု​ဒ​ပြည်​မူ​ကား၊ ထာ​ဝ​ရ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​မူ​ကား၊ ကာ​လ​အ​စဉ်​အ​ဆက်​တည်​သော မြို့​ဖြစ်​လိမ့်​မည်။ ထို​မြို့​သား​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​အ​ပြစ်​ကြောင့်၊ ငါ​သည် မ​ပေး​သေး​သော​ဒဏ်​ကို တစ်​ဖန်​ပေး​ဦး​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​သ​တည်း။ ပ​ရော​ဖက်​ယော​လ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ယောလ 3:1-21 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ခါ​ငါ​သည်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ကောင်း​စား​လာ​စေ​မည်။ လူ​မျိုး​တ​ကာ​တို့​အား​ပြန်​လည်​စု​ရုံး​၍ တ​ရား​စီ​ရင်​ရာ​ချိုင့်​ဝှမ်း​သို့ ခေါ်​ဆောင်​လာ​မည်။ ငါ့​လူ​မျိုး​တော်​တို့​ကို​ထို​သူ​တို့​ပြု​ကျင့်​ခဲ့​သည့် အ​မှု​များ​အ​တွက်၊ ထို​အ​ရပ်​တွင်​သူ​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​နိုင်​ငံ​ရပ်​ခြား​သို့​ကွဲ​လွင့်​စေ​ကာ၊ ငါ​၏​ပြည်​တော်​ဣ​သ​ရေ​လ​ကို​ကွဲ​ပြား​စေ ခဲ့​ကြ​၏။ သူ​တို့​သည်​သုံ့​ပန်း​များ​ကို​အ​ဘယ်​သူ​သို့ ပေး​အပ် ရ​မည်​ကို​မဲ​ချ​၍​ဆုံး​ဖြတ်​ခဲ့​ကြ​၏။ ပြည့်​တန်​ဆာ​မ​များ​အ​တွက်​အ​ခ​ကြေး​ငွေ​နှင့် စ​ပျစ်​ရည်​ဖိုး​ရ​ရှိ​ရန် သူ​တို့​သည်​သူ​ငယ်​သူ​ငယ်​မ​များ​ကို ရောင်း​စား​ခဲ့​ကြ​သည်။ ``တု​ရု​မြို့၊ ဇိ​အုန်​မြို့​နှင့်​ဖိ​လိတ္တိ​ပြည်​အ​ရပ် ရပ်​မှ​လူ​အ​ပေါင်း​တို့ သင်​တို့​သည်​ငါ့​အား အ​ဘယ်​သို့​ပြု​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ​သ​နည်း။ ငါ့​အား​လက်​စား​ချေ​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ သ​လော။ ယင်း​သို့​ကြိုး​ပမ်း​နေ​ကြ​ပါ​မူ၊ ငါ သည်​အ​လျင်​အ​မြန်​ဦး​စွာ​သင်​တို့​အား လက်​စား​ချေ​မည်။- သင်​တို့​သည်​ငါ​၏​ရွှေ​ငွေ​ဥစ္စာ​ဘဏ္ဍာ​များ​ကို မိ​မိ​တို့​၏​ဘုံ​ဗိ​မာန်​များ​သို့​ယူ​ဆောင် သွား​ခဲ့​ကြ​၏။- ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​အား မိ​မိ​တို့​တိုင်း​ပြည်​မှ ရပ်​ဝေး​သို့​ခေါ်​ဆောင်​ကာ၊ ဂ​ရိ​အ​မျိုး သား​တို့​ထံ​တွင်​ရောင်း​စား​ခဲ့​ကြ​၏။- သူ​တို့​အား​သင်​တို့​ရောင်း​စား​ခဲ့​သော​နေ​ရာ မှ​ငါ​ပြန်​လည်​ခေါ်​ဆောင်​မည်။ သူ​တို့​အား သင်​တို့​ပြု​ခဲ့​ကြ​သည့်​အ​တိုင်း​သင်​တို့ အား​ယ​ခု​ငါ​ပြု​မည်။- ငါ​သည်​သင်​တို့​၏​သား​သ​မီး​များ​အား ယု​ဒ​ပြည်​သား​တို့​၏​ငွေ​ဝယ်​ကျွန်​ဖြစ်​စေ မည်။ ယု​ဒ​ပြည်​သား​တို့​သည်​လည်း​သူ​တို့ အား​ဝေး​လံ​သော​ရှေ​ဘ​ပြည်​သို့​ရောင်း​စား ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား ၏​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ``လူ​မျိုး​တ​ကာ​တို့​အား`စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​လော့။ စစ်​သူ​ရဲ​တို့​ကို​ခေါ်​ယူ​ကြ​လော့။ စစ်​သည်​တပ်​သား​များ​ကို​စု​ရုံး​၍​ချီ​တက် ကြ​လော့' ဟု​ပြော​ကြား​ကြေ​ညာ​ကြ​လော့။ `သင်​တို့​သည်​ထွန်​သွား​များ​ကို​ဋ္ဌား အ​ဖြစ်​သို့​လည်း​ကောင်း၊ တံ​စဉ်​များ​ကို​လှံ​အ​ဖြစ်​သို့​လည်း​ကောင်း ထု​လုပ်​ကြ​လော့။ အား​အင်​ချည့်​နဲ့​သော​သူ​များ​ပင်​လျှင် စစ်​ပွဲ​ဝင်​ကြ​ရ​ပေ​မည်။ အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ အ​လျင်​အ​မြန်​လာ​၍၊ ချိုင့်​ဝှမ်း​၌​စု​ရုံး ကြ လော့' ဟု​မိန့်​တော်​မူ​၏။'' အို ထာ​ဝ​ရ​ဘု​ရား​ထို​သူ​တို့​အား​တိုက်​ခိုက်​ရန် ကိုယ်​တော်​ရှင်​၏​တပ်​မ​တော်​ကို​စေ​လွှတ်​တော် မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် အ​သင့်​ပြင်​ဆင်​လျက်၊ တ​ရား​စီ​ရင်​တော် မူ​ရာ ချိုင့်​ဝှမ်း​သို့​လာ​ရောက်​ရ​ကြ​မည်။ အနီး​အနား​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ တို့​အား တ​ရား​စီ​ရင်​ရန်​ထို​အ​ရပ်​တွင်​ငါ​ထာ​ဝ​ရ ဘု​ရား ထိုင်​တော်​မူ​မည်။ ထို​သူ​တို့​သည်​အ​လွန်​ယုတ်​မာ​ကြ​၏။ ကောက်​ရိတ်​ချိန်​၌​ဂျုံ​နှံ​ကို​ဖြတ်​သ​ကဲ့​သို့ သူ​တို့​ကို​ခုတ်​ဖြတ်​ကြ​လော့။ စ​ပျစ်​သီး​များ​နှင့်​ပြည့်​လျက်​နေ​သော အ​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည်​များ လျှံ​တက်​လာ​သည်​တိုင်​အောင်၊ စ​ပျစ်​သီး​များ​ကို​နင်း​ချေ​သ​ကဲ့​သို့ ထို​သူ​တို့​ကို နင်း​ချေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထောင်​ပေါင်း​များ​စွာ​သော​သူ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​ချိုင့်​ဝှမ်း​တွင် ရှိ​နေ​ကြ​၏။ ထို​ချိုင့်​ဝှမ်း​သို့​ထာ​ဝ​ရ​ဘု​ရား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ သည် များ​မ​ကြာ​မီ​သက်​ရောက်​လာ​လိမ့်​မည်။ နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက် ကြယ်​တာ​ရာ​များ​သည်​လည်း​မ​ထွန်း မ​လင်း​ကြ​တော့​ချေ။ ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ ကြွေး​ကြော်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​မှ​ဟစ်​အော်​တော်​မူ​၏။ မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​သည်​လည်း​တုန်​လှုပ် ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကာ​ကွယ်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​ပေါ်​တွင်​ကျိန်း​ဝပ်​တော်​မူ​ပေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သည်​သန့်​ရှင်း​မြင့်​မြတ်​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို​မြို့​ကို​နောက်​တစ်​ဖန် အ​ဘယ်​အ​ခါ​၌​မျှ​နိုင်​နင်း​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​ကာ​လ​၌​တောင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် များ​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​လိမ့်​မည်။ တောင်​ကုန်း​မှန်​သ​မျှ​တို့​တွင်​လည်း​ကျွဲ​နွား​များ ကို​မြင်​ရ​လိမ့်​မည်။ ယု​ဒ​ပြည်​တစ်​ခု​လုံး​၌​ရေ​အ​လုံ​အ​လောက် ရ​ရှိ​ကြ​လိမ့်​မည်။ စမ်း​ရေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​လျက်​ရှိတ္တိမ်​ချိုင့်​ဝှမ်း​ကို​စို​ပြေ​စေ လိမ့်​မည်။ ``အီ​ဂျစ်​ပြည်​သည်​သဲ​က​န္တာ​ရ​ဖြစ်​၍​ဧ​ဒုံ ပြည်​သည် ပျက်​စီး​ယို​ယွင်း​၍​လူ​သူ​ကင်း​မဲ့​သည့် နေ​ရာ​ဖြစ်​နေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​ပြည်​တို့​သည် ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​၍၊ အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။ ငါ​သည်​အ​သတ်​ခံ​ခဲ့​ရ​ကြ​သူ​များ​အ​တွက် လက်​စား​ချေ​မည်။ အ​ပြစ်​ရှိ​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ကို​မူ​ကား၊ ထာ​ဝ​စဉ်​လူ​တို့​နေ​ထိုင်​ရာ​ဖြစ်​စေ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​ဇိ​အုန်​တောင်​ပေါ် တွင် ကျိန်း​ဝပ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​လ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ယောလ 3:1-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကြည့်ရှု​လော့​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​ကို ငါ​ပြန်လာ​စေ​သော ထို​ကာလ​၊ ထို​အချိန်​တွင် လူမျိုး​တကာ​တို့​ကို စုရုံး​ပြီး ယောရှဖတ်​ချိုင့်ဝှမ်းလွင်ပြင်​သို့ ငါ​ခေါ်ဆောင်​လာ​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို လူမျိုးတကာ​တို့​ထံသို့ ကွဲလွင့်​စေ​ပြီး ငါ့​ပြည်​ကို ကွဲပြား​စေ​ခဲ့​သောကြောင့် ငါ့​လူမျိုး​တော်​ဖြစ်​သည့် ငါ့​အမွေ​တော်​အစ္စရေး​တို့​အတွက် သူ​တို့​ကို ထို​အရပ်​၌ ငါ​တရားစီရင်​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​တို့​ကို​မဲချ​ခွဲဝေ​ယူ​ကြ​၏​။ ပြည့်တန်ဆာ​ကို​ရ​ရန် လုလင်ငယ်​ဖြင့် အလဲအလှယ်ပြု​၍ စပျစ်ဝိုင်​သောက်​ရန် လုံမငယ်​ကို ရောင်း​ကြ​၏​။ အို တိုင်ရာ​မြို့​၊ ဆီဒုန်​မြို့​နှင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ အဘယ်ကြောင့် ငါ့​ကို​ဆန့်ကျင်​ကြ​သနည်း​။ တစ်စုံတစ်ရာ​ကြောင့် ငါ့​ကို​တုံ့ပြန်​ကြ​သလော​။ သင်​တို့ ငါ့​ကို​တုံ့ပြန်​လျှင် ငါ​သည်​လည်း မနှေးအမြန် သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။ သင်​တို့​သည် ငါ့​ရွှေ​ငွေ​တို့​ကို သိမ်းယူ​ပြီး အဖိုးတန်​ရတနာ​တို့​ကို​လည်း သင်​တို့​၏​ဗိမာန်​များ​ထဲသို့ သွင်း​ကြ​ပြီ​။ ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​ကို သူ​တို့​၏​နေရင်းပြည်​နှင့်​ဝေး​ရာ ဂရိ​အမျိုးသား​တို့​ထံသို့ ရောင်းစား​ပစ်​၏​။ သင်​တို့​ရောင်းစား​ရာ​အရပ်​မှ သူ​တို့​ကို လွတ်မြောက်​စေ​မည်​။ သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။ သင်​တို့​၏​သား​သမီး​များ​ကို ယုဒ​အမျိုးသား​တို့​လက်​သို့ ငါ​ရောင်းပစ်​မည်​။ ယုဒ​အမျိုးသား​တို့​က​လည်း သူ​တို့​ကို ရပ်ဝေး​ရှိ ရှေဘ​လူမျိုး​တို့​ထံသို့ ရောင်းပစ်​လိမ့်မည်​။ စင်စစ် ထာဝရဘုရား မိန့်​တော်မူ​ပြီ​။” လူမျိုး​တကာ​တို့​ထံ ဤသို့​ကြေညာ​လော့​။ စစ်တိုက်​ရန် အသင့်ပြင်ဆင်​ကြ​။ စစ်သူရဲ​တို့​ကို နှိုးဆော်​ကြ​။ စစ်သည်​အပေါင်း​တို့​ချီတက်​တိုက်ခိုက်​ကြ​။ ထယ်​များ​ကို ဓား​အဖြစ်​၊ တံစဉ်​များ​ကို လှံ​အဖြစ် ပြောင်းလဲ​ထုလုပ်​ကြ​။ အားနည်း​သူ​က​လည်း “ငါ​သည် ခွန်အားကြီး​သူ​ဖြစ်​၏”​ဟု ဆို​စေ​။ အရပ်ရပ်​မှ​လူမျိုးတကာ​တို့​၊ အလျင်အမြန်​လာ​ကြ​။ ဤ​အရပ်​၌ လာရောက်​စုဝေး​ကြ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စစ်သူရဲ​တို့​ကို ကြွလာ​စေ​တော်မူ​ပါ​။ “လူမျိုးတကာ​တို့​သည် ထ​၍ ယောရှဖတ်​ချိုင့်ဝှမ်းလွင်ပြင်​သို့ လာ​ကြ​ပါစေ​။ ငါ​သည် ထို​နေရာ​တွင် ထိုင်​၍ အရပ်ရပ်​မှ​လူမျိုးတကာ​တို့​ကို စီရင်​မည်​။ ရိတ်သိမ်းစရာ​သီးနှံ​မှည့်ဝင်း​ပြီ​ဖြစ်၍ တံစဉ်​ကို​ဆန့်တန်း​ကြ​လော့​။ စပျစ်သီးနယ်ရာကျင်း ပြည့်​နေ​သည်​ဖြစ်၍ လာ​၍​နင်းချေ​ကြ​လော့​။ စည်​များ လျှံ​နေ​သကဲ့သို့ ထို​သူ​တို့​၏​ဆိုးညစ်မှု​များ​သည် များပြား​လျက်​ရှိ​၏​။” တရားစီရင်​ဆုံးဖြတ်​ရာ​ချိုင့်ဝှမ်းလွင်ပြင်​၌ လူ​အမြောက်အမြား ပြည့်နှက်​နေ​ပါ​တကား​။ စင်စစ် ဆုံးဖြတ်​ရာ​ချိုင့်ဝှမ်းလွင်ပြင်​တွင် ထာဝရဘုရား​၏​နေ့ရက် ရောက်လု​နီး​ပြီ​။ နေ​နှင့်​လ​လည်း အမှောင်ကျ​လိမ့်မည်​။ ကြယ်​များ​သည်​လည်း မိမိ​တို့​အလင်း​ကို ထွန်းလင်း​ကြ​မည်​မ​ဟုတ်​။ ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ ကောင်းကင်​နှင့်​မြေကြီး တုန်ခါ​လိမ့်မည်​။ သို့သော် ထာဝရဘုရား​သည် လူမျိုး​တော်​အဖို့​ခိုလှုံ​ရာ​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ရဲတိုက်​ဖြစ်​တော်မူ​၏​။ “ဤသို့ဖြင့် ငါ​သည် သန့်ရှင်း​ရာ​တောင်​တော် ဇိအုန်​တွင် ကိန်းဝပ်​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​သည် သန့်ရှင်း​သော​မြို့ ဖြစ်​လိမ့်မည်​။ တစ်ပါးအမျိုးသား​တို့​သည် ထို​မြို့​ကို ဘယ်သောအခါမှ ကျော်နင်း​ခွင့်​ရ​ကြ​တော့​မည်​မ​ဟုတ်​။ ထို​နေ့ရက်​ကာလ​တွင် တောင်​များ​ပေါ်မှ စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​များ​မှ နို့ရည်​စီးကျ​လိမ့်မည်​။ ယုဒ​မြစ်ချောင်း​ရှိသမျှ​တို့​သည် ရေ​များ​စီးဆင်း​နေ​လိမ့်မည်​။ စမ်းရေ​သည်​လည်း ထာဝရဘုရား​အိမ်​တော်​မှ စီးထွက်​၍ ရှိတ္တိမ်​လွင်ပြင်​ကို ရေဝ​စေ​လိမ့်မည်​။ ယုဒ​လူမျိုး​တို့​ကို ညှဉ်းပန်းနှိပ်စက်​၍ သူ​တို့​၏​ပြည်​တွင် အပြစ်မဲ့​သော​သူ​တို့​ကို သတ်ဖြတ်​ကြ​သောကြောင့် အီဂျစ်​ပြည်​သည် လူသူကင်းမဲ့​ရာ​ဖြစ်​လိမ့်မည်​။ ဧဒုံ​ပြည်​သည် လူသူကင်းမဲ့​သော​တောကန္တာရ​ဖြစ်​လိမ့်မည်​။ ယုဒ​ပြည်​တွင် အစဉ်​လူ​နေထိုင်​ကြ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​တွင် မျိုးဆက်အဆက်ဆက် လူ​နေထိုင်​ကြ​လိမ့်မည်​။ အပြစ်ဒဏ်​မ​ခံရ​သေး​သော​လူသတ်သမား​တို့​ကို ငါ​အပြစ်ဒဏ်​ပေး​မည်​။ စင်စစ် ထာဝရဘုရား​သည် ဇိအုန်​တောင်​ပေါ်တွင် ကိန်းဝပ်​တော်မူ​၏​။”