YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 40:6-24

ယောဘ 40:6-24 Judson Bible (JBMLE)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မိုး​သက်​မုန်​တိုင်း​ထဲ​က ယော​ဘ​အား မိန့်​တော်​မူ​သည်​ကား၊ လူ​ယောက်ျား​ကဲ့​သို့ သင်၏​ခါး​ကို​စည်း​လော့။ ငါ​မေး​မြန်း​သော ပြဿ​နာ​တို့​ကို ဖြေ​လော့။ သင်​သည် ငါ​တ​ရား​စီ​ရင်​ချက်​ကို ပယ်​မည်​လော။ သင်​သည် ကိုယ်​တိုင်​ဖြောင့်​မတ်​ဟန် ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​မည်​လော။ သင်​သည် ဘု​ရား​သ​ခင်၏ လက်​ရုံး​ကဲ့​သို့​သော လက်​ရုံး​ရှိ​သ​လော။ ဘု​ရား​သ​ခင်၏ အ​သံ​ကဲ့​သို့​သော​အ​သံ​နှင့် မိုး​ချုန်း​နိုင်​သ​လော။ ထူး​ဆန်း​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဝတ်​ဆောင်​လော့။ တင့်​တယ်​သော​ဂုဏ်​အ​သ​ရေ​နှင့် တန်​ဆာ​ဆင်​လော့။ သင်၏​အ​မျက်​အ​ရှိန်​ကို လွှတ်​လော့။ မာ​န​ထောင်​လွှား​သော သူ​အ​ပေါင်း​တို့​ကို ကြည့်​ရှု၍ နှိမ့်​ချ​လော့။ မာ​န​ထောင်​လွှား​သော သူ​အ​ပေါင်း​တို့​ကို ကြည့်​ရှု၍ ရှုတ်​ချ​လော့။ အ​ဓ​မ္မ​လူ​တို့​ကို နှိပ်​နင်း၍၊ သူ​တို့​ကို​မြေ​မှုန့်၌ တစ်​စု​တည်း ဝှက်​ထား​လော့။ သူ​တို့​မျက်​နှာ​များ​ကို မှောင်​မိုက်၌ ဖုံး​အုပ်​လော့။ သို့​ပြု​လျှင် သင်၏​လက်​ယာ​လက်​ရုံး​သည် သင့်​ကို ကယ်​တင်​နိုင်​သည်​ဟု ငါ​ဝန်​ခံ​မည်။ သင်​နှင့်​အ​တူ ငါ​ဖန်​ဆင်း​သော ဗေ​ဟ​မုတ်​မြင်းကို ကြည့်​ရှု​လော့။ နွား​ကဲ့​သို့ မြက်​ကို​စား​တတ်၏။ သူ၏​တန်​ခိုး​သည် ခါး၌​လည်း​ကောင်း၊ သူ၏​ခွန်​အား​သည် ဝမ်း​ကြော၌​လည်း​ကောင်း တည်​လျက်​ရှိ၏။ သူ့​အ​မြီး​သည် အာ​ရဇ်​ပင်​ကဲ့​သို့ လှုပ်​တတ်၏။ ပေါင်​ကြော​တို့​သည် အ​ထပ်​ထပ်​ရှိ​ကြ၏။ အ​ရိုး​ငယ်​တို့​သည် ကြေး​ဝါ​ချောင်း၊ အ​ရိုး​ကြီး​တို့​သည် သံ​တုံး​ကဲ့​သို့​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​ဖန်​ဆင်း​သော သ​တ္တ​ဝါ​တို့​တွင် ထူး​ဆန်း​သော သ​တ္တ​ဝါ​ဖြစ်၏။ သူ့​ကို​ဖန်​ဆင်း​သော ဘု​ရား​သာ​လျှင် သူ၏​တံ​စဉ်​ကို​ပေး​ပြီ။ မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့ က​စား​ရာ​တောင်​ရိုး​သည် သူ၏​ကျက်​စား​ရာ​အ​ရပ် ဖြစ်၏။ အ​ရိပ်​ကောင်း​သော အ​ပင်​အောက်၊ ကျူ​ပင် ချုံ​ပုတ်​အောက်၊ ရေ​များ​သော​အ​ရပ်၌ နေ​တတ်၏။ ထို​အ​ပင်​တို့​သည် အ​ရိပ်​နှင့်​လွှမ်း​မိုး၍ ချောင်း​နား​မိုး​မ​ခ​ပင်​တို့​သည် ဝိုင်း​ကြ၏။ မြစ်​ရေ​ထ​သော်​လည်း သူ​သည်​မ​ပြေး​တတ်။ သူ၏​ခံ​တွင်း​ကို ယော်​ဒန်​မြစ်​ရေ ဝှေ့​တိုက်​သော်​လည်း မ​တုန်​မ​လှုပ်​ဘဲ နေ​တတ်၏။ ထို​မြင်း​ကို ထင်​ရှား​စွာ​ဖမ်း​ယူ​မည်​လော။ သူ၏​နှာ​ခေါင်း​ကို သံ​ချိတ်​နှင့် ဖောက်​မည်​လော။

ယောဘ 40:6-24 Common Language Bible (BCL)

တဖန်ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်း ထဲက ယောဘအား မိန့်တော်မူသည်ကား၊ လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေလော့။ သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။ သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။ ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။ သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။ မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊ သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။ သို့ပြုလျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။ သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်း ကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကို စားတတ်၏။ သူ၏တန်ခိုးသည် ခါး၌၎င်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌၎င်း တည်လျက်ရှိ၏။ သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။ အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီး တို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။ ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏တံစဉ်ကို ပေးပြီ။ မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုး သည် သူ၏ကျက်စားရာအရပ်ဖြစ်၏။ အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံဖုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။ ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်း နားမိုဃ်းမခပင်တို့သည် ဝိုင်းကြ၏။ မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။ ထိုမြင်းကို ထင်ရှားစွာ ဘမ်းယူမည်လော။ သူ၏နှာခေါင်းကို သံချိတ်နှင့် ဖောက်မည်လော။

ယောဘ 40:6-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​က ယောဘ​အား “ယခု ယောက်ျား​ပီသ​စွာ ခါး​ကို​စည်းထား​လော့​။ ငါ​မေး​သော​မေးခွန်း​များ​ကို ဖြေ​လော့​။ သင်​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​ကို ပယ်ဖျက်​မည်လော​။ သင့်ကိုယ်သင် ဖြောင့်မတ်​ကြောင်း​ပြသ​ရန် ငါ့​ကို အပြစ်တင်​မည်လော​။ ငါ​ဘုရားသခင်​၏​လက်ရုံး​မျိုး သင်​၌​ရှိ​သလော​။ မိုးချုန်းသံ​ကဲ့သို့သော​အသံ​မျိုး သင်​၌​ရှိ​သလော​။ ထိုသို့ဖြစ်လျှင် သင့်ကိုယ်ကို ဂုဏ်​များ​၊ ထည်ဝါမှု​များ​နှင့် တန်ဆာဆင်​လိုက်​ပါ​။ ကျက်သရေ​မင်္ဂလာ​များ​နှင့် ဆင်ယင်​လိုက်​ပါ​။ သင်​၏​ဒေါသအိုး​ကို ဖောက်ခွဲ​လိုက်​ပြီး မောက်မာ​သော​သူ​အပေါင်း​တို့​ကို မာန်စွယ်ချိုး​ကြည့်​လိုက်​ပါ​။ မောက်မာ​သော​သူ​တို့​ကို နှိမ့်ချ​ကြည့်​လိုက်​ပါ​။ လူယုတ်မာ​တို့​ကို သူ​တို့​ရှိ​သော​နေရာ​တွင်ပင် နင်းချေ​လိုက်​ပါ​။ သူ​တို့​ကို မြေမှုန့်​ထဲမှာ အတူ​မြှုပ်​ပစ်​လိုက်​ပါ​။ မှောင်မိုက်​ထဲ၌ သူ​တို့​မျက်နှာ​ကို စည်းထား​လိုက်​ပါ​။ ထိုသို့​ပြု​နိုင်​လျှင် သင့်​လက်ရုံး​သည် သင့်​ကို ကာကွယ်​နိုင်​ပါ​သည်​တကား​ဟု ငါ​အသိအမှတ်ပြု​မည်​။ ဗေဟမုတ်​ကို ကြည့်​လော့​။ သင့်​ကို​ငါ​ဖန်ဆင်း​သကဲ့သို့ သူ့​ကို​လည်း ငါ​ဖန်ဆင်း​ခဲ့​၏​။ သူ​သည် နွား​ကဲ့သို့ မြက်​ကို​စား​၏​။ သူ့​ခွန်အား​သည် သူ့​ခါး​၌​ရှိ​၍ သူ့​စွမ်းအား​သည် သူ့​ဝမ်းဗိုက်​ကြွက်သား​များ​၌ ရှိ​၏​။ သူ့​အမြီး​သည် သစ်ကတိုးပင်​ကဲ့သို့ မာကျော​၏​။ သူ့​ပေါင်​ကြော​တို့​သည်​လည်း လိမ်ခွေယှက်ဖြာ​လျက် ရှိ​၏​။ သူ့​အရိုး​တို့​သည် ကြေးဝါ​ချောင်း​များ​နှင့်​တူ​၏​။ ခြေချောင်း​လက်ချောင်း​တို့​သည်​လည်း သံ​ချောင်း​နှင့်​တူ​၏​။ သူ​သည် ဘုရားသခင်​၏​အဦးဆုံး​ဖန်ဆင်းခံလက်ရာ ဖြစ်​၏​။ သူ့​ကို​ဖန်ဆင်း​ထား​သော​အရှင်​သာလျှင် ဓား​ဖြင့် သူ့​ထံ​ချဉ်းကပ်​နိုင်​၏​။ အကယ်စင်စစ် သူ့​အဖို့ အစားအစာ​ကို တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​ကျက်စား​ရာ တောင်တန်း​တို့​မှ ရ​၏​။ ကြာပင်​အောက်​မှာ​၊ စိမ့်စမ်းတော​ရှိ ကျူပင်​အကွယ်​မှာ ဝပ်​နေ​တတ်​၏​။ ကြာပင်​သည် သူ့​ကို အရိပ်​မိုး​ပေး​၏​။ ချောင်း​နံဘေး​ရှိ​မိုးမခပင်​များ​သည် သူ့​ကို​ဝိုင်းရံ​ထား​၏​။ မြစ်ရေကြီး​သော်လည်း သူ​သည် ထိတ်လန့်​ခြင်း​မ​ရှိ​။ ဂျော်ဒန်​မြစ်ရေ​သည် သူ့​နှုတ်သီး​ကို အရှိန်​နှင့်​တိုက်သွား​လျှင်ပင် သူ​မမှု​ပါ​။ သူ့​ကို ပေါ်ပေါ်ထင်ထင်​ဖမ်း​နိုင်​မည်လော​။ သူ့​ကို​ထောင်ဖမ်း​ပြီး နဖားကြိုး တပ်​နိုင်​မည်လော​။