YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 39:1-8

ယောဘ 39:1-8 Judson Bible (JBMLE)

သင်​သည် တော​ဆိတ်​မွေး​ရ​သော​ကာ​လ​ကို သိ​သ​လော။ သ​မင်​ဒ​ရယ်​မ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ခံ​ရ​သော​အ​ချိန်​ကို မှတ်​နိုင်​သ​လော။ ကိုယ်​ဝန်​ဆောင်​ရ​သော နေ့​လ​တို့​ကို​ရေ​တွက်၍၊ ဖွား​ရ​သော အ​ချိန်​ကာ​လ​ကို သိ​သ​လော။ သူ​တို့​သည် ကျော​ကိုင်း၍ သား​ငယ်​ကို​မွေး​ဖွား​သ​ဖြင့် ဝေ​ဒ​နာ​ငြိမ်း​ကြ၏။ သား​ငယ်​တို့​သည် ကျန်း​မာ၍၊ လွင်​ပြင်၌ ကြီး​ပွား​တတ်​ကြ၏။ အ​ခြား​သို့​သွား၍ အ​မိ​ထံ​သို့​ပြန်​မ​လာ​ဘဲ နေ​တတ်​ကြ၏။ တော​မြည်း​ကို အ​ဆီး​အ​တား​မ​ရှိ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​လွှတ်​သ​နည်း။ တော​မြင်း၌ ချည်​နှောင်​ခြင်း​ကို အ​ဘယ်​သူ​ဖြေ​သ​နည်း။ တော​ကို သူ့​အိမ်​ဖို့​လည်း​ကောင်း၊ လွင်​ပြင်​ကို သူ့​နေ​ရာ​ဖို့​လည်း​ကောင်း ငါ​ခန့်​ထား​ပြီ။ မြို့၌​ဖြစ်​သော လူ​တို့၏​အ​သံ​ဗ​လံ​ကို သူ​သည် မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ နှင်​သော​သူ အော်​ဟစ်​နှိုး​ဆော်​သံ​ကို မ​မှတ်​တတ်။ တောင်​ရိုး၌ ကျက်​စား၍၊ စိမ်း​သော​အ​ပင် အ​မျိုး​မျိုး​ကို ရှာ​တတ်၏။

ယောဘ 39:1-8 Common Language Bible (BCL)

သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော။ ကိုယ်ဝန်ဆောင်ရသောနေ့လတို့ကို ရေတွက်၍၊ ဘွားရသော အချိန်ကာလကို သိသလော။ သူတို့သည် ကျောကိုင်း၍သားငယ်ကို မွေးဘွား သဖြင့် ဝေဒနာငြိမ်းကြ၏။ သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။ တောမြည်းကိုအဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။ တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့ ၎င်း ငါခန့်ထားပြီ။ မြို့၌ဖြစ်သောလူတို့၏ အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။ တောင်ရိုး၌ ကျက်စား၍၊ စိမ်းသော အပင် အမျိုးမျိုးကို ရှာတတ်၏။

ယောဘ 39:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တောင်ဆိတ်​တို့ မွေးဖွား​ချိန်​ကို သင်​သိ​သလော​။ သမင်မ​သားဖွား​သည်​ကို သင်​စောင့်ကြည့်​ပေး​ဖူး​သလော​။ သူ​တို့​ဇီးကပ်​သော​လ​တို့​ကို သင်​မှတ်​ဖူး​သလော​။ သူ​တို့​သားပေါက်​မည့်​အချိန်​ကို သင်​သိ​သလော​။ သူ​တို့​သည် ဝပ်​၍ သားပေါက်​ကို မွေးဖွား​ပြီးမှ သားဖွားဝေဒနာ​ကင်းငြိမ်း​သွား​ရ​၏​။ သားပေါက်​တို့​သည် ကွင်းပြင်​တွင်ပင် ကြီးပြင်း​သန်စွမ်း​လာ​၍ အမိ​ထံမှ ထွက်သွား​ပြီး ပြန်လာ​လေ့​မ​ရှိ​။ မြည်းရိုင်း​ကို မည်သူ လွတ်လပ်ခွင့်​ပေး​ထား​သနည်း​။ ချည်နှောင်​ထား​သော​မြင်းရိုင်း​ကြိုး​ကို မည်သူ​ဖြေ​ပေး​သနည်း​။ ကန္တာရ​ကို သူ​၏​နေအိမ်​၊ ဆားမြေ​ကို သူ​နေစရာမြေ​အဖြစ် ငါ​ပေး​ထား​ပြီ​။ သူ​သည် မြို့ပြ​ဆူညံသံ​ကို ဂရုမစိုက်​။ မောင်းနှင်​သော​သူ​တို့​၏​အော်ငေါက်သံ​ကို​လည်း နား​မ​ထောင်​။ စားကျက်​ရှိ​ရာ​တောင်ကုန်း​များ​ကို စူးစမ်း​ပြီးနောက် စိမ်းလန်း​သော​အပင်​အမျိုးမျိုး​ကို ရှာဖွေ​တတ်​၏​။