တောင်ဆိတ်တို့ မွေးဖွားချိန်ကို သင်သိသလော။ သမင်မသားဖွားသည်ကို သင်စောင့်ကြည့်ပေးဖူးသလော။ သူတို့ဇီးကပ်သောလတို့ကို သင်မှတ်ဖူးသလော။ သူတို့သားပေါက်မည့်အချိန်ကို သင်သိသလော။ သူတို့သည် ဝပ်၍ သားပေါက်ကို မွေးဖွားပြီးမှ သားဖွားဝေဒနာကင်းငြိမ်းသွားရ၏။ သားပေါက်တို့သည် ကွင်းပြင်တွင်ပင် ကြီးပြင်းသန်စွမ်းလာ၍ အမိထံမှ ထွက်သွားပြီး ပြန်လာလေ့မရှိ။ မြည်းရိုင်းကို မည်သူ လွတ်လပ်ခွင့်ပေးထားသနည်း။ ချည်နှောင်ထားသောမြင်းရိုင်းကြိုးကို မည်သူဖြေပေးသနည်း။ ကန္တာရကို သူ၏နေအိမ်၊ ဆားမြေကို သူနေစရာမြေအဖြစ် ငါပေးထားပြီ။ သူသည် မြို့ပြဆူညံသံကို ဂရုမစိုက်။ မောင်းနှင်သောသူတို့၏အော်ငေါက်သံကိုလည်း နားမထောင်။ စားကျက်ရှိရာတောင်ကုန်းများကို စူးစမ်းပြီးနောက် စိမ်းလန်းသောအပင်အမျိုးမျိုးကို ရှာဖွေတတ်၏။
ယောဘဝတ္ထု 39 ကိုဖတ်ပါ။
နားထောင်ပါ။ ယောဘဝတ္ထု 39
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောဘဝတ္ထု 39:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ