YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 30:20-26

ယောဘ 30:20-26 Judson Bible (JBMLE)

ကိုယ်​တော်​အား အ​ကျွန်ုပ်​အော်​ဟစ်​သော်​လည်း ကြား​တော်​မ​မူ။ အ​ကျွန်ုပ်​သည် မတ်​တတ်​နေ​သော်​လည်း မှတ်​တော်​မ​မူ။ အ​ကျွန်ုပ်​ကို ကြမ်း​တမ်း​စွာ​ပြု၍၊ အား​ကြီး​သော​လက်​တော်​နှင့် ညှဉ်း​ဆဲ​တော်​မူ၏။ အ​ကျွန်ုပ်​ကို​ချီ​သွား၍၊ လေ​ကို​စီး​စေ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​ကို ဖြုတ်​လွှင့်​တော်​မူ၏။ သေ​ခြင်း​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​ခပ်​သိမ်း​တို့​အ​ဖို့ စီ​ရင်​သော​နေ​ရာ​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်​သည် လက်​ဆန့်​တော်​မူ​သော​အ​ခါ၊ တောင်း​ပန်​သော်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ဖျက်​ဆီး​တော်​မူ​သော​အ​ခါ၊ အော်​ဟစ်​သော်​လည်း ကျေး​ဇူး​မ​ရှိ။ အ​မှု​ရောက်​သော သူ​အ​တွက် ငါ​ငို​ကြွေး​ဖူး​ပြီ မ​ဟုတ်​လော။ ဆင်း​ရဲ​သော​သူ​အ​တွက် ငါ​စိတ်​နာ​ကြည်း​ဖူး​ပြီ မ​ဟုတ်​လော။ သို့​သော်​လည်း၊ ငါ​သည် ကောင်း​ကျိုး​ကို မျှော်​လင့်​သော​အ​ခါ ဘေး​ရောက်​လာ၏။ အ​လင်း​ကို​တောင့်​တ​သော​အ​ခါ မှောင်​မိုက်​ဖြစ်၏။

ယောဘ 30:20-26 Common Language Bible (BCL)

ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်တော်မမူ။ အကျွန်ုပ်ကိုကြမ်းတမ်းစွာပြု၍၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ၏။ အကျွန်ုပ်ကို ချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏။ သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ၏။ ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီးတော် မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။ အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်လော။ သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။

ယောဘ 30:20-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော့်​ထံ အကျွန်ုပ်​အကူအညီ​အော်ဟစ်​တောင်းခံ​သော်လည်း ထူး​တော်​မ​မူ​။ မတ်တတ်ရပ်​ပြ​သော်လည်း အကျွန်ုပ်​ကို ဤအတိုင်း​ကြည့်​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ရက်စက်​စွာ​ပြု​တော်မူ​ပြီ​။ အားကြီး​သော​လက်​တော်​ဖြင့် ညှဉ်းဆဲ​တော်မူ​ပြီ​။ အကျွန်ုပ်​ကို ဆွဲမ​ပြီး လေ​ထဲသို့ ပစ်လွှတ်​လိုက်​သဖြင့် အကျွန်ုပ်​သည် လေပြင်းမုန်တိုင်း​ထဲတွင် လူးလွန့်လွင့်ပါ​သွား​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို သေ​ခြင်း​သို့​လည်းကောင်း​၊ သက်ရှိသတ္တဝါ​အားလုံး​စုတေ့​ရာ​သို့​လည်းကောင်း အရောက်ပို့​မည်​ကို အကျွန်ုပ်​သိ​ပါ​၏​။ အကယ်စင်စစ် ဒုက္ခရောက်​နေ​သော​သူ​သည် လက်​မ​ဆန့်​ဘဲ​နေ​မည်လော​။ ဒုက္ခ​ရောက်​သောအခါ အကူအညီ​မ​တောင်း​ဘဲ​နေ​မည်လော​။ ဒုက္ခ​ရောက်​သော​သူ​အတွက် ငါ​မ​ငိုကြွေး​ဘဲ​နေ​ခဲ့​သလော​။ နွမ်းပါး​သော​သူ​အတွက် ငါ​ဝမ်း​မ​နည်း​ဘဲ​နေ​ခဲ့​သလော​။ အကောင်း​ကို စောင့်မျှော်​သောအခါ အဆိုး​များ​သာ ရောက်လာ​၏​။ အလင်း​ကို မျှော်လင့်​သောအခါ အမှောင်​သာ ရောက်လာ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။