YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 30:20-26

ယောဘဝတ္ထု 30:20-26 MSBU

ကိုယ်တော့်​ထံ အကျွန်ုပ်​အကူအညီ​အော်ဟစ်​တောင်းခံ​သော်လည်း ထူး​တော်​မ​မူ​။ မတ်တတ်ရပ်​ပြ​သော်လည်း အကျွန်ုပ်​ကို ဤအတိုင်း​ကြည့်​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ရက်စက်​စွာ​ပြု​တော်မူ​ပြီ​။ အားကြီး​သော​လက်​တော်​ဖြင့် ညှဉ်းဆဲ​တော်မူ​ပြီ​။ အကျွန်ုပ်​ကို ဆွဲမ​ပြီး လေ​ထဲသို့ ပစ်လွှတ်​လိုက်​သဖြင့် အကျွန်ုပ်​သည် လေပြင်းမုန်တိုင်း​ထဲတွင် လူးလွန့်လွင့်ပါ​သွား​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို သေ​ခြင်း​သို့​လည်းကောင်း​၊ သက်ရှိသတ္တဝါ​အားလုံး​စုတေ့​ရာ​သို့​လည်းကောင်း အရောက်ပို့​မည်​ကို အကျွန်ုပ်​သိ​ပါ​၏​။ အကယ်စင်စစ် ဒုက္ခရောက်​နေ​သော​သူ​သည် လက်​မ​ဆန့်​ဘဲ​နေ​မည်လော​။ ဒုက္ခ​ရောက်​သောအခါ အကူအညီ​မ​တောင်း​ဘဲ​နေ​မည်လော​။ ဒုက္ခ​ရောက်​သော​သူ​အတွက် ငါ​မ​ငိုကြွေး​ဘဲ​နေ​ခဲ့​သလော​။ နွမ်းပါး​သော​သူ​အတွက် ငါ​ဝမ်း​မ​နည်း​ဘဲ​နေ​ခဲ့​သလော​။ အကောင်း​ကို စောင့်မျှော်​သောအခါ အဆိုး​များ​သာ ရောက်လာ​၏​။ အလင်း​ကို မျှော်လင့်​သောအခါ အမှောင်​သာ ရောက်လာ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။