YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 1:1-22

ယောဘ 1:1-22 Judson Bible (JBMLE)

ယော​ဘ​အ​မည်​ရှိ​သော​သူ တစ်​ယောက်​သည် ဥ​ဇ​ပြည်၌​နေ၏။ ထို​သူ​သည် စုံ​လင်​ဖြောင့်​မတ်​ခြင်း​ရှိ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။ သား​ခု​နစ်​ယောက်​နှင့် သ​မီး​သုံး​ယောက်​ရှိ၏။ သူ၏​ဥ​စ္စာ​ကား၊ သိုး ခု​နစ်​ထောင်၊ ကု​လား​အုတ် သုံး​ထောင်၊ နွား​ယှဉ် ငါး​ရာ၊ မြည်း​မ ငါး​ရာ၊ ငယ်​သား​အ​တိုင်း​မ​သိ​များ​သည်​ဖြစ်၍၊ ထို​သူ​သည် အ​ရှေ့​မျက်​နှာ အ​ရပ်​သား​တ​ကာ​တို့​ထက် သာ၍​ကြီး​သော​သူ ဖြစ်၏။ ယော​ဘ၏​သား​တို့​သည် နှစ်​စဉ်​အ​တိုင်း အ​သီး​အ​သီး​ဖွား​သော နေ့​ရောက်​လျှင်၊ မိ​မိ​တို့​အိမ်၌ ပွဲ​ခံ​သ​ဖြင့်၊ နှ​မ​သုံး​ယောက်​ကို​လည်း ခေါ်၍ အ​တူ​စား​သောက်​လေ့ ရှိ​ကြ၏။ ပွဲ​ခံ​သော​နေ့​ရက် လွန်​သော​အ​ခါ၊ ယော​ဘ​သည် သူ​တို့​ကို​ခေါ်၍ သန့်​ရှင်း​စေ​ပြီး​လျှင် နံ​နက်​စော​စော​ထ၍ သူ​တို့​အ​ရေ​အ​တွက်​အ​တိုင်း မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ့​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​သား​တို့​သည် မှား​ယွင်း၍ စိတ်​နှ​လုံး​ထဲ၌ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်​ကြ​ပြီ​လော​ဟု ယော​ဘ​အောက်​မေ့၏။ ထို​သို့ ယော​ဘ​သည် အ​စဉ်​ပြု​မြဲ​ရှိ၏။ ဘု​ရား​သ​ခင်၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခ​စား​ခြင်း​ငှာ လာ​ရ​သော​နေ့​ရက်​အ​ချိန် ရောက်​လျှင်၊ စာ​တန်​သည်​လည်း သူ​တို့​နှင့်​ရော​နှော၍ လာ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု စာ​တန်​ကို​မေး​တော်​မူ​လျှင်၊ စာ​တန်​က၊ မြေ​ကြီး​ပေါ်​မှာ လှည့်​လည်၍ အ​ရပ်​ရပ်​သွား​လာ​ခြင်း​အ​မှု​ထဲ​က လာ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်​သည်​ဟု စာ​တန်​အား​မိန့်​တော်​မူ၏။ စာ​တန်​က​လည်း၊ ယော​ဘ​သည်​အ​ကျိုး​မ​ရ​ဘဲ ဘု​ရား​ဝတ်​ကို ပြု​သ​လော။ ကိုယ်​တော်​သည် သူ့​ကိုယ်​မှ​စ၍ သူ့​အိမ်​နှင့် သူ့​ဥ​စ္စာ​ရှိ​သ​မျှ​ပတ်​လည်၌ စောင်​ရန်း​ကာ​တော်​မူ​သည် မ​ဟုတ်​လော။ သူ​ပြု​လေ​သ​မျှ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ သူ့​သိုး​နွား​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည် မြေ​ပေါ်​မှာ အ​လွန်​ပွား​များ​ကြ​ပြီ။ ယ​ခု​မူ​ကား၊ လက်​တော်​ကို​ဆန့်၍ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို ထိ​ခိုက်​တော်​မူ​လျှင်၊ သူ​သည် မျက်​မှောက်​တော်၌ ကိုယ်​တော်​ကို စွန့်​ပယ်​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ပြန်​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် သင့်​လက်၌​ရှိ၏။ သူ့​ကိုယ်​တစ်​ခု​ကို​သာ မ​ထိ​မ​ခိုက်​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ စာ​တန်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား​လေ၏။ တစ်​နေ့​သ၌ ယော​ဘ၏​သား​သ​မီး​တို့​သည် အစ်​ကို​အ​ကြီး​အိမ်​တွင် စား၍ စ​ပျစ်​ရည်​ကို​သောက်​လျက် နေ​ကြ​စဉ်၊ ယော​ဘ​ထံ​သို့ တစ်​မန်​တစ်​ယောက်​လာ၍၊ နွား​တို့​သည် လယ်​ထွန်​လျက်၊ သူ​တို့​အ​နား​မှာ မြည်း​မ​တို့​သည် ကျက်​စား​လျက်​ရှိ​ကြ​သော​အ​ခါ၊ ရှေ​ဘ​အ​မျိုး​သား​တို့​သည် တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ဘု​ရား​သ​ခင်၏​မီး​သည် မိုး​ကောင်း​ကင်​မှ ကျ​သ​ဖြင့်၊ သိုး​များ​နှင့် လူ​စောင့်​များ​တို့​ကို လောင်၍ သူ​တို့​သည် ကျွမ်း​ကုန်​ကြ​ပါ​ပြီ။ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ခါ​လ​ဒဲ​အ​မျိုး​သား တပ်​သုံး​တပ်​တို့​သည် ချီ၍ ကု​လား​အုတ်​တို့​ကို တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ကိုယ်​တော်၏​သား​သ​မီး​တို့​သည် အစ်​ကို​အ​ကြီး​အိမ်၌ စား၍ စ​ပျစ်​ရည်​ကို​သောက်​လျက် နေ​ကြ​သော​အ​ခါ၊ တော​မှ လေ​ကြီး​လာ၍ အိမ်​လေး​ထောင့်​ကို တိုက်​သ​ဖြင့်၊ အိမ်​သည် ထို​လု​လင်​တို့​အ​ပေါ်၌ ပြို​လဲ​ပါ၏။ သူ​တို့​သည်​သေ၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။ အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​သို့ ပြန်​သွား​တော့​မည်။ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း ရုပ်​သိမ်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း​ဟု ဆို​လေ၏။ ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း မ​မှား​ယွင်း။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း အ​ပြစ်​မ​တင်​ဘဲ နေ၏။

ယောဘ 1:1-22 Common Language Bible (BCL)

ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။ သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။ ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။ ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။ ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။ စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။ တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊ ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ၊ ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊ တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။

ယောဘ 1:1-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဥဇ​ပြည်​တွင် ယောဘ​အမည်​ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ ဖြစ်​၏​။ သူ​၌ သား​ခုနစ်​ယောက်​၊ သမီး​သုံး​ယောက်​ရှိ​၏​။ သူ​သည် သိုး​ခုနစ်​ထောင်​၊ ကုလားအုတ်​သုံး​ထောင်​၊ နွား​အရှဉ်း​ငါး​ရာ​၊ မြည်း​ငါး​ရာ​နှင့် အစေခံ​အများအပြား ပိုင်ဆိုင်​ထား​၏​။ အရှေ့​ပြည်သား​အပေါင်း​တို့​တွင် သူ​သည် အချမ်းသာဆုံး​ဖြစ်​၏​။ သူ့​သား​တို့​သည် သတ်မှတ်​ထား​သော​နေ့​အတိုင်း သူ​တို့​အိမ်​အသီးသီး​၌ စားသောက်ပွဲ​ကို အလှည့်ကျ​ကျင်းပ​၍ သူ​တို့​၏​နှမ​သုံး​ယောက်​ကို​လည်း အတူ​စား​သောက်​ကြ​ရန် လူ​လွှတ်​၍ ဖိတ်ကြား​လေ့​ရှိ​၏​။ စားသောက်ပွဲ​အလှည့်ကျ​ကျင်းပ​သော​နေ့​များ​ပြီး​သောအခါ​တွင်​လည်း ယောဘ​က “​ငါ့​သားသမီး​တို့​စိတ်​ထဲတွင် ဘုရားသခင်​ကို ကျိန်ဆဲ​၍ အပြစ်​ပြု​မိ​ကောင်း​ပြု​မိ​ကြ​လိမ့်မည်​”​ဟု တွေး​၍ သူ​တို့​ကို ခေါ်​ပြီး ကိုယ်ကို​သန့်ရှင်း​စေ​လျက် နံနက်​စောစောထ​၍ သူ​တို့​အားလုံး​အရေအတွက်​အတိုင်း မီးရှို့ရာယဇ်​ကို ပူဇော်​၏​။ ယောဘ​သည် ထိုသို့ အမြဲ​ပြု​လေ့​ရှိ​၏​။ တစ်နေ့တွင် ဘုရား​သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ဝင်ရောက်ခစား​သောအခါ စာတန်​သည်​လည်း သူ​တို့​နှင့်အတူ​ရောက်လာ​၏​။ ထာဝရဘုရား​က စာတန်​အား “​သင် ဘယ်​အရပ်​က​လာ​သနည်း​”​ဟု မေး​တော်မူ​လျှင် စာတန်​က ထာဝရဘုရား​အား “​မြေကြီး​တစ်ခွင် လှည့်လည်​သွားလာ​ရာ​မှ လာ​ပါ​သည်​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ထာဝရဘုရား​က စာတန်​အား “​ငါ့​အစေအပါး​ယောဘ​ကို သင်​သတိထား​မိ​သလော​။ မြေကြီး​ပေါ်တွင် သူ​နှင့်​တူ​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို​ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ စာတန်​က​လည်း ထာဝရဘုရား​အား “​ယောဘ​သည် ဘုရားသခင်​ကို အကြောင်းမဲ့​ကြောက်ရွံ့ရိုသေ​ပါ​မည်လော​။ သူ​နှင့်​သူ့​အိမ်သူအိမ်သား​များ​၊ သူ​၌​ရှိသမျှ​တို့​ကို ကိုယ်တော် ဝိုင်းရံ​ကာကွယ်​ပေး​ထား​သည်​မ​ဟုတ်​ပါ​လော​။ သူ​လုပ်ဆောင်​သမျှ​တို့​ကို ကောင်းချီးပေး​သဖြင့် သူ​ပိုင်​သော​တိရစ္ဆာန်​များ​သည်​လည်း မြေကြီး​တစ်ခွင် တိုးပွား​နေ​သည်​မ​ဟုတ်​ပါ​လော​။ ယခု လက်​တော်​ကို​ဆန့်​၍ သူ​၌​ရှိသမျှ​ကို ဖျက်ဆီး​ကြည့်​ပါ​။ သူ​သည် ကိုယ်တော့်​ကို မျက်ဝါးထင်ထင်​ကျိန်ဆဲ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။ ထာဝရဘုရား​က​လည်း စာတန်​အား “​ကြည့်​လော့​။ သူ​၌​ရှိသမျှ​ကို သင့်​လက်​၌ ငါ​အပ်​ပြီ​။ သူ့​ကို​မူ ကိုယ်ထိလက်ရောက်​မ​ပြု​ရ​”​ဟု မိန့်​တော်မူ​၏​။ စာတန်​သည်​လည်း ထာဝရဘုရား​ထံ​တော်​မှ ထွက်သွား​လေ​၏​။ တစ်နေ့သ၌ ယောဘ​၏​သား​သမီး​တို့​သည် မိမိ​တို့​၏​အစ်ကို​အကြီးဆုံး​အိမ်​တွင် အစာစား​၍ စပျစ်ဝိုင်​သောက်​လျက်​နေ​ကြ​၏​။ ထိုအခါ ယောဘ​ထံသို့ တမန်​တစ်ဦး​ရောက်လာ​ပြီး “​နွား​များ ထွန်ယက်​နေ​၍ မြည်း​များ အနီးအနား​၌ ကျက်စား​နေ​ကြ​စဉ် ရှေဘ​ပြည်သား​တို့​သည် နွား​နှင့်​မြည်း​တို့​ကို တိုက်ခိုက်​သိမ်းယူ​သွား​ပါ​ပြီ​။ အစေခံ​တို့​ကို​လည်း ဓား​နှင့်​သတ်ပစ်​ကြ​ပါ​၏​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​၍ အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုသို့ ကြားလျှောက်​နေစဉ်​တွင်ပင် အခြား​တမန်​တစ်ဦး​ရောက်လာ​၍ “​ဘုရားသခင်​၏​မီး​သည် ကောင်းကင်​မှ​ကျလာ​၍ သိုး​နှင့်​အစေခံ​တို့​ကို လောင်​ကျွမ်း​လေ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုသို့​ကြားလျှောက်​နေစဉ် အခြား​တစ်ဦး​လည်း​ရောက်လာ​၍ “​ခါလဒဲ​လူမျိုး​တို့​သည် အဖွဲ့​သုံး​ဖွဲ့​ခွဲ​ပြီး ကုလားအုတ်​များ​ကို တိုက်ခိုက်​သိမ်းယူ​သွား​ကြ​ပြီ​။ အစေခံ​တို့​ကို​လည်း ဓား​နှင့်​သတ်ပစ်​ပါ​၏​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုသို့ ကြားလျှောက်​နေ​စဉ်တွင်ပင် အခြား​တစ်ဦး​ရောက်လာ​၍ “​အရှင်​၏​သား​သမီး​တို့​သည် မိမိ​တို့​၏​အစ်ကို​အကြီးဆုံး​အိမ်​တွင် အစာစား​၍ စပျစ်ဝိုင်​သောက်​လျက်​နေ​ကြ​စဉ် တောကန္တာရ​ဘက်​မှ လေပြင်းမုန်တိုင်း​သည် လေးဘက်လေးတန်​မှ​တိုက်​လာ​သဖြင့် ထို​လုလင်​တို့​အပေါ်​သို့ အိမ်​ပြိုကျ​ပြီး သူ​တို့​သေ​ကုန်​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုအခါ ယောဘ​သည် ထ​၍ ဝတ်လုံ​ကို​ဆုတ်​လေ​၏​။ ဆံပင်​ကို​လည်း​ရိတ်​ပြီး မြေ​ပေါ်တွင် ပျပ်ဝပ်​ကိုးကွယ်​လျက် “​ငါ​သည် အဝတ်မပါ​ဘဲ အမိ​ဝမ်း​ထဲမှ​ထွက်လာ​၏​။ အဝတ်မပါ​ဘဲ ပြန်သွား​ရ​တော့​မည်​။ ထာဝရဘုရား ပေးသနား​တော်မူ​၏​။ ထာဝရဘုရား ပြန်​ရုပ်သိမ်း​တော်မူ​၏​။ ထာဝရဘုရား​၏​နာမ​တော်​သည် မင်္ဂလာရှိ​ပါစေ​သတည်း​”​ဟု ဆို​လေ​၏​။ ယောဘ​သည် ထို​အမှုအရာ​များ​ကြောင့် အပြစ်​မ​ပြု​၊ ဘုရားသခင်​ကို​လည်း အပြစ်​မ​တင်​ဘဲ​နေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။