YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 7:32-53

ရှင်ယောဟန် 7:32-53 Judson Bible (JBMLE)

ထို​သို့​လူ​များ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ​သည်​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် တိုင်​ပင်​ပြီး​မှ ကိုယ်​တော်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ မင်း​လု​လင်​တို့​ကို စေ​လွှတ်​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ပြီး​လျှင်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ထံ​သို့ သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။- ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ​လျှင်၊- ယု​ဒ​လူ​တို့​က၊ ငါ​တို့​ကို​မ​တွေ့​စေ​ခြင်း​ငှာ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​လိမ့်​မည်​နည်း။ ဟေ​လ​သ​လူ​တို့​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​လျက်​နေ​သော သူ​တို့​ရှိ​ရာ​သို့​သွား၍ ဟေ​လ​သ​လူ​တို့​အား တ​ရား​ဟော​လိမ့်​မည်​လော။- သင်​တို့​သည် ငါ့​ကို ရှာ​ကြ​လိမ့်​မည်။ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ ဟူ​သော​စ​ကား​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။ ထို​ပွဲ​ကို​ခံ၍ နောက်​ဆုံး​ဖြစ်​သော​နေ့​မြတ်၌ ယေ​ရှု​သည်​ရပ်၍ ကြွေး​ကြော်​တော်​မူ​သည်​ကား၊ ရေ​ငတ်​သော​သူ​ရှိ​လျှင် ငါ့​ထံ​သို့​လာ၍ သောက်​လော့။- ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း အ​သက်​ရေ​ထွက်​ရာ စမ်း​ရေ​တွင်း​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။ စ​ကား​တော်​ကို ကြား​သော​လူ​အ​များ​တို့​က၊ ဤ​သူ​သည် လာ​လ​တ္တံ့​သော​ပ​ရော​ဖက် အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။- အ​ချို့​က​လည်း၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က​လည်း၊ ခ​ရစ်​တော်​သည် ဂါ​လိ​လဲ​ပြည်​သား ဖြစ်​ရ​သ​လော။- ခ​ရစ်​တော်​သည် ဒါ​ဝိဒ်​အ​မျိုး၊ ဒါ​ဝိဒ်​နေ​ရာ​ဌာ​န၊ ဗက်​လင်​ရွာ​သား​ဖြစ်​ရ​မည်​ဟု ကျမ်း​စာ​လာ​သည် မ​ဟုတ်​လော​ဟု ဆို​ကြ၏။- ထို​သို့​လူ​များ​တို့​သည် ကွဲ​ပြား​ကြ​သည်​ဖြစ်၍၊ အ​ချို့​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။- သို့​သော်​လည်း အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။ ထို​အ​ခါ မင်း​လု​လင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဖာ​ရိ​ရှဲ​ထံ​သို့​ပြန်၍၊ ထို​မင်း​တို့​က၊ အ​ဘယ်​ကြောင့် သူ့​ကို​မ​ဆောင်​ခဲ့​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊- မင်း​လု​လင်​တို့​က၊ ထို​သူ​ဟော​ပြော​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​ဟော​စ​ဖူး​ပါ​ဟု လျှောက်​ကြ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ သင်​တို့​ကို​ပင် လှည့်​ဖြား​ပြီ​လော။- မင်း​များ၊ ဖာ​ရိ​ရှဲ​များ​တို့​တွင် သူ့​ကို​ယုံ​ကြည်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​သ​လော။- တ​ရား​ကို​မ​သိ​သော ဤ​လူ​များ​တို့​သည် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ဆို​ကြ၏။- အ​ထက်​က ည​အ​ခါ၌ အ​ထံ​တော်​သို့​လာ​သော သူ​တည်း​ဟူ​သော ထို​မင်း​များ​အ​ဝင်​ဖြစ်​သော နိ​ကော​ဒင်​က​လည်း၊- ငါ​တို့​တ​ရား​သည် လူ​ကို​မ​စစ်၊ သူ့​အ​မှု​ကို မ​သိ​မီ​က​ပင် ရှေ့​မ​ဆွ​က ဆုံး​ဖြတ်​တတ်​သ​လော​ဟု ဆို​လျှင်၊- သူ​တို့​က၊ သင်​သည်​လည်း ဂါ​လိ​လဲ​ပြည်​သား ဖြစ်​သ​လော။ စစ်​ဦး​လော့၊ ဂါ​လိ​လဲ​ပြည်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ပေါ်​ထွန်း​သည်​ကို​မှတ်​လော့​ဟု ဆို​ကြ​ပြီး​မှ၊- ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​အိမ်​သို့​သွား​ကြ၏။

ရှင်ယောဟန် 7:32-53 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လူထု​ပရိသတ်​သည် ယေရှု​နှင့်​ပတ်သက်၍ ထိုသို့​တီးတိုး​ပြောဆို​နေ​ကြ​သည်​ကို ဖာရိရှဲ​တို့​ကြား​လျှင် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် အစောင့်​တပ်သား​များ​ကို​စေလွှတ်​ကြ​၏။ ထိုအခါ ယေရှု​က“ငါ​သည် သင်​တို့​နှင့်အတူ နောက်ထပ် ခဏ​နေ​ပြီးလျှင် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ထံသို့ သွား​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​သော်လည်း တွေ့​မည်​မ​ဟုတ်။ ငါ​ရှိ​ရာ​အရပ်​သို့​လည်း သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်မူ​၏။ ဂျူး​လူမျိုး​တို့​က​လည်း “ငါ​တို့​ရှာ​၍​မ​တွေ့​စေရန် ဤ​သူ​သည် မည်သည့်​အရပ်​သို့​သွား​ရန် ကြံရွယ်​နေ​သနည်း။ ဂရိ​လူမျိုး​တို့​ရှိ​ရာ​အရပ်ရပ်​တို့​၌ ကွဲလွင့်​ပျံ့နှံ့​နေ​သော​သူ​တို့​ထံသို့​သွား​၍ ဂရိ​လူမျိုး​တို့​ကို​သွန်သင်​ရန် ကြံရွယ်​နေ​သလော။ ‘သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​သော်လည်း တွေ့​မည်​မ​ဟုတ်။ ငါ​ရှိ​ရာ​အရပ်​သို့​လည်း သင်​တို့​မ​လာ​နိုင်​ကြ’​ဟူ၍ သူ​ပြော​သော​စကား​၏​အဓိပ္ပာယ်​မှာ မည်သို့​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ထို​ပွဲတော်​၏​ကြီးမြတ်​သော​နေ့​ဖြစ်​သည့် နောက်ဆုံး​နေ့​၌ ယေရှု​သည်​ရပ်​လျက်“မည်သူမဆို ရေငတ်​လျှင် ငါ့​ထံသို့​လာ​၍ သောက်​လော့။ ငါ့​ကို​ယုံကြည်​သော​သူ​သည် ကျမ်းစာ​က​ဆို​ထား​သည့်​အတိုင်း သူ​၏​နှလုံးသား​အထဲမှ အသက်​ရေ​မြစ်​များ စီး​ထွက်​လိမ့်မည်”​ဟု ကြွေးကြော်​တော်မူ​၏။ ဤသည်ကား ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တို့​ခံယူ​ရရှိ​မည့် ဝိညာဉ်​တော်​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ အကြောင်းမူကား ယေရှု​သည် ဘုန်း​တော်​ထင်ရှား​ခြင်း​မ​ရှိ​သေး​သဖြင့် ဝိညာဉ်​တော်​ကို​ပေး​တော်​မ​မူ​သေး။ လူထု​ပရိသတ်​ထဲမှ အချို့​တို့​သည် ဤ​တရား​စကား​တို့​ကို​ကြား​သောအခါ “ဤ​သူ​သည် အမှန်ပင် ထို​ပရောဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အချို့​တို့​က​လည်း “ဤ​သူ​သည် ခရစ်တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သို့ရာတွင် အချို့​တို့​က “ခရစ်တော်​သည် ဂါလိလဲ​နယ်​မှ​ပေါ်ထွန်း​ပါ​မည်​လော။ ခရစ်တော်​သည် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​လည်းကောင်း၊ ဒါဝိဒ်​နေ​ခဲ့​ရာ​ဗက်လင်​ရွာ​မှ​လည်းကောင်း ပေါ်ထွန်း​မည်​ဟူ၍ ကျမ်းစာ​က​ဆို​ထား​သည်​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။ ဤသို့ဖြင့် လူထု​ပရိသတ်​ထဲတွင် ကိုယ်တော်​ကြောင့် ကွဲပြား​ခြင်း​ရှိ​ကြ​၏။ သူ​တို့​ထဲမှ အချို့​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​လို​ကြ​သော်လည်း မည်သူ​မျှ ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။ ထို့နောက် အစောင့်​တပ်သား​များ​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​ထံသို့ ပြန်လာ​ကြ​ရာ ထို​အကြီးအကဲ​တို့​က “အဘယ်ကြောင့် သူ့​ကို​မ​ခေါ်ဆောင်​လာ​ကြ​သနည်း”​ဟု မေးမြန်း​ကြ​၏။ အစောင့်​တပ်သား​တို့​က “ထို​သူ​ကဲ့သို့ မည်သူမျှ​မ​ဟောပြော​ခဲ့​ဖူး​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။ ဖာရိရှဲ​တို့​က​လည်း “သင်​တို့​ပင်လျှင် လှည့်ဖြား​ခံရ​ကြ​ပြီ​လော။ အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​တွင် သူ့​ကို​ယုံကြည်​ခဲ့​သူ​တစ်စုံတစ်ဦး​ပင်​ရှိ​သလော။ သို့သော် ပညတ်​တရား​ကို​မ​သိ​သော ဤ​လူထု​ပရိသတ်​သည် ကျိန်​ခြင်း​ကို​ခံရ​သူ​များ​ဖြစ်​ကြ​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။ ထို​သူ​တို့​ထဲမှ​တစ်​ဦး​ဖြစ်​ပြီး ယခင်​က​ကိုယ်တော်​ထံသို့​လာ​ခဲ့​ဖူး​သော နိကောဒင်​က “ငါ​တို့​၏​ပညတ်​တရား​သည် လူ​တစ်​ဦး​ကို သူ့​ထံမှ ဦးစွာ​ကြားနာ​ခြင်း​မ​ရှိ၊ သူ​ပြု​နေ​သော​အမှုအရာ​ကို​လည်း​မ​သိ​ဘဲ စီရင်​ပါ​မည်​လော”​ဟု ဆို​လျှင် သူ​တို့​က “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သလော။ ဂါလိလဲ​နယ်​မှ ပရောဖက် မ​ပေါ်ထွန်း​ကြောင်း​ကို စူးစမ်း​လေ့လာ​၍ သိမှတ်​လော့”​ဟု ဆို​ကြ​၏။ [ထို့နောက် သူ​တို့​သည် မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်​သွား​ကြ​၏။