YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 6:43-69

ရှင်ယောဟန် 6:43-69 Judson Bible (JBMLE)

ယေ​ရှု​က​လည်း၊ ငါ့​ကို​အ​ချင်း​ချင်း​ကဲ့​ရဲ့၍ အ​ပြစ်​မ​တင်​ကြ​နှင့်။- ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် သွေး​ဆောင်​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ့​ထံ​သို့ မ​လာ​နိုင်။ လာ​သော​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။- အ​နာ​ဂ​တ္တိ​ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင် ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်​ကြ​လိမ့်​မည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ခ​မည်း​တော်​ထံ၌​နား​ထောင်၍ နည်း​ခံ​သော​သူ​မှန်​သ​မျှ​တို့​သည် ငါ့​ထံ​သို့ လာ​ကြ၏။- ထို​သို့​ငါ​ဆို​သော်၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကြွ​လာ​သော​သူ​မှ​တစ်​ပါး တစ်​စုံ​တစ်​ယောက်​သော သူ​သည် ခ​မည်း​တော်​ကို​မြင်​ခဲ့​ပြီ​ဟု မ​ဆို​လို။ ကြွ​လာ​သော​သူ​မူ​ကား၊ ခ​မည်း​တော်​ကို မြင်​ခဲ့​ပြီ။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။- ငါ​သည် အ​သက်​မုန့်​ဖြစ်၏။- သင်​တို့​ဘိုး​ဘေး​များ​သည် တော၌​မ​န္န​ကို​စား​လျက် သေ​ရ​ကြ၏။- ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ကို စား​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်၏။- ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော အ​သက်​မုန့်​ဖြစ်၏။ ဤ​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး​သော​မုန့်​ကား၊ လော​ကီ​သား​တို့၏ အ​သက်​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​အ​သား​ပေ​တည်း​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် မိ​မိ​အ​သား​ကို ငါ​တို့​စား​စ​ရာ​ဖို့​အ​ဘယ်​သို့ ပေး​နိုင်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ လူ​သား၏​အ​သား​ကို​မ​စား၊ အ​သွေး​ကို​မ​သောက်​လျှင် သင်​တို့၌ အ​သက်​မ​ရှိ။- ငါ၏​အ​သား​ကို​စား၍ ငါ၏​အ​သွေး​ကို​လည်း သောက်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ ထို​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။- ငါ၏​အ​သား​သည် စား​စ​ရာ​ကောင်း၏။ ငါ၏​အ​သွေး​လည်း သောက်​စ​ရာ​ကောင်း၏။- ငါ၏​အ​သား​အ​သွေး​ကို သောက်​စား​သော​သူ​သည် ငါ၌​တည်၏။ ထို​သူ၌​လည်း ငါ​တည်၏။- အ​သက်​ရှင်​တော်​မူ​သော ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၍၊ ငါ​သည်​ခ​မည်း​တော်​အား​ဖြင့် အ​သက်​ရှင်​သည်​နည်း​တူ၊ ငါ့​ကို​စား​သော​သူ​သည် ငါ့​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။- ဤ​မုန့်​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်​သော မုန့်​ဖြစ်၏။ သင်​တို့​ဘိုး​ဘေး​များ​သည် မ​န္န​ကို​စား​လျက် သေ​ရ​သ​ကဲ့​သို့​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်​ဟု၊- က​ပေ​ရ​နောင်​မြို့​တ​ရား​ဇ​ရပ်၌ ဩ​ဝါ​ဒ​ပေး​စဉ်​တွင် မိန့်​တော်​မူ၏။ တ​ပည့်​တော်​အ​များ​တို့​သည် ကြား​လျှင်၊ ထို​စ​ကား​သည် အ​လွန်​ခက်​လှ၏။ အ​ဘယ်​သူ​နား​ခံ​နိုင်​မည်​နည်း​ဟု ဆို​ကြ၏။- ထို​သို့ တ​ပည့်​တော်​တို့ ကဲ့​ရဲ့​ပြစ်​တင်​သည်​ကို ယေ​ရှု​သည် အ​လို​အ​လျောက်​သိ​တော်​မူ​လျှင်၊ ဤ​တ​ရား​စ​ကား​ကြောင့် သင်​တို့​သည် စိတ်​ပျက်​ကြ​သ​လော။- လူ​သား​သည် အ​ရင်​နေ​ရာ​အ​ရပ်​သို့ တစ်​ဖန် ကြွ​တက်​သည်​ကို​မြင်​ရ​လျှင် အ​ဘယ်​သို့ ထင်​မှတ်​ကြ​မည်​နည်း။- ဝိ​ညာဉ်​သာ​လျှင် အ​သက်​ရှင်​စေ၏။ ကိုယ်​ကာ​ယ​သည် အ​လျှင်း​မ​တတ်​နိုင်။ ငါ​ပြော​သော​စ​ကား​သည် ဝိ​ညာဉ်​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။- သို့​သော်​လည်း သင်​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ၏။- ထို​ကြောင့် ငါ၏​ခ​မည်း​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ​ထံ​သို့​မ​လာ​နိုင်​ဟု အ​ထက်​က ငါ​ဆို​ခဲ့​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​သို​မိန့်​တော်​မူ​သည် အ​ကြောင်း​ဟူ​မူ​ကား၊ အ​ဘယ်​သူ​မ​ယုံ​ကြည်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ကိုယ်​တော်​ကို အပ်​နှံ​မည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် အ​စ​အ​ဦး၌ သိ​တော်​မူ၏။ ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​အ​များ​တို့​သည် ကိုယ်​တော်​နှင့် မ​ပေါင်း​ဖော်​ဘဲ ဆုတ်​သွား​ကြ၏။- ထို​ကြောင့် ယေ​ရှု​သည် တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​အား၊ သင်​တို့​သည်​လည်း ထွက်​သွား​ခြင်း​ငှာ အ​လို​ရှိ​ကြ​သ​လော​ဟု မေး​တော်​မူ​လျှင်၊- ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ထံ​သို့ သွား​ရ​မည်​နည်း။ ထာ​ဝ​ရ​အ​သက်​နှင့် ယှဉ်​သော​စ​ကား​သည် ကိုယ်​တော်၌ တည်​ပါ၏။- ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ ယုံ​ကြည်​သိ​မှတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

ရှင်ယောဟန် 6:43-69 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​က ``သင်​တို့​အ​ချင်း​ချင်း​ညည်း​ညူ မ​နေ​ကြ​နှင့်။- ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ဆွဲ​ဆောင် တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​ငါ​သည်​နောက်​ဆုံး​သော နေ့​၌​သေ​ခြင်း​မှ​ထ​မြောက်​စေ​မည်။- ပ​ရော​ဖက်​ကျမ်း​များ​တွင်`ထို​သူ​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​၏။ သို့​ဖြစ်​၍​ခ​မည်း​တော် မိန့်​တော်​မူ​သော​စ​ကား​ကို​ကြား​၍ အ​ထံ​တော် မှ​နည်း​နာ​ခံ​ယူ​သူ​အ​ပေါင်း​တို့​သည်​ငါ့​ထံ သို့​လာ​ကြ​၏။- ဤ​သို့​ငါ​ဆို​ရာ​၌​ခ​မည်း​တော်​ကို​တွေ့​မြင် ဖူး​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​သည်​ဟု​မ​ဆို​လို။ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ​သူ​တစ်​ဦး တည်း​သာ​လျှင်​ခ​မည်း​တော်​ကို​တွေ့​မြင်​ဖူး​၏။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့ ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။- ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။- သင်​တို့​၏​ဘိုး​ဘေး​များ​သည်​တော​ကန္တာ​ရ​တွင် မန္န မုန့်​ကို​စား​ကြ​ရ​သော်​လည်း​သေ​လွန်​ကြ​ကုန်​၏။- ဤ​အ​စာ​အာ​ဟာ​ရ​သည်​ကား​ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၍ ယင်း​ကို မှီ​ဝဲ​သူ​သည်​သေ​ရ​လိမ့်​မည်​မ​ဟုတ်။- ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​သည့်​အ​သက် အာ​ဟာ​ရ​ဖြစ်​၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို​မှီ​ဝဲ​သူ သည်​အ​စဉ်​ထာ​ဝ​ရ​အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး မည့်​အ​စာ​အာ​ဟာ​ရ​သည် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​ပေး​သော​ငါ​၏​အ​သား ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ ``ဤ​သူ​သည်​အ​ဘယ်​သို့​လျှင်​ငါ​တို့ စား​ရန်​အ​တွက် သူ​၏​အ​သား​ကို​ပေး​နိုင်​ပါ မည်​နည်း'' ဟု​လူ​တို့​သည်​အ​ချင်း​ချင်း​ပြင်း ထန်​စွာ​ငြင်း​ခုံ​ကြ​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား လူ​သား​၏​အ​သား​ကို​မ​စား၊ သူ​၏ သွေး​ကို​မ​သောက်​ပါ​မူ​သင်​တို့​၌​အ​သက်​မ​ရှိ။- ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌​ထို​သူ​အား​သေ​ခြင်း​မှ ရှင်​ပြန်​ထြေမာက်​စေ​မည်။- ငါ့​အ​သား​သည်​စား​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။ ငါ့​သွေး​သည်​သောက်​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။- ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည်​ငါ​၌​ကျိန်း​ဝပ်​၏။ ငါ​သည်​လည်း​ထို​သူ ၌​ကျိန်း​ဝပ်​၏။- အ​သက်​ရှင်​တော်​မူ​သော​ခ​မည်း​တော်​သည်​ငါ့​ကို စေ​လွှတ်​တော်​မူ​၏။ ငါ​သည်​လည်း​ခ​မည်း​တော် ကြောင့်​အ​သက်​ရှင်​သည်​နည်း​တူ ငါ့​အ​သား ကို​စား​သော​သူ​သည်​လည်း​ငါ့​ကြောင့်​အ​သက် ရှင်​လိမ့်​မည်။- သို့​ဖြစ်​၍​ဤ​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​သုံး​ကြ​ရ​သည့် အ​စာ​အာ​ဟာ​ရ​မျိုး​မ​ဟုတ်။ ထို​အ​စာ​အာ ဟာ​ရ​ကို​သုံး​ဆောင်​သူ​တို့​သည်​သေ​ကြ​ရ​၏။ ဤ အ​စာ​အာ​ဟာ​ရ​ကို​စား​သူ​မူ​ကား​အ​စဉ် မ​ပြတ်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သ​ခင်​ယေ​ရှု​သည်​က​ပေ​ရ​နောင်​မြို့​တ​ရား ဇ​ရပ်​တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​က ဤ သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ​သ​တည်း။ ထို​သြ​ဝါ​ဒ​များ​ကို​တ​ပည့်​တော်​အ​မြောက် အ​မြား​ပင်​ကြား​ကြ​၏။ သူ​တို့​က ``ဤ​သွန်​သင် တော်​မူ​ချက်​တို့​သည်​ခက်​ခဲ​လှ​သ​ဖြင့် အ​ဘယ် သူ​လိုက်​နာ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ ဤ​သို့​တ​ပည့်​တော်​တို့​သည်​ညည်း​တွား​နေ​ကြ သည်​ကို သ​ခင်​ယေ​ရှု​သည်​အ​လို​အ​လျောက်​သိ တော်​မူ​သ​ဖြင့် ``ဤ​စ​ကား​ကြောင့်​သင်​တို့​စိတ် ပျက်​ကြ​သ​လော။- အ​ကယ်​၍​လူ​သား​သည်​မိ​မိ​နေ​ရင်း​ရပ်​ထံ သို့​တက်​ကြွ​တော်​မူ​သည်​ကို​မြင်​ကြ​ရ​ပါ​မူ သင်​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​မည်​နည်း။- ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​က​သာ​လျှင် အ​သက်​ကို​ရှင်​စေ​နိုင်​၏။ လူ​တို့​၏​တန်​ခိုး စွမ်း​ရည်​မူ​ကား​မည်​သို့​မျှ​မ​တတ်​နိုင်။ သင် တို့​အား​ငါ​ပြော​သော​စ​ကား​သည်​အ​သက် ရှင်​စေ​သည့်​ဝိ​ညာဉ်​တော်​နှင့်​သက်​ဆိုင်​၏။- သို့​သော်​လည်း​သင်​တို့​အ​နက်​အ​ချို့​သော​သူ တို့​သည်​မ​ယုံ​ကြည်​ကြ'' ဟု​မိန့်​တော်​မူ​၏။ (မည် သူ​တို့​မ​ယုံ​ကြည်​ကြ​သည်​ကို​လည်း​ကောင်း၊ မည်​သူ​သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​နှံ​မည်​ကို​လည်း​ကောင်း သ​ခင်​ယေ​ရှု​သည် အ​စ​က​တည်း​က​ပင်​သိ​တော်​မူ​ပြီး​ဖြစ်​၏။)- ဆက်​လက်​၍​ကိုယ်​တော်​က ``ဤ​အ​ကြောင်း ကြောင့်​ခ​မည်း​တော်​အ​ခွင့်​ပေး​တော်​မ​မူ လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင် ဟု​သင်​တို့​အား​ငါ​ဆို​ခဲ့​ပြီ'' ဟူ​၍​မိန့် တော်​မူ​၏။ ထို​အ​ချိန်​မှ​စ​၍​တ​ပည့်​တော်​အ​များ​ပင် အ​ထံ​တော်​မှ​ဆုတ်​ခွာ​လျက် ကိုယ်​တော်​နှင့် အ​တူ​မ​လိုက်​ဘဲ​နေ​ကြ​၏။- သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​လည်း ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လို​ကြ​ပါ​သ​လော'' ဟု​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား မေး​တော်​မူ​၏။ ရှိ​မုန်​ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည် မည်​သူ​ထံ​သို့​သွား​ကြ​ရ​ပါ​မည်​နည်း။ ကိုယ် တော်​ရှင်​သာ​လျှင်​ထာ​ဝ​ရ​အ​သက်​ဆိုင်​ရာ တ​ရား​ကို​ဟော​ပါ​၏။- ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ကြွ​လာ​သော​သန့်​ရှင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ကို ယ​ခု​အ​ကျွန်ုပ်​တို့​ယုံ​ကြည် သိ​မြင်​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။

ရှင်ယောဟန် 6:43-69 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​က​လည်း“အချင်းချင်း​ကြား​တွင်​မကျေမနပ်​ပြောဆို​မ​နေ​ကြ​နှင့်။ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​ဆွဲငင်​တော်​မ​မူ​လျှင် မည်သူမျှ ငါ့​ထံသို့​မ​လာ​နိုင်။ ငါ့​ထံသို့​လာ​သော​သူ​ကို နောက်ဆုံး​သော​နေ့​၌ ငါ​သည်​ထမြောက်​စေ​မည်။ ပရောဖက်​ကျမ်း​များ​တွင် ‘ထို​သူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​သွန်သင်​တော်မူ​ခြင်း​ကို ခံရ​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်’ဟု ရေး​ထား​သည်​ဖြစ်​၍ ခမည်းတော်​ထံ၌ ကြားနာ​ပြီး နည်းခံ​သော​သူ​တိုင်း​သည် ငါ့​ထံသို့​လာ​ကြ​၏။ ထိုသို့ဆိုသော် တစ်စုံတစ်ယောက်​က ခမည်းတော်​ကို​မြင်​ခဲ့​ပြီ​ဟု​မ​ဆိုလို။ ဘုရားသခင်​ထံမှ ကြွလာ​သော​သူ​တစ်ဦးတည်း​သာလျှင် ခမည်းတော်​ကို​မြင်​ခဲ့​၏။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​၏။ ငါ​သည် အသက်​မုန့်​ဖြစ်​၏။ သင်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​၌ မန္န​ကို​စား​ခဲ့​ပြီး သေဆုံး​သွား​ကြ​၏။ ဤ​မုန့်​ကား စားသုံး​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်းလွတ်​မည့်​အကြောင်း ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏။ ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​သည့် အသက်ရှင်​သော​မုန့်​ဖြစ်​၏။ မည်သူမဆို ဤ​မုန့်​ကို​စား​လျှင် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်။ လောကီသား​တို့​၏​အသက်​အတွက် ငါ​ပေး​မည့်​မုန့်​ကား ငါ​၏​အသား​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​က “ဤ​သူ​သည် သူ့​အသား​ကို ငါ​တို့​စား​ရန် မည်သို့​ပေး​နိုင်​မည်နည်း”​ဟု အချင်းချင်း​ငြင်းခုံ​ပြောဆို​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ လူ့သား​၏​အသား​ကို​မ​စား၊ သူ​၏​သွေး​ကို​မ​သောက်​လျှင် သင်​တို့​၌​အသက်​မ​ရှိ။ ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​၏။ ငါ​သည် ထို​သူ​ကို နောက်ဆုံး​သော​နေ့​၌ ထမြောက်​စေ​မည်။ အကြောင်းမူကား ငါ​၏​အသား​သည် စစ်မှန်​သော​စားစရာ​ဖြစ်​ပြီး ငါ​၏​သွေး​သည် စစ်မှန်​သော​သောက်​စရာ​ဖြစ်​၏။ ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ငါ​၌​တည်​၏။ ငါ​သည်​လည်း ထို​သူ​၌​တည်​၏။ အသက်ရှင်​တော်မူ​သော​ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၍ ငါ​သည် ခမည်းတော်​အားဖြင့် အသက်ရှင်​သကဲ့သို့ ငါ့​ကို​စား​သော​သူ​သည်​လည်း ငါ့​အားဖြင့် အသက်ရှင်​မည်။ ဤ​မုန့်​ကား ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏။ သင်​တို့​ဘိုးဘေး​များ​စား​ပြီး သေဆုံး​သွား​ရ​သည့်​မုန့်​မျိုး​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ကပေရနောင်​မြို့​၌ သွန်သင်​တော်မူ​စဉ် ဤ​အကြောင်းအရာ​များ​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် မိန့်​တော်မူ​၏။ တပည့်​တော်​တို့​ထဲမှ​အများစု​သည် ကြား​လျှင် “ဤ​စကား​သည် ပြင်းထန်​လှ​၏။ မည်သူ​နားထောင်​နိုင်​မည်နည်း”​ဟု ဆို​ကြ​၏။ ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ တပည့်​တော်​တို့​မကျေမနပ်​ပြောဆို​နေ​ကြ​သည်​ကို ယေရှု​သည် အလိုအလျောက်​သိ​တော်မူ​သဖြင့်“ဤ​စကား​ကြောင့် သင်​တို့​စိတ်ပျက်​ကြ​သလော။ သို့ဖြစ်လျှင် လူ့သား​သည် ယခင်​နေ​ခဲ့​ရာ​အရပ်​သို့​တက်​သွား​သည်​ကို သင်​တို့​မြင်​ရ​ပါမူ မည်သို့​ဖြစ်​မည်နည်း။ ဝိညာဉ်​တော်​က​သာ အသက်ရှင်​စေ​၏။ ကိုယ်ကာယ​သည် မည်သည့်​အကျိုး​ကို​မျှ​မ​ပေး။ ငါ​ဟောပြော​သော​စကား​တို့​သည် ဝိညာဉ်​ဖြစ်​ပြီး အသက်​လည်း​ဖြစ်​၏။ သို့သော် သင်​တို့​တွင် မ​ယုံကြည်​သော​သူ​အချို့​ရှိ​၏”​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​သည့်​အကြောင်း​ကား မ​ယုံကြည်​သော​သူ​တို့​သည် မည်သူ​တို့​ဖြစ်​ကြ​သည်​ကို​လည်းကောင်း၊ မိမိ​ကို​အပ်နှံ​မည့်​သူ​သည် မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း ယေရှု​သည် အစအဦး​က​ပင် သိ​ထား​တော်မူ​သောကြောင့်​ဖြစ်​၏။ ထို့နောက် ကိုယ်တော်​က“ဤ​အကြောင်း​ကြောင့် ခမည်းတော်​သည် အခွင့်​ပေး​တော်​မ​မူ​လျှင် မည်သူမျှ ငါ့​ထံသို့​မ​လာ​နိုင်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ”​ဟူ၍ မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ တပည့်​တော်​တို့​ထဲမှ​အများစု​သည် ဆုတ်ခွာ​သွား​ပြီး ကိုယ်တော်​နှင့်အတူ​မ​လိုက်​မ​ပါ​တော့​ဘဲ​နေ​ကြ​၏။ ထိုအခါ ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​အား“သင်​တို့​လည်း ထွက်ခွာ​သွား​လို​ကြ​သလော”​ဟု မေး​တော်မူ​လျှင် ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မည်သူ့​ထံသို့​သွား​ရ​မည်နည်း။ ထာဝရ​အသက်​နှင့်ဆိုင်သော​စကား​တို့​သည် ကိုယ်တော်​၌​သာ​ရှိ​ပါ​၏။ ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ကြောင်း​ကို​လည်း အကျွန်ုပ်​တို့​ယုံကြည်​သိရှိ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။