YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 6:15-21

ရှင်ယောဟန် 6:15-21 Judson Bible (JBMLE)

ထို​သူ​တို့​သည် ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ​လာ၍ အ​နိုင်​အ​ထက်​ပြု​ကြ​မည်​အ​ကြောင်း​ကို ယေ​ရှု​သည်​သိ​တော်​မူ​လျှင်၊ တောင်​ပေါ်​သို့ တစ်​ယောက်​တည်း​ကြွ​တော်​မူ​ပြန်၏။ ည​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် အိုင်​သို့​သွား၍ လှေ​ထဲ​သို့​ဝင်​ပြီး​လျှင်၊ က​ပေ​ရ​နောင်​မြို့​သို့ ရောက်​အံ့​သော​ငှာ အိုင်​ကို​ကူး​ကြ၏။- ထို​အ​ခါ​မှောင်​မိုက်​ဖြစ်၍ ယေ​ရှု​သည် သူ​တို့ ရှိ​ရာ​သို့​မ​ရောက်​သေး။- လေ​ပြင်း​မုန်​တိုင်း​လာ၍ လှိုင်း​တံ​ပိုး​ထ​လေ၏။- ခ​ရီး​တစ်​တိုင်​ခွဲ​နှစ်​တိုင်​လောက် တက်​ခတ်၍ ရောက်​သော​အ​ခါ၊ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​၍ လှေ​အ​နီး​သို့​ချဉ်း​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်၍ ကြောက်​လန့်​ခြင်း​ရှိ​ကြ၏။- ကိုယ်​တော်​က​လည်း၊ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ လှေ​ထဲ​သို့ ကိုယ်​တော်​ကို ဝမ်း​မြောက်​စွာ​ခံ​ယူ​ကြ၏။- လှေ​သည်​လည်း ရောက်​လို​သော​အ​ရပ်​သို့ တစ်​ခ​ဏ​ချင်း​တွင် ဆိုက်​လေ၏။

ရှင်ယောဟန် 6:15-21 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။ ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော် တို့​သည်​ဂါ​လိ​လဲ​အိုင်​သို့​ဆင်း​သွား​ကြ​၏။- လှေ​ပေါ်​သို့​တက်​ကြ​ပြီး​လျှင်​အိုင်​တစ်​ဖက်​ကမ်း ရှိ​က​ပေ​ရ​နောင်​မြို့​သို့​ပြန်​သွား​ကြ​၏။ မိုး​ချုပ် လာ​သော်​လည်း​သ​ခင်​ယေ​ရှု​ကား​သူ​တို့​ထံ​သို့ မ​ကြွ​မ​ရောက်​သေး။- ထို​အ​ချိန်​၌​လေ​ပြင်း​ကျ​လျက်​နေ​သ​ဖြင့် အိုင်​တွင်​လှိုင်း​ထ​လာ​၏။- တ​ပည့်​တော်​တို့​သည်​သုံး​လေး​မိုင်​ခန့်​လှော်​ခတ် ပြီး​သော​အ​ခါ သ​ခင်​ယေ​ရှု​ရေ​ပေါ်​မှာ​စက်​တော် ဖြန့်​၍ မိ​မိ​တို့​အ​နီး​သို့​ကြွ​လာ​သည်​ကို​မြင် ကြ​၏။ ထို​အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။- ကိုယ်​တော်​က ``မ​ကြောက်​ကြ​နှင့်။ ငါ​ပင်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။- ထို​အ​ခါ​သူ​တို့​သည်​ဝမ်း​မြောက်​စွာ​ကိုယ်​တော် အား​လှေ​ပေါ်​သို့​ပင့်​ဖိတ်​ကြ​၏။ ထို​နောက်​လှေ သည်​တစ်​ခ​ဏ​ချင်း​တွင်​ရောက်​လို​ရာ​ကမ်း ခြေ​သို့​ဆိုက်​လေ​၏။

ရှင်ယောဟန် 6:15-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လူ​တို့​သည်​လာ​၍ မိမိ​ကို​အတင်း​ခေါ်ဆောင်​သွား​ပြီး မင်းမြှောက်​ရန် ကြံရွယ်​နေ​ကြ​သည်​ကို ယေရှု​သိ​တော်မူ​သဖြင့် တစ်ဖန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​ထွက်သွား​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ တပည့်​တော်​တို့​သည် ပင်လယ်​သို့​ဆင်း​သွား​၍ လှေ​ပေါ်​တက်​ပြီးလျှင် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ကပေရနောင်​မြို့​သို့ ကူးသွား​ကြ​၏။ မိုးချုပ်​ပြီ​ဖြစ်​သော်လည်း ယေရှု​သည် သူ​တို့​ထံသို့​မ​ရောက်လာ​သေး။ ပင်လယ်​၌​လည်း လေပြင်း​တိုက်​လျက်​နေ​သဖြင့် လှိုင်းတံပိုး​များ​ထ​လာ​၏။ သုံး​လေး​မိုင်​ခန့်​လှော်ခတ်​ပြီး​သောအခါ ပင်လယ်​ပေါ်တွင် ယေရှု​လမ်းလျှောက်​လျက် လှေ​အနီး​သို့​ချဉ်းကပ်​လာ​သည်​ကို တပည့်​တော်​တို့​မြင်​၍ ကြောက်ရွံ့​ကြ​၏။ သို့သော် ကိုယ်တော်​က“မ​ကြောက်​ကြ​နှင့်၊ ငါ​ပင်​ဖြစ်​သည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် အားရ​ဝမ်းမြောက်​လျက် ကိုယ်တော်​ကို လှေ​ပေါ်သို့​ခေါ်ဖိတ်​လက်ခံ​ကြ​ရာ လှေ​သည် သူ​တို့​သွား​ရန်​ရည်ရွယ်​ထား​သည့်​အရပ်​သို့ ချက်ချင်း​ရောက်​လေ​၏။