YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 5:16-30

ရှင်ယောဟန် 5:16-30 Judson Bible (JBMLE)

ထို​အ​မှု​ကို ဥ​ပုသ်​နေ့၌​ပြု​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ယေ​ရှု​ကို​ညှဉ်း​ဆဲ​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ့​ခ​မည်း​တော်​သည် ယ​ခု​တိုင်​အောင် အ​လုပ်​လုပ်​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လည်း လုပ်၏​ဟု ပြန်​ပြော​တော်​မူ၏။- သို့​ဖြစ်၍ ဥ​ပုသ်​နေ့​ကို ဖျက်​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​ကို မိ​မိ​အ​ဘ​ဟု​ခေါ်၍ မိ​မိ​ကို​ဘု​ရား​သ​ခင်​နှင့် ပြိုင်​နှိုင်း​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​ခြင်း​ငှာ သာ၍​ရှာ​ကြံ​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​မှု​ကို သား​တော်​သည် မြင်၍​သာ​ပြု၏။ မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်၊ ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု၏။- ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ၍ ပြု​တော်​မူ​သ​မျှ​တို့​ကို သား​တော်​အား​ပြ​တော်​မူ၏။ သင်​တို့​သည် အံ့​ဩ​ဖွယ်​ရှိ​စေ​ခြင်း​ငှာ ဤ​မျှ​မ​က သာ၍​ကြီး​စွာ​သော အ​မူ​အ​ရာ​တို့​ကို သား​တော်​အား​ပြ​တော်​မူ​လိမ့်​မည်။- ခ​မည်း​တော်​သည် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​ရှင်​ပြန်​စေ​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ သား​တော်​သည်​လည်း အ​လို​ရှိ​သ​မျှ​သော သူ​တို့​ကို ရှင်​စေ၏။- လူ​အ​ပေါင်း​တို့​သည် ခ​မည်း​တော်​ကို ရို​သေ​သည်​နည်း​တူ၊- သား​တော်​ကို ရို​သေ​စေ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ကို​မျှ တ​ရား​စီ​ရင်​တော်​မ​မူ။ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့် ရှိ​သ​မျှ​ကို သား​တော်​အား အပ်​ပေး​တော်​မူ၏။ သား​တော်​ကို မ​ရို​သေ​သော​သူ​သည်​ကား၊ သား​တော်​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကို မ​ရို​သေ​သော​သူ​ဖြစ်၏။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊ ကြား​သော​အား​ဖြင့် အ​သက်​ရှင်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ခ​မည်း​တော်​သည် ကိုယ်၌ အ​သက်​ရှိ​တော်​မူ​သည်​နည်း​တူ၊ သား​တော်​သည် မိ​မိ၌ အ​သက်​ရှိ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- သား​တော်​သည် လူ​သား​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်​ကို​လည်း အပ်​ပေး​တော်​မူ၏။- ဤ​အ​မှု​အ​ရာ​ကို အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​မှာ​ရှိ​သော သူ​အ​ပေါင်း​တို့​သည် သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊- ထွက်​ရ​မည့်​အ​ချိန်​ကာ​လ ရောက်​လ​တ္တံ့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် အ​သက်​ရှင်​ရာ ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း၊ ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ရာ ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း ထွက်​ရ​ကြ​လ​တ္တံ့။ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်။ ငါ​သည် ကြား​သည်​အ​တိုင်း တ​ရား​စီ​ရင်၏၊ ငါ​စီ​ရင်​ခြင်း​သည်​လည်း တ​ရား​တော်​နှင့် ညီ​ညွတ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​အ​လို​သို့ လိုက်၏။

ရှင်ယောဟန် 5:16-30 Common Language Bible (BCL)

ထို့​ကြောင့်​ဥပုသ်​နေ့​၌​ဤ​အ​မှု​အ​ရာ​ကို ပြု​တော်​မူ​သည့်​အ​တွက် ယု​ဒ​အာ​ဏာ​ပိုင် တို့​သည်​ထို​နေ့​မှ​စ​၍​ကိုယ်​တော်​အား အ​နှောင့်​အ​ယှက်​ပေး​ကြ​၏။- ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​အ​ဘယ် အ​ခါ​မျှ​အ​လုပ်​မှ​ရပ်​နား​သည်​ဟူ​၍​မ​ရှိ။ ထို​နည်း​တူ​စွာ​ငါ​သည်​လည်း​လုပ်​ဆောင်​လျက် နေ​ရ​မည်'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ဥ​ပုသ် စည်း​ကမ်း​ကို​ချိုး​ဖောက်​ရုံ​မ​က ဘု​ရား​သ​ခင်​အား မိ​မိ​၏​အ​ဖ​ဟူ​၍​ခေါ်​ကာ မိ​မိ​ကိုယ်​ကို​ဘု​ရား နှင့်​တန်း​တူ​ထား​တော်​မူ​သော​ကြောင့်​လည်း​ကောင်း ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ကိုယ်​တော်​ကို​သတ် ရန်​ပို​၍​ကြံ​စည်​အား​ထုတ်​ကြ​၏။ ထို့​ကြောင့်​သ​ခင်​ယေ​ရှု​က ယု​ဒ​အာ​ဏာ​ပိုင် တို့​အား ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား​သား​တော်​သည် မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ပြု တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ရ သည့်​အ​တိုင်း​သာ​လျှင်​ပြု​၏။ ခ​မည်း​တော်​ပြု တော်​မူ​သော​အ​ရာ​တို့​ကို​သား​တော်​သည်​ပြု တော်​မူ​၏။- ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် မိ​မိ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​များ ကို​သား​တော်​အား​ပြ​သ​တော်​မူ​၏။ ဤ​အ​မှု အ​ရာ​များ​ထက်​ပင်​ကြီး​စွာ​သော​အ​မှု​အ​ရာ များ​ကို​ပြု​ရန် ခ​မည်း​တော်​သည်​သား​တော်​အား ပြ​သ​ပေး​မည်​ဖြစ်​၍​သင်​တို့​သည်​အံ့​သြ ကြ​လိမ့်​မည်။- ခမည်း​တော်​သည်​သူ​သေ​များ​ကို​အ​သက်​ပြန် ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သူ​များ​ကို​အ​သက်​ရှင်​စေ တော်​မူ​၏။- ခ​မည်း​တော်​သည်​အ​ဘယ်​သူ​ကို​မျှ​တ​ရား စီ​ရင်​တော်​မ​မူ။- သား​တော်​အား​တ​ရား​စီ​ရင်​ပိုင်​ခွင့်​ရှိ​သ​မျှ ကို​ပေး​အပ်​ထား​တော်​မူ​၏။ သို့​ဖြစ်​၍​လူ​တို့ သည်​ခ​မည်း​တော်​အား​ရို​သေ​ကြ​သည်​နည်း တူ သား​တော်​အား​ရို​သေ​ရ​ကြ​မည်။ သား​တော် အား​မ​ရို​သေ​သော​သူ​သည်​သား​တော်​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​အား​မ​ရို​သေ သူ​ဖြစ်​၏။ ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သူ​သေ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော် အ​သံ​ကို​ကြား​ရ​သည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ ရောက်​လျက်​ရှိ​ပြီ။ သား​တော်​၏​အ​သံ​ကို ကြား​ရ​သော​သူ​တို့​သည်​အ​သက်​ပြန်​၍ ရှင်​ကြ​လိမ့်​မည်။- ခ​မည်း​တော်​မှာ​အ​သက်​ပေး​ပိုင်​သော​တန်​ခိုး ရှိ​တော်​မူ​သည်​နည်း​တူ သား​တော်​တွင်​လည်း​ရှိ စေ​ရန်​ထို​တန်​ခိုး​ကို​သား​တော်​အား​အပ်​နှင်း ထား​တော်​မူ​၏။- သား​တော်​သည်​လူ​သား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ တ​ရား​စီ​ရင်​ပိုင်​သော​တန်​ခိုး​အပ်​နှင်း ခြင်း​ကို​ခံ​ရ​၏။- ဤ​အ​ခြင်း​အ​ရာ​ကို​သင်​တို့​မ​အံ့​သြ​ကြ​နှင့်။ သင်္ချိုင်း​မှ​သူ​သေ​တို့​သည်​သား​တော်​၏​အ​သံ တော်​ကို​ကြား​၍​ထွက်​လာ​ကြ​မည့်​အ​ချိန်​ကျ ရောက်​လိမ့်​မည်။- အ​ကျင့်​ကောင်း​ကို​ပြု​ခဲ့​သူ​တို့​သည်​ထ​မြောက် ၍​အ​သက်​ရှင်​ကြ​ရ​လိမ့်​မည်။ အ​ကျင့်​ဆိုး​ကို ပြု​ခဲ့​သူ​တို့​မူ​ကား ထ​မြောက်​၍​အ​ပြစ်​စီ​ရင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ``ငါ​သည်​မိ​မိ​အ​လို​အ​လျောက်​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ဖော်​ပြ​သည့်​အ​တိုင်း သာ​လျှင်​စီ​ရင်​ဆုံး​ဖြတ်​၏။ ငါ​သည်​ကိုယ့်​အ​လို သို့​မ​လိုက်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​တော်​သို့​လိုက်​သည်​ဖြစ်​၍ ငါ​၏​စီ​ရင်​ဆုံး ဖြတ်​ချက်​သည်​မှန်​ကန်​၏။

ရှင်ယောဟန် 5:16-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဤ​အရာ​များ​ကို ဥပုသ်နေ့​၌​ပြု​တော်မူ​သောကြောင့် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို လိုက်လံ​ညှဉ်းဆဲ​ကြ​၏။ သို့ရာတွင် ယေရှု​က“ငါ့​ခမည်းတော်​သည် ယခု​တိုင်အောင် အလုပ်​လုပ်​တော်မူ​သည်​ဖြစ်၍ ငါ​သည်​လည်း​အလုပ်​လုပ်​၏”​ဟု သူ​တို့​အား​ပြန်​၍​မိန့်​တော်မူ​၏။ ထို​အတွက်​ကြောင့် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​သတ်​ရန် ပို၍​ကြိုးစား​ရှာကြံ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ယေရှု​သည် ဥပုသ်နေ့​ကို​ဖောက်ဖျက်​သည်​သာမက ဘုရားသခင်​ကို​မိမိ​၏​ခမည်းတော်​ဟု​ခေါ်​လျက် မိမိကိုယ်ကို ဘုရားသခင်​နှင့်​တန်းတူ​ထား​သောကြောင့်​ဖြစ်​၏။ ထိုအခါ ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သား​တော်​သည် ခမည်းတော်​ပြု​တော်မူ​သော​အရာ​ကို​မြင်​၍ ပြု​ခြင်း​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မိမိ​ဆန္ဒ​အလျောက်​မ​ပြု​နိုင်။ အကြောင်းမူကား ခမည်းတော်​ပြု​တော်မူ​သမျှ​အတိုင်း သား​တော်​လည်း​ပြု​၏။ ခမည်းတော်​သည် သား​တော်​ကို​ချစ်​တော်မူ​သောကြောင့် မိမိ​ပြု​တော်မူ​သမျှ​တို့​ကို သား​တော်​အား​ပြ​တော်မူ​၏။ သင်​တို့​အံ့သြ​ခြင်း​ရှိ​ကြ​စေရန် ဤ​ထက်​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း သား​တော်​အား ပြ​တော်မူ​လိမ့်မည်။ ခမည်းတော်​သည် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​၍ အသက်ရှင်​စေ​တော်မူ​သကဲ့သို့ သား​တော်​သည်​လည်း မိမိ​အလိုရှိ​သော​သူ​တို့​ကို အသက်ရှင်​စေ​၏။ လူ​အပေါင်း​တို့​သည် ခမည်းတော်​ကို​ရိုသေ​သကဲ့သို့ သား​တော်​ကို​ရိုသေ​ကြ​ရန် ခမည်းတော်​သည် မည်သူ့​ကို​မျှ​တရား​စီရင်​တော်​မ​မူ​ဘဲ တရား​စီရင်​ခြင်း​အခွင့်​ရှိသမျှ​ကို သား​တော်​အား​ပေးအပ်​တော်မူ​ပြီ​။ သား​တော်​ကို​မ​ရိုသေ​သော​သူ​သည် သား​တော်​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​ကို​မ​ရိုသေ​။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​စကား​ကို​နားထောင်​၍ ငါ့​ကို​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​သည်​ဖြစ်၍ အပြစ်​စီရင်​ခြင်း​ကို​မ​ခံရ​ဘဲ သေ​ခြင်း​မှ အသက်ရှင်​ခြင်း​သို့ ကူးပြောင်း​ပြီ​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သေလွန်​သော​သူ​တို့​သည် ဘုရားသခင်​သား​တော်​၏​အသံ​ကို​ကြား​၍ ကြား​သော​သူ​တို့​သည် အသက်ရှင်​မည့်​အချိန်​ရောက်​လာ​မည်​ဖြစ်ရာ ယခု​ပင်​ရောက်​လာ​လေ​ပြီ။ အကြောင်းမူကား ခမည်းတော်​သည် မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​တော်မူ​သည်​နည်းတူ သား​တော်​အား​လည်း မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​ခွင့်​ပေး​တော်မူ​၏။ သား​တော်​သည် လူ့သား​ဖြစ်​သောကြောင့် ခမည်းတော်​သည် တရား​စီရင်​ပိုင်ခွင့်​ကို​လည်း သား​တော်​အား​ပေး​အပ်​တော်မူ​ပြီ။ ဤ​အမှုအရာ​ကို အံ့သြ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​၌​ရှိ​သော​သူ​အပေါင်း​တို့​သည် သား​တော်​၏​အသံ​ကို​ကြား​၍ ထွက်လာ​မည့်​အချိန်​ရောက်​လာ​လိမ့်မည်။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် အသက်ရှင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း၊ ဆိုးညစ်​သော​အမှု​ကို​ပြုကျင့်​သော​သူ​တို့​သည် အပြစ်​စီရင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း အသီးသီး​ထွက်လာ​ကြ​လိမ့်မည်။ ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်။ ငါ​သည် ကြား​ရ​သည့်​အတိုင်း​သာ တရား​စီရင်​၍ ကိုယ့်​အလို​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကို လိုက်နာ​သောကြောင့် ငါ​၏​စီရင်​ဆုံးဖြတ်​ချက်​သည် ဖြောင့်မတ်​၏။