YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 4:13-30

ရှင်ယောဟန် 4:13-30 Judson Bible (JBMLE)

ယေ​ရှု​က​လည်း၊ ဤ​ရေ​ကို​သောက်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​ဦး​မည်။- ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ သ​ခင်၊ ကျွန်ုပ်​သည် ရေ​ငတ်​ခြင်း​နှင့်​လည်း​ကောင်း၊ သည်​ကို​လာ၍ ရေ​ခပ်​ခြင်း​နှင့်​လည်း​ကောင်း ကင်း​လွတ်​မည်​အ​ကြောင်း ထို​ရေ​ကို​ပေး​ပါ​ဟု တောင်း​လျှင်၊- ယေ​ရှု​က၊ သွား​လော့။ သင်၏​လင်​ကို​ခေါ်၍ သည်​ကို​လာ​ဦး​လော့​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ အ​ကျွန်ုပ်၌ လင်​မ​ရှိ​ဟု​ဆို​လျှင်၊ ယေ​ရှု​က၊ လင်​မ​ရှိ​ဟူ​သော​စ​ကား​သည် မှန်၏။- အ​ကြောင်း​မူ​ကား၊ သင်၌ လင်​ငါး​ယောက်​ရှိ​ဖူး​ပြီ။ ယ​ခု​သင်​နှင့်​နေ​သော​သူ​သည် သင်၏​လင်​မ​ဟုတ်။ ဤ​အ​ရာ၌ သင်​သည်​မှန်​သော စ​ကား​ကို​ပြော​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​မိန်း​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို အ​ကျွန်ုပ်​ရိပ်​မိ​ပါ၏။- အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် ဤ​တောင်​ပေါ်၌ ကိုး​ကွယ်​လေ့​ရှိ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု သင်​တို့​သည် ဆို​တတ်​ကြ၏​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ အ​ချင်း​မိန်း​မ၊ ငါ့​စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​သို့ မ​လာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​မ​သွား​ဘဲ ခ​မည်း​တော်​ကို​ကိုး​ကွယ်​ရ​မည် အ​ချိန်​ကာ​လ ရောက်​ဆဲ​ရှိ၏။- သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​တို့၌ ကယ်​တင်​ခြင်း​အ​ကြောင်း​ရှိ၏။- ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ မေ​ရှိ​ယ​ကြွ​လာ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။ ရောက်​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​တို့​အား အ​လုံး​စုံ​တို့​ကို ဖော်​ပြ​တော်​မူ​မည်​ဟု လျှောက်​ပြန်၏။ မေ​ရှိ​ယ​အ​နက်​ကား၊ ခ​ရစ်​တော်​ဟု ဆို​လို​သ​တည်း။- ယေ​ရှု​က​လည်း၊ သင်​နှင့်​စ​ကား​ပြော​သော​ငါ​သည် မေ​ရှိ​ယ​ပင်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ရောက်​လာ၍၊ ထို​မိန်း​မ​နှင့် စ​ကား​ပြော​တော်​မူ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏၊ သို့​သော်​လည်း၊ အ​ဘယ်​အ​လို​တော်​ရှိ​သ​နည်း၊ ထို​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် စ​ကား​ပြော​တော်​မူ​သ​နည်း​ဟု အ​ဘယ်​သူ​မျှ​မ​လျှောက်​ကြ။- ထို​မိန်း​မ​သည်​လည်း ရေ​အိုး​ကို​ထား​ခဲ့၍ မြို့​ထဲ​သို့ သွား​ပြီး​လျှင်၊- အ​ကျွန်ုပ်​ပြု​ဖူး​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ထုတ်​ဖော်​သော​သူ​ကို လာ၍​ကြည့်​ကြ​ပါ။ ထို​သူ​သည် ခ​ရစ်​တော်​မှန်​လိမ့်​မည်​လော​ဟု လူ​များ​တို့​အား ပြော​ဆို​သော်၊- သူ​တို့​သည် မြို့​ထဲ​မှ​ထွက်၍ အ​ထံ​တော်​သို့ သွား​ကြ၏။

ရှင်ယောဟန် 4:13-30 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​က ``ဤ​ရေ​ကို​သောက်​သူ​တိုင်း နောက်​တစ်​ဖန်​ရေ​ငတ်​လိမ့်​ဦး​မည်။- ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။ ထို​ရေ​သည် သူ​၏​အ​တွင်း​၌​ထာ​ဝ​စဉ်​စမ်း​ပေါက်​လျက် သူ့ အား​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ကျွန်​မ​သည်​နောက် တစ်​ဖန်​ရေ​မ​ငတ်​စေ​ရန်​လည်း​ကောင်း၊ ဤ​အ​ရပ် သို့​လာ​၍​ရေ​မ​ခပ်​ရ​စေ​ရန်​လည်း​ကောင်း ထို​ရေ ကို​ကျွန်​မ​အား​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``သွား​လော့။ သင့်​ခင်​ပွန်း​ကို​ခေါ် ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​မျိုး​သ​မီး​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ ပါ'' ဟု​ဆို​၏။ ကိုယ်​တော်​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ​ဟု​ဆို သည်​မှာ​မှန်​ပေ​၏။- သင့်​မှာ​ခင်​ပွန်း​ငါး​ယောက်​ရှိ​ခဲ့​ဖူး​ပြီ။ ယ​ခု သင်​နှင့်​အ​တူ​နေ​သူ​ကား​သင်​၏​ခင်​ပွန်း​မ ဟုတ်။ သင်​သည်​မှန်​သော​စ​ကား​ကို​ပြော​၏'' ဟု မိန့်​တော်​မူ​၏။ အ​မျိုး​သ​မီး​က ``အ​ရှင်​သည်​ပ​ရော​ဖက် ဖြစ်​တော်​မူ​ကြောင်း​ကို​ကျွန်​မ​သိ​မြင်​နိုင် ပါ​၏။- ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည်​ဤ​တောင် ပေါ်​မှာ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ့ ရှိ​ကြ​ပါ​၏။ အ​ရှင်​တို့​ယုဒ​အ​မျိုး​သား​များ က​မူ​ယေ​ရု​ရှ​လင်​မြို့​၌​သာ ဘု​ရား​သ​ခင် ကို​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်​ဟု​ဆို​ကြ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ငါ့ စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​ပေါ်​၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း​ခ​မည်း​တော်​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​တော့​မည့်​အ​ချိန် ရောက်​ရှိ​လာ​ပေ​အံ့။- ရှ​မာ​ရိ​လူ​မျိုး​ဖြစ်​သော​သင်​တို့​သည် မိ​မိ​တို့ မ​သိ​သည့်​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​တို့​မူ​ကား​ငါ​တို့​သိ​သည့်​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည် ယု​ဒ​အ​မျိုး သား​များ​ထံ​မှ​တစ်​ဆင့်​သက်​ရောက်​လာ​သော ကြောင့်​ဖြစ်​၏။- ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည်​ခ​မည်း​တော်​အား အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ​သည့်​အ​တိုင်း ဝိ​ညာဉ် တော်​တန်​ခိုး​အား​ဖြင့်​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး ကွယ်​ရ​မည့်​အ​ချိန်​ရောက်​လာ​လိမ့်​မည်။ ယ​ခု ပင်​ရောက်​လျက်​ရှိ​၏။ ထို​သို့​ဝတ်​ပြု​ကိုး​ကွယ် သူ​တို့​ကို​ခ​မည်း​တော်​နှစ်​သက်​တော်​မူ​၏။- ဘု​ရား​သ​ခင်​သည်​နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ သ​ဖြင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့ သည်​လည်း​ကိုယ်​တော်​အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ သည့်​အ​တိုင်း ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။ အ​မျိုး​သ​မီး​က ``မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏။ ထို​အ​ရှင်​ကြွ​လာ တော်​မူ​သော​အ​ခါ ကျွန်​မ​တို့​အား​အ​မှု​အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ထို​အ​ရှင်​ကား​သင်​နှင့်​ယ​ခု စ​ကား​ပြော​နေ​သူ​ငါ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။ ထို​အ​ချိန်​၌​တ​ပည့်​တော်​တို့​ပြန်​ရောက်​လာ ကြ​၏။ သူ​တို့​သည်​အ​မျိုး​သ​မီး​နှင့်​ကိုယ်​တော် စ​ကား​ပြော​လျက်​နေ​သည်​ကို​တွေ့​ရ​သ​ဖြင့် အံ့​သြ​ကြ​၏။ သို့​ရာ​တွင်​အ​မျိုး​သ​မီး​အား ``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​အား ``အ​ဘယ် ကြောင့်​ထို​အ​မျိုး​သ​မီး​နှင့်​စ​ကား​ပြော လျက်​နေ​တော်​မူ​ပါ​သ​နည်း'' ဟူ​၍​လည်း ကောင်း​အ​ဘယ်​သူ​မှ​မ​မေး​လျှောက်​ကြ။ အ​မျိုး​သ​မီး​သည်​ရေ​အိုး​ကို​ထား​ခဲ့​၍​မြို့ ထဲ​သို့​သွား​ပြီး​လျှင်၊- ``ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ပြ​သူ​ကို​လာ​၍​ကြည့်​ကြ ပါ။ သူ​သည်​ခ​ရစ်​တော်​ပင်​ဖြစ်​လိမ့်​မည်​လော'' ဟု​လူ​တို့​အား​ဆို​၏။- သို့​ဖြစ်​၍​လူ​တို့​သည်​မြို့​ထဲ​မှ​ထွက်​၍ ကိုယ်​တော်​၏​ထံ​သို့​လာ​ကြ​၏။

ရှင်ယောဟန် 4:13-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​က​လည်း“ဤ​ရေ​ကို​သောက်​သော​သူ​တိုင်း နောက်တစ်ဖန်​ရေငတ်​ဦး​မည်။ ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူကား ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ ရေငတ်​မည်​မ​ဟုတ်။ ထိုထက်မက ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာဝရ​အသက်​တိုင်အောင် ရေ​ပန်းထွက်​ရာ စမ်းရေ​ပေါက်​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က “အရှင်၊ ကျွန်မ​သည် ရေ​မ​ငတ်​စေရန်​နှင့် ဤ​နေရာ​သို့​လာ​၍ ရေ​မ​ခပ်​ရ​လေ​အောင် ထို​ရေ​ကို ကျွန်မ​အား​ပေး​တော်မူ​ပါ”​ဟု လျှောက်​လျှင် ယေရှု​က“သွား​၍ သင်​၏​ယောက်ျား​ကို​ခေါ်​ပြီး ဤ​နေရာ​သို့​လာ​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “ကျွန်မ​မှာ ယောက်ျား​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က“ယောက်ျား​မ​ရှိ​ဟု သင်​ပြော​သည်​မှာ မှန်​ပေ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​၌ ယောက်ျား​ငါး​ယောက်​ရှိ​ခဲ့​လေ​ပြီ။ ယခု သင်​ပေါင်း​နေ​သော​သူ​သည်​လည်း သင်​၏​ယောက်ျား​မ​ဟုတ်​သောကြောင့် သင်​ပြော​သော​စကား​သည် မှန်​ပေ​၏”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “အရှင်၊ အရှင်​သည် ပရောဖက်​ဖြစ်​သည်​ကို ကျွန်မ​ရိပ်မိ​ပါ​၏။ ကျွန်မ​တို့​၏​ဘိုးဘေး​များ​သည် ဤ​တောင်​ပေါ်၌ ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​ပါ​၏။ အရှင်​တို့​က​မူ ဝတ်ပြု​ကိုးကွယ်​ရ​မည့်​နေရာ​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သည်​ဟူ၍ ပြောဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က“အသင်​မိန်းမ၊ ငါ့​စကား​ကို​ယုံ​လော့။ သင်​တို့​သည် ဤ​တောင်​ပေါ်၌​လည်း​မ​ဟုတ်၊ ဂျေရုဆလင်​မြို့​၌​လည်း​မ​ဟုတ်​သည့်​အရပ်​တွင် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ကာလ​ရောက်​လာ​လိမ့်မည်။ ကယ်တင်​ခြင်း​သည် ဂျူး​လူမျိုး​တို့​ထဲမှ​ဖြစ်​ပေါ်လာ​သည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သို့သော် စစ်မှန်​သော​ကိုးကွယ်​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ရောက်​လာ​မည်​ဖြစ်ရာ ယခု​ပင်​ရောက်လာ​လေ​ပြီ။ အကြောင်းမူကား ခမည်းတော်​သည် ထိုသို့​ကိုးကွယ်​သော​သူ​တို့​ကို အလိုရှိ​တော်မူ​၏။ ဘုရားသခင်​သည် ဝိညာဉ်​ဖြစ်​တော်မူ​၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ကိုးကွယ်​ရ​မည်”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “ခရစ်တော်​ဟု​ခေါ်ဝေါ်​သော မေရှိယ​ကြွလာ​တော်မူ​မည်​ကို ကျွန်မ​သိ​ပါ​၏။ ထို​အရှင်​ကြွလာ​တော်မူ​သောအခါ ကျွန်မ​တို့​အား အလုံးစုံ​တို့​ကို​ဖော်ပြ​တော်မူ​လိမ့်မည်”​ဟု လျှောက်​လျှင် ယေရှု​က“သင်​နှင့်​စကား​ပြော​နေ​သော​ငါ​သည် ထို​အရှင်​ပင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​တွင် တပည့်​တော်​တို့​သည်​ပြန်လာ​၍ အမျိုးသမီး​တစ်​ဦး​နှင့် ယေရှု​စကား​ပြော​လျက်​နေ​တော်မူ​သည်​ကို အံ့သြ​ကြ​၏။ သို့သော် “မည်သည့်​အလိုရှိ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း၊ “အဘယ်ကြောင့် ထို​အမျိုးသမီး​နှင့် စကား​ပြော​လျက်​နေ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း မည်သူမျှ မ​မေးလျှောက်​ကြ​ချေ။ ထို​အမျိုးသမီး​သည်​လည်း မိမိ​၏​ရေအိုး​ကို​ထားခဲ့​၍ မြို့​ထဲသို့​သွား​ပြီးလျှင် “ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ကျွန်မ​အား​ထုတ်ဖော်​ပြောဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သဖြင့် လူ​တို့​သည် မြို့​ထဲမှ​ထွက်​၍ ကိုယ်တော်​ထံသို့​လာ​ကြ​၏။