YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 21:1-19

ရှင်ယောဟန် 21:1-19 Judson Bible (JBMLE)

တစ်​ဖန်​ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​နား​မှာ တ​ပည့်​တော်​တို့​အား ကိုယ်​ကို​ပြ​တော်​မူ၏။ ပြ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊- ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ၊ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ၏ သား​နှစ်​ယောက်၊ အ​ခြား​သော​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် အ​တူ​ရှိ​ကြ၏။- ရှိ​မုန်​ပေ​တ​ရု​က၊ ကျွန်ုပ်​သည် ငါး​ဖမ်း​သွား​မည်​ဟု​ဆို​လျှင်၊ ထို​သူ​တို့​က၊ အ​ကျွန်ုပ်​တို့​လည်း​လိုက်​မည်​ဟု ပြော​ဆို​သည်​နှင့် ထွက်​သွား​ကြ၏။ ချက်​ချင်း​လှေ​ထဲ​သို့​ဝင်၍ ထို​ည​တွင် တစ်​ကောင်​ကို​မျှ​မ​ရ​ကြ။- နံ​နက်​ရောက်​သော​အ​ခါ ယေ​ရှု​သည် ကမ်း​နား​မှာ​ရပ်​တော်​မူ၏။ သို့​ရာ​တွင် ယေ​ရှု​ဖြစ်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် မ​သိ​ကြ။- ယေ​ရှု​က​လည်း၊ ချစ်​သား​တို့၊ စား​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မ​ရှိ​ပါ​ဟု​ပြန်​ပြော​ကြ၏။- တစ်​ဖန်​ယေ​ရှု​က၊ လှေ​လက်​ယာ​ဘက်၌ ပိုက်​ကွန်​ကို​ပစ်​ချ​လော့။ ထို​သို့​ပြု​လျှင် ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပစ်​ချ၍​များ​စွာ​သော​ငါး​တို့​ကို အုပ်​မိ​သော​ကြောင့်၊ ပိုက်​ကွန်​ကို​ဆွဲ၍​မ​ရ​နိုင်။ ထို​အ​ခါ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​က၊ ငါ​တို့​သ​ခင်​ပေ​တည်း​ဟု ပေ​တ​ရု​အား ပြော​ဆို၏။ သ​ခင်​ဖြစ်​ကြောင်း​ကို ရှိ​မုန်​ပေ​တ​ရု​သည် ကြား​လျှင်၊ အ​ဝတ်​ကို မ​ခြုံ​ဘဲ​ရှိ​လျက် အ​ပေါ်​အင်္ကျီ​ကို​သာ ဝတ်​စည်း၍ အိုင်​ထဲ​သို့ ဆင်း​လေ၏။- အ​ခြား​သော တ​ပည့်​တော်​တို့​သည် ကမ်း​နှင့် မ​နီး​မ​ဝေး အ​လံ​ငါး​ဆယ်​လောက်​ကွာ​သည်​ဖြစ်၍၊ ငါး​များ​နှင့် ပိုက်​ကွန်​ကို ဆွဲ​ငင်​လျက် လှေ​စီး၍ လာ​ကြ၏။- ကုန်း​ပေါ်​သို့​ရောက်​သော​အ​ခါ မီး​ခဲ​ပုံ​ကို​လည်း​ကောင်း၊ ကင်​ထား​သော​ငါး​ကို​လည်း​ကောင်း၊ မုန့်​ကို​လည်း​ကောင်း တွေ့​မြင်​ကြ၏။- ယေ​ရှု​က​လည်း၊ ယ​ခု​ရ​သော​ငါး​အ​ချို့​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ရှိ​မုန်​ပေ​တ​ရု​သည် လှေ​ပေါ်​သို့​တက်၍၊ ငါး​ကြီး​တစ်​ရာ​ငါး​ဆယ်​သုံး​ကောင်​နှင့် ပြည့်​လျက်​ရှိ​သော ပိုက်​ကွန်​ကို ကုန်း​ပေါ်​သို့ ဆွဲ​တင်​လေ၏။ ထို​မျှ​လောက် များ​သော်​လည်း ပိုက်​ကွန်​သည် မ​စုတ်​မ​ပြတ်​ရှိ၏။- ယေ​ရှု​က​လည်း၊ လာ၍​နံ​နက်​စာ​ကို​စား​ကြ​လော့​ဟု မိန့်​တော်​မူ၏။ သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည် သိ​ကြ​သော​ကြောင့် ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟူ၍ တစ်​စုံ​တစ်​ယောက်​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။- ယေ​ရှု​သည် လာ၍​မုန့်​နှင့် ငါး​ကို​ယူ​ပြီး​လျှင် သူ​တို့​အား ပေး​တော်​မူ၏။- ထို​ပြ​တော်​မူ​ခြင်း​ကား၊ ယေ​ရှု​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက်၊ တ​ပည့်​တော်​တို့​အား ကိုယ်​ကို သုံး​ကြိမ်​မြောက်​သော ပြ​တော်​မူ​ခြင်း​ဖြစ်​သ​တည်း။ နံ​နက်​စာ​ကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။- တစ်​ဖန်​ယေ​ရှု​က၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု ဒု​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​တို့​ကို ထိန်း​လော့​ဟု​မိန့်​တော်​မူ၏။- ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​သည်​ပျို​သော အ​သက်​ရှိ​စဉ် ကိုယ်​ကို​ကိုယ်​ပတ်​စည်း၍ အ​လို​ရှိ​ရာ အ​ရပ်​ရပ်​သို့ သွား​လာ​တတ်၏။ သင်​သည် အို​သော​အ​ခါ လက်​နှစ်​ဖက်​ကို ဆန့်​ပြီး​လျှင်၊ သူ​တစ်​ပါး​သည် သင့်​ကို ပတ်​စည်း၍ သင်​အ​လို​မ​ရှိ​ရာ​အ​ရပ်​သို့ ယူ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​သို့​မိန့်​တော်​မူ​သော်၊ အ​ဘယ်​သို့​သော​သေ​ခြင်း​အား​ဖြင့် ပေ​တ​ရု​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု ပေ​တ​ရု​အား မိန့်​တော်​ပြန်၏။

ရှင်ယောဟန် 21:1-19 Common Language Bible (BCL)

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တိ​ဗေ​ရိ​အိုင်​အ​နီး တွင်​တ​ပည့်​တော်​တို့​အား​တစ်​ဖန်​ကိုယ်​ထင်​ပြ တော်​မူ​၏။ ပြ​တော်​မူ​ပုံ​ကား​ဤ​သို့​တည်း။- ရှိ​မုန်​ပေ​တ​ရု၊ (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သူ) သော​မ၊ (ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သား) နာ​သ နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​များ​နှင့်​အ​ခြား​တ​ပည့် တော်​နှစ်​ဦး​တို့​သည်​အ​တူ​ရှိ​နေ​ကြ​၏။- ရှိ​မုန်​ပေ​တ​ရု​က​အ​ခြား​သူ​တို့​အား ``ငါ ငါး​ဖမ်း​ထွက်​မည်'' ဟု​ဆို​၏။ ထို​သူ​တို့​က ``ငါ​တို့​လည်း​လိုက်​မည်'' ဟု​ဆို ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​လှေ​ဖြင့်​ငါး​ဖမ်း ထွက်​ကြ​၏။ သို့​သော်​ထို​ည​တစ်​ည​လုံး​ငါး တစ်​ကောင်​ကို​မျှ​မ​မိ​ကြ။- နေ​ထွက်​လာ​သော​အ​ခါ​သ​ခင်​ယေ​ရှု​သည် ကမ်း​စပ်​တွင်​ရပ်​လျက်​နေ​တော်​မူ​၏။ သို့​ရာ တွင်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ဖြစ် မှန်း​ကို​မ​သိ​ကြ။- ကိုယ်​တော်​က ``အ​မောင်​တို့၊ ငါး​မိ​ကြ​ပါ​၏ လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``မ​မိ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​လှေ​၏​လက်​ယာ​ဘက်​သို့ ကွန်​ကို​ပစ်​လော့၊ ငါး​မိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ ၏။ မိန့်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​သည်​ကွန်​ကို ပစ်​ကြ​ရာ​မိ​သည့်​ငါး​များ​လှ​သ​ဖြင့်​ကွန်​ကို မ​ဆွဲ​တင်​နိုင်​ကြ​ချေ။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့် တော်​က ``ငါ​တို့​၏​သ​ခင်​ဘု​ရား​ပင်​တည်း'' ဟု ပေ​တ​ရု​အား​ပြော​၏။ ဤ​စ​ကား​ကို​ကြား​သော အ​ခါ​ပေ​တ​ရု​သည်​မိ​မိ​ချွတ်​ထား​သည့်​အ​ဝတ် ကို​ခါး​တွင်​ပတ်​၍​အိုင်​ထဲ​သို့​ခုန်​ဆင်း​လေ​၏။- အ​ခြား​တ​ပည့်​တော်​တို့​မူ​ကား​ကမ်း​နှင့်​မ​ဝေး ဘဲ​ကိုက်​တစ်​ရာ​ခန့်​သာ​ကွာ​တော့​သ​ဖြင့် ငါး နှင့်​ပြည့်​နေ​သော​ကွန်​ကို​ဆွဲ​တင်​လျက်​လှေ နှင့်​အ​တူ​လိုက်​လာ​ကြ​၏။- သူ​တို့​သည်​လှေ​ပေါ်​က​ဆင်း​၍​ကုန်း​ပေါ်​သို့ ရောက်​ကြ​သော​အ​ခါ​မုန့်​ကို​လည်း​ကောင်း၊ မီး​ကျီး​ပေါ်​တွင်​ကင်​ထား​သော​ငါး​ကို လည်း​ကောင်း​တွေ့​ကြ​၏။- သ​ခင်​ယေ​ရှု​က ``သင်​တို့​ယ​ခု​မိ​သော​ငါး အ​ချို့​ကို​ယူ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ ရှိ​မုန်​ပေ​တ​ရု​သည်​လှေ​ပေါ်​သို့​တက်​၍​ငါး​ကြီး များ​ဖြင့်​ပြည့်​နေ​သော​ပိုက်​ကွန်​ကို​ကုန်း​ပေါ်​သို့ ရောက်​အောင်​ဆွဲ​ယူ​လေ​၏။ ငါး​တစ်​ရာ့​ငါး​ဆယ့် သုံး​ကောင်​ကို​မိ​၍ ထို​မျှ​လောက်​များ​ပြား​သော် လည်း​ကွန်​မှာ​မ​စုတ်​မ​ပြတ်​ချေ။- သ​ခင်​ယေ​ရှု​က ``လာ​၍​စား​ကြ​လော့'' ဟု​သူ တို့​အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​တို့ ၏​သ​ခင်​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို​သိ ကြ​သ​ဖြင့်​အ​ဘယ်​တ​ပည့်​တော်​မျှ ``အ​ရှင် သည်​အ​ဘယ်​သူ​နည်း'' ဟု​မ​မေး​မ​လျှောက် ဝံ့​ကြ။- သ​ခင်​ယေ​ရှု​သည်​သူ​တို့​ရှိ​ရာ​သို့​ကြွ​တော်​မူ ၍​မုန့်​ကို​ယူ​ပြီး​လျှင်​သူ​တို့​အား​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပေး​တော်​မူ​၏။ သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​ပြီး​နောက်​တ​ပည့် တော်​တို့​အား ယ​ခု​ကိုယ်​ထင်​ပြ​တော်​မူ​သည်​မှာ တ​တိ​ယ​အ​ကြိမ်​ဖြစ်​သ​တည်း။ တ​ပည့်​တော်​တို့​စား​ကြ​ပြီး​နောက်​သ​ခင် ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သူ​တို့ ငါ့​ကို​ချစ်​သည်​ထက်​ပို​၍​ချစ်​သ​လော'' ဟု​ရှိ​မုန်​ပေ​တ​ရု​အား​မေး​တော်​မူ​၏။ ရှိ​မုန်​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု မိန့်​တော်​မူ​၏။- တစ်​ဖန်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ပေ​တ​ရု​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု​မိန့် တော်​မူ​၏။- တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။- အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား​သင် သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​ခါး​ကို​စည်း​၍​သွား လို​ရာ​သို့​သွား​တတ်​၏။ အို​မင်း​လာ​သော​အ​ခါ မူ​ကား​သင်​သည်​လက်​နှစ်​ဖက်​ကို​ဆန့်​လျက် သူ တစ်​ပါး​က​သင့်​ကို​ချည်​နှောင်​ပြီး​လျှင်​သင် မ​သွား​လို​သည့်​အ​ရပ်​သို့​ဆောင်​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- (ဤ​သို့​မိန့်​တော်​မူ​ရာ​၌​ပေ​တ​ရု​သည်​အ​ဘယ် သို့​သော​သေ​ခြင်း​မျိုး​ဖြင့်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​မည့် အ​ကြောင်း​ဖော်​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။) ဤ သို့​မြွက်​ဆို​တော်​မူ​ပြီး​နောက်​ပေ​တ​ရု​အား ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။

ရှင်ယောဟန် 21:1-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယေရှု​သည် တိဗေရိ​ပင်လယ်​နား​တွင် တပည့်​တော်​တို့​အား နောက်တစ်ဖန် ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထင်ရှား​ပြ​တော်မူ​ပုံ​ကား ဤသို့​ဖြစ်​၏။ ရှိမုန်​ပေတရု​နှင့် ဒိဒုမု​ဟု​ခေါ်​သည့်​သောမ၊ ဂါလိလဲ​နယ် ကာန​မြို့သား နာသနေလ၊ ဇေဗေဒဲ​၏​သား​တို့​နှင့် အခြား​တပည့်​တော်​နှစ်​ပါး​တို့​သည် အတူ​ရှိ​နေ​ကြ​စဉ် ရှိမုန်​ပေတရု​က “အကျွန်ုပ်​ငါး​သွား​ဖမ်း​မည်”​ဟု ဆို​၏။ ထို​သူ​တို့​က “အကျွန်ုပ်​တို့​လည်း သင်​နှင့်အတူ​လိုက်​မည်”​ဟု ဆို​လျက် ထွက်သွား​၍ လှေ​ပေါ်သို့​တက်​ကြ​၏။ သို့သော် ထို​ည​တွင် မည်သည့်​အရာ​ကို​မျှ​မ​ရ​ကြ​ချေ။ မိုးလင်း​ချိန်​ရောက်​သောအခါ ယေရှု​သည် ကမ်းစပ်​တွင်​ရပ်​နေ​တော်မူ​၏။ သို့ရာတွင် တပည့်​တော်​တို့​သည် ယေရှု​ဖြစ်​ကြောင်း​ကို​မ​သိ​ကြ။ ထိုအခါ ယေရှု​က“ချစ်​သား​တို့၊ သားငါး​တစ်စုံတစ်ရာ​ရှိ​သလော”​ဟု သူ​တို့​အား​မေး​တော်မူ​လျှင် သူ​တို့​က “မ​ရှိ​ပါ”​ဟု ပြန်​ပြော​ကြ​၏။ ကိုယ်တော်​က​လည်း“လှေ​၏​ယာ​ဘက်​တွင် ပိုက်ကွန်​ကို​ပစ်ချ​ကြ​လော့။ ထိုသို့ပြုလျှင် ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် သူ​တို့​သည် ပိုက်ကွန်​ကို​ပစ်ချ​ကြ​ရာ ငါး​များစွာ​မိ​သဖြင့် ပိုက်ကွန်​ကို​ဆွဲ​တင်​၍​မ​ရ​နိုင်​ကြ​တော့​ပေ။ ထိုအခါ ယေရှု​ချစ်​တော်မူ​သော​တပည့်​တော်​က ပေတရု​အား “သခင်​ဘုရား​ပေ​တည်း”​ဟု ဆို​လေ​၏။ ရှိမုန်​ပေတရု​သည် သခင်​ဘုရား​ဖြစ်​ကြောင်း ကြား​သောအခါ အဝတ်ချွတ်​ထား​သည်​ဖြစ်၍ အပေါ်​အဝတ်​ကို ခါး​၌​စည်း​ပြီးလျှင် ပင်လယ်​ထဲသို့​ခုန်ဆင်း​လေ​၏။ အခြား​တပည့်​တော်​တို့​မူကား ကမ်း​နှင့်​မ​ဝေး​လှ​ဘဲ ကိုက်​တစ်ရာ​ခန့်​သာ​ကွာ​သည့်​နေရာ​၌​ရှိ​ကြ​သောကြောင့် ငါး​နှင့်​ပြည့်​နေ​သော​ပိုက်ကွန်​ကို​ဆွဲ​လျက် လှေ​ငယ်​ဖြင့်​လာ​ကြ​၏။ ဤသို့ဖြင့် သူ​တို့​သည် ကုန်း​ပေါ်သို့​ရောက်​ကြ​သောအခါ မီးခဲ​ပုံ​နှင့် ထို​မီးခဲ​ပုံ​ပေါ်​တင်​ထား​သော​ငါး​ကို​လည်းကောင်း၊ မုန့်​ကို​လည်းကောင်း တွေ့​ကြ​၏။ ယေရှု​က“ယခု​ဖမ်းမိ​သော​ငါး​အချို့​ကို ယူ​ခဲ့​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​သဖြင့် ရှိမုန်​ပေတရု​သည် လှေ​ပေါ်သို့​တက်​၍ ပိုက်ကွန်​ကို ကုန်း​ပေါ်သို့​ဆွဲ​တင်​ရာ ငါး​ကြီး​တစ်ရာ​ငါးဆယ့်​သုံး​ကောင်​နှင့်​ပြည့်​လျက်​ရှိ​၏။ ထိုမျှလောက်​များ​သော်လည်း ပိုက်ကွန်​သည်​မ​စုတ်ပြဲ​ခဲ့​ပေ။ ယေရှု​က“လာ​၍​နံနက်စာ​ကို​စား​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည် သခင်​ဘုရား​ဖြစ်​ကြောင်း သိ​ကြ​သောကြောင့် မည်သူ​က​မျှ “အရှင်​သည်​မည်သူ​နည်း”​ဟု မ​မေး​ဝံ့​ကြ။ ယေရှု​သည်​လာ​၍ မုန့်​ကို​ယူ​ပြီးလျှင် သူ​တို့​အား​ပေး​တော်မူ​၏။ ငါး​ကို​လည်း ထိုနည်းတူ​ပေး​တော်မူ​၏။ ဤသည်ကား ယေရှု​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီးနောက် တပည့်​တော်​တို့​အား တတိယ​အကြိမ် ကိုယ်​ထင်ရှား​ပြ​တော်မူ​ခြင်း​ဖြစ်​၏။ ထိုသို့ နံနက်စာ​ကို သူ​တို့​စား​ကြ​ပြီး​သောအခါ ယေရှု​က ရှိမုန်​ပေတရု​အား“ယောဟန်​၏​သား​ရှိမုန်၊ ဤ​သူ​တို့​ငါ့​ကို​ချစ်​သည်​ထက် သင်​သည် ငါ့​ကို​ပို၍​ချစ်​သလော”​ဟု မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ငါ​၏​သိုးသငယ်​တို့​ကို ကျွေးမွေး​လော့”​ဟု မိန့်​တော်မူ​၏။ တစ်ဖန်“ယောဟန်​၏​သား​ရှိမုန်၊ သင်​သည် ငါ့​ကို​ချစ်​သလော”​ဟု ဒုတိယ​အကြိမ်​မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ငါ​၏​သိုး​တို့​ကို အုပ်ထိန်း​လော့”​ဟု မိန့်​တော်မူ​၏။ တတိယ​အကြိမ်​၌ ကိုယ်တော်​က“ယောဟန်​၏​သား​ရှိမုန်၊ သင်​သည် ငါ့​ကို​ချစ်ခင်​သလော”​ဟု မေး​တော်မူ​၏။ ကိုယ်တော်​က တတိယ​အကြိမ်​၌“သင်​သည် ငါ့​ကို​ချစ်ခင်​သလော”​ဟု မေး​တော်မူ​သောကြောင့် ပေတရု​သည် စိတ်မကောင်း​ဖြစ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​သည် အရာ​ခပ်သိမ်း​တို့​ကို​သိ​ပါ​၏။ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​၏​သိုး​တို့​ကို ကျွေးမွေး​လော့။ သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​သည် ငယ်ရွယ်​စဉ်​အခါ​၌ ကိုယ်ကိုယ်တိုင်​ခါးပန်း​စည်း​၍ ကိုယ်​အလိုရှိ​ရာ​အရပ်​သို့ သွားလာ​လေ့​ရှိ​၏။ အိုမင်း​သောအခါ​၌​မူကား သင်​သည် ကိုယ့်​လက်​နှစ်​ဖက်​ကို​ဆန့်​၍ သူတစ်ပါး​သည် သင့်​ခါး​ကို ခါးပန်း​စည်း​ကာ သင်​အလို​မ​ရှိ​ရာ​အရပ်​သို့ ခေါ်ဆောင်​သွား​မည်”​ဟု မိန့်​တော်မူ​၏။ ဤ​သို့​မိန့်​တော်မူ​ခြင်းမှာ ပေတရု​သည် မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ထင်ရှား​စေ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ ဤ​အရာ​ကို​မိန့်​တော်မူ​ပြီးနောက်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု ပေတရု​အား မိန့်​တော်မူ​၏။