YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 20:19-29

ရှင်ယောဟန် 20:19-29 Judson Bible (JBMLE)

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်​ဖြစ်​သော ထို​နေ့၌ ည​အ​ချိန်​ရောက်​သော​အ​ခါ၊ ယု​ဒ​လူ​တို့​ကို​ကြောက်၍ တံ​ခါး​များ​ကို​ပိတ်​ထား​လျက်၊ တ​ပည့်​တော်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ရပ်​သို့ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ ရပ်​တော်​မူ​လျက်၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​တည်း​ဟု မိန့်​တော်​မူ၏။- ထို​သို့​မိန့်​တော်​မူ​ပြီး​မှ လက်​တော်​နှင့် နံ​ဘေး​တော်​ကို ပြ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ကို​မြင်​လျှင် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။- တစ်​ဖန် ယေ​ရှု​က၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​ကို ငါ​စေ​လွှတ်​သည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊- ထို​သူ​တို့​အ​ပေါ်၌ မှုတ်​လျက်၊ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​လော့။- အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​လွှတ်​လျှင်၊ ထို​သူ​သည် အ​ပြစ်​လွတ်​လျက်​ရှိ၏။ အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​တည်​စေ​လျှင်၊ ထို​သူ​သည် အ​ပြစ်​တည်​လျက်​ရှိ၏​ဟု မိန့်​တော်​မူ၏။ ထို​သို့ ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​သော​အ​ခါ တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်၊ ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ​သည် ထို​တ​ပည့်​တော်​တို့​နှင့်​အ​တူ​မ​ရှိ။- ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သ​ခင်​ကို မြင်​ရ​ကြ​ပြီ​ဟု သော​မ​အား​ပြော​ဆို​ကြ​လျှင်၊ သော​မ​က၊ လက်​တော်၌​သံ​ရိုက်​ရာ​ချက်​ကို မ​မြင်၊ သံ​ရိုက်​ရာ​ချက်​ကို လက်​ညှိုး​နှင့် မ​တို့​မ​စမ်း၊ နံ​ဘေး​တော်​ကို​လည်း လက်​နှင့် မ​စမ်း​မ​သပ်​ရ​လျှင် အ​ကျွန်ုပ်​မ​ယုံ​ဟု​ဆို၏။- ထို​နောက် ရှစ်​ရက်​မြောက်​သော​နေ့၌ တ​ပည့်​တော်​တို့​သည် တစ်​ဖန်​အ​ထဲ​မှာ​ရှိ​ကြ၍ သော​မ​လည်း​ပါ၏။ တံ​ခါး​များ​ကို ပိတ်​ထား​စဉ်​အ​ခါ၊ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ​ရပ်​တော်​မူ​လျက်၊ သင်​တို့၌​ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ သော​မ​အား၊ သင်၏​လက်​ညှိုး​ကို​ဆန့်၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်၏​လက်​ကို​ဆန့်၍ ငါ့​နံ​ဘေး​ကို စမ်း​သပ်​လော့။ ယုံ​မှား​ခြင်း​မ​ရှိ​နှင့်။ ယုံ​လော့​ဟု မိန့်​တော်​မူ၏။- သော​မ​က​လည်း၊ အ​ကျွန်ုပ်၏​အ​ရှင်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ပါ​တ​ကား​ဟု ပြန်၍​လျှောက်၏။- ယေ​ရှု​က​လည်း၊ သင်​သည်​ငါ့​ကို​မြင်​သော​ကြောင့် ယုံ​ခြင်း​ရှိ၏။ ငါ့​ကို​မ​မြင်​ဘဲ​ယုံ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 20:19-29 Common Language Bible (BCL)

တ​ပည့်​တော်​တို့​သည်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို ကြောက်​သ​ဖြင့်​တ​နင်္ဂ​နွေ​နေ့​ည​ဦး​အ​ချိန်​၌ အိမ်​တံ​ခါး​ပိတ်​၍​စု​ဝေး​နေ​ကြ​၏။ ထို​အ​ခါ သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​ထို​သူ​တို့ အ​လယ်​မှာ​ရပ်​တော်​မူ​လျက် ``သင်​တို့​၌​ငြိမ် သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။- သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​၏​လက်​တော် များ​နှင့်​နံ​တော်​ကို​တ​ပည့်​တော်​တို့​အား​ပြ တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​သ​ခင်​ဘု​ရား ကို​တွေ့​မြင်​ရ​သော​အ​ခါ​ဝမ်း​မြောက်​ကြ​၏။- ထို​နောက်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​နည်း​တူ​သင်​တို့​ကို ငါ​စေ​လွှတ်​၏'' ဟု​မိန့်​တော်​မူ​၏။- ဤ​သို့​မိန့်​တော်​မူ​ပြီး​လျှင်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အ​ပေါ်​သို့​မှုတ်​တော်​မူ​လျက် ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ကြ လော့။- သင်​တို့​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် လျှင်​သူ​တို့​သည်​အ​ပြစ်​လွတ်​ကြ​လိမ့်​မည်။ သင် တို့​မ​ဖြေ​မ​လွှတ်​လျှင်​မူ​ကား​သူ​တို့​အ​ပြစ် ပြေ​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။ သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ချိန်​၌ (အ​မြွှာ​ပူး ဟု​နာ​မည်​တွင်​သည့်) သော​မ​ကား​တ​ပည့်​တော် တို့​နှင့်​အ​တူ​မ​ရှိ။- သို့​ဖြစ်​၍​အ​ခြား​တ​ပည့်​တော်​များ​က ``သ​ခင် ဘု​ရား​ကို​ငါ​တို့​တွေ့​မြင်​ကြ​ရ​ပြီ'' ဟု​သော​မ အား​ပြော​ဆို​ကြ​၏။ သော​မ​က ``လက်​တော်​၌​သံ​ရိုက်​ရာ​ကို​မ​မြင်၊ သံ​ရိုက်​ရာ​ကို​လက်​ညှိုး​ဖြင့်​မ​တို့​မ​စမ်း၊ နံ​ဘေး တော်​ကို​လက်​ဖြင့်​မ​စမ်း​မ​သပ်​ရ​လျှင်​ငါ​ယုံ မည်​မ​ဟုတ်'' ဟု​ဆို​၏။ ထို​နောက်​ရက်​သတ္တ​တစ်​ပတ်​ကြာ​သော်​တ​ပည့် တော်​တို့​သည် အိမ်​အ​တွင်း​မှာ​စု​ဝေး​လျက်​ရှိ ကြ​၏။ သော​မ​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၏။ တံ​ခါး​များ​ပိတ်​ထား​လျက်​ရှိ​၏။ သို့​ရာ​တွင် သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့ ၏​အ​လယ်​တွင်​ရပ်​တော်​မူ​ပြီး​လျှင် ``သင်​တို့ ၌​ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော် မူ​၏။- ထို​နောက်​သော​မ​အား ``သင်​၏​လက်​ညှိုး​ဖြင့်​ဤ နေ​ရာ​ကို​တို့​ကြည့်​လော့။ ငါ​၏​လက်​များ​ကို ကြည့်​လော့။ သင့်​လက်​ကို​ဆန့်​၍​ငါ​၏​နံ​ဘေး ကို​စမ်း​သပ်​လော့။ ယုံ​မှား​သံ​သ​ယ​မ​ဖြစ်​နှင့်။ ယုံ​လော့'' ဟု​မိန့်​တော်​မူ​၏။ သော​မ​က ``အ​ကျွန်ုပ်​၏​အ​ရှင်၊ အ​ကျွန်ုပ်​၏ ဘုရား​ပါ​တ​ကား'' ဟု​ပြန်​၍​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​သည်​ငါ့​ကို​မြင်​ရ​၍ ယုံ​ကြည်​သ​လော။ ငါ့​ကို​မ​မြင်​ရ​ဘဲ​ယုံ​ကြည် သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

ရှင်ယောဟန် 20:19-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရက်သတ္တပတ်​တွင် ပထမ​နေ့​ဖြစ်​သော ထို​နေ့​၏​ညနေချမ်း​အချိန်​တွင် တပည့်​တော်​တို့​သည် ဂျူး​လူမျိုး​တို့​ကို​ကြောက်​သဖြင့် မိမိ​တို့​ရှိ​ရာ​နေရာ​၌ တံခါး​များ​ကို​ပိတ်​ထား​လျက်​နေ​ကြ​ရာ ယေရှု​သည်​ကြွလာ​၍ သူတို့​အလယ်​၌​ရပ်​တော်မူ​ပြီးလျှင်“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ”​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက် လက်​တော်​နှင့်​နံဘေး​တော်​တို့​ကို သူ​တို့​အား​ပြ​တော်မူ​၏။ တပည့်​တော်​တို့​သည် သခင်​ဘုရား​ကို​မြင်​ရ​သောအခါ ဝမ်းမြောက်​ကြ​၏။ တစ်ဖန် ယေရှု​က“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ။ ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​သကဲ့သို့ ငါ​သည်​လည်း သင်​တို့​ကို​စေလွှတ်​၏”​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက် သူ​တို့​အပေါ်​မှုတ်​တော်မူ​လျက်“သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံယူ​ရရှိ​ကြ​လော့။ တစ်စုံတစ်ဦး​၏​အပြစ်​များ​ကို သင်​တို့​ခွင့်လွှတ်​လျှင် ထို​သူ​သည် အပြစ်​ခွင့်လွှတ်​ခြင်း​ကို​ခံရ​၏။ တစ်စုံတစ်ဦး​၏​အပြစ်​များ​ကို သင်​တို့​ချည်နှောင်​ထား​လျှင် ထို​အပြစ်​များ​သည် သူ​၌ ချည်နှောင်​ထား​ခြင်း​ခံရ​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​ပြီး ဒိဒုမု​ဟု​ခေါ်​သည့် သောမ​ကား ယေရှု​ကြွလာ​တော်မူ​သော​အချိန်​တွင် သူ​တို့​နှင့်အတူ​မ​ရှိ​ခဲ့​ချေ။ သို့ဖြစ်၍ အခြား​သော​တပည့်​တော်​တို့​က သောမ​အား “ငါ​တို့​သည် သခင်​ဘုရား​ကို​မြင်​ရ​ပြီ”​ဟု ဆို​ကြ​၏။ သို့သော် သောမ​က “ငါ​သည် လက်​တော်​တို့​၌ သံ​ရိုက်​ရာ​ကို​မ​မြင်၊ ထို​သံ​ရိုက်​ရာ​ထဲသို့ ငါ့​လက်ညှိုး​ကို​မ​ထိုး​မ​သွင်း၊ နံဘေး​တော်​ထဲသို့​လည်း ငါ့​လက်​ကို​မ​ထိုး​မ​သွင်း​ရ​လျှင် မည်သည့်​အခါ​မျှ​ယုံ​မည်​မ​ဟုတ်”​ဟု ဆို​လေ​၏။ ထို့နောက် ရှစ်​ရက်​ကြာ​သော် တပည့်​တော်​တို့​သည် တစ်ဖန် အထဲ၌​ရှိ​ကြ​၍ သောမ​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​၏။ တံခါး​များ​ကို​ပိတ်​ထား​သော်လည်း ယေရှု​သည်​ကြွလာ​၍ သူတို့​အလယ်​၌​ရပ်​တော်မူ​ပြီးလျှင်“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သောမ​အား“သင်​၏​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို​တို့​၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်​၏​လက်​ကို​လည်း ဆန့်​၍ ငါ့​နံဘေး​ထဲသို့​ထိုးသွင်း​လော့။ မ​ယုံကြည်​သော​သူ​မ​ဟုတ်​ဘဲ ယုံကြည်​သော​သူ​ဖြစ်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သောမ​က “အကျွန်ုပ်​၏​အရှင်၊ အကျွန်ုပ်​၏​ဘုရားသခင်”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​သည် ငါ့​ကို​မြင်​ရ​သောကြောင့် ယုံကြည်​ပြီ​တကား။ မ​မြင်​ဘဲ​လျက် ယုံကြည်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏”​ဟု မိန့်​တော်မူ​၏။