YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:1-16

ရှင်ယောဟန် 19:1-16 Judson Bible (JBMLE)

ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ယူ၍​ရိုက်​ပြီး​မှ၊- စစ်​သူ​ရဲ​တို့​သည် ဆူး​ပင်​နှင့် ရက်​သော ဦး​ရစ်​ကို ခေါင်း​တော်၌​တင်၍၊ နီ​မောင်း​သော​ဝတ်​လုံ​နှင့် ခြုံ​စေ​ပြီး​လျှင်၊- ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု​ဆို၍ ရိုက်​ပုတ်​ကြ၏။- ပိ​လတ်​မင်း​က​လည်း၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​ထုတ်​ပြ​သည်​ဟု ဆို၏။- ထို​အ​ခါ ယေ​ရှု​သည် ဆူး​ပင်​ဦး​ရစ်​နှင့် နီး​မောင်း​သော​ဝတ်​လုံ​တို့​ကို ဝတ်​လျက် ပြင်​သို့​ထွက်​ကြွ​တော်​မူ၏။ ပိ​လတ်​မင်း​က​လည်း သူ့​ကို​ကြည့်​ကြ​လော့​ဟု ဆို၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လု​လင်​များ​တို့​က၊ ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ၊ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့​သည် သူ့​ကို​ယူ၍ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ။ ငါ​သည် သူ၌​အ​ပြစ်​ကို မ​တွေ့​ဟု​ဆို​လျှင်၊- ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​ယောင်​ဆောင်​သော​ကြောင့် အ​ကျွန်ုပ်​တို့၌​ရှိ​သော ဓ​မ္မ​သတ်​အ​တိုင်း သေ​ထိုက်​ပါ​သည်​ဟု​လျှောက်​ကြ၏။ ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည်​သာ၍ ကြောက်​သ​ဖြင့်၊ အိမ်​တော်​ဦး​ထဲ​သို့ ဝင်​ပြန်၍၊- ယေ​ရှု​အား၊ သင်​သည် အ​ဘယ်​က​ဖြစ်​သ​နည်း​ဟု​မေး​လျှင်၊ တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ၊- ပိ​လတ်​မင်း​က​လည်း၊ ငါ​နှင့်​စ​ကား​မ​ပြော​သ​လော။ ငါ​သည် သင့်​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပိုင်​သည်​ကို​လည်း​ကောင်း၊ လွှတ်​ပိုင်​သည်​ကို​လည်း​ကောင်း၊ သင်​မ​သိ​လော​ဟု​ဆို​သော်၊- အ​ထက်​အ​ရပ်​မှ အ​ခွင့်​ကို​မ​ရ​လျှင် မင်း​ကြီး​သည် ငါ့​ကို​အ​ဘယ်​သို့​မျှ​မ​ပြု​ပိုင်။ ထို​ကြောင့်​ငါ့​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​သော​သူ​သည် သာ၍ ကြီး​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ​မှ​စ၍ ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွှတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ ယု​ဒ​လူ​တို့​က​လည်း၊ ထို​သူ​ကို​လွှတ်​လျှင် ကိုယ်​တော်​သည် ကဲ​သာ​ဘု​ရင်၏​အ​ဆွေ မ​ဟုတ်​ပါ။ ရှင်​ဘု​ရင်​လုပ်​သော​သူ​မည်​သည်​ကား၊ ကဲ​သာ​ဘု​ရင်၏​ရန်​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ၏။ ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ပြင်​သို့​ထုတ်​ပြီး​မှ၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂ​ဗ္ဗ​သ​အ​မည်​ရှိ၍ ကျောက်​ခင်း​ဟု​ခေါ်​ဝေါ်​သော​အ​ရပ်၌ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်​လေ၏။- ထို​နေ့​အ​ချိန်​ကား၊ ပ​သ​ခါ​အ​ဖိတ်​နေ့ တစ်​ချက်​တီး​အ​ချိန်​လောက်​ရှိ၏။ ပိ​လတ်​မင်း​က​လည်၊ သင်​တို့၏ ရှင်​ဘု​ရင်​ကို ကြည့်​ကြ​လော့​ဟု ယု​ဒ​လူ​တို့​အား ပြော​ဆို​လျှင်၊- ထို​သူ​ကို​ထုတ်​ပါ။ ထုတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု လူ​များ​ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ရ​မည်​လော​ဟု မေး​ပြန်​လျှင်၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​က၊ အ​ကျွန်ုပ်​တို့၌ ကဲ​သာ​ဘု​ရင်​မှ​တစ်​ပါး အ​ဘယ်​ရှင်​ဘု​ရင်​မျှ​မ​ရှိ​ဟု ပြန်​ပြော​ကြ၏။- ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ထို​သူ​တို့​လက်​သို့ အပ်​သ​ဖြင့်၊ သူ​တို့​သည် ကိုယ်​တော်​ကို​ယူ၍ ထုတ်​သွား​ကြ၏။

ရှင်ယောဟန် 19:1-16 Common Language Bible (BCL)

ထို​နောက်​ပိ​လတ်​မင်း​သည်​သ​ခင်​ယေ​ရှု​ကို ခေါ်​သွား​စေ​ပြီး​လျှင်​ကြိမ်​ဒဏ်​ခတ်​စေ​၏။- စစ်​သား​များ​သည်​ဆူး​ခက်​ဖြင့်​ရက်​သော​ဦး​ရစ် သ​ရ​ဖူ​ကို​ပြု​လုပ်​၍ ဦး​ခေါင်း​တော်​ကို​ဆောင်း ပေး​ကြ​၏။ ထို​နောက်​နီ​မောင်း​သော​ဝတ်​လုံ​ကို ကိုယ်​တော်​အား​ဝတ်​ပေး​ပြီး​လျှင်၊- အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``ယု​ဒ​ရှင်​ဘု​ရင်၊ သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ဆို​၍​ပါး​တော် ကို​ရိုက်​ကြ​၏။ ပိ​လတ်​မင်း​သည်​အ​ပြင်​သို့​တစ်​ဖန်​ထွက်​ပြီး လျှင်​ပ​ရိ​သတ်​တို့​အား ``ထို​သူ​ကို​သေ​ဒဏ်​ပေး နိုင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့ ကြောင်း သင်​တို့​သိ​ရှိ​ကြ​စေ​ရန်​သူ့​အား​သင် တို့​ထံ​သို့​ငါ​ထုတ်​ခဲ့​မည်'' ဟု​ဆို​၏။- သ​ခင်​ယေ​ရှု​သည်​လည်း​ဆူး​ဦး​ရစ်​သ​ရ​ဖူ​ကို ဆောင်း​လျက်​နီ​မောင်း​သော​ဝတ်​လုံ​ကို​ဝတ်​ဆင် ကာ အ​ပြင်​သို့​ထွက်​ကြွ​တော်​မူ​၏။ ပိ​လတ်​မင်း က ``ကြည့်​ကြ​လော့၊ ဤ​သူ​ပင်​ဖြစ်​သည်'' ဟု ဆို​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​အ​စောင့်​တပ်​သား များ​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ``သူ့​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ။ သူ့​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု ဟစ်​အော်​ကြ​၏။ ပိ​လတ်​မင်း​က ``သင်​တို့​ပင်​သူ့​ကို​ခေါ်​ဆောင် ပြီး​လျှင်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် ကြ​လော့။ သူ့​ကို​သေ​ဒဏ်​ပေး​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့'' ဟု​ဆို​၏။- လူ​ထု​က ``ထို​သူ​သည်​မိမိ​ကိုယ်​ကို​ဘု​ရား သ​ခင်​၏​သား​တော်​ဟု​ဆို​သော​ကြောင့် သေ​ဒဏ် ခံ​ထိုက်​ကြောင်း အ​ကျွန်ုပ်​တို့​တ​ရား​ဥ​ပ​ဒေ က​ဆို​ပါ​သည်'' ဟု​ပြန်​၍​ဖြေ​ကြား​၏။ ထို​သူ​တို့​၏​စ​ကား​ကို​ကြား​လျှင်​ပိ​လတ် မင်း​သည်​ပို​၍​ပင်​ကြောက်​လန့်​လာ​၏။- သို့​ဖြစ်​၍​အိမ်​တော်​ထဲ​သို့​ပြန်​ဝင်​ပြီး​နောက် သ​ခင်​ယေ​ရှု​အား ``သင်​သည်​အ​ဘယ်​မှ​လာ သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​မည်​သို့​မျှ ဖြေ​ကြား​တော်​မ​မူ။- ပိ​လတ်​မင်း​က ``သင်​သည်​ငါ​နှင့်​စကား​ပြော ရန်​ငြင်း​ဆန်​နေ​ပါ​သ​လော။ ငါ​သည်​သင့်​ကို လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ပိုင်​သည်​ကို​လည်း ကောင်း၊ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပိုင် သည်​ကို​လည်း​ကောင်း​သင်​မ​သိ​ပါ​သ​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``မင်း​ကြီး​အား​ဘု​ရား​သ​ခင် အပ်​နှင်း​၍​သာ​ဤ​သို့​သော​အ​ခွင့်​အာ​ဏာ​ကို ခံ​ယူ​ရ​ရှိ​သည်။ ထို့​ကြောင့်​အ​ကျွန်ုပ်​အား​မင်း ကြီး​၏​လက်​သို့​အပ်​နှံ​သူ​သည်​ပို​၍​အ​ပြစ် ကြီး​၏'' ဟု​မိန့်​တော်​မူ​၏။- ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ရန် နည်း​လမ်း​ရှာ​ကြံ​လေ​တော့​၏။ သို့​ရာ​တွင်​လူ ထု​က ``ထို​သူ​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ပါ​မူ​အ​ရှင်​မင်း​ကြီး​သည်​ဧ​က​ရာဇ်​မင်း​၏ အ​ဆွေ​တော်​မ​ဟုတ်​တော့​ပြီ။ မည်​သူ​မ​ဆို မိ​မိ​ကိုယ်​ကို​ရှင်​ဘု​ရင်​ဟု​ဆို​သူ​သည် ဧ​က​ရာဇ်​မင်း​ကို​ပုန်​ကန်​သူ​ဖြစ်​ပါ​၏'' ဟု ဟစ်​အော်​ကြ​၏။ ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​ပိ​လတ်​မင်း သည်​သ​ခင်​ယေ​ရှု​ကို​အ​ပြင်​သို့​ထုတ်​ဆောင် ခဲ့​ပြီး​လျှင် ကျောက်​ပြား​စင်္ကြံ​ပေါ်​ရှိ​တ​ရား ခွင်​တွင်​ထိုင်​လေ​၏။ (ထို​စင်္ကြံ​ကို​ဟေ​ဗြဲ ဘာ​သာ​ဖြင့်​ဂဗ္ဗ​သ​ဟု​ခေါ်​၏။)- ထို​အ​ချိန်​ကား​ပ​သ​ခါ​ပွဲ​အ​ကြို​နေ့၊ မွန်း​တည့် ခါ​နီး​ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​က ``ကြည့် ကြ​လော့၊ ဤ​မှာ​သင်​တို့​၏​ရှင်​ဘု​ရင်​တည်း'' ဟု​ယု​ဒ​အ​မျိုး​သား​တို့​အား​ဆို​၏။ ထို​သူ​တို့​က ``သူ့​ကို​သတ်​ပါ၊ သူ့​ကို​သတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု ပြန်​၍​ဟစ်​အော်​ကြ​၏။ ပိ​လတ်​မင်း​က ``သင်​တို့​၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​လို သ​လော'' ဟု​မေး​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​က ``အ​ကျွန်ုပ်​တို့ မှာ​ဧ​က​ရာဇ်​မင်း​မှ​တစ်​ပါး​အ​ခြား​ရှင် ဘု​ရင်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​ကြ​၏။ ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ထို​သူ တို့​လက်​သို့​အပ်​လိုက်​လေ​၏။

ရှင်ယောဟန် 19:1-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ပိလတ်​မင်း​သည် ယေရှု​ကို​ထုတ်ဆောင်​၍ ဒဏ်ခတ်​ရိုက်နှက်​စေ​၏။ စစ်သား​တို့​သည်​လည်း ဆူးပင်​ကို သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်​စေ​ပြီးလျှင် ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ဆို​ပြီး ကိုယ်တော်​ကို​ရိုက်ပုတ်​ကြ​၏။ ပိလတ်​မင်း​သည် နောက်တစ်ဖန် အပြင်​သို့​ထွက်လာ​၍ “နားထောင်​ကြ​လော့။ ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့​ကြောင်း သင်​တို့​သိမြင်​ရန် သူ့​ကို သင်​တို့​ရှိ​ရာ​သို့​ခေါ်ဆောင်​လာ​မည်”​ဟု ဆို​၏။ ထိုအခါ ယေရှု​သည် ဆူး​သရဖူ​နှင့်​ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​လျက် အပြင်​သို့​ထွက်လာ​၏။ ပိလတ်​မင်း​က​လည်း “ကြည့်​ပါ။ ဤ​သူ​ပင်​တည်း”​ဟု ဆို​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့် အစောင့်​တပ်သား​တို့​သည် ကိုယ်တော်​ကို​မြင်​သောအခါ “လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ၊ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က “ငါ​သည် ဤ​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ မ​တွေ့​သောကြောင့် သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​လော့”​ဟု ဆို​လေ​၏။ ဂျူး​လူမျိုး​တို့​က​လည်း “အကျွန်ုပ်​တို့​၌ ပညတ်​တရား​ရှိ​ပါ​၏။ ဤ​သူ​သည် မိမိကိုယ်ကို ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်​ဟု​ကြေညာ​သောကြောင့် ထို​ပညတ်​တရား​အရ သေ​ထိုက်​ပါ​၏”​ဟု ပြန်​လျှောက်​ကြ​၏။ ပိလတ်​မင်း​သည် ထို​စကား​ကို​ကြား​ရ​သောအခါ ပို၍​ကြောက်​လာ​သဖြင့် ရုံးတော်​ထဲသို့​ပြန်​ဝင်​ကာ ယေရှု​အား “သင်​သည် မည်သည့်​အရပ်​မှ​လာ​သနည်း”​ဟု မေး​လေ​၏။ သို့သော် ယေရှု​သည် တစ်ခွန်း​မျှ ဖြေကြား​တော်​မ​မူ။ သို့ဖြစ်၍ ပိလတ်​မင်း​က “သင်​သည် ငါ့​ကို​စကား​မ​ပြော​ဘဲ​နေ​သလော။ ငါ​၌ သင့်​ကို လွှတ်​ပေး​နိုင်​သော​အခွင့်​အာဏာ​ရှိ​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​နိုင်​သော အခွင့်​အာဏာ​လည်း​ရှိ​သည်​ကို သင်​မ​သိ​သလော”​ဟု ဆို​၏။ ယေရှု​က“အထက်​အရပ်​မှ​ပေးအပ်​တော်​မ​မူ​လျှင် သင်​သည် ငါ့​အပေါ် မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ ထို့ကြောင့် ငါ့​ကို သင့်​လက်​သို့​အပ်နှံ​သော​သူ​၌ ပို၍​ကြီးလေး​သော​အပြစ်​ရှိ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုအခါ​မှစ၍ ပိလတ်​မင်း​သည် ယေရှု​ကို​လွှတ်​ပေး​ရန် ကြိုးစား​ရှာကြံ​၏။ သို့ရာတွင် ဂျူး​လူမျိုး​တို့​က “အရှင်​သည် ထို​သူ​ကို​လွှတ်​ပေး​လျှင် ဆီဇာ​ဧကရာဇ်​၏​ဘက်တော်သား​မ​ဟုတ်​ပါ။ မိမိကိုယ်ကို​ဘုရင်​ဖြစ်​သည်​ဟု ကြေညာ​သော​သူ​အားလုံး​သည် ဆီဇာ​ဧကရာဇ်​ကို​ဆန့်ကျင်​ပြောဆို​သော​သူ​ဖြစ်​ပါ​သည်”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​သည် ထို​စကား​တို့​ကို​ကြား​သောအခါ ယေရှု​ကို အပြင်​သို့​ခေါ်ဆောင်​လာ​၍ ဟေဗြဲ​ဘာသာစကား​အားဖြင့် ဂဗ္ဗသ​အမည်​ရှိ​သည့် ကျောက်ခင်း​စင်္ကြံ​ဟု​ခေါ်ဝေါ်​သော​နေရာ​မှ တရားပလ္လင်​ပေါ်တွင် ထိုင်​လေ​၏။ ထို​နေ့​သည် ပသခါ​ပွဲတော်​အတွက် ပြင်ဆင်​ရာ​နေ့​ဖြစ်​၏။ အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ရှိ​၏။ ပိလတ်​မင်း​သည် ဂျူး​လူမျိုး​တို့​အား “ကြည့်​ပါ။ သင်​တို့​၏​ဘုရင်​ပေတည်း”​ဟု ဆို​လေ​၏။ ထိုအခါ သူ​တို့​က “သုတ်သင်​လိုက်​ပါ၊ သုတ်သင်​လိုက်​ပါ၊ သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က “သင်​တို့​၏​ဘုရင်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌ ငါ​တင်​ရ​မည်​လော”​ဟု မေး​လျှင် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​က “အကျွန်ုပ်​တို့​တွင် ဆီဇာ​ဧကရာဇ်​မှလွဲ၍ အခြား​ဘုရင်​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ပိလတ်​မင်း​သည် ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​စေရန် သူ​တို့​လက်​သို့​အပ်လိုက်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။