YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 18:19-23

ရှင်ယောဟန် 18:19-23 Judson Bible (JBMLE)

ထို​အ​ခါ ယဇ်​ပု​ရာ​ဟိတ်​မင်း​သည် တ​ပည့်​တော်​တို့​ကို​လည်း​ကောင်း၊ ဒေ​သ​နာ​တော်​ကို​လည်း​ကောင်း အ​ကြောင်း​ပြု၍ ယေ​ရှု​ကို မေး​မြန်း​စစ်​ကြော၏။- ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။- အ​ဘယ်​ကြောင့် ငါ့​ကို​မေး​မြန်း​သ​နည်း၊ ငါ​သည် အ​ဘယ်​သို့ ဟော​ပြော​သည်​ကို ကြား​နာ​သော​သူ​တို့​ကို မေး​မြန်း​လော့။ ငါ​ပြော​သော​စ​ကား​ကို ထို​သူ​တို့​သည် သိ​ကြ၏​ဟု မိန့်​တော်​မူ၏။- ထို​သို့​မိန့်​တော်​မူ​လျှင်၊ အ​နီး​အ​ပါး၌​ရပ်​နေ​သော မင်း​လု​လင်​တစ်​ယောက်​က၊ သင်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ကို ဤ​သို့​ပြန်​ပြော​ရာ​သ​လော​ဟု ဆို​လျက် ယေ​ရှု​ကို​ရိုက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ့​စ​ကား​မ​မှန်​လျှင် မ​မှန်​ကြောင်း​ကို​ပြ​ပါ။ မှန်​လျှင် ငါ့​ကို အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 18:19-23 Common Language Bible (BCL)

ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ကိုယ်​တော်​အား​တ​ပည့် တော်​တို့​၏​အ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် ဟော​ပြော​တော်​မူ​သော​တ​ရား​တော်​အ​ကြောင်း ကို​လည်း​ကောင်း​စစ်​ဆေး​မေး​မြန်း​၏။- သ​ခင်​ယေ​ရှု​က ``ငါ​သည်​လူ​အ​ပေါင်း​တို့​ရှေ့ တွင်​အ​စဉ်​ပင်​ပွင့်​လင်း​စွာ​ဟော​ပြော​သွန်​သင် ခဲ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​ရာ ဖြစ်​သော​တ​ရား​ဇ​ရပ်​များ​နှင့်​ဗိ​မာန်​တော်​တွင် ငါ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ အ​ဘယ်​အ​ခါ​၌ မျှ​လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့။- သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​ငါ့​ကို​စစ်​ဆေး​မေး မြန်း​သ​နည်း။ ငါ​ဟော​ပြော​သွန်​သင်​သည်​ကို ကြား​နာ​ကြ​ရ​သူ​တို့​အား​မေး​မြန်း​လော့။ သူ​တို့​အား​ငါ​မည်​သို့​ဟော​ပြော​သည်​ကို မေး​မြန်း​လော့။ ငါ​ဟော​ပြော​သည့်​အ​ရာ​တို့ ကို​သူ​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​လျှင်​အ​စောင့်​တပ်​သား​တစ် ယောက်​သည် ``ယဇ်​ပု​ရော​ဟိတ်​မင်း​အား​သင်​သည် ဤ​သို့​မ​ဖွယ်​မ​ရာ​ပြော​ဆို​သင့်​သ​လော'' ဟု ဆို​၍​ကိုယ်​တော်​၏​ပါး​ကို​ရိုက်​လေ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​၏​စ​ကား​မ​မှန်​လျှင်​မ​မှန် ကြောင်း​ကို​ထောက်​ပြ​ပါ။ မှန်​လျှင်​မူ​ကား​အ​ဘယ် ကြောင့်​ငါ့​ကို​ရိုက်​ပုတ်​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။

ရှင်ယောဟန် 18:19-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုစဉ်တွင် ယဇ်ပုရောဟိတ်​မင်း​သည် ယေရှု​အား တပည့်​တော်​တို့​နှင့်​ပတ်သက်၍​လည်းကောင်း၊ သူ​၏​သွန်သင်​ချက်​နှင့်​ပတ်သက်၍​လည်းကောင်း မေးမြန်း​၏။ ယေရှု​က​လည်း“ငါ​သည် လောက​၌ ထင်ရှား​စွာ​ဟောပြော​ခဲ့​၏။ ဂျူး​လူမျိုး​အပေါင်း​တို့​စုဝေး​ရာ ဝတ်ပြု​စည်းဝေး​ကျောင်း​နှင့် ဗိမာန်​တော်​၌ အစဉ်အမြဲ​သွန်သင်​ခဲ့​၏။ မည်သည့်​အရာ​ကို​မျှ လျှို့ဝှက်​စွာ​မ​ဟောပြော​ခဲ့​ပေ။ သင်​သည် အဘယ်ကြောင့် ငါ့​ကို​မေးမြန်း​သနည်း။ လူ​တို့​အား မည်သို့ ငါ​ဟောပြော​ခဲ့​သည်​ကို ကြားနာ​သော​သူ​တို့​ထံ မေးမြန်း​လော့။ ငါ​ပြောဆို​ခဲ့​သော​အရာ​များ​ကို ထို​သူ​တို့​သိ​ကြ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​သောအခါ အနီး​၌​ရပ်​နေ​သော အစောင့်​တပ်သား​တစ်​ဦး​က “ယဇ်ပုရောဟိတ်​မင်း​ကို ဤသို့​ပြန်​ပြော​ရ​သလော”​ဟု ဆို​လျက် ယေရှု​ကို​ရိုက်ပုတ်​လေ​၏။ ယေရှု​က​လည်း“ငါ​ပြော​သော​အရာ​မမှန်​လျှင် မမှန်​သည့်​အကြောင်း​ကို ထောက်ပြ​လော့။ မှန်​သည်​ဆိုလျှင် အဘယ်ကြောင့် ငါ့​ကို​ရိုက်​သနည်း”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။