YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 18:1-14

ရှင်ယောဟန် 18:1-14 Judson Bible (JBMLE)

ထို​သို့ မိန့်​မြွက်​တော်​မူ​ပြီး​မှ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ကေ​ဒြုန်​ချောင်း​တစ်​ဖက်​သို့​ကြွ၍၊ ထို​အ​ရပ်၌​ရှိ​သော ဥ​ယျာဉ်​သို့​ဝင်​တော်​မူ၏။- ထို​အ​ရပ်​သို့​ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ သွား​မြဲ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကို အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ထို​အ​ရပ်​ကို​သိ​သည်​ဖြစ်၍၊- စစ်​သူ​ရဲ​တစ်​တပ်​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​စေ​လွှတ်​သော မင်း​လု​လင်​တို့​ကို​လည်း​ကောင်း ခေါ်​ခဲ့၍၊ မီး​အိမ်၊ မီး​ရှူး၊ လက်​နက်​တို့​ကို လက်​စွဲ​လျက်​လာ​ကြ၏။- ယေ​ရှု​သည် ကိုယ်၌​ဖြစ်​လ​တ္တံ့​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို သိ​တော်​မူ​လျက်၊ လာ​သော​သူ​တို့​ဆီ​သို့ သွား၍ အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု မေး​တော်​မူ၏။- နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို​ရှာ​ကြ​သည်​ဟု​ဆို​လျှင်၊ ယေ​ရှု​က၊ ငါ​သည် ထို​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ၏။ ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​လည်း ထို​သူ​တို့​နှင့်​အ​တူ ရပ်​နေ၏။- ငါ​သည် ထို​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် နောက်​သို့​လှန်၍ မြေ​ပေါ်၌​လဲ​ကြ၏။- အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု တစ်​ဖန်​မေး​တော်​မူ​လျှင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို ရှာ​ကြ​သည်​ဟု ထို​သူ​တို့​သည် ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည်​ထို​သူ​ဖြစ်၏​ဟု ငါ​ပြော​ပြီ။ သို့​ဖြစ်၍ ငါ့​ကို​ရှာ​လျှင် ဤ​သူ​တို့​သည် သွား​ပါ​လေ​စေ​ဟု မိန့်​တော်​မူ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​ပျက်​စီး​ခြင်း​သို့ မ​ရောက်​ပါ​ဟူ​သော အ​ထက်​က​စ​ကား​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ဤ​သို့​မိန့်​တော်​မူ၏။ ထို​အ​ခါ ရှိ​မုန်​ပေ​တ​ရု​သည် မိ​မိ၌​ပါ​သော​ဓား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် လက်​ယာ​နား​ရွက်​ပြတ်​လေ၏။ ထို​ကျွန်၏​အ​မည်​ကား မာ​လ​ခု​ဖြစ်​သ​တည်း။- ယေ​ရှု​က​လည်း ဓား​ကို အိမ်၌​သွင်း​ထား​လော့။ ခ​မည်း​တော်​သည် ငါ့​အား​ပေး​တော်​မူ​သော​ခွက်​ကို ငါ​မ​သောက်​ရာ​သ​လော​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ၏။- ထို​အ​ခါ​တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​တို့​နှင့် ယု​ဒ​မင်း​လု​လင်​တို့​သည် ယေ​ရှု​ကို​ဖမ်း​ဆီး၍ ချည်​နှောင်​ပြီး​လျှင် အ​န္နတ်​မင်း​ထံ​သို့ ရှေ့​ဦး​စွာ ယူ​သွား​ကြ၏။- အ​န္နတ်​မင်း​ကား၊ ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ၏​ယော​က္ခ​မ ဖြစ်​သ​တည်း။- ထို​က​ယာ​ဖ​ကား၊ လူ​တစ်​ယောက်​သည် လူ​များ​တို့​အ​တွက် ပျက်​စီး​သော် သာ၍​ကောင်း​သည်​ဟု ယု​ဒ​လူ​တို့​နှင့် တိုင်​ပင်​ပြော​ဆို​သော​သူ​ပေ​တည်း။

ရှင်ယောဟန် 18:1-14 Common Language Bible (BCL)

ဤ​သို့​ဆု​တောင်း​တော်​မူ​ပြီး​နောက်​ကိုယ်​တော် သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၍ ကေ​ဒြုန်​ချောင်း​ကို​ကူး​တော်​မူ​၏။ ထို​အ​ရပ် တွင်​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ သ​ခင်​ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​သည် ထို​ဥ​ယျာဉ်​ထဲ​သို့​ဝင် ကြ​၏။- ထို​နေ​ရာ​သို့​သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့ သည်​မ​ကြာ​ခ​ဏ​သွား​လေ့​ရှိ​သ​ဖြင့် သစ္စာ​ဖောက် ယု​ဒ​သည်​ထို​ဥ​ယျာဉ်​ကို​သိ​၏။- သို့​ဖြစ်​၍​သူ​သည်​ရော​မ​စစ်​တပ်​ခွဲ​တစ်​တပ်​ကို လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ များ​၏​အ​စောင့်​တပ်​သား​များ​ကို​လည်း​ကောင်း ခေါ်​လာ​ခဲ့​၏။ သူ​တို့​သည်​မီး​အိမ်​များ၊ မီး​တုတ် များ​နှင့်​လက်​နက်​များ​ကို​ကိုင်​ဆောင်​လာ​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​ကို​သိ​တော်​မူ​ပြီး​ဖြစ်​သည် အ​လျောက် ထို​သူ​တို့​၏​ထံ​သို့​ကြွ​တော်​မူ​လျက် ``သင်​တို့​မည်​သူ့​ကို​ရှာ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။ ထို​သူ​တို့​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ ပါ​သည်'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ထို​သူ​ပင်​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။ ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ သည်​လည်း​ထို​သူ​တို့​နှင့်​အ​တူ​ရပ်​လျက်​နေ​၏။- ``ငါ​သည်​ထို​သူ​ပင်​ဖြစ်​၏'' ဟု​သ​ခင်​ယေ​ရှု မိန့်​တော်​မူ​သော​အ​ခါ​သူ​တို့​သည်​နောက်​သို့ ဆုတ်​ကာ​မြေ​ပေါ်​တွင်​လဲ​ကြ​၏။- သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​မည်​သူ့ ကို​ရှာ​သ​နည်း'' ဟု​တစ်​ဖန်​မေး​တော်​မူ​ပြန်​၏။ သူ​တို့​က​လည်း ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကို​ရှာ​ပါ​သည်'' ဟု​ဆို​ကြ​ပြန်​၏။ သ​ခင်​ယေ​ရှု​က ``ထို​သူ​သည်​ငါ​ပင်​ဖြစ်​သည် ဟု​သင်​တို့​အား​ငါ​ပြော​ခဲ့​ပြီ။ ငါ​သည်​သင်​တို့ ရှာ​သော​သူ​ဖြစ်​လျှင်​ဤ​သူ​တို့​သွား​ပါ​လေ စေ'' ဟု​မိန့်​တော်​မူ​၏။- (ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ ``ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ဆုံး​ပါး ပျက်​စီး​မှု​မ​ရှိ​ပါ'' ဟု​ယ​ခင်​က​ကိုယ်​တော် မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန် ပင်​တည်း။) ရှိ​မုန်​ပေ​တ​ရု​မှာ​ဋ္ဌား​တစ်​လက်​ပါ​လာ​၏။ သူ သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​၏ ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​ကျွန်​လက် ယာ​နား​ရွက်​ပြတ်​လေ​၏။ ထို​ကျွန်​၏​နာ​မည် ကား​မာ​လ​ခု​ဖြစ်​သ​တည်း။- သ​ခင်​ယေ​ရှု​က ``ဋ္ဌား​ကို​ဋ္ဌား​အိမ်​တွင်​ပြန်​သွင်း ထား​လော့။ ခ​မည်း​တော်​ငါ့​အား​ခံ​စေ​တော်​မူ သည့်​ဒုက္ခ​ဝေ​ဒ​နာ​ကို​ငါ​မ​ခံ​သင့်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။ ထို​နောက်​ရော​မ​တပ်​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​အ​စောင့်​တပ်​သား​များ​သည်​ကိုယ်​တော်​ကို ဖမ်း​ဆီး​ချည်​နှောင်​ပြီး​လျှင်​အန္နတ်​မင်း​ထံ​သို့ ဦး​စွာ​ခေါ်​ဆောင်​သွား​ကြ​၏။- အန္နတ်​မင်း​ကား​ထို​နှစ်​တွင်​ယဇ်​ပု​ရော​ဟိတ် မင်း​ဖြစ်​သော​က​ယာ​ဖ​၏​ယောက္ခ​မ​ဖြစ်​၏။- က​ယာ​ဖ​ကား ``လူ​အ​ပေါင်း​တို့​အ​တွက်​လူ တစ်​ဦး​တစ်​ယောက်​သေ​ရ​သည်​က​ပို​၍​ကောင်း ၏'' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​အ​ကြံ​ပေး ခဲ့​သူ​ဖြစ်​သ​တည်း။

ရှင်ယောဟန် 18:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် တပည့်​တော်​တို့​နှင့်အတူ ကေဒြုန်​ချောင်း​တစ်ဖက်​သို့ ထွက်သွား​တော်မူ​၏။ ထို​အရပ်​၌ ဥယျာဉ်​တစ်ခု​ရှိ​၍ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ ထို​ဥယျာဉ်​ထဲသို့​ဝင်​တော်မူ​၏။ ယေရှု​သည် ထို​အရပ်​တွင် တပည့်​တော်​တို့​နှင့် မကြာခဏ​စုဝေး​လေ့​ရှိ​သောကြောင့် ကိုယ်တော်​ကို​အပ်နှံ​မည့်​သူ ယုဒ​သည်​လည်း ထို​အရပ်​ကို​သိ​ထား​၏။ သို့ဖြစ်၍ ယုဒ​သည် တပ်ဖွဲ့​တစ်​ဖွဲ့​ကို​လည်းကောင်း၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ဖာရိရှဲ​များ​က စေလွှတ်​လိုက်​သော​အစောင့်​တပ်သား​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ထို​အရပ်​သို့​ရောက်လာ​၏။ ထို​သူ​တို့​သည် မီးအိမ်၊ မီးရှူး​နှင့် လက်နက်​များ​ကို​ကိုင်ဆောင်​ထား​ကြ​၏။ ယေရှု​သည် မိမိ​၌​ဖြစ်လာ​မည့်​အရာ​အလုံးစုံ​တို့​ကို သိ​နှင့်​တော်မူ​သောကြောင့် ထွက်လာ​၍“မည်သူ့​ကို​ရှာ​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ပြန်​ပြော​ကြ​၏။ ကိုယ်တော်​က​လည်း“ငါ​ဖြစ်​သည်”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​ကို​အပ်နှံ​သူ ယုဒ​သည်​လည်း ထို​သူ​တို့​နှင့်အတူ​ရပ်​လျက်​နေ​၏။ ထိုသို့ ကိုယ်တော်​က“ငါ​ဖြစ်​သည်”​ဟု မိန့်​တော်မူ​သောအခါ သူ​တို့​သည် နောက်​သို့​ဆုတ်​၍ မြေ​ပေါ်၌​လဲကျ​ကြ​၏။ ထို့ကြောင့် ကိုယ်တော်​သည် နောက်တစ်ဖန် သူ​တို့​အား“မည်သူ့​ကို​ရှာ​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“ငါ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။ သို့ဖြစ်၍ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လျှင် ဤ​သူ​တို့​သွား​ပါလေစေ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​သည်​မှာ“အကျွန်ုပ်​ထံ ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​တွင် မည်သူမျှ အကျွန်ုပ်​မ​ဆုံးရှုံး​ခဲ့​ပါ”​ဟု ကိုယ်တော်​မြွက်ဆို​ခဲ့​သော​စကား ပြည့်စုံ​စေရန်​ဖြစ်​၏။ ထိုစဉ်တွင် ရှိမုန်​ပေတရု​သည် ပါ​လာ​သော​ဓား​ကို​ဆွဲ​ထုတ်​၍ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။ ထို​အစေအပါး​၏​အမည်​ကား မာလခု​ဖြစ်​၏။ ယေရှု​က​လည်း“ဓား​ကို ဓားအိမ်​ထဲသို့​ပြန်​သွင်း​လော့။ ငါ့​အား ခမည်းတော်​ပေး​တော်မူ​သော​ခွက်​ကို ငါ​မ​သောက်​ဘဲ​နေ​ရ​မည်​လော”​ဟု ပေတရု​အား မိန့်​တော်မူ​၏။ ထိုအခါ တပ်ဖွဲ့​တစ်​ဖွဲ့၊ တပ်မှူးကြီး​နှင့် ဂျူး​လူမျိုး​အစောင့်​တပ်သား​တို့​သည် ယေရှု​ကို​ဖမ်းဆီး​၍ ချည်နှောင်​ကြ​ကာ အန္နတ်​ထံသို့ ဦးစွာ​ခေါ်ဆောင်​သွား​ကြ​၏။ အကြောင်းမူကား အန္နတ်​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သော ကယာဖ​၏​ယောက္ခမ​ဖြစ်​၏။ ထို​ကယာဖ​သည် “လူ​တစ်​ဦး​က လူထု​ကိုယ်စား​အသေခံ​ခြင်း​သည် ပို၍​ကောင်း​၏”​ဟု ဂျူး​လူမျိုး​တို့​အား အကြံပေး​ခဲ့​သူ​ဖြစ်​၏။