YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 17:1-5

ရှင်ယောဟန် 17:1-5 Judson Bible (JBMLE)

ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ယေ​ရှု​သည် ကောင်း​ကင်​သို့​ကြည့်​မျှော်၍၊ အို အ​ဘ၊ အ​ကျွန်ုပ်​အ​ချိန်​ရောက်​ပါ​ပြီ။- ကိုယ်​တော်​သည် သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော​အ​ခွင့်​တန်​ခိုး​ကို သား​တော်​အား ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ သား​တော်​သည် ကိုယ်​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​ပါ​မည်​အ​ကြောင်း သား​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​ပါ။- ထာ​ဝ​ရ​အ​သက်​ဟူ​မူ​ကား၊ မှန်​သော​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​တည်း။- အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​ကို ဘုန်း​ထင်​ရှား​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆောင်​ရွက်​စ​ရာ​ဖို့ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​အ​မှု​ကို အ​ကျွန်ုပ်​ဆောင်​ရွက်၍ ပြီး​ပါ​ပြီ။- အို အ​ဘ၊ ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ထံ​တော်၌ အ​ကျွန်ုပ်​ခံ​စား​သော ဘုန်း​အ​သ​ရေ​နှင့် ယ​ခု​တွင်​လည်း အ​ကျွန်ုပ်​ကို​အ​ထံ​တော်၌ ချီး​မြှောက်​တော်​မူ​ပါ။

ရှင်ယောဟန် 17:1-5 Common Language Bible (BCL)

ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ``အို အ​ဖ၊ အ​ချိန် ကျ​ပါ​ပြီ။ သား​တော်​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​နိုင်​ရန် သား တော်​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​ပါ။- သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။- ထာ​ဝ​ရ​အ​သက်​ဟူ​သည်​တစ်​ဆူ​တည်း​သော ဘု​ရား​ဖြစ်​တော်​မူ​သည့်​ကိုယ်​တော်​ကို​လည်း ကောင်း၊ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​ကို​လည်း​ကောင်း​သိ​ကျွမ်း​ခြင်း​ပင်​ဖြစ် ပါ​၏။- ဤ​လော​က​တွင်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ​ပါ​ပြီ။ ကိုယ် တော်​အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​သော​အ​မှု တော်​ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ပြီး​ပါ​ပြီ။- အို အ​ဖ၊ ဤ​ကမ္ဘာ​မ​ပေါ်​မ​တည်​မီ​က​ကိုယ်​တော် နှင့်​အ​တူ​အ​ကျွန်ုပ်​ခံ​စား​ခဲ့​ရ​သည့်​ဘုန်း​အ​သ ရေ​ကို ယ​ခု​အ​ခါ​၌​ရှေ့​တော်​တွင်​အ​ကျွန်ုပ်​အား ပေး​တော်​မူ​ပါ။''

ရှင်ယောဟန် 17:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဤ​အရာ​များ​ကို​မိန့်​တော်မူ​ပြီးနောက် ကောင်းကင်​သို့​မျှော်ကြည့်​လျက်“အို အဖ၊ အချိန်​ရောက်​ပါ​ပြီ။ သား​တော်​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ထင်ရှား​စေ​နိုင်​ရန် သား​တော်​၏​ဘုန်း​ကို​ထင်ရှား​စေ​တော်မူ​ပါ။ အကြောင်းမှာ ကိုယ်တော်​သည် သား​တော်​အား လူသား​အားလုံး​ကို အုပ်စိုး​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပြီ။ ဤသည်ကား သား​တော်​သည် ကိုယ်တော်​ပေးအပ်​တော်မူ​သမျှ​သော​သူ​တို့​အား ထာဝရ​အသက်​ကို​ပေး​နိုင်​ရန်​အတွက်​ဖြစ်​ပါ​၏။ ထာဝရ​အသက်​ဟူသည်မှာ တစ်ဆူတည်း​သော စစ်မှန်​သည့်​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​စေလွှတ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​လည်းကောင်း သိကျွမ်း​ခြင်း​ပင်​ဖြစ်​ပါ​၏။ အကျွန်ုပ်​ဆောင်ရွက်​ရန် ကိုယ်တော်​ပေးအပ်​တော်မူ​သော​အမှု​တော်​ကို အကျွန်ုပ်​သည် ပြီးမြောက်​စေ​၍ ကိုယ်တော်​၏​ဘုန်း​တော်​ကို မြေကြီး​ပေါ်၌​ထင်ရှား​စေ​ပါ​ပြီ။ အို အဖ၊ ဤ​ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကပင် ကိုယ်တော်​နှင့်အတူ အကျွန်ုပ်​ခံစား​ရ​သော​ဘုန်း​အသရေ​တော်​အားဖြင့် ယခု​ပင် အကျွန်ုပ်​ကို အထံတော်ပါး​၌ ဘုန်း​ထင်ရှား​စေ​တော်မူ​ပါ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။