YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 17:1-5

ရှင်ယောဟန်ခရစ်ဝင် 17:1-5 MSBU

ယေရှု​သည် ဤ​အရာ​များ​ကို​မိန့်​တော်မူ​ပြီးနောက် ကောင်းကင်​သို့​မျှော်ကြည့်​လျက်“အို အဖ၊ အချိန်​ရောက်​ပါ​ပြီ။ သား​တော်​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ထင်ရှား​စေ​နိုင်​ရန် သား​တော်​၏​ဘုန်း​ကို​ထင်ရှား​စေ​တော်မူ​ပါ။ အကြောင်းမှာ ကိုယ်တော်​သည် သား​တော်​အား လူသား​အားလုံး​ကို အုပ်စိုး​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပြီ။ ဤသည်ကား သား​တော်​သည် ကိုယ်တော်​ပေးအပ်​တော်မူ​သမျှ​သော​သူ​တို့​အား ထာဝရ​အသက်​ကို​ပေး​နိုင်​ရန်​အတွက်​ဖြစ်​ပါ​၏။ ထာဝရ​အသက်​ဟူသည်မှာ တစ်ဆူတည်း​သော စစ်မှန်​သည့်​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​စေလွှတ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​လည်းကောင်း သိကျွမ်း​ခြင်း​ပင်​ဖြစ်​ပါ​၏။ အကျွန်ုပ်​ဆောင်ရွက်​ရန် ကိုယ်တော်​ပေးအပ်​တော်မူ​သော​အမှု​တော်​ကို အကျွန်ုပ်​သည် ပြီးမြောက်​စေ​၍ ကိုယ်တော်​၏​ဘုန်း​တော်​ကို မြေကြီး​ပေါ်၌​ထင်ရှား​စေ​ပါ​ပြီ။ အို အဖ၊ ဤ​ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကပင် ကိုယ်တော်​နှင့်အတူ အကျွန်ုပ်​ခံစား​ရ​သော​ဘုန်း​အသရေ​တော်​အားဖြင့် ယခု​ပင် အကျွန်ုပ်​ကို အထံတော်ပါး​၌ ဘုန်း​ထင်ရှား​စေ​တော်မူ​ပါ။

​ရှင်ယောဟန်ခရစ်ဝင် 17:1-5 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။