YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:5-11

ရှင်ယောဟန် 16:5-11 Judson Bible (JBMLE)

ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ထံ​သို့ ယ​ခု ငါ​သွား​ရ​မည်​ဖြစ်၍၊ အ​ဘယ်​အ​ရပ်​သို့ သွား​မည်​နည်း​ဟု သင်​တို့​မ​မေး​ကြ။- ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ငါ​ဟော​ပြော​သော​ကြောင့် သင်​တို့​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​သို့ ရောက်​ကြ၏။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သွား​လျှင် သင်​တို့​အ​ကျိုး​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​မ​သွား​လျှင် ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် သင်​တို့​ဆီ​သို့​မ​လာ။ ငါ​သွား​လျှင် ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​မည်။- ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​လျှင်၊ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ပြစ်​ကင်း​ခြင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့​အား ထင်​ရှား​စွာ​ဖော်​ပြ​မည်။- ငါ့​ကို မ​ယုံ​ကြည်​ကြ​သော​ကြောင့် ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​မည်။- ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဖြစ်၍၊ သင်​တို့​သည် နောက်​တစ်​ဖန် ငါ့​ကို​မ​တွေ့​မ​မြင်​ရ​သော​ကြောင့်၊ အ​ပြစ်​ကင်း​ခြင်း​ကို ဖော်​ပြ​မည်။- ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​သော​ကြောင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ဖော်​ပြ​မည်။

ရှင်ယောဟန် 16:5-11 Common Language Bible (BCL)

ယ​ခု​မှာ​မူ​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင် ထံ​သို့​ငါ​သွား​တော့​မည်။ သို့​ရာ​တွင်​ငါ​အ​ဘယ် အ​ရပ်​သို့​သွား​မည်​ကို​သင်​တို့​မည်​သူ​မျှ မ​မေး​ကြ။- ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ​ပြော​ကြား သ​ဖြင့် သင်​တို့​သည်​စိတ်​ညှိုး​ငယ်​လျက်​ရှိ ကြ​၏။- သို့​သော်​သင်​တို့​အား​ငါ​အ​မှန်​အ​ကန်​ပြော သည်​ကား ငါ​သွား​ရ​ခြင်း​သည်​သင်​တို့​အ​ဖို့ ပို​၍​ကောင်း​၏။ ငါ​မ​သွား​လျှင်​မ​စ​တော်​မူ သော​အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူ​ကား​ထို​အ​ရှင်​ကို​သင်​တို့ ထံ​သို့​ငါ​စေ​လွှတ်​မည်။- ထို​အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ​လော​က သား​တို့​အား​အ​ပြစ်​အ​ကြောင်း​ကို​လည်း​ကောင်း၊ အ​မှန်​တ​ရား​အ​ကြောင်း​ကို​လည်း​ကောင်း၊ တ​ရား စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​ပေ​အံ့။- ထို​သူ​တို့​သည်​ငါ့​ကို​မ​ယုံ​ကြည်​ကြ​သော ကြောင့်​အ​ပြစ်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။- ငါ​သည်​ခ​မည်း​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ် ၍ သင်​တို့​ငါ့​ကို​တွေ့​မြင်​ရ​တော့​မည်​မ​ဟုတ် သော​ကြောင့်​အ​မှန်​တ​ရား​အ​ကြောင်း​ကို ဖော်​ပြ​မည်။- လော​က​ကို​အ​စိုး​ရ​သူ​သည်​တ​ရား​စီ​ရင် ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင် တော်​မူ​ခြင်း​အ​ကြောင်း​ကို​ဖော်​ပြ​မည်။''

ရှင်ယောဟန် 16:5-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယခု​မူကား ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ထံသို့ ငါ​သွား​တော့မည်။ သို့သော် သင်​တို့​ထဲမှ မည်သူ​က​မျှ ‘ကိုယ်တော်​သည် မည်သည့်​အရပ်​သို့ သွား​မည်နည်း’​ဟု ငါ့​အား မ​မေး​ကြ။ ထို့ပြင် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား ငါ​ပြော​သောကြောင့် သင်​တို့​စိတ်နှလုံး​သည် ဝမ်းနည်း​ခြင်း​နှင့် ပြည့်​လျက်​ရှိ​၏။ သို့သော် ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ငါ​သွား​ရ​ခြင်း​သည် သင်​တို့​အတွက်​အကျိုး​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​မ​သွား​လျှင် ကူညီ​မစ​သူ​သည် သင်​တို့​ထံသို့​လာ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူကား ထို​အရှင်​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်။ ထို​အရှင်​ရောက်လာ​သောအခါ လောကီသား​တို့​အား အပြစ်​အကြောင်း၊ ဖြောင့်မတ်​ခြင်း​အကြောင်း​နှင့် တရား​စီရင်​ခြင်း​အကြောင်း​တို့​ကို ဖော်ပြ​မည်။ သူ​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ​သောကြောင့် အပြစ်​အကြောင်း​ကို​လည်းကောင်း၊ ငါ​သည် ခမည်းတော်​ထံသို့​သွား​၍ သင်​တို့​သည် ငါ့​ကို​တွေ့မြင်​ရ​တော့မည်​မ​ဟုတ်​သောကြောင့် ဖြောင့်မတ်​ခြင်း​အကြောင်း​ကို​လည်းကောင်း၊ ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် တရား​စီရင်​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် တရား​စီရင်​ခြင်း​အကြောင်း​ကို​လည်းကောင်း ဖော်ပြ​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။