YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 16:5-11

ရှင်ယောဟန်ခရစ်ဝင် 16:5-11 MSBU

ယခု​မူကား ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ထံသို့ ငါ​သွား​တော့မည်။ သို့သော် သင်​တို့​ထဲမှ မည်သူ​က​မျှ ‘ကိုယ်တော်​သည် မည်သည့်​အရပ်​သို့ သွား​မည်နည်း’​ဟု ငါ့​အား မ​မေး​ကြ။ ထို့ပြင် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား ငါ​ပြော​သောကြောင့် သင်​တို့​စိတ်နှလုံး​သည် ဝမ်းနည်း​ခြင်း​နှင့် ပြည့်​လျက်​ရှိ​၏။ သို့သော် ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ငါ​သွား​ရ​ခြင်း​သည် သင်​တို့​အတွက်​အကျိုး​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​မ​သွား​လျှင် ကူညီ​မစ​သူ​သည် သင်​တို့​ထံသို့​လာ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူကား ထို​အရှင်​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်။ ထို​အရှင်​ရောက်လာ​သောအခါ လောကီသား​တို့​အား အပြစ်​အကြောင်း၊ ဖြောင့်မတ်​ခြင်း​အကြောင်း​နှင့် တရား​စီရင်​ခြင်း​အကြောင်း​တို့​ကို ဖော်ပြ​မည်။ သူ​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ​သောကြောင့် အပြစ်​အကြောင်း​ကို​လည်းကောင်း၊ ငါ​သည် ခမည်းတော်​ထံသို့​သွား​၍ သင်​တို့​သည် ငါ့​ကို​တွေ့မြင်​ရ​တော့မည်​မ​ဟုတ်​သောကြောင့် ဖြောင့်မတ်​ခြင်း​အကြောင်း​ကို​လည်းကောင်း၊ ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် တရား​စီရင်​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် တရား​စီရင်​ခြင်း​အကြောင်း​ကို​လည်းကောင်း ဖော်ပြ​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။