YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:23-33

ရှင်ယောဟန် 16:23-33 Judson Bible (JBMLE)

ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။- ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။ ဤ​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် ငါ​ဟော​ပြော၏။ ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​မ​ပြော​ဘဲ၊ ခ​မည်း​တော်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်​တို့​အား အ​တည့်​အ​လင်း​ဖော်​ပြ​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။- ထို​ကာ​လ၌ သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ ဆု​တောင်း​ကြ​လိမ့်​မည်။ သင်​တို့​အ​ဖို့​အ​လို​ငှာ ငါ​သည် ခ​မည်း​တော်​ကို တောင်း​မည်​ဟု​မ​ဆို။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ၍၊ ငါ​သည် ဘု​ရား​သ​ခင်​အ​ထံ​တော်​မှ ကြွ​လာ​သည်​ကို ယုံ​ကြည်​သော​ကြောင့် ခ​မည်း​တော်​သည် ကိုယ်​တော်​တိုင် သင်​တို့​ကို​ချစ်​တော်​မူ၏။- ငါ​သည် ခ​မည်း​တော်​ထံ​မှ​ထွက်၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ တစ်​ဖန် ဤ​လော​က​မှ​ထွက်၍ ခ​မည်း​တော်​ထံ​သို့ သွား​ဦး​မည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ ကိုယ်​တော်​သည် ယ​ခု​တွင်​ပုံ​ဥ​ပ​မာ​ကို​မ​ဆောင်​ဘဲ အ​တည့်​အ​လင်း ဟော​ပြော​တော်​မူ၏။- အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ကို မေး​မြန်း​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယ​ခု​တွင် အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ဤ​အ​ကြောင်း​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​တော်​မူ​သည်​ကို ယုံ​ပါ​သည်​ဟု လျှောက်​ကြ၏- ယေ​ရှု​က​လည်း၊ ယ​ခု​တွင်​ယုံ​ကြ​ပြီ​လော။- သင်​တို့​သည် ကွဲ​ပြား၍ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ စွန့်​ပစ်​လျက်၊ အ​သီး​အ​သီး​မိ​မိ​တို့​နေ​ရာ​သို့ ပြေး​သွား​မည့်​အ​ချိန်​ကာ​လ​သည် လာ၍​ယ​ခု​ပင်​ရောက်​ပေ၏။ သို့​သော်​လည်း ငါ​သည် တစ်​ကိုယ်​တည်း​နေ​သည်​မ​ဟုတ်။ ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။- သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 16:23-33 Common Language Bible (BCL)

``ထို​နေ့​၌​သင်​တို့​သည်​ငါ့​အား​အ​ဘယ်​အ​ရာ ကို​မျှ​တောင်း​လျှောက်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည် ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​တောင်း​လျှောက် သ​မျှ​သော​အ​ရာ​တို့​ကို​ခ​မည်း​တော်​သည်​သင် တို့​အား​ချ​ပေး​တော်​မူ​လိမ့်​မည်။- ယ​ခု​အ​ချိန်​တိုင်​အောင်​သင်​တို့​သည်​ငါ​၏ နာ​မ​ကို​အ​မှီ​ပြု​၍​အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း​မ​လျှောက်​ကြ​ရ​သေး။ ဝမ်း​မြောက်​ခြင်း အ​ပြည့်​အ​ဝ​ရ​ရှိ​နိုင်​ရန်​တောင်း​လျှောက်​ကြ လော့။ သင်​တို့​တောင်း​လျှောက်​သည့်​အ​တိုင်း​ရ​ရှိ ကြ​လိမ့်​မည်။'' ``ဤ​အ​ကြောင်း​အ​ရာ​များ​ကို ဥ​ပ​မာ​တင်​စား ၍​ငါ​ပြော​ခဲ့​၏။ ဤ​သို့​ဥ​ပ​မာ​မ​တင်​စား​ဘဲ ခ​မည်း​တော်​၏​အ​ကြောင်း​ကို​ပွင့်​လင်း​စွာ ငါ ဖော်​ပြ​မည့်​အ​ချိန်​ရောက်​ရှိ​လာ​လိမ့်​မည်။- ထို​ကာ​လ​၌​သင်​တို့​သည် ငါ​၏​နာ​မ​ကို​အ​မှီ ပြု​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လိမ့်​မည်။ သို့ သော်​ငါ​သည်​သင်​တို့​အ​တွက် ခ​မည်း​တော်​ထံ တွင်​တောင်း​လျှောက်​ပေး​မည်​ဟု​ငါ​မ​ဆို။- အ​ဘယ်​ကြောင့်​ဆို​သော်​ခ​မည်း​တော်​ကိုယ်​တိုင် ပင် သင်​တို့​အား​ချစ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ သင်​တို့​သည်​ငါ့​ကို​ချစ်​၍ ငါ​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​လာ​ကြောင်း​ကို​လည်း​ယုံ​ကြည်​သ​ဖြင့် ခ​မည်း​တော်​သည်​သင်​တို့​အား​ချစ်​တော်​မူ​၏။- ငါ​သည်​ခ​မည်း​တော်​ထံ​မှ​ထွက်​ခွာ​၍ ဤ လော​က​သို့​ကြွ​လာ​ခဲ့​၏။ ယ​ခု​ဤ​လော​က မှ​ထွက်​ခွာ​၍ ခ​မည်း​တော်​၏​ထံ​သို့​ငါ​သွား တော့​မည်'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``ကိုယ်​တော်​သည် ယ​ခု​အ​ခါ ၌​ပုံ​ပ​မာ​မ​ဆောင်​ဘဲ​ပွင့်​လင်း​စွာ​မိန့်​တော်​မူ ပါ​၏။- ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သိ တော်​မူ​ကြောင်း ယ​ခု​အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မေး​လျှောက်​ရန် မ​လို​တော့​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​ထံ​တော်​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် ဖြစ်​သည် ကို​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​ယ​ခု​ယုံ​ကြ​ပြီ​လော။- သင်​တို့​သည်​မိ​မိ​တို့​အိမ်​သို့​အ​သီး​သီး​ထွက် ပြေး​သွား​ကြ​မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့် မည်။ ငါ​သည်​လည်း​အ​ထီး​တည်း​ကျန်​ရစ်​လိမ့် မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ​ရောက်​လျက် ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ငါ​သည်​အ​ကယ်​ပင် အ​ထီး​တည်း​နေ​သည်​မ​ဟုတ်။- သင်​တို့​သည်​လော​က​တွင်​ဆင်း​ရဲ​ဒုက္ခ​နှင့်​တွေ့ ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​လော​က​ကို​အောင်​ပြီ'' ဟု​မိန့်​တော် မူ​၏။

ရှင်ယောဟန် 16:23-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့​၌ သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ ငါ့​အား​မေးမြန်း​ကြ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် တစ်စုံတစ်ခု​ကို ငါ​၏​နာမ​၌ ခမည်းတော်​ထံ တောင်းလျှောက်​ကြ​လျှင် ခမည်းတော်​သည်​ပေး​တော်မူ​မည်။ သင်​တို့​သည် ယခု​တိုင်အောင် ငါ့​နာမ​၌ မည်သည့်​အရာ​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​စေရန် တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်မည်။ ဤ​အရာ​များ​ကို ပုံ​ဥပမာ​အားဖြင့် သင်​တို့​အား ငါ​ဟောပြော​ခဲ့​သော်လည်း ပုံ​ဥပမာ​အားဖြင့် မ​ဟောပြော​တော့​ဘဲ ခမည်းတော်​၏​အကြောင်း​ကို သင်​တို့​အား အတိအလင်း​ငါ​ဖော်ပြ​မည့်​အချိန်​ကာလ​ရောက်လာ​တော့မည်။ ထို​နေ့​တွင် သင်​တို့​သည် ငါ့​နာမ​၌ တောင်းလျှောက်​ကြ​လိမ့်မည်။ သင်​တို့​အတွက် ခမည်းတော်​ထံ ငါ​တောင်း​ပေး​မည်​ဟု ငါ​မ​ဆို​ပေ။ အကြောင်းမူကား သင်​တို့​သည် ငါ့​ကို​ချစ်​၍ ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​သည်​ကို ယုံကြည်​ကြ​သောကြောင့် ခမည်းတော်​ကိုယ်တော်​တိုင် သင်​တို့​ကို​ချစ်​တော်မူ​၏။ ငါ​သည် ခမည်းတော်​ထံမှ ကြွလာ​၍ ဤ​လောက​သို့ ရောက်​ခဲ့​၏။ တစ်ဖန် ဤ​လောက​မှ ထွက်ခွာ​၍ ခမည်းတော်​ထံသို့ သွား​တော့​မည်”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က “ယခု ကိုယ်တော်​သည် ပုံ​ဥပမာ​ကို​မ​ဆောင်​တော့​ဘဲ အတိအလင်း​မြွက်ဆို​တော်မူ​၏။ ကိုယ်တော်​သည် အလုံးစုံ​တို့​ကို သိမြင်​တော်မူ​၍ မည်သူမျှ ကိုယ်တော်​ကို မေးလျှောက်​စရာ​မ​လို​ကြောင်း ယခု အကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ဤ​အကြောင်း​ကို​ထောက်၍ ကိုယ်တော်​သည် ဘုရားသခင်​ထံမှ​ကြွလာ​တော်မူ​သည်​ကို အကျွန်ုပ်​တို့​ယုံကြည်​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“ယခု သင်​တို့​ယုံကြည်​ကြ​သလော။ ကြည့်ရှု​လော့။ သင်​တို့​သည် တစ်ကွဲတစ်ပြား​စီ​ဖြစ်​လျက် မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်သွား​ကြ​ကာ ငါ့​ကို တစ်ကိုယ်တည်း​ပစ်ထား​မည့်​အချိန်​ရောက်လာ​မည်​ဖြစ်​ရာ ယခု​ပင်​ရောက်လာ​လေ​ပြီ။ သို့ရာတွင် ခမည်းတော်​သည် ငါ​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ငါ​သည် တစ်ကိုယ်တည်း​မ​ဟုတ်။ သင်​တို့​သည် ငါ့​အားဖြင့် ငြိမ်သက်​ခြင်း​ရှိ​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ဟောပြော​ပြီ။ သင်​တို့​သည် ဤ​လောက​၌ ဆင်းရဲ​ဒုက္ခ​နှင့်​ကြုံတွေ့​ရ​ကြ​လိမ့်မည်။ သို့သော် မစိုးရိမ်​ကြ​နှင့်။ ငါ​သည် ဤ​လောက​ကို​အောင်နိုင်​ပြီ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။