YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:16-24

ရှင်ယောဟန် 16:16-24 Judson Bible (JBMLE)

ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို​မြင်​ပြန်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​အ​ချို့​က​လည်း၊ ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည်​ငါ့​ကို မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို မြင်​ပြန်​ကြ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဟူ၍​လည်း​ကောင်း၊ မိန့်​တော်​မူ​သော​စ​ကား​သည် အ​ဘယ်​သို့​နည်း။- ခ​ဏ​ဟူ၍​မိန့်​တော်​မူ​သော် အ​ဘယ်​သို့​ဆို​လို​သ​နည်း။ မိန့်​တော်​မူ​သော​စ​ကား​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​လည်​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။- တ​ပည့်​တော်​တို့​သည် မေး​လျှောက်​လို​သည်​ကို ယေ​ရှု​သိ​မြင်​တော်​မူ​လျှင်၊ ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို​မြင်​ပြန်​ကြ​လိမ့်​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​သည် အ​ချင်း​ချင်း ဆင်​ခြင်​ကြ​သ​လော။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လိမ့်​မည်။ လော​ကီ​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း ထို​ဝမ်း​နည်း​ခြင်း​သည် တစ်​ဖန် ဝမ်း​မြောက်​ခြင်း ဖြစ်​လိမ့်​မည်။- မိန်း​မ​သည်​သား​ကို ဖွား​စဉ်​အ​ခါ ဖွား​ရ​သော​အ​ချိန်​စေ့​သော​ကြောင့် ဝမ်း​နည်း​ခြင်း​ရှိ၏။ ဖွား​မြင်​ပြီး​မှ ဤ​လော​က၌ လူ​တစ်​ယောက်​ကို​ဖွား​မြင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၍၊ အ​ထက်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို မေ့​လျော့​တတ်၏။- ထို​နည်း​တူ၊ ယ​ခု​တွင် သင်​တို့​သည် ဝမ်း​နည်း​ခြင်း​ရှိ​ကြ​သော်​လည်း၊ နောက်​တစ်​ဖန် သင်​တို့​ကို ငါ​တွေ့​မြင်​သ​ဖြင့် သင်​တို့​သည် စိတ်​နှ​လုံး​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။ ထို​ဝမ်း​မြောက်​ခြင်း​ကို အ​ဘယ်​သူ​မျှ လု​ယူ​ဖျက်​ဆီး​ခြင်း​ငှာ မ​တတ်​နိုင်။- ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။- ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။

ရှင်ယောဟန် 16:16-24 Common Language Bible (BCL)

``အ​ချိန်​အ​နည်း​ငယ်​ကြာ​လျှင်​သင်​တို့​ငါ့ ကို​တွေ့​မြင်​ကြ​တော့​မည်​မ​ဟုတ်။ ထို့​နောက် အ​ချိန်​အ​နည်း​ငယ်​ကြာ​ပြန်​သော်​ငါ့​ကို ပြန်​၍​တွေ့​မြင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​အ​ချို့​တို့​က ``အ​ချိန်​အ​နည်း ငယ်​ကြာ​လျှင်​သင်​တို့​ငါ့​ကို​တွေ့​မြင်​ကြ​တော့ မည်​မ​ဟုတ်။ ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ ပြန်​သော်​ငါ့​ကို​ပြန်​၍​တွေ့​မြင်​ကြ​လိမ့်​မည်' ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်။ ထို​မှ​တစ်​ပါး​လည်း ကိုယ်​တော်​က`ငါ​သည်​ခ​မည်း​တော်​ထံ​သို့​သွား ရ​မည်' ဟု​လည်း​ဆို​သည်။- `အ​ချိန်​အ​နည်း​ငယ်​ကြာ​လျှင်' ဆို​သည်​ကား အ​ဘယ်​သို့​ဆို​လို​သ​နည်း။ အ​ဘယ်​အ​မှု အ​ရာ​အ​ကြောင်း​ကိုယ်​တော်​မိန့်​မြွက်​တော် မူ​သည်​ကို​ငါ​တို့​မ​သိ'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ထို​သူ​တို့​လျှောက် ထား​မေး​မြန်း​လို​ကြောင်း​သိ​တော်​မူ​သ​ဖြင့် ``သင် တို့​အ​ချင်း​ချင်း​အ​ဘယ်​အ​ကြောင်း​ကို​မေး​မြန်း ပြော​ဆို​လျက်​နေ​ကြ​သ​နည်း။ `အ​ချိန်​အ​နည်း ငယ်​ကြာ​လျှင်​သင်​တို့​ငါ့​ကို​တွေ့​မြင်​ကြ​တော့ မည်​မ​ဟုတ်' ဟူ​၍​လည်း​ကောင်း၊ ထို​နောက် `အ​ချိန် အ​နည်း​ငယ်​ကြာ​ပြန်​သော်​ငါ့​ကို​ပြန်​၍​တွေ့ မြင်​ကြ​လိမ့်​မည်' ဟူ​၍​လည်း​ကောင်း​ငါ​ပြော သော​စ​ကား​များ​နှင့်​ပတ်​သက်​၍​လော။- ဧ​ကန်​အ​မှန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။ လော​က​သား​တို့​မူ​ကား​ဝမ်း​မြောက်​ကြ​လိမ့် မည်။ သင်​တို့​သည်​ဝမ်း​နည်း​ကြ​သော်​လည်း​ထို ဝမ်း​နည်း​ခြင်း​သည် ဝမ်း​မြောက်​ခြင်း​အ​ဖြစ် သို့​ပြောင်း​လဲ​သွား​လိမ့်​မည်။- အ​မျိုး​သ​မီး​တစ်​ဦး​သည်​မီး​ဖွား​ချိန်​ရောက် သော​အ​ခါ​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ​စား​ရ​၏။ မီး ဖွား​ပြီး​သော​အ​ခါ​၌​မူ​ကား​လော​က​သို့​လူ တစ်​ယောက်​ဖွား​မြင်​လာ​သ​ဖြင့် မိ​မိ​ခံ​စား ခဲ့​ရ​သော​ဝေ​ဒ​နာ​ကို​သ​တိ​မ​ရ​တော့​ပေ။- သင်​တို့​သည်​လည်း​ယ​ခု​အ​ခါ​ဝမ်း​နည်း​လျက် ရှိ​ကြ​၏။ သို့​သော်​လည်း​သင်​တို့​နှင့်​တစ်​ဖန်​ငါ ပြန်​၍​တွေ့​ဦး​မည်​ဖြစ်​သ​ဖြင့် သင်​တို့​သည် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သင်​တို့​၏​ဝမ်း​မြောက် ခြင်း​ကို​အ​ဘယ်​သူ​မျှ​မ​နုတ်​မ​ယူ​နိုင်။'' ``ထို​နေ့​၌​သင်​တို့​သည်​ငါ့​အား​အ​ဘယ်​အ​ရာ ကို​မျှ​တောင်း​လျှောက်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည် ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​တောင်း​လျှောက် သ​မျှ​သော​အ​ရာ​တို့​ကို​ခ​မည်း​တော်​သည်​သင် တို့​အား​ချ​ပေး​တော်​မူ​လိမ့်​မည်။- ယ​ခု​အ​ချိန်​တိုင်​အောင်​သင်​တို့​သည်​ငါ​၏ နာ​မ​ကို​အ​မှီ​ပြု​၍​အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း​မ​လျှောက်​ကြ​ရ​သေး။ ဝမ်း​မြောက်​ခြင်း အ​ပြည့်​အ​ဝ​ရ​ရှိ​နိုင်​ရန်​တောင်း​လျှောက်​ကြ လော့။ သင်​တို့​တောင်း​လျှောက်​သည့်​အ​တိုင်း​ရ​ရှိ ကြ​လိမ့်​မည်။''

ရှင်ယောဟန် 16:16-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​တော့မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​အချို့​တို့​သည် “‘ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟူ၍​လည်းကောင်း၊‘ငါ​သည် ခမည်းတော်​ထံသို့ သွား​တော့မည်’​ဟူ၍​လည်းကောင်း ငါ​တို့​အား မိန့်​တော်မူ​သော​ဤ​စကား​မှာ မည်သို့​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ တစ်ဖန် သူ​တို့​က “‘ခဏ​ကြာ​လျှင်’​ဟူ၍ မိန့်​တော်မူ​သော​ဤ​စကား​မှာ မည်သို့​နည်း။ ကိုယ်တော်​မိန့်​တော်မူ​သော​အရာ​ကို ငါ​တို့​နား​မ​လည်​ကြ”​ဟု ပြောဆို​ကြ​၏။ ယေရှု​သည် မိမိ​အား တပည့်​တော်​တို့​မေးလျှောက်​လို​ကြ​သည်​ကို သိမြင်​တော်မူ​လျှင်“ ‘ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟု ငါ​ပြော​သော​စကား​နှင့်​ပတ်သက်၍ အချင်းချင်း​မေးမြန်း​ပြောဆို​နေ​ကြ​သလော။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် ငိုကြွေး​လျက်​မြည်တမ်း​ကြ​လိမ့်မည်။ ဤ​လောက​မူကား ဝမ်းမြောက်​လိမ့်မည်။ သင်​တို့​သည် ဝမ်းနည်း​ကြ​သော်လည်း သင်​တို့​၏​ဝမ်းနည်း​ခြင်း​သည် ဝမ်းမြောက်​ခြင်း​ဖြစ်​သွား​လိမ့်မည်။ အမျိုးသမီး​တစ်​ဦး​သည် သားဖွား​သောအခါ မွေးဖွား​ချိန်​ရောက်လာ​သောကြောင့် ပူဆွေး​ခြင်း​ရှိ​တတ်​၏။ သို့ရာတွင် ကလေး​မွေးဖွား​ပြီး​သောအခါ ဤ​လောက​တွင် လူ​တစ်​ယောက်​မွေးဖွား​သည့်​အတွက် ဝမ်းမြောက်​ခြင်း​ရှိ​သဖြင့် ခံစား​ခဲ့​ရ​သော​ဒုက္ခ​ဝေဒနာ​ကို သတိ​မ​ရ​တော့​ပေ။ ထို့အတူ သင်​တို့​သည် ယခု​ဝမ်းနည်း​ခြင်း​ရှိ​ကြ​သော်လည်း ငါ​သည် သင်​တို့​နှင့် တစ်ဖန် ပြန်​တွေ့​မည်​ဖြစ်​သောကြောင့် သင်​တို့​၏​စိတ်နှလုံး​သည် ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်စုံ​ကြ​လိမ့်မည်။ ထို​ဝမ်းမြောက်​ခြင်း​ကို မည်သူမျှ သင်​တို့​ထံမှ မ​နုတ်ယူ​နိုင်​ရာ။ ထို​နေ့​၌ သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ ငါ့​အား​မေးမြန်း​ကြ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် တစ်စုံတစ်ခု​ကို ငါ​၏​နာမ​၌ ခမည်းတော်​ထံ တောင်းလျှောက်​ကြ​လျှင် ခမည်းတော်​သည်​ပေး​တော်မူ​မည်။ သင်​တို့​သည် ယခု​တိုင်အောင် ငါ့​နာမ​၌ မည်သည့်​အရာ​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​စေရန် တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။