YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 12:20-33

ရှင်ယောဟန် 12:20-33 Judson Bible (JBMLE)

ကိုး​ကွယ်​ခြင်း​အ​မှု​နှင့် ထို​ပွဲ​သို့ ရောက်​လာ​သော​သူ​တို့​တွင် ဟေ​လ​သ​လူ​အ​ချို့​ပါ၏။- ထို​သူ​တို့​သည် ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​သော ဖိ​လိ​ပ္ပု​ထံ​သို့​သွား၍ အ​ကျွန်ုပ်​တို့​သည် ယေ​ရှု​ကို မြင်​ချင်​ပါ​သည်​ခင်​ဗျား​ဟု တောင်း​ပန်​ကြ၏။- ဖိ​လိ​ပ္ပု​သည်​သွား၍ အ​န္ဒြေ​ကို ကြား​ပြော​ပြီး​မှ၊ ထို​သူ​နှစ်​ယောက်​တို့​သည် ယေ​ရှု​ကို​လျှောက်၏။- ယေ​ရှု​က​လည်း၊ လူ​သား​သည် ဘုန်း​ပွင့်​ရ​သော​အ​ချိန်​ရောက်​ပြီ။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မြေ၌​ကျ​သော​စ​ပါး​စေ့​သည် မ​ပျက်​လျှင် တစ်​ခု​တည်း​နေ၏။ ပျက်​လျှင်​မူ​ကား များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။- မိ​မိ​အ​သက်​ကို နှ​မြော​သော​သူ​သည် အ​သက်​ဆုံး​လိမ့်​မည်။ ဤ​လော​က၌ မိ​မိ​အ​သက်​ကို မုန်း​သော​သူ​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ကို စောင့်​ရှောက်​လျက်​နေ၏။- ငါ၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ငါ၏​အ​မှု​ဆောင်​သည်​လည်း ငါ​ရှိ​ရာ​အ​ရပ်၌ ရှိ​ရ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ထို​သူ​ကို​ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လ​တ္တံ့။ ငါ​သည် ယ​ခု​စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၏။ အ​ဘယ်​သို့ ငါ​လျှောက်​ရ​မည်​နည်း။ ထို​အ​ချိန်​မှ​စ၍ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ၊ အ​ဘ​ဟု လျှောက်​ရ​မည်​လော။ အ​ကြောင်း​ရှိ၍​သာ ထို​အ​ချိန်​သို့​ရောက်​လာ​ပြီ။- အို အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​ကို ချီး​မြှောက်​တော်​မူ​ပါ​ဟု မိန့်​မြွက်​တော်​မူ၏။ ထို​အ​ခါ ကောင်း​ကင်​မှ စ​ကား​သံ​ကား၊ ငါ​ချီး​မြှောက်​ခဲ့​ပြီ၊ တစ်​ဖန် ချီး​မြှောက်​ဦး​မည်​ဟု​လာ၏။- ဝန်း​ရံ​လျက်​ရှိ​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကြား​လျှင် မိုး​ချုန်း​သည်​ဟု​ဆို​ကြ၏။ အ​ချို့​က​လည်း ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​မြွက်​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​က၊ ထို​စ​ကား​သံ​သည် ငါ့​အ​ဖို့​အ​လို​ငှာ လာ​သည်​မ​ဟုတ်၊ သင်​တို့​အ​ဖို့​အ​လို​ငှာ​လာ၏။- ယ​ခု​တွင် ဤ​လော​က​သည် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။ ယ​ခု​တွင် ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် ပြင်​သို့ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။- ငါ​သည်​လည်း မြေ​ကြီး​နှင့်​ခွာ၍ မြှောက်​ထား​ခြင်း​ကို ခံ​ရ​လျှင် လူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​သို့ ငါ​ဆွဲ​မည်​ဟု မိန့်​တော်​မူ၏။- ထို​သို့ မိန့်​တော်​မူ​သော်၊ မိ​မိ​သည် အ​ဘယ်​သို့​သေ​ရ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။

ရှင်ယောဟန် 12:20-33 Common Language Bible (BCL)

ပွဲ​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ကြ​သော​လူ​တို့​အ​ထဲ​တွင် ဂ​ရိ​အ​မျိုး​သား​အ​ချို့​ပါ​၏။- သူ​တို့​သည် (ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ် သူ) ဖိ​လိပ္ပု​ထံ​သို့​သွား​ကြ​၍ ``ဆ​ရာ၊ အ​ကျွန်ုပ် တို့​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လို​ပါ​သည်'' ဟု ပြော​ကြား​ကြ​၏။ ဖိ​လိပ္ပု​သည်​အန္ဒြေ​ထံ​သို့​သွား​၍​ထို​အ​ကြောင်း​ကို ပြော​ပြ​၏။ ထို​နောက်​ထို​သူ​နှစ်​ဦး​တို့​သည်​သ​ခင် ယေ​ရှု​ထံ​တော်​သို့​သွား​၍​ထို​အ​ကြောင်း​ကို​လျှောက် ထား​ကြ​၏။- သ​ခင်​ယေ​ရှု​က ``လူ​သား​ဘုန်း​အ​သ​ရေ​ပွင့် မည့်​အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဂျုံ​စေ့​သည်​မြေ​သို့​မ​ကျ၊ မ​ကျေ​မ​ပျက်​ဘဲ ရှိ​ပါ​မူ​အ​စေ့​တစ်​စေ့​ထက်​ပို​မို​ပွား​များ လာ​လိမ့်​မည်​မ​ဟုတ်။ ကျေ​ပျက်​၍​သွား​လျှင် မူ​ကား​များ​စွာ​သော​သီး​နှံ​တို့​ကို​ဖြစ်​ထွန်း စေ​တတ်​၏။- မိ​မိ​အ​သက်​ကို​ချစ်​သော​သူ​သည်​အ​သက် ဆုံး​ရှုံး​လိမ့်​မည်။ ဤ​လော​က​တွင်​မိ​မိ​အ​သက် ကို​မုန်း​သော​သူ​သည် မိ​မိ​အ​သက်​ကို​အ​စဉ် ထာ​ဝ​ရ​စောင့်​ရှောက်​ထိန်း​သိမ်း​လိမ့်​မည်။- ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သော​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ သို့​မှ​သာ​ငါ​ရှိ​ရာ အ​ရပ်​၌​သူ​သည်​လည်း​ရှိ​လိမ့်​မည်။ ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​သော​သူ​ကို​ခ​မည်း​တော် သည်​ချီး​မြှောက်​တော်​မူ​လိမ့်​မည်။ ``ငါ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ ငါ​အ​ဘယ် သို့​မြွက်​ဆို​ရ​အံ့​နည်း။ `အို ခ​မည်း​တော်၊ အ​ကျွန်ုပ် အား​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ရောက်​ချိန်​နှင့်​ကင်း​လွတ် စေ​တော်​မူ​ပါ' ဟု​မြွက်​ဆို​ရ​မည်​လော။ သို့​ရာ တွင်​ငါ​သည်​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခံ​ဖို့​ရန်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။- အို ခ​မည်း​တော်၊ ကိုယ်​တော်​ရှင်​၏​နာ​မ​တော် အား​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ ပါ'' ဟု​မြွက်​ဆို​တော်​မူ​၏။ ထို​အ​ခါ​ကောင်း​ကင်​မှ ``ငါ​သည်​နာ​မ​တော် ကို​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​ပြီ။ နောက် တစ်​ဖန်​လည်း​ထွန်း​တောက်​စေ​ဦး​မည်'' ဟု​အ​သံ တော်​ပေါ်​ထွက်​လာ​၏။ ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ​သော​လူ​ပ​ရိ​သတ် သည်​ထို​အ​သံ​ကို​ကြား​၍​အ​ချို့​က ``မိုး​ချုန်း သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​စ​ကား​ပြော​သည်'' ဟု​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ဤ​အ​သံ​တော်​ပေါ်​ထွက်​လာ ခြင်း​သည်​ငါ​၏​အ​တွက်​မ​ဟုတ်။ သင်​တို့​၏​အ​တွက် ဖြစ်​၏။- ဤ​လော​က​သည်​ယ​ခု​ပင်​လျှင်​တ​ရား​စီ​ရင် ခြင်း​ခံ​ရ​လေ​ပြီ။ လော​က​ကို​အ​စိုး​ရ​သူ သည်​လည်း​ယ​ခု​ပင်​နှိမ်​နင်း​ခြင်း​ခံ​ရ​ပေ တော့​မည်။- ငါ​သည်​မြေ​မှ​မြှောက်​ထား​ခြင်း​ခံ​ရ​သော​အ​ခါ လူ​ခပ်​သိမ်း​တို့​ကို​ငါ​ထံ​သို့​ဆွဲ​ဆောင်​မည်'' ဟု မိန့်​တော်​မူ​၏။- (ဤ​သို့​မိန့်​တော်​မူ​ရာ​တွင်​မိ​မိ​သည်​အ​ဘယ် သို့​အ​သေ​ခံ​ရ​မည်​ကို​အ​ရိပ်​အ​မြွက်​အား ဖြင့်​ဖော်​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။)

ရှင်ယောဟန် 12:20-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပွဲတော်​တွင် ဝတ်ပြု​ကိုးကွယ်​ရန် တက်​လာ​ကြ​သော​သူ​တို့​ထဲ၌ ဂရိ​လူမျိုး​အချို့​ပါ​၏။ သူ​တို့​သည် ဂါလိလဲ​နယ်၊ ဗက်ဇဲဒ​မြို့သား ဖိလိပ္ပု​ထံ​ချဉ်းကပ်​၍ “ဆရာ၊ အကျွန်ုပ်​တို့​သည် ယေရှု​ကို​တွေ့မြင်​လို​ပါ​သည်”​ဟု တောင်းဆို​ကြ​၏။ ဖိလိပ္ပု​သည်​သွား​၍ အန္ဒြေ​ကို​ပြောပြ​ပြီးလျှင် အန္ဒြေ​နှင့်​ဖိလိပ္ပု​တို့​သည်​လာ​၍ ယေရှု​ထံ​လျှောက်ထား​ကြ​၏။ ထိုအခါ ယေရှု​က“လူ့သား​ကို ဘုန်း​တော်​ထင်ရှား​စေ​မည့်​အချိန် ရောက်လာ​ပြီ။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ဂျုံ​စေ့​တစ်​စေ့​သည် မြေ​၌​ကျ​၍ မ​ပျက်စီး​လျှင် တစ်စေ့တည်း​ရှိ​နေ​၏။ ပျက်စီး​လျှင်​မူကား များစွာ​သော​အသီး​ကို ဖြစ်ထွန်း​စေ​တတ်​၏။ မိမိ​အသက်​ကို​တွယ်တာ​သော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ဤ​လောက​၌ မိမိ​အသက်​ကို​မုန်း​သော​သူ​မူကား ထို​အသက်​ကို ထာဝရ​အသက်​အတွက် စောင့်ရှောက်​လိမ့်မည်။ မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ထိုအခါ ငါ​ရှိ​ရာ​အရပ်​၌ ငါ​၏​အမှုဆောင်​လည်း​ရှိ​လိမ့်မည်။ မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​ကို ခမည်းတော်​သည် ချီးမြှောက်​တော်မူ​လိမ့်မည်။ ယခု ငါ့​စိတ်​ပူပန်​လျက်​ရှိ​၏။ ငါ​မည်သို့​လျှောက်​ရ​ပါ​မည်နည်း။ ‘အို အဖ၊ ဤ​အချိန်​နာရီ​မှ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ’​ဟူ၍ လျှောက်​ရ​ပါ​မည်​လော။ သို့ရာတွင် ငါ​သည် ဤ​အတွက်​ကြောင့် ယခု​အချိန်​နာရီ​သို့ ရောက်လာ​ခဲ့​၏။ ‘အို အဖ၊ ကိုယ်တော်​၏​နာမ​တော်​အား ဘုန်း​တော်​ထင်ရှား​စေ​တော်မူ​ပါ’”​ဟု မြွက်ဆို​တော်မူ​၏။ ထိုအခါ “ငါ​သည် ဘုန်း​တော်​ထင်ရှား​စေ​ခဲ့​ပြီ။ နောက်တစ်ဖန်​လည်း ထင်ရှား​စေ​ဦး​မည်”​ဟု ကောင်းကင်​မှ​အသံ​တော်​လာ​၏။ အနီးနား​၌​ရပ်​နေ​၍ ထို​အသံ​ကို​ကြား​ကြ​သော လူထု​ပရိသတ်​တို့​က “မိုးချုန်း​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “ကောင်းကင်တမန်​က သူ့​ကို​မြွက်ဆို​သည်”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“ဤ​အသံ​တော်​သည် ငါ့​အတွက်​မ​ဟုတ်​ဘဲ သင်​တို့​အတွက်​လာ​၏။ ယခု​သည် ဤ​လောက​၏​တရား​စီရင်​ခြင်း​ကာလ​ဖြစ်​၏။ ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် ယခု နှင်ထုတ်​ခြင်း​ခံရ​မည်။ ငါ​သည်​လည်း မြေ​မှ မြှောက်​ထား​ခြင်း​ခံရ​သောအခါ လူ​ခပ်သိမ်း​တို့​ကို ငါ့​ထံသို့​ဆွဲငင်​မည်”​ဟု မိန့်​တော်မူ​၏။ ဤသို့​မိန့်​တော်မူ​ခြင်းမှာ မိမိ​သည်​မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အသေခံ​ရ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခြင်း​ဖြစ်​၏။