YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 12:1-19

ရှင်ယောဟန် 12:1-19 Judson Bible (JBMLE)

ပ​သ​ခါ​ပွဲ​ခံ​ချိန် ခြောက်​ရက်​လို​သေးသော​အ​ခါ၊ အ​ထက်​က​သေ​လွန်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​နေ​ရာ​အ​ရပ်၊ ဗေ​သ​နိ​ရွာ​သို့ ယေ​ရှု​သည်​ရောက်​တော်​မူ၏။- ထို​ကြောင့် ထို​သူ​တို့​သည်​ပွဲ​လုပ်​ကြ​သ​ဖြင့် မာ​သ​သည် လုပ်​ကျွေး​မှု​ကို​ဆောင်၍၊ လာ​ဇ​ရု​သည် ကိုယ်​တော်​နှင့်​အ​တူ လျောင်း​သော​သူ​တို့ အ​ဝင်​ဖြစ်၏။- ထို​အ​ခါ မာ​ရိ​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ် အ​ကျပ်​သုံး​ဆယ်​ကို​ယူ၍၊ ယေ​ရှု၏​ခြေ​တော်​ကို လိမ်း​ပြီး​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သ​ဖြင့်၊ ထို​ဆီ၏​အ​မွှေး​သည် တစ်​အိမ်​လုံး​ကို​နှံ့​ပြား၏။- တ​ပည့်​တော်​တို့ အ​ဝင်​ဖြစ်၍ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ၊ ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်​က၊- ထို​ဆီ​မွှေး​ကို ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​အ​ဖိုး​နှင့် ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား အ​ဘယ်​ကြောင့် မ​ပေး​သ​နည်း​ဟု​ဆို၏။- ထို​သို့​ဆို​သော်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ကျိုး​ကို ထောက်၍ ဆို​သည်​မ​ဟုတ်။ မိ​မိ​သည် သူ​ခိုး​ဖြစ်​လျက်၊ တ​ပည့်​တော်​များ​သုံး​ရန် ငွေ​အိတ်​ကို​ဆောင်၍ နှိုက်​ယူ​တတ်​သော​ကြောင့်​သာ ဆို​သ​တည်း။- ယေ​ရှု​သည်​လည်း၊ ထို​မိန်း​မ​ကို​ရှိ​စေ​တော့။ ငါ၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ခြင်း​ငှာ ပြင်​ဆင်​သော​နေ့​တိုင်​အောင် သူ​သည် ဤ​ဆီ​မွှေး​ကို သို​ထား​ပြီ။- ဆင်း​ရဲ​သော​သူ​တို့​ကား သင်​တို့၌​အ​စဉ်​ရှိ​ကြ၏။ ငါ​မူ​ကား၊ အ​စဉ်​ရှိ​သည်​မ​ဟုတ်​ဟု မိန့်​တော်​မူ၏။ ထို​အ​ရပ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ကို ယု​ဒ​လူ​များ​အ​ပေါင်း​တို့​သည် သိ​လျှင်၊ ကိုယ်​တော်​ကြောင့်​သာ လာ​သည်​မ​ဟုတ်။ သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​ကို​မြင်​ခြင်း​ငှာ လာ​ကြ၏။- ထို​သို့ ယု​ဒ​လူ​များ​တို့​သည် လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​သ​ဖြင့် ထွက်​သွား၍၊- ယေ​ရှု​ကို ယုံ​ကြည်​သော​ကြောင့်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် လာ​ဇ​ရု​ကို​လည်း သတ်​ခြင်း​ငှာ တိုင်​ပင်​စီ​ရင်​ကြ၏။ နက်​ဖြန်​နေ့၌ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​လာ​တော်​မူ​သည်​ကို၊ ထို​ပွဲ​သို့​လာ​သော လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​သည် ကြား​ရ​လျှင်၊- စွန်​ပ​လွံ​ခက်​များ​ကို ကိုင်​လျက်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၍၊ ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- ကျမ်း​စာ၌​လာ​သည်​ကား၊- အို ဇိ​အုန်​သ​တို့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​က​လေး​ကို​စီး၍ သင်​ရှိ​ရာ​သို့ ကြွ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည်​မြည်း​က​လေး​ကို​တွေ့၍ စီး​တော်​မူ၏။- ထို​အ​ကြောင်း​အ​ရာ​ကို တ​ပည့်​တော်​တို့​သည် အ​စ​အ​ဦး၌​နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို ရည်​မှတ်၍ ထို​သို့​ရေး​ထား​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား ထို​သို့​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ ဘုန်း​ပွင့်​တော်​မူ​သည်​နောက် သ​တိ​ရ၍ မှတ်​မိ​ကြ၏။ နောက်​တော်​သို့​လိုက်​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကား၊ လာ​ဇ​ရု​ကို သင်္ချိုင်း​တွင်း​မှ​ခေါ်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။- ထို​နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ​တော်​မူ​သည်​ဟု လူ​များ​တို့​သည် သ​တင်း​ကြား​သော​ကြောင့်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၏။- ဖာ​ရိ​ရှဲ​အ​ချင်း​ချင်း​တို့​လည်း၊ သင်​တို့​သည် အ​လျှင်း​မ​တတ်​နိုင်။ ဤ​လော​က​သည် ထို​သူ​နောက်​သို့ လိုက်​သွား​ပါ​ပြီ​တ​ကား​ဟု ပြော​ဆို​ကြ၏။

ရှင်ယောဟန် 12:1-19 Common Language Bible (BCL)

ပ​သ​ခါ​ပွဲ​တော်​ကျ​ရောက်​ရန်​ခြောက်​ရက်​မျှ အ​လို​၌ သေ​လွန်​ပြီး​မှ​ပြန်​၍​အ​သက်​ရှင် စေ​တော်​မူ​ခဲ့​သူ လာ​ဇ​ရု​နေ​ထိုင်​ရာ​ဗေ​သ​နိ ရွာ​သို့​သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​၏။- ကိုယ်​တော်​အား​ည​စာ​ဖြင့်​ဧည့်​ခံ​ရာ​၌​မာ​သ​က ဧည့်​ဝတ်​ကို​ပြု​၏။ ကိုယ်​တော်​နှင့်​အ​တူ​စား​ပွဲ​တွင် ထိုင်​ကြ​သူ​များ​အ​ထဲ​တွင်​လာ​ဇ​ရု​လည်း​ပါ​၏။- ထို​အ​ခါ​မာ​ရိ​သည်​အ​လွန်​အ​ဖိုး​ထိုက်​သော နာ​ဒု​ဆီ​မွှေး​အ​စစ်​သုံး​ဆယ်​သား​ကို​ယူ​၍ သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီး​နောက် မိ​မိ​၏​ဆံ​ပင်​နှင့်​သုတ်​လေ​၏။ ဤ​ဆီ​မွှေး​၏ ရ​နံ့​သည်​တစ်​အိမ်​လုံး​မွှေး​ကြိုင်​လျက်​ရှိ​၏။- တ​ပည့်​တော်​တစ်​ဦး​ဖြစ်​သူ​ယု​ဒ​ရှ​ကာ​ရုတ် က ``ဤ​ဆီ​မွှေး​ကို​အ​ဘယ်​ကြောင့်​ဒေ​နာ​ရိ သုံး​ရာ​ဖြင့်​ရောင်း​၍ ဆင်း​ရဲ​သူ​တို့​အား​မ​စွန့် မ​ကြဲ​ပါ​သ​နည်း'' ဟု​ဆို​၏။ သူ​သည်​နောင် အ​ခါ​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​နှံ မည့်​သူ​ဖြစ်​သ​တည်း။- ဤ​သို့​ပြော​ဆို​ရာ​၌​သူ​သည်​ဆင်း​ရဲ​သူ​တို့ အား​ကြင်​နာ​ထောက်​ထား​၍​မ​ဟုတ်၊ ခိုး​ဝှက် တတ်​သူ​ဖြစ်​၍​သာ​လျှင်​ပြော​ဆို​ခြင်း​ဖြစ်​၏။ သူ​သည်​ငွေ​အိတ်​ကို​လွယ်​ရ​သူ​ဖြစ်​၍​ငွေ​များ ကို​ခိုး​ယူ​သုံး​စွဲ​လေ့​ရှိ​သ​တည်း။ သ​ခင်​ယေ​ရှု​က ``ထို​အ​မျိုး​သ​မီး​ကို မ​နှောင့်​ယှက်​နှင့်။ သူ​သည်​ငါ့​အလောင်း​ကို သင်္ဂြိုဟ်​မည့်​အ​ချိန်​အ​တွက်​ဤ​ဆီ​မွှေး​ကို သိမ်း​ထား​ပါ​လေ​စေ။- ဆင်း​ရဲ​သူ​တို့​သည်​သင်​တို့​နှင့်​အ​မြဲ​ပင် ရှိ​ကြ​၏။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ဗေ​သ​နိ​ရွာ​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​ကြောင်း ကြား​ရ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​သည် ထို​ရွာ​သို့​လာ​ရောက်​ကြ​၏။ သူ​တို့​သည်​သ​ခင် ယေ​ရှု​ကြောင့်​သာ​လျှင်​လာ​ကြ​သည်​မ​ဟုတ်။ ကိုယ်​တော်​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​ခဲ့ သူ လာ​ဇ​ရု​ကို​တွေ့​မြင်​လို​ကြ​သော​ကြောင့် လည်း​ဖြစ်​၏။- လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​၍​ယု​ဒ​အ​မျိုး သား​အ​များ​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​ကို မ​ဆည်း​ကပ်​ကြ​တော့​ဘဲ သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ဆည်း​ကပ်​လာ​ကြ​၏။ သို့​ဖြစ်​၍​ယဇ်​ပု ရော​ဟိတ်​ကြီး​တို့​သည်​လာ​ဇ​ရု​ကို​လည်း သတ်​ရန်​ကြံ​စည်​ကြ​၏။ နောက်​တစ်​နေ့​၌​ပ​သ​ခါ​ပွဲ​တော်​သို့​လာ ကြ​ကုန်​သော​လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မည်​ဟု​ကြား​သ​ဖြင့်၊- စွန်​ပ​လွံ​ခက်​များ​ကို​ကိုင်​ဆောင်​ကာ​ထွက်​သွား ပြီး​လျှင် ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ကြွ လာ​သော​အရှင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဣ​သ​ရေ​လ​ဘု​ရင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ သ​တည်း'' ဟု​ကြွေး​ကြော်​လျက်​ကိုယ်​တော်​အား ကြို​ဆို​ကြ​၏။ ကျမ်း​စာ​တော်​တွင်၊ ``အို ဇိ​အုန်​မြို့၊မ​ကြောက်​နှင့်၊ကြည့်​လော့၊ သင်​၏​ရှင်​ဘု​ရင်​သည်​မြည်း​က​လေး​ကို​စီး​လျက် ကြွ​လာ​လေ​ပြီ'' ဟု​ပါ​ရှိ​သည်​နှင့်​အ​ညီ​သ​ခင်​ယေ​ရှု​သည် မြည်း​တစ်​ကောင်​ကို​တွေ့​၍​ထို​မြည်း​ကို​စီး တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ထို​စဉ်​အ​ခါ​က​ဤ ကျမ်း​ချက်​ကို​နား​မ​လည်​ကြ။ သ​ခင်​ယေ​ရှု ဘုန်း​အ​သ​ရေ​ပွင့်​တော်​မူ​သော​အ​ခါ​ကျ​မှ ဤ​ကျမ်း​ချက်​ကား​ကိုယ်​တော်​၏​အ​ကြောင်း ဖော်​ပြ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏ အ​တွက်​ထို​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ပြန်​လည်​သ​တိ​ရ​ကြ​၏။ လာ​ဇ​ရု​အား​သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍​ရှင်​ပြန် စေ​တော်​မူ​စဉ်​အ​ခါ​က​နောက်​တော်​ပါ​ပ​ရိ​သတ် သည် အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​အ​ကြောင်း​ကို ပြန်​ကြား​ကြ​သ​ဖြင့် ကြား​ရ​သော​လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ကြို​ဆို​ရန်​လာ​ကြ​၏။ ဖာ​ရိ​ရှဲ​တို့​က ``ငါ​တို့​မှာ​လုံး​ဝ​အောင်​မြင်​မှု မ​ရှိ။ လော​က​တစ်​ခု​လုံး​ပင်​ထို​သူ့​နောက်​သို့ လိုက်​ပါ​သွား​ပါ​ပြီ​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။

ရှင်ယောဟန် 12:1-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပသခါ​ပွဲတော်​မတိုင်မီ ခြောက်​ရက်​အလို​တွင် ယေရှု​သည် ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။ ထို​ရွာ​သည် သေ​သော​သူ​တို့​ထဲမှ ယေရှု​ထမြောက်​စေ​ခဲ့​သော လာဇရု​နေထိုင်​ရာ​အရပ်​ဖြစ်​၏။ လူ​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​အတွက် ညစာ​ကို​ပြင်ဆင်​ကြ​ပြီး မာသ​သည် ဧည့်ဝတ်​ပြု​နေ​၏။ ကိုယ်တော်​နှင့်အတူ စားပွဲ​၌​ထိုင်​နေ​သူ​များ​ထဲတွင် လာဇရု​လည်း​ပါ​၏။ ထိုအခါ မာရိ​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​နှစ်ဆယ်​သား​ကို​ယူ​၍ ယေရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီးလျှင် မိမိ​ဆံပင်​နှင့် ခြေ​တော်​ကို​သုတ်​လေ​၏​။ ထို​ဆီမွှေး​၏​ရနံ့​သည်​လည်း တစ်​အိမ်​လုံး​ပျံ့နှံ့​သွား​၏။ သို့သော် တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်ပြီး ကိုယ်တော်​ကို​အပ်နှံ​တော့မည့်​သူ ယုဒ​ဣရှကာရုတ်​က “အဘယ်ကြောင့် ဤ​ဆီမွှေး​ကို ဒေနာရိ​သုံးရာ​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​အား မ​ပေးကမ်း​ခဲ့​သနည်း”​ဟု ဆို​၏။ ထိုသို့​ဆို​ခြင်း​မှာ သူ​သည် ဆင်းရဲသား​တို့​၏​အကျိုး​ကို ထောက်ထား​ငဲ့ညှာ​၍​မ​ဟုတ်​ဘဲ မိမိ​သည် သူခိုး​ဖြစ်​ပြီး ငွေ​အိတ်​ကို​ထိန်းသိမ်း​ရင်း ထည့်​ဝင်​ငွေ​ကို နှိုက်​ယူ​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။ ထို့ကြောင့် ယေရှု​က“ငါ့​ကို​သင်္ဂြိုဟ်​မည့်​နေ့​အတွက် သူ​သည် ဤ​ဆီမွှေး​ကို​သိမ်း​ထား​ခဲ့​သည်​ဖြစ်၍ သူ​ပြု​လို​ရာ​ပြု​ပါစေ။ အကြောင်းမူကား ဆင်းရဲသား​တို့​သည် သင်​တို့​တွင်​အစဉ်​ရှိ​ကြ​၏။ ငါ​မူကား သင်​တို့​တွင်​အစဉ်​ရှိ​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ များစွာ​သော​ဂျူး​လူမျိုး​အစုအဝေး​သည် ထို​အရပ်​၌ ယေရှု​ရှိ​တော်မူ​ကြောင်း​ကို ကြားသိ​သဖြင့် ယေရှု​ကြောင့်​သာ​မ​ဟုတ်​ဘဲ သေ​သော​သူ​တို့​ထဲမှ ကိုယ်တော်​ထမြောက်​စေ​တော်မူ​သော လာဇရု​ကို​လည်း​တွေ့မြင်​ရ​ရန် ရောက်လာ​ကြ​၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် လာဇရု​ကို​လည်း​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် များစွာ​သော​ဂျူး​လူမျိုး​တို့​သည် လာဇရု​ကြောင့် သူ​တို့​ကို​စွန့်ခွာ​၍ ယေရှု​ကို​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။ နောက်တစ်နေ့​တွင် ပွဲတော်​သို့​ရောက်လာ​သည့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ယေရှု​ကြွလာ​တော်မူ​မည်​ဟု​ကြားသိ​သဖြင့် စွန်ပလွံ​ခက်​များ​ကို​ကိုင်ဆောင်​လျက် ကိုယ်တော်​ကို​ကြိုဆို​ရန် ထွက်သွား​ကြ​၍ “ဟောရှဏ္ဏ၊ ထာဝရ​ဘုရား​၏​နာမ​တော်​အားဖြင့် ကြွလာ​တော်မူ​သော​အရှင်၊ အစ္စရေး​ဘုရင်​သည် မင်္ဂလာရှိ​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။ ယေရှု​သည် မြည်း​ငယ်​ကို​တွေ့​၍ စီး​တော်မူ​၏။ ဤသည်ကား “ဇိအုန်​သမီး၊ မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​၏​ရှင်ဘုရင်​သည် မြည်း​ကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏”​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ ဤ​အရာ​များ​ကို တပည့်​တော်​တို့​သည် အစ​က နား​မ​လည်​ခဲ့​ကြ။ သို့သော် ယေရှု​ဘုန်း​တော်​ထင်ရှား​ခြင်း​ရှိ​တော်မူ​သောအခါ​မှသာ ဤ​အရာ​များ​သည် ကိုယ်တော်​ကို​ရည်ညွှန်း​၍ ရေး​ထား​ခဲ့​ခြင်း​ဖြစ်​ပြီး လူ​တို့​သည် ကိုယ်တော်​အပေါ် ထို​အတိုင်း​ပြု​ခဲ့​ကြောင်း​ကို ပြန်လည်​သတိရ​ကြ​၏။ ယေရှု​သည် လာဇရု​ကို သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍ သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​စဉ်​က ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သော လူထု​ပရိသတ်​တို့​သည် ထို​အကြောင်း​ကို သက်သေခံ​ကြ​၏။ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ဆီးကြို​ကြ​ခြင်း​မှာ ဤသို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​ကြောင်း ကြားသိ​ခဲ့​ကြ​သောကြောင့်​လည်း​ဖြစ်​၏။ ထို့ကြောင့် ဖာရိရှဲ​တို့​က “တွေ့​သလော။ သင်​တို့​လုပ်ရပ်​တစ်ခုမျှ​အကျိုး​မ​ရှိ။ ကြည့်​ပါ။ တစ်ကမ္ဘာလုံး သူ့​နောက်​သို့​လိုက်​သွား​ကြ​ပြီ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။