ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။- ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ်၏။- ထိုအခါ မာရိသည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏အမွှေးသည် တစ်အိမ်လုံးကိုနှံ့ပြား၏။- တပည့်တော်တို့ အဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်က၊- ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဖိုးနှင့် ရောင်း၍ ဆင်းရဲသောသူတို့အား အဘယ်ကြောင့် မပေးသနည်းဟုဆို၏။- ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန် ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။- ယေရှုသည်လည်း၊ ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကိုသင်္ဂြိုဟ်ခြင်းငှာ ပြင်ဆင်သောနေ့တိုင်အောင် သူသည် ဤဆီမွှေးကို သိုထားပြီ။- ဆင်းရဲသောသူတို့ကား သင်တို့၌အစဉ်ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည်မဟုတ်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည် သိလျှင်၊ ကိုယ်တော်ကြောင့်သာ လာသည်မဟုတ်။ သေခြင်းမှထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငှာ လာကြ၏။- ထိုသို့ ယုဒလူများတို့သည် လာဇရုကိုအကြောင်းပြုသဖြင့် ထွက်သွား၍၊- ယေရှုကို ယုံကြည်သောကြောင့်၊ ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်း သတ်ခြင်းငှာ တိုင်ပင်စီရင်ကြ၏။ နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသော လူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊- စွန်ပလွံခက်များကို ကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွားကြ၍၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်းဟု ကြွေးကြော်ကြ၏။- ကျမ်းစာ၌လာသည်ကား၊- အို ဇိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာသို့ ကြွတော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့်အညီ၊ ယေရှုသည်မြည်းကလေးကိုတွေ့၍ စီးတော်မူ၏။- ထိုအကြောင်းအရာကို တပည့်တော်တို့သည် အစအဦး၌နားမလည်သော်လည်း၊ ကိုယ်တော်ကို ရည်မှတ်၍ ထိုသို့ရေးထားသည်ကိုလည်းကောင်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကိုလည်းကောင်း၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ၍ မှတ်မိကြ၏။ နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား၊ လာဇရုကို သင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထမြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ၏။- ထိုနိမိတ်လက္ခဏာကိုပြတော်မူသည်ဟု လူများတို့သည် သတင်းကြားသောကြောင့်၊ ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွားကြ၏။- ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည် အလျှင်းမတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆိုကြ၏။
ရှင်ယောဟန် 12 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 12:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ