YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 11:7-54

ရှင်ယောဟန် 11:7-54 Judson Bible (JBMLE)

ထို​နောက်​မှ တ​ပည့်​တော်​တို့​အား၊ ယု​ဒ​ပြည်​သို့ တစ်​ဖန်​သွား​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ယု​ဒ​လူ​တို့​သည် ယ​ခု​ပင် ကိုယ်​တော်​ကို​ခဲ​နှင့်​ပစ်​ခြင်း​ငှာ ရှာ​ကြံ​လျက်​ပင် ထို​အ​ရပ်​သို့ တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ တစ်​နေ့​တွင် တစ်​ဆယ့်​နှစ်​နာ​ရီ ရှိ​သည်​မ​ဟုတ်​လော။ လူ​သည် နေ့​အ​ချိန်၌​သာ သွား​လာ​လျှင်၊ နေ​ရောင်​အ​လင်း​ကို မြင်​ရ​သော​ကြောင့် ထိ​မိ၍ မ​လဲ​တတ်။- ည​အ​ချိန်၌ သွား​လာ​လျှင်​မူ​ကား၊ အ​လင်း​မ​ရှိ​သော​ကြောင့် ထိ​မိ၍​လဲ​တတ်၏​ဟု မိန့်​တော်​မူ​ပြီး​မှ၊- ငါ​တို့​အ​ဆွေ လာ​ဇ​ရု​သည် အိပ်​ပျော်၏။ သူ့​ကို​နှိုး​ခြင်း​အ​လို​ငှာ ငါ​သွား​မည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ သ​ခင်၊ သူ​သည် အိပ်​ပျော်​လျှင် သက်​သာ​ရ​လိမ့်​မည်​ဟု လျှောက်​ကြ၏။- ယေ​ရှု​သည် လာ​ဇ​ရု​သေ​ကြောင်း​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သော်​လည်း၊ ပ​က​တိ​အိပ်​ပျော်​ကြောင်း​ကို မိန့်​တော်​မူ​သည်​ဟု တ​ပည့်​တော်​တို့​သည် ထင်​မှတ်​ကြ၏။- ထို​ကြောင့်​ယေ​ရှု​က၊ လာ​ဇ​ရု​သေ​ပြီ။ သင်​တို့​သည် ယုံ​ကြည်​မည်​အ​ကြောင်း၊- ထို​အ​ရပ်၌ ငါ​မ​ရှိ​သည်​ကို​ထောက်၍ သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ သူ့​ဆီ​သို့ ငါ​တို့​သွား​ကြ​ကုန်​အံ့​ဟု အ​တည့်​အ​လင်း မိန့်​တော်​မူ၏။- ဒိ​ဒု​မု​အ​မည်​ရှိ​သော သော​မ​က၊ အ​ကျွန်ုပ်​တို့​လည်း​လိုက်၍ သ​ခင်​နှင့်​အ​တူ အ​သေ​ခံ​ကြ​ကုန်​အံ့​ဟု တ​ပည့်​တော်​ချင်း​တို့​အား ပြော​ဆို၏။ ယေ​ရှု​သည် ရောက်​တော်​မူ​သော​အ​ခါ၊ လာ​ဇ​ရု​ကို သင်္ဂြိုဟ်၍ သင်္ချိုင်း​တွင်း၌ လေး​ရက်​လွန်​လေ​ပြီ။- ဗေ​သ​နိ​ရွာ​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် တစ်​တိုင်​လောက်​သာ ကွာ​ဝေး​သည်​ဖြစ်၍၊- မာ​သ​နှင့် မာ​ရိ​တို့၏​မောင်​သေ​သော​ကြောင့်၊ သူ​တို့​ကို နှစ်​သိမ့်​စေ​လို​သော​ငှာ ယု​ဒ​လူ​များ​တို့​သည် လာ​ကြ၏။- ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို မာ​သ​သည်​ကြား​လျှင်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ သွား၏။- မာ​ရိ​မူ​ကား​အိမ်၌ ထိုင်​လျက်​နေ​ရစ်၏။ မာ​သ​က၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ။- ယ​ခု သေ​လျက်​ရှိ​သော်​လည်း ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​တော်​မူ​သ​မျှ​အ​တိုင်း ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ကို ကျွန်​မ​သိ​ပါ​သည်​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ သင်၏​မောင်​သည် ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- မာ​သ​က​လည်း၊ နောက်​ဆုံး​သော​နေ့​တည်း​ဟူ​သော ထ​မြောက်​ရာ​ကာ​လ၌ သူ​သည် ထ​မြောက်​လိမ့်​မည်​ကို ကျွန်​မ​သိ​ပါ​သည်​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။- ငါ့​ကို​ယုံ​ကြည်၍ အ​သက်​ရှင်​သော​သူ ရှိ​သ​မျှ​တို့​သည်​လည်း သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မာ​သ​က၊ ဟုတ်​ပါ၏​သ​ခင်။- ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဤ​လော​က​သို့​ကြွ​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို ကျွန်​မ​ယုံ​ပါ​သည်​ဟု လျှောက်၏။ ထို​သို့​လျှောက်​ပြီး​မှ မာ​သ​သည်​သွား၍ မိ​မိ​ညီ​မ မာ​ရိ​အား၊ အ​ရှင်​ဘု​ရား ရောက်​လာ​တော်​မူ​ပြီ။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု တိတ်​ဆိတ်​စွာ​ခေါ်​လေ၏။- မာ​ရိ​သည် ထို​စ​ကား​ကို​ကြား​လျှင် အ​လျင်​တ​ဆော​ထ၍ အ​ထံ​တော်​သို့ သွား​လေ၏။- ထို​အ​ခါ ယေ​ရှု​သည် ရွာ​ထဲ​သို့​မ​ဝင်​သေး။ မာ​သ​ခ​ရီး​ဦး​ကြို​ပြု​သော​အ​ရပ်၌ ရှိ​တော်​မူ​သ​တည်း။- ထို​ကြောင့် နှစ်​သိမ့်​သော​စ​ကား​ကို​ပြော​လျက် မာ​ရိ​နှင့်​အ​တူ အိမ်၌​ရှိ​သော ယု​ဒ​လူ​တို့​သည် မာ​ရိ​အ​လျင် တ​ဆော​ထ၍​ထွက်​သွား​သည်​ကို မြင်​ကြ​လျှင်၊ ငို​ကြွေး​ခြင်း​ငှာ သင်္ချိုင်း​သို့​သွား​ပြီ​ဟု​ဆို၍ သူ့​နောက်​သို့​လိုက်​ကြ၏။- မာ​ရိ​သည် ယေ​ရှု​ရှိ​တော်​မူ​ရာ​အ​ရပ်​သို့​ရောက်၍ ကိုယ်​တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ​ဟု လျှောက်၏။- မာ​ရိ​မှ​စ၍ လိုက်​လာ​သော​ယု​ဒ​လူ​တို့​သည် ငို​ကြွေး​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​တော်​မူ​သော​အ​ခါ၊ အ​လွန်​ညှိုး​ငယ်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​ရှိ၍၊- အ​လောင်း​ကို အ​ဘယ်​မှာ​ထား​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သ​ခင်​ကြွ၍ ကြည့်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​သည် မျက်​ရည်​ကျ​တော်​မူ၏။- ယု​ဒ​လူ​တို့​က၊ ကြည့်​ပါ၊ လာ​ဇ​ရု​ကို အ​လွန်​ချစ်​တော်​မူ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။- အ​ချို့​တို့​က၊ မျက်​စိ​ကန်း​သော​သူ​ကို မြင်​စေ​တော်​မူ​သော ဤ​သ​ခင်​သည်၊ လာ​ဇ​ရု​ကို မ​သေ​စေ​ခြင်း​ငှာ မ​တတ်​နိုင်​သ​လော​ဟု​ဆို​ကြ၏။ တစ်​ဖန်​ယေ​ရှု​သည် အ​လွန်​ညှိုး​ငယ်​သော​စိတ်​နှင့် သင်္ချိုင်း​တွင်း​သို့ ရောက်​တော်​မူ၏။ ထို​တွင်း​သည် မြေ​တွင်း​ဖြစ်၏။ ကျောက်​နှင့် ပိတ်​ထား၏။- ကျောက်​ကို​ရွှေ့​ကြ​လော့​ဟု ယေ​ရှု​သည်​မိန့်​တော်​မူ​လျှင်၊ သေ​လွန်​သော​သူ၏​နှ​မ မာ​သ​က၊ သ​ခင်၊ ယ​ခု​ဖြစ်​လျှင် နံ​လိမ့်​မည်။ လေး​ရက်​ရှိ​ပါ​ပြီ​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ သင်​သည်​ယုံ​လျှင် ဘု​ရား​သ​ခင်၏​ဘုန်း​အာ​နု​ဘော်​တော်​ကို မြင်​ရ​လိမ့်​မည်၊ ငါ​ပြော​ပြီ မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ သေ​လွန်​သော​သူ၏​သင်္ချိုင်း​မှ ကျောက်​ကို ရွှေ့​ကြ၏။ ယေ​ရှု​သည်​လည်း အ​ထက်​သို့​ကြည့်​မျှော်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​စဉ်​မ​ပြတ်​နား​ထောင်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ဝန်း​ရံ​လျက်​ရှိ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ သူ​တို့၏​အ​ကျိုး​ကို​ထောက်၍ ဤ​သို့ အ​ကျွန်ုပ်​လျှောက်​ပါ၏​ဟု မိန့်​မြွက်​တော်​မူ​ပြီး​မှ၊- လာ​ဇ​ရု ထွက်၍​လာ​လော့​ဟု ကြီး​စွာ​သော​အ​သံ​နှင့် ဟစ်​ခေါ်​တော်​မူ၏။- ထို​အ​ခါ သေ​လွန်​သော​သူ​သည် မိ​မိ​ခြေ​လက်၌ ပု​ဆိုး​နံ​ငယ်​နှင့်​ရစ်​ပတ်​လျက်၊ မျက်​နှာ​ကို​လည်း ပု​ဝါ​နှင့် စည်း​လျက်​ထွက်​လာ၏။ ယေ​ရှု​က​လည်း၊ သူ့​ကို​ဖြည်၍ လွှတ်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ မာ​ရိ​ဆီ​သို့​လာ​သော ယု​ဒ​လူ​အ​များ​တို့​သည် ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု​ကို မြင်​လျှင်၊ ကိုယ်​တော်​ကို ယုံ​ကြည်​ကြ၏။- အ​ချို့​မူ​ကား၊ ဖာ​ရိ​ရှဲ​တို့​ထံ​သို့​သွား၍ ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု​ကို ကြား​ပြော​ကြ၏။ ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​များ​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စည်း​ဝေး​စေ​ပြီး​လျှင်၊ ငါ​တို့​သည် အ​ဘယ်​သို့​ပြု​လျက် နေ​ကြ​သ​နည်း။ ထို​သူ​သည် များ​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ၏။- သူ့​ကို ဤ​သို့​အ​လွတ်​ထား​လျှင် လူ​ခပ်​သိမ်း​တို့​သည် ယုံ​ကြည်​ကြ​လိမ့်​မည်။ ရော​မ​လူ​တို့​သည်​လည်း လာ၍ ငါ​တို့​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ငါ​တို့​အ​မျိုး​ကို​လည်း​ကောင်း သုတ်​သင်​ပယ်​ရှင်း​ကြ​လိမ့်​မည်​ဟု ပြော​ဆို​ကြ၏။- ထို​သူ​တို့​အ​ဝင် ထို​နှစ်​တွင် ယဇ်​ပု​ရာ​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ​အ​မည်​ရှိ​သော​သူ​က၊ သင်​တို့​အ​လျှင်း မ​သိ​ကြ။- ယု​ဒ​လူ​မျိုး​အ​ကုန်​အ​စင် ပျက်​စီး​သည်​ထက်၊ လူ​တစ်​ယောက်​သည် လူ​များ​တို့​အ​တွက်​သေ​သော် သာ၍​ကောင်း​သည်​ကို သင်​တို့​သည် မ​ဆင်​ခြင်​ပါ​တ​ကား​ဟု ပြော​ဆို၏။- ထို​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ပြော​ဆို​သည်​မ​ဟုတ်။ ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​လျက်၊ ယေ​ရှု​သည် ထို​အ​မျိုး​အ​တွက် သေ​ရ​မည်​ဟူ၍​လည်း​ကောင်း၊- ထို​အ​မျိုး​အ​တွက်​သာ​မ​က အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏​သား​များ​ကို အ​တူ​စု​ဝေး​စေ​ခြင်း​ငှာ သေ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော၏။- ထို​နေ့​မှ​စ၍ ကိုယ်​တော်၏​အ​သက်​ကို​သတ်​ခြင်း​ငှာ တိုင်​ပင်​ကြံ​စည်​ကြ၏။- ထို​ကြောင့်၊ ယေ​ရှု​သည် နောက်​တစ်​ဖန် ယု​ဒ​လူ​တို့​တွင် ထင်​ရှား​စွာ မ​လှည့်​လည်​ဘဲ၊ ထို​အ​ရပ်​မှ​ထွက်၍ တော​နှင့်​အ​နီး ဧ​ဖ​ရိမ်​အ​မည်​ရှိ​သော​မြို့​သို့​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ၏။

ရှင်ယောဟန် 11:7-54 Common Language Bible (BCL)

ထို​နောက်​ကိုယ်​တော်​က ``ယု​ဒ​ပြည်​သို့​ငါ​တို့ တစ်​ဖန်​သွား​ကြ​ကုန်​အံ့'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ လူ​တို့​သည် ကိုယ်​တော်​အား​မ​ကြာ​မီ​က​ပင်​ခဲ​နှင့်​ပေါက် ရန်​ကြိုး​စား​ကြ​ပါ​၏။ ထို​အ​ရပ်​သို့​တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော'' ဟု​မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``တစ်​နေ့​တွင်​တစ်​ဆယ့်​နှစ်​နာ​ရီ​ရှိ သည်​မ​ဟုတ်​လော။ နေ့​အ​ချိန်​၌​သွား​လာ​သူ သည်​နေ​၏​အ​လင်း​ရောင်​ကို​မြင်​ရ​သ​ဖြင့် ခ​လုတ်​မ​ထိ​ဘဲ​ကောင်း​စွာ​သွား​လာ​နိုင်​၏။- ည​အ​ချိန်​၌​သွား​လာ​သူ​မူ​ကား​အ​လင်း ရောင်​ကို​မ​ရ​သ​ဖြင့် ခ​လုတ်​ထိ​၍​လဲ​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။- ကိုယ်​တော်​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက် ``ငါ တို့​၏​အ​ဆွေ​လာ​ဇ​ရု​သည်​အိပ်​ပျော်​လျက်​နေ ၏။ သူ့​ကို​နှိုး​ရန်​ငါ​သွား​မည်'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``အ​ရှင်၊ သူ​သည်​အိပ်​ပျော် လျက်​နေ​ပါ​မူ​ကျန်း​မာ​လာ​ပါ​လိမ့်​မည်'' ဟု လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က​လာ​ဇ​ရု​သေ​ကြောင်း​ကို ရည်​မှတ်​၍​ထို​သို့​မိန့်​တော်​မူ​သော်​လည်း သာ မန်​အိပ်​ပျော်​ကြောင်း​ကို​ဆို​လို​တော်​မူ​သည် ဟု​တ​ပည့်​တော်​တို့​ထင်​မှတ်​ကြ​၏။- သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``လာ​ဇ​ရု​သည် သေ​ပြီ။- ထို​အ​ရပ်​၌​ငါ​မ​ရှိ​ခဲ့​သည်​မှာ​သင်​တို့​ယုံ ကြည်​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​၍ သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​၏။ သူ့​ထံ​သို့​သွား​ကြ​ကုန်​အံ့'' ဟု ပွင့်​လင်း​စွာ​မိန့်​တော်​မူ​၏။ (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သည့်) သော​မ​က ``ငါ တို့​သည်​လည်း​သ​ခင်​နှင့်​အ​တူ​အ​သေ​ခံ​ရန် လိုက်​သွား​ကြ​ကုန်​အံ့'' ဟု​မိ​မိ​၏​အ​ဖော် တ​ပည့်​တော်​တို့​အား​ပြော​ဆို​၏။ သ​ခင်​ယေ​ရှု​ရောက်​တော်​မူ​သော​အ​ခါ​လာ​ဇ​ရု အား​သ​င်္ဂြိုဟ်​ခဲ့​သည်​မှာ​လေး​ရက်​မျှ​ရှိ​ပြီ​ဖြစ် ကြောင်း​တွေ့​ရှိ​တော်​မူ​၏။- ဗေ​သ​နိ​ရွာ​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​နှစ် မိုင်​ပင်​မ​ဝေး​ချေ။ ယု​ဒ​အ​မျိုး​သား​အ​မြောက်​အ​မြား​ပင် မာ​ရိ​နှင့်​မာ​သ​တို့​၏​မောင်​သေ​ဆုံး​သော ကြောင့်​သူ​တို့​ကို​နှစ်​သိမ့်​ရန်​လာ​ရောက်​ကြ ၏။ မာ​သ​သည်​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ ကြောင်း​ကို​ကြား​လျှင် ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​သွား​၏။ မာ​ရိ​မူ​ကား​အိမ်​တွင်​ထိုင် လျက်​နေ​ရစ်​၏။- မာ​သ​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​သာ​ဤ အ​ရပ်​တွင်​ရှိ​ခဲ့​ပါ​မူ​ကျွန်​မ​၏​မောင်​သေ မည်​မ​ဟုတ်​ပါ။- ယ​ခု​ပင်​လျှင်​အ​ရှင်​တောင်း​ခံ​သ​မျှ​သော အ​ရာ​တို့​ကို​ဘု​ရား​သ​ခင်​ချ​ပေး​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု​သ​ခင် ယေ​ရှု​အား​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​၏​မောင်​သည်​အ​သက် ပြန်​၍​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ မာ​သ​က ``နောက်​ဆုံး​သော​နေ့​၌​သူ​သေ​တို့ ထ​မြောက်​ကြ​သော​အ​ခါ သူ​သည်​အ​သက် ပြန်​၍​ရှင်​မည်​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု လျှောက်​၏။- သ​ခင်​ယေရှု​က ``ငါ​သည်​အ​သက်​ရှင်​ခြင်း၊ ရှင် ပြန်​ထ​မြောက်​ခြင်း​အ​ရှင်​ဖြစ်​၏။ ငါ့​ကို​ယုံ ကြည်​သော​သူ​သည်​သေ​သော်​လည်း​ရှင်​လိမ့် မည်။- ငါ့​ကို​ယုံ​ကြည်​၍​ယ​ခု​အ​သက်​ရှင်​လျက်​ရှိ သော​သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​သေ​ရ လိမ့်​မည်​မ​ဟုတ်။ ငါ့​စ​ကား​ကို​သင်​ယုံ​ပါ သ​လော'' ဟု​မေး​တော်​မူ​၏။ မာ​သ​က ``ယုံ​ပါ​၏​သ​ခင်။ အ​ရှင်​သည်​ဤ လော​က​သို့​ကြွ​လာ​မည့်​ဘု​ရား​သ​ခင်​၏ သား​တော်​မေ​ရှိ​ယ​ဖြစ်​တော်​မူ​သည်​ကို ကျွန်​မ​ယုံ​ပါ​၏'' ဟု​လျှောက်​၏။ ဤ​သို့​လျှောက်​ထား​ပြီး​လျှင်​မာ​သ​သည်​အိမ် သို့​ပြန်​၍​ညီ​မ​မာ​ရိ​ကို​တိတ်​တ​ဆိတ်​ခေါ် ပြီး​နောက် ``ဆ​ရာ​တော်​ကြွ​လာ​တော်​မူ​ပြီ။ သင့်​အား​မေး​လျက်​နေ​သည်'' ဟု​ပြော​ကြား​၏။- ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​အ​လျင် အ​မြန်​ထ​၍​အ​ထံ​တော်​သို့​သွား​လေ​၏။- သ​ခင်​ယေ​ရှု​သည်​ကား​ရွာ​ထဲ​သို့​မ​ဝင်​ရ​သေး။ မာ​သ​သွား​ရောက်​ကြို​ဆို​ရာ​အ​ရပ်​မှာ​ပင်​ရှိ တော်​မူ​၏။- မာ​ရိ​အား​နှစ်​သိမ့်​စ​ကား​ပြော​ကြား​ရန်​အိမ် တွင်​ရှိ​နေ​ကြ​သော​လူ​တို့​သည်​မာ​ရိ​အ​လျင် အ​မြန်​ထ​၍​ထွက်​သွား​သည်​ကို​မြင်​လျှင် ငို ကြွေး​ရန်​သင်္ချိုင်း​သို့​သွား​သည်​ဟု​ထင်​မှတ် ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​မာ​ရိ​၏​နောက် သို့​လိုက်​သွား​ကြ​၏။ မာ​ရိ​သည်​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ်​သို့​ရောက် သော​အ​ခါ ကိုယ်​တော်​ကို​မြင်​သ​ဖြင့်​ခြေ​တော် ရင်း​မှာ​ပျပ်​ဝပ်​လျက် ``အ​ရှင်​ဘု​ရား၊ အ​ရှင် သာ​ဤ​အ​ရပ်​မှာ​ရှိ​တော်​မူ​ခဲ့​ပါ​လျှင်​ကျွန်​မ မောင်​သည်​သေ​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက် ထား​၏။ သ​ခင်​ယေ​ရှု​သည်​မာ​ရိ​ငို​ယို​နေ​သည်​ကို လည်း​ကောင်း၊ သူ​နှင့်​အ​တူ​ပါ​လာ​ကြ​သော လူ​တို့​သည်​လည်း​ငို​ယို​နေ​ကြ​သည်​ကို​လည်း ကောင်း​မြင်​တော်​မူ​သ​ဖြင့် စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​တော်​မူ​၏။- ကိုယ်​တော်​က ``သူ့​အလောင်း​ကို​အ​ဘယ်​မှာ သင်္ဂြိုဟ်​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``သ​ခင်​ကြွ​၍​ကြည့်​တော်​မူ ပါ'' ဟု​လျှောက်​ထား​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​မျက်​ရည်​ကျ​တော်​မူ​၏။ ထို​အ​ခါ​လူ​တို့​က ``ကြည့်​ပါ၊ သူ​သည် လာ​ဇ​ရု​ကို​အ​လွန်​ချစ်​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။- အ​ချို့​သော​သူ​တို့​က​မူ ``မျက်​မ​မြင်​ကို မျက်​စိ​မြင်​စေ​သော​သူ​သည်​လာ​ဇ​ရု​ကို မ​သေ​ရ​အောင်​မ​တတ်​နိုင်​ပါ​သ​လော'' ဟု ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို ဂူ​၏​အ​ဝင်​ဝ​ကို​ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။- သ​ခင်​ယေ​ရှု​က ``ကျောက်​တုံး​ကို​ရွှေ့​လိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သေ​လွန်​သူ​၏​အစ်​မ၊ မာ​သ​က ``အ​ရှင် ဘု​ရား၊ ယ​ခု​အ​ခါ​ဆို​လျှင်​အ​နံ့​ထွက် နေ​ပါ​လိမ့်​မည်။ သူ​သေ​သည်​မှာ​လေး​ရက် ရှိ​ပါ​ပြီ'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​ယုံ​ကြည်​လျှင်​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​လိမ့် မည်​ဟူ​၍​ငါ​ပြော​သည်​မ​ဟုတ်​လော'' ဟု မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​လူ​တို့​သည်​ကျောက်​တုံး​ကို​ရွှေ့​လိုက် ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​အ​ထက် သို့​မျှော်​ကြည့်​လျက် ``ခ​မည်း​တော်၊ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​၏​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကြီး​ပါ​၏။- ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​ကျွန်ုပ် ၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အား ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ဤ လူ​အ​ပေါင်း​တို့​ယုံ​ကြည်​ကြ​စေ​ရန် သူ​တို့​၏ အ​ကျိုး​ကို​ထောက်​၍​အ​ကျွန်ုပ်​ဤ​သို့​လျှောက် ပါ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။- ထို​နောက် ``လာ​ဇ​ရု၊ ထွက်​ခဲ့​လော့'' ဟု​ကျယ်​စွာ အ​မိန့်​ပေး​တော်​မူ​၏။- ထို​အ​ခါ​သေ​လွန်​သော​သူ​သည်​ခြေ​လက်​၌ အ​ဝတ်​ဖြင့်​ပတ်​လျက်၊ မျက်​နှာ​၌​ပ​ဝါ​ဖြင့် စည်း​လျက်​ထွက်​လာ​လေ​သည်။ သ​ခင်​ယေ​ရှု က ``သူ့​အား​ပတ်​ထား​သည့်​အ​ဝတ်​များ​ကို ဖြေ​ပေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​မာ​ရိ​ထံ​သို့​လာ​ကြ​သည့်​လူ အ​မြောက်​အ​မြား​ပင်​သ​ခင်​ယေ​ရှု​ပြု​တော် မူ​သော​အ​မှု​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​ကိုယ် တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။- သို့​ရာ​တွင်​အ​ချို့​တို့​သည်​ဖာ​ရိ​ရှဲ​များ​၏ ထံ​သို့​သွား​၍ သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော အ​မှု​ကို​ပြော​ကြား​ကြ​၏။- သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဖာ​ရိ​ရှဲ​များ​သည်​ယု​ဒ​တ​ရား​လွှတ်​တော်​ဆိုင် ရာ​အ​စည်း​အ​ဝေး​ကို​ခေါ်​ဖိတ်​၍ ``ဤ​သူ​သည် များ​စွာ​သော​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​တို့ ကို​ပြ​လျက်​နေ​၏။ ငါ​တို့​အ​ဘယ်​ကြောင့်​မည် သို့​မျှ​မ​ပြု​ဘဲ​နေ​ကြ​သ​နည်း။- သူ့​ကို​ဤ​သို့​ခွင့်​ပြု​ထား​ပါ​မူ​လူ​တိုင်း​ပင် သူ့​အား​ယုံ​ကြည်​လာ​ကြ​ပါ​လိမ့်​မည်။ ထို အ​ခါ​ရော​မ​အာ​ဏာ​ပိုင်​တို့​သည်​လာ​၍​ငါ တို့​၏​ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ ငါ​တို့ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​တွင်​ထို​နှစ်​အ​တွက် ယဇ်​ပု​ရော​ဟိတ် မင်း​ဖြစ်​သော​က​ယာ​ဖ​ဆို​သူ​က ``သင်​တို့ သည်​ပ​ညာ​မဲ့​ကြ​ပါ​သည်​တ​ကား။- ယု​ဒ​အ​မျိုး​သား​တစ်​ရပ်​လုံး​သေ​ကျေ​ပျက် စီး​သည်​ထက် တစ်​မျိုး​သား​လုံး​အ​တွက်​လူ တစ်​ယောက်​သေ​ရ​သည်​က သင်​တို့​အ​ဖို့​ပို​၍ ကောင်း​သည်​ကို​သင်​တို့​မ​သိ​ကြ​သ​လော'' ဟု​ဆို​၏။- ယင်း​သို့​ဆို​ရာ​၌​သူ​သည် မိ​မိ​ကိုယ်​ပိုင်​ဉာဏ် ဖြင့်​ဆို​သည်​မ​ဟုတ်။ ထို​နှစ်​အ​တွက်​ယဇ်​ပု ရော​ဟိတ်​မင်း​ဖြစ်​လျက် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​အ​တွက်​လည်း​ကောင်း၊ ထို​မျှ​မ​က အ​ရပ်​ရပ်​တွင် ကွဲ​လွင့်​နေ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​များ​ကို​တစ်​စု​တစ်​ရုံး​တည်း ဖြစ်​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​အ​သေ​ခံ တော်​မူ​မည့်​အ​ကြောင်း​ကြို​တင်​ဟော​ကြား ခြင်း​ဖြစ်​သ​တည်း။ ထို​နေ့​မှ​စ​၍​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည် သ​ခင်​ယေ​ရှု​ကို​သတ်​ရန်​တိုင်​ပင်​ကြံ​စည် ကြ​၏။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တွင် အ​ထင်​အ​ရှား​မ​သွား​မ​လာ​တော့​ချေ။ ထို အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၍​တော​က​န္တာ​ရ အ​နီး၊ ဧ​ဖ​ရိမ်​နာ​မည်​ရှိ​သော​မြို့​သို့​ကြွ တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ​၏။

ရှင်ယောဟန် 11:7-54 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် တပည့်​တော်​တို့​အား“ယုဒ​နယ်​သို့ နောက်တစ်ဖန်​သွား​ကြ​စို့”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က “ရဗ္ဗိ၊ ဂျူး​လူမျိုး​တို့​သည် မကြာသေးမီ​က​ပင် ကိုယ်တော်​ကို​ခဲ​နှင့်​ပေါက်​သတ်​ရန် ရှာကြံ​နေ​ကြ​ပါလျက်နှင့် ထို​အရပ်​သို့ နောက်တစ်ဖန်​ကြွ​တော်မူ​မည်​လော”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“နေ့​အချိန်​သည် တစ်ဆယ့်နှစ်​နာရီ​ရှိ​သည်​မ​ဟုတ်​လော။ မည်သူမဆို နေ့​အချိန်​၌​သွားလာ​လျှင် ဤ​လောက​၏​အလင်း​ကို​မြင်​ရ​သောကြောင့် ခလုတ်​မ​တိုက်​မိ​တတ်။ သို့သော် ည​အချိန်​၌​သွားလာ​လျှင် သူ​၌​အလင်း​မ​ရှိ​သောကြောင့် ခလုတ်တိုက်​မိ​တတ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက်“ငါ​တို့​၏​မိတ်ဆွေ​လာဇရု​သည် အိပ်ပျော်​လေ​ပြီ။ သို့ရာတွင် သူ့​ကို​နှိုး​ရန် ငါ​သွား​မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​က “သခင်​ဘုရား၊ သူ​အိပ်ပျော်​ပြီ​ဆိုလျှင် သက်သာ​ပါ​လိမ့်မည်”​ဟု လျှောက်​ကြ​၏။ ယေရှု​သည် လာဇရု​၏​သေဆုံး​ခြင်း​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သော်လည်း အနားယူ​အိပ်စက်​ခြင်း​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ဟု တပည့်​တော်​တို့​ထင်မှတ်​ကြ​၏။ ထို့ကြောင့် ယေရှု​သည် သူ​တို့​အား အတိအလင်း​ပြောဆို​၍“လာဇရု​သေ​ပြီ။ သို့သော် သင်​တို့​ယုံကြည်​ကြ​ရန် ထို​အရပ်​၌ ငါ​မ​ရှိ​ခဲ့​သည်​ကို သင်​တို့​အတွက် ငါ​ဝမ်းမြောက်​၏။ မည်သို့ပင်ဖြစ်စေ သူ့​ထံသို့​သွား​ကြ​စို့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဒိဒုမု​ဟု​ခေါ်​သည့်​သောမ​က “ကိုယ်တော်​နှင့်အတူ​အသေခံ​ရန် ငါ​တို့​လည်း လိုက်သွား​ကြ​စို့”​ဟု အခြား​တပည့်​တော်​တို့​အား​ပြောဆို​၏။ ယေရှု​ရောက်​တော်မူ​သောအခါ လာဇရု​ကို ဂူသွင်း​သင်္ဂြိုဟ်​ပြီး လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်​ကြောင်း​ကို တွေ့ရှိ​တော်မူ​၏။ ဗေသနိ​ရွာ​သည် ဂျေရုဆလင်​မြို့​အနီး နှစ်​မိုင်​ခန့်​အကွာ​၌​ရှိ​သည်​ဖြစ်၍ များစွာ​သော​ဂျူး​လူမျိုး​တို့​သည် မာသ​နှင့်​မာရိ​တို့​ကို သူ​တို့​၏​မောင်​အတွက်​နှစ်သိမ့်​ရန် သူ​တို့​ထံသို့​ရောက်​နေ​ကြ​၏။ မာသ​သည် ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို​ကြား​သောအခါ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ မာရိ​မူကား အိမ်​၌ ထိုင်​လျက်​နေ​၏။ မာသ​က ယေရှု​အား “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။ သို့သော် ဘုရားသခင်​ထံ ကိုယ်တော်​တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို ကိုယ်တော်​အား ဘုရားသခင်​ပေး​တော်မူ​မည်​ဖြစ်​ကြောင်း ယခု​လည်း ကျွန်မ​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​၏​မောင်​သည် ထမြောက်​မည်”​ဟု မိန့်​တော်မူ​လျှင် မာသ​က “နောက်ဆုံး​သော​နေ့​တည်းဟူသော ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သူ​ထမြောက်​မည်​ကို ကျွန်မ​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​သည် ရှင်ပြန်​ထမြောက်​ခြင်း​ဖြစ်​၏။ အသက်​လည်း​ဖြစ်​၏။ ငါ့​ကို​ယုံကြည်​သော​သူ​သည် သေ​ခဲ့​လျှင်​ပင် အသက်ရှင်​လိမ့်မည်။ အသက်ရှင်​နေ​လျက် ငါ့​ကို​ယုံကြည်​သော​သူ​တိုင်း ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ​မ​သေ​ရ။ ဤ​အရာ​ကို သင်​ယုံကြည်​သလော”​ဟု မိန့်​တော်မူ​၏။ မာသ​က “ယုံကြည်​ပါ​၏ သခင်​ဘုရား။ ကိုယ်တော်​သည် ဤ​လောက​သို့​ကြွလာ​ရ​မည့် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဖြစ်​ကြောင်း​ကို ကျွန်မ​ယုံကြည်​ပါ​၏”​ဟု လျှောက်​ထား​လေ​၏။ ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်​သွား​၍ မိမိ​၏​ညီမ မာရိ​ကို​ခေါ်​လျက် “ဆရာ​ရောက်လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်တဆိတ်​ပြော​လေ​၏။ မာရိ​သည် ထို​စကား​ကို​ကြား​သောအခါ အလျင်အမြန်​ထ​၍ ကိုယ်တော်​ထံသို့​သွား​လေ​၏။ ယေရှု​မူကား ရွာ​ထဲသို့​မ​ဝင်​သေး​ဘဲ သူ့​အား မာသ​ဆီးကြို​ခဲ့​သော​အရပ်​၌​ပင် ရှိ​တော်မူ​၏။ အိမ်​၌ မာရိ​နှင့်အတူ​ရှိ​၍ သူ့​ကို​နှစ်သိမ့်​နေ​သော​ဂျူး​လူမျိုး​တို့​သည် မာရိ​အလျင်အမြန်​ထ​၍ ထွက်သွား​သည်​ကို​မြင်​ကြ​လျှင် ငိုကြွေး​ရန် သင်္ချိုင်း​ဂူ​သို့​သွား​သည်​ဟု ထင်မှတ်​လျက် သူ့​နောက်​သို့​လိုက်​သွား​ကြ​၏။ မာရိ​သည် ယေရှု​ရှိ​တော်မူ​ရာ​အရပ်​သို့​ရောက်​၍ ကိုယ်တော်​ကို​မြင်​သောအခါ ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​သည် မာရိ​ငိုကြွေး​နေ​သည်​ကို​လည်းကောင်း၊ လိုက်​လာ​သော​ဂျူး​လူမျိုး​တို့​သည်​လည်း ငိုကြွေး​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​တော်မူ​လျှင် စိတ်​တော်​ထဲတွင်​ညည်းတွား​လျက် ရင်​တွင်း​၌​မငြိမ်မသက်​ဖြစ်​ကာ “သူ့​ကို​အဘယ်မှာ​သင်္ဂြိုဟ်​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ သူ​တို့​က​လည်း “သခင်​ဘုရား၊ ကြွ​၍​ကြည့်ရှု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​သည် မျက်ရည်​ကျ​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​က “ကြည့်​ပါ။ လာဇရု​ကို အလွန်​ချစ်ခင်​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။ သို့သော် သူ​တို့​ထဲမှ​အချို့​တို့​က “မျက်မမြင်​ကို​မျက်စိ​မြင်​စေ​ခဲ့​သော ဤ​သူ​သည် လာဇရု​ကို​လည်း​မ​သေ​စေရန် မ​တတ်နိုင်​သလော”​ဟု ဆို​ကြ​၏။ ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ရင်​တွင်း​၌ ညည်းတွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်မူ​၏။ ထို​သင်္ချိုင်းဂူ​သည် ကျောက်​လိုဏ်ဂူ​ဖြစ်​ပြီး အဝင်​ဝ​ကို ကျောက်တုံး​ဖြင့်​ပိတ်​ထား​၏။ ယေရှု​က“ကျောက်တုံး​ကို​ဖယ်ရှား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သေဆုံး​သော​သူ​၏​အစ်မ မာသ​က “သခင်​ဘုရား၊ လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်၍ ယခု​ဆို​လျှင် အနံ့​ထွက်​နေ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​ယုံကြည်​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်မည်​ဟူ၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် လူ​တို့​သည် ကျောက်တုံး​ကို​ဖယ်ရှား​ကြ​၏။ ထိုအခါ ယေရှု​သည် အထက်​သို့​မော်ကြည့်​လျက်“အို အဖ၊ အကျွန်ုပ်​တောင်းလျှောက်​သည်​ကို နားညောင်း​တော်မူ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဆုတောင်း​သံ​ကို အစဉ်​နားညောင်း​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏။ သို့ရာတွင် ဤသို့​တောင်းလျှောက်​ခြင်း​မှာ ဝိုင်းရံ​လျက်​ရှိ​သော​လူထု​ပရိသတ်​အတွက်​ဖြစ်​ပြီး အကျွန်ုပ်​ကို​ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း သူ​တို့​ယုံကြည်​ကြ​စေရန်​အတွက်​ဖြစ်​ပါ​၏”​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် ကျယ်လောင်​သော​အသံ​ဖြင့်“လာဇရု၊ ထွက်လာ​လော့”​ဟု ဟစ်ခေါ်​တော်မူ​၏။ ထိုအခါ သေလွန်​သော​သူ​သည် ခြေ​နှင့်​လက်​တို့​၌ ပိတ်စ​ဖြင့်​ပတ်စည်း​လျက် မျက်နှာ​ကို​လည်း ပဝါ​ဖြင့်​စည်း​ထား​သည့်​အတိုင်း ထွက်လာ​၏။ ယေရှု​က“သူ့​ကို ဖြေ​ပေး​၍ သွား​ခွင့်ပေး​ကြ​လော့”​ဟု လူ​တို့​အား မိန့်​တော်မူ​၏။ ထို့ကြောင့် မာရိ​ထံသို့​လာ​၍ ယေရှု​ပြု​တော်မူ​သော​အရာ​တို့​ကို​မြင်​ရ​သည့် များစွာ​သော​ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။ သို့သော် အချို့​တို့​သည် ဖာရိရှဲ​တို့​ထံသို့​သွား​၍ ယေရှု​ပြု​တော်မူ​သော​အရာ​တို့​ကို ပြောကြား​ကြ​၏။ ထိုအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​သည် တရားလွှတ်တော်​အဖွဲ့​ကို​စုဝေး​စေ​၍ “ထို​သူ​သည် များစွာ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​နေ​သည်​ဖြစ်၍ ငါ​တို့​မည်သို့​ပြု​ကြ​မည်နည်း။ ထို​သူ​ကို ဤအတိုင်း​လွှတ်​ထား​လျှင် လူ​အားလုံး​တို့​သည် သူ့​ကို​ယုံကြည်​ကြ​လိမ့်မည်။ ထိုအခါ ရောမ​လူမျိုး​တို့​သည်​လာ​၍ ငါ​တို့​၏​အရပ်​ဌာန​နှင့်တကွ ငါ​တို့​၏​လူမျိုး​ကို​ပါ သိမ်းယူ​ကြ​လိမ့်မည်”​ဟု ပြောဆို​ကြ​၏။ သို့ရာတွင် သူ​တို့​ထဲမှ​တစ်​ဦး​ဖြစ်ပြီး ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သော ကယာဖ​က “သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ။ တစ်မျိုးသားလုံး​ပျက်စီး​သည်​ထက် လူ​တစ်​ဦး​က လူထု​ကိုယ်စား အသေခံ​ခြင်း​သည် သင်​တို့​အတွက် ပို၍​ကောင်း​သည်​ကို​လည်း သင်​တို့​မ​ဆင်ခြင်​ကြ​ပါ​တကား”​ဟု ဆို​၏။ သို့သော် ဤ​စကား​ကို မိမိ​ဆန္ဒ​အလျောက် သူ​ပြောဆို​သည်​မ​ဟုတ်။ သူ​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သည်​နှင့်အညီ ယေရှု​သည် ထို​လူမျိုး​အတွက် အသေခံ​တော်မူ​မည်​ဖြစ်​ကြောင်း​နှင့် ထို​လူမျိုး​အတွက်​သာမက ကွဲလွင့်​နေ​သော ဘုရားသခင်​၏​သားသမီး​များ​ကို တစ်စုတစ်ဝေးတည်း​ဖြစ်​စေရန်​အတွက်​ပါ အသေခံ​တော်မူ​မည်​ဖြစ်​ကြောင်း ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်​၏။ ထို့ကြောင့် သူ​တို့​သည် ထို​နေ့​မှစ၍ ကိုယ်တော်​ကို​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။ သို့ဖြစ်၍ ယေရှု​သည် ဂျူး​လူမျိုး​တို့​ထဲတွင် ထင်ရှား​စွာ​မ​သွားလာ​တော့​ဘဲ ထို​အရပ်​မှ​ထွက်ခွာ​၍ တော​ကန္တာရ​နှင့်​နီး​သော​အရပ်​ဒေသ​၌​ရှိ​သည့် ဧဖရိမ်​ဟု​ခေါ်​သော​မြို့​သို့​ကြွ​ပြီးလျှင် တပည့်​တော်​တို့​နှင့်အတူ ထို​မြို့​၌​နေ​တော်မူ​၏။