YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 11:17-37

ရှင်ယောဟန် 11:17-37 Judson Bible (JBMLE)

ယေ​ရှု​သည် ရောက်​တော်​မူ​သော​အ​ခါ၊ လာ​ဇ​ရု​ကို သင်္ဂြိုဟ်၍ သင်္ချိုင်း​တွင်း၌ လေး​ရက်​လွန်​လေ​ပြီ။- ဗေ​သ​နိ​ရွာ​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် တစ်​တိုင်​လောက်​သာ ကွာ​ဝေး​သည်​ဖြစ်၍၊- မာ​သ​နှင့် မာ​ရိ​တို့၏​မောင်​သေ​သော​ကြောင့်၊ သူ​တို့​ကို နှစ်​သိမ့်​စေ​လို​သော​ငှာ ယု​ဒ​လူ​များ​တို့​သည် လာ​ကြ၏။- ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို မာ​သ​သည်​ကြား​လျှင်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ သွား၏။- မာ​ရိ​မူ​ကား​အိမ်၌ ထိုင်​လျက်​နေ​ရစ်၏။ မာ​သ​က၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ။- ယ​ခု သေ​လျက်​ရှိ​သော်​လည်း ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​တော်​မူ​သ​မျှ​အ​တိုင်း ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ကို ကျွန်​မ​သိ​ပါ​သည်​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ သင်၏​မောင်​သည် ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- မာ​သ​က​လည်း၊ နောက်​ဆုံး​သော​နေ့​တည်း​ဟူ​သော ထ​မြောက်​ရာ​ကာ​လ၌ သူ​သည် ထ​မြောက်​လိမ့်​မည်​ကို ကျွန်​မ​သိ​ပါ​သည်​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။- ငါ့​ကို​ယုံ​ကြည်၍ အ​သက်​ရှင်​သော​သူ ရှိ​သ​မျှ​တို့​သည်​လည်း သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မာ​သ​က၊ ဟုတ်​ပါ၏​သ​ခင်။- ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဤ​လော​က​သို့​ကြွ​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို ကျွန်​မ​ယုံ​ပါ​သည်​ဟု လျှောက်၏။ ထို​သို့​လျှောက်​ပြီး​မှ မာ​သ​သည်​သွား၍ မိ​မိ​ညီ​မ မာ​ရိ​အား၊ အ​ရှင်​ဘု​ရား ရောက်​လာ​တော်​မူ​ပြီ။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု တိတ်​ဆိတ်​စွာ​ခေါ်​လေ၏။- မာ​ရိ​သည် ထို​စ​ကား​ကို​ကြား​လျှင် အ​လျင်​တ​ဆော​ထ၍ အ​ထံ​တော်​သို့ သွား​လေ၏။- ထို​အ​ခါ ယေ​ရှု​သည် ရွာ​ထဲ​သို့​မ​ဝင်​သေး။ မာ​သ​ခ​ရီး​ဦး​ကြို​ပြု​သော​အ​ရပ်၌ ရှိ​တော်​မူ​သ​တည်း။- ထို​ကြောင့် နှစ်​သိမ့်​သော​စ​ကား​ကို​ပြော​လျက် မာ​ရိ​နှင့်​အ​တူ အိမ်၌​ရှိ​သော ယု​ဒ​လူ​တို့​သည် မာ​ရိ​အ​လျင် တ​ဆော​ထ၍​ထွက်​သွား​သည်​ကို မြင်​ကြ​လျှင်၊ ငို​ကြွေး​ခြင်း​ငှာ သင်္ချိုင်း​သို့​သွား​ပြီ​ဟု​ဆို၍ သူ့​နောက်​သို့​လိုက်​ကြ၏။- မာ​ရိ​သည် ယေ​ရှု​ရှိ​တော်​မူ​ရာ​အ​ရပ်​သို့​ရောက်၍ ကိုယ်​တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ​ဟု လျှောက်၏။- မာ​ရိ​မှ​စ၍ လိုက်​လာ​သော​ယု​ဒ​လူ​တို့​သည် ငို​ကြွေး​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​တော်​မူ​သော​အ​ခါ၊ အ​လွန်​ညှိုး​ငယ်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​ရှိ၍၊- အ​လောင်း​ကို အ​ဘယ်​မှာ​ထား​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သ​ခင်​ကြွ၍ ကြည့်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​သည် မျက်​ရည်​ကျ​တော်​မူ၏။- ယု​ဒ​လူ​တို့​က၊ ကြည့်​ပါ၊ လာ​ဇ​ရု​ကို အ​လွန်​ချစ်​တော်​မူ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။- အ​ချို့​တို့​က၊ မျက်​စိ​ကန်း​သော​သူ​ကို မြင်​စေ​တော်​မူ​သော ဤ​သ​ခင်​သည်၊ လာ​ဇ​ရု​ကို မ​သေ​စေ​ခြင်း​ငှာ မ​တတ်​နိုင်​သ​လော​ဟု​ဆို​ကြ၏။

ရှင်ယောဟန် 11:17-37 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​ရောက်​တော်​မူ​သော​အ​ခါ​လာ​ဇ​ရု အား​သ​င်္ဂြိုဟ်​ခဲ့​သည်​မှာ​လေး​ရက်​မျှ​ရှိ​ပြီ​ဖြစ် ကြောင်း​တွေ့​ရှိ​တော်​မူ​၏။- ဗေ​သ​နိ​ရွာ​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​နှစ် မိုင်​ပင်​မ​ဝေး​ချေ။ ယု​ဒ​အ​မျိုး​သား​အ​မြောက်​အ​မြား​ပင် မာ​ရိ​နှင့်​မာ​သ​တို့​၏​မောင်​သေ​ဆုံး​သော ကြောင့်​သူ​တို့​ကို​နှစ်​သိမ့်​ရန်​လာ​ရောက်​ကြ ၏။ မာ​သ​သည်​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ ကြောင်း​ကို​ကြား​လျှင် ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​သွား​၏။ မာ​ရိ​မူ​ကား​အိမ်​တွင်​ထိုင် လျက်​နေ​ရစ်​၏။- မာ​သ​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​သာ​ဤ အ​ရပ်​တွင်​ရှိ​ခဲ့​ပါ​မူ​ကျွန်​မ​၏​မောင်​သေ မည်​မ​ဟုတ်​ပါ။- ယ​ခု​ပင်​လျှင်​အ​ရှင်​တောင်း​ခံ​သ​မျှ​သော အ​ရာ​တို့​ကို​ဘု​ရား​သ​ခင်​ချ​ပေး​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု​သ​ခင် ယေ​ရှု​အား​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​၏​မောင်​သည်​အ​သက် ပြန်​၍​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ မာ​သ​က ``နောက်​ဆုံး​သော​နေ့​၌​သူ​သေ​တို့ ထ​မြောက်​ကြ​သော​အ​ခါ သူ​သည်​အ​သက် ပြန်​၍​ရှင်​မည်​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု လျှောက်​၏။- သ​ခင်​ယေရှု​က ``ငါ​သည်​အ​သက်​ရှင်​ခြင်း၊ ရှင် ပြန်​ထ​မြောက်​ခြင်း​အ​ရှင်​ဖြစ်​၏။ ငါ့​ကို​ယုံ ကြည်​သော​သူ​သည်​သေ​သော်​လည်း​ရှင်​လိမ့် မည်။- ငါ့​ကို​ယုံ​ကြည်​၍​ယ​ခု​အ​သက်​ရှင်​လျက်​ရှိ သော​သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​သေ​ရ လိမ့်​မည်​မ​ဟုတ်။ ငါ့​စ​ကား​ကို​သင်​ယုံ​ပါ သ​လော'' ဟု​မေး​တော်​မူ​၏။ မာ​သ​က ``ယုံ​ပါ​၏​သ​ခင်။ အ​ရှင်​သည်​ဤ လော​က​သို့​ကြွ​လာ​မည့်​ဘု​ရား​သ​ခင်​၏ သား​တော်​မေ​ရှိ​ယ​ဖြစ်​တော်​မူ​သည်​ကို ကျွန်​မ​ယုံ​ပါ​၏'' ဟု​လျှောက်​၏။ ဤ​သို့​လျှောက်​ထား​ပြီး​လျှင်​မာ​သ​သည်​အိမ် သို့​ပြန်​၍​ညီ​မ​မာ​ရိ​ကို​တိတ်​တ​ဆိတ်​ခေါ် ပြီး​နောက် ``ဆ​ရာ​တော်​ကြွ​လာ​တော်​မူ​ပြီ။ သင့်​အား​မေး​လျက်​နေ​သည်'' ဟု​ပြော​ကြား​၏။- ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​အ​လျင် အ​မြန်​ထ​၍​အ​ထံ​တော်​သို့​သွား​လေ​၏။- သ​ခင်​ယေ​ရှု​သည်​ကား​ရွာ​ထဲ​သို့​မ​ဝင်​ရ​သေး။ မာ​သ​သွား​ရောက်​ကြို​ဆို​ရာ​အ​ရပ်​မှာ​ပင်​ရှိ တော်​မူ​၏။- မာ​ရိ​အား​နှစ်​သိမ့်​စ​ကား​ပြော​ကြား​ရန်​အိမ် တွင်​ရှိ​နေ​ကြ​သော​လူ​တို့​သည်​မာ​ရိ​အ​လျင် အ​မြန်​ထ​၍​ထွက်​သွား​သည်​ကို​မြင်​လျှင် ငို ကြွေး​ရန်​သင်္ချိုင်း​သို့​သွား​သည်​ဟု​ထင်​မှတ် ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​မာ​ရိ​၏​နောက် သို့​လိုက်​သွား​ကြ​၏။ မာ​ရိ​သည်​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ်​သို့​ရောက် သော​အ​ခါ ကိုယ်​တော်​ကို​မြင်​သ​ဖြင့်​ခြေ​တော် ရင်း​မှာ​ပျပ်​ဝပ်​လျက် ``အ​ရှင်​ဘု​ရား၊ အ​ရှင် သာ​ဤ​အ​ရပ်​မှာ​ရှိ​တော်​မူ​ခဲ့​ပါ​လျှင်​ကျွန်​မ မောင်​သည်​သေ​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက် ထား​၏။ သ​ခင်​ယေ​ရှု​သည်​မာ​ရိ​ငို​ယို​နေ​သည်​ကို လည်း​ကောင်း၊ သူ​နှင့်​အ​တူ​ပါ​လာ​ကြ​သော လူ​တို့​သည်​လည်း​ငို​ယို​နေ​ကြ​သည်​ကို​လည်း ကောင်း​မြင်​တော်​မူ​သ​ဖြင့် စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​တော်​မူ​၏။- ကိုယ်​တော်​က ``သူ့​အလောင်း​ကို​အ​ဘယ်​မှာ သင်္ဂြိုဟ်​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``သ​ခင်​ကြွ​၍​ကြည့်​တော်​မူ ပါ'' ဟု​လျှောက်​ထား​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​မျက်​ရည်​ကျ​တော်​မူ​၏။ ထို​အ​ခါ​လူ​တို့​က ``ကြည့်​ပါ၊ သူ​သည် လာ​ဇ​ရု​ကို​အ​လွန်​ချစ်​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။- အ​ချို့​သော​သူ​တို့​က​မူ ``မျက်​မ​မြင်​ကို မျက်​စိ​မြင်​စေ​သော​သူ​သည်​လာ​ဇ​ရု​ကို မ​သေ​ရ​အောင်​မ​တတ်​နိုင်​ပါ​သ​လော'' ဟု ဆို​ကြ​၏။

ရှင်ယောဟန် 11:17-37 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​ရောက်​တော်မူ​သောအခါ လာဇရု​ကို ဂူသွင်း​သင်္ဂြိုဟ်​ပြီး လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်​ကြောင်း​ကို တွေ့ရှိ​တော်မူ​၏။ ဗေသနိ​ရွာ​သည် ဂျေရုဆလင်​မြို့​အနီး နှစ်​မိုင်​ခန့်​အကွာ​၌​ရှိ​သည်​ဖြစ်၍ များစွာ​သော​ဂျူး​လူမျိုး​တို့​သည် မာသ​နှင့်​မာရိ​တို့​ကို သူ​တို့​၏​မောင်​အတွက်​နှစ်သိမ့်​ရန် သူ​တို့​ထံသို့​ရောက်​နေ​ကြ​၏။ မာသ​သည် ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို​ကြား​သောအခါ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ မာရိ​မူကား အိမ်​၌ ထိုင်​လျက်​နေ​၏။ မာသ​က ယေရှု​အား “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။ သို့သော် ဘုရားသခင်​ထံ ကိုယ်တော်​တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို ကိုယ်တော်​အား ဘုရားသခင်​ပေး​တော်မူ​မည်​ဖြစ်​ကြောင်း ယခု​လည်း ကျွန်မ​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​၏​မောင်​သည် ထမြောက်​မည်”​ဟု မိန့်​တော်မူ​လျှင် မာသ​က “နောက်ဆုံး​သော​နေ့​တည်းဟူသော ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သူ​ထမြောက်​မည်​ကို ကျွန်မ​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​သည် ရှင်ပြန်​ထမြောက်​ခြင်း​ဖြစ်​၏။ အသက်​လည်း​ဖြစ်​၏။ ငါ့​ကို​ယုံကြည်​သော​သူ​သည် သေ​ခဲ့​လျှင်​ပင် အသက်ရှင်​လိမ့်မည်။ အသက်ရှင်​နေ​လျက် ငါ့​ကို​ယုံကြည်​သော​သူ​တိုင်း ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ​မ​သေ​ရ။ ဤ​အရာ​ကို သင်​ယုံကြည်​သလော”​ဟု မိန့်​တော်မူ​၏။ မာသ​က “ယုံကြည်​ပါ​၏ သခင်​ဘုရား။ ကိုယ်တော်​သည် ဤ​လောက​သို့​ကြွလာ​ရ​မည့် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဖြစ်​ကြောင်း​ကို ကျွန်မ​ယုံကြည်​ပါ​၏”​ဟု လျှောက်​ထား​လေ​၏။ ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်​သွား​၍ မိမိ​၏​ညီမ မာရိ​ကို​ခေါ်​လျက် “ဆရာ​ရောက်လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်တဆိတ်​ပြော​လေ​၏။ မာရိ​သည် ထို​စကား​ကို​ကြား​သောအခါ အလျင်အမြန်​ထ​၍ ကိုယ်တော်​ထံသို့​သွား​လေ​၏။ ယေရှု​မူကား ရွာ​ထဲသို့​မ​ဝင်​သေး​ဘဲ သူ့​အား မာသ​ဆီးကြို​ခဲ့​သော​အရပ်​၌​ပင် ရှိ​တော်မူ​၏။ အိမ်​၌ မာရိ​နှင့်အတူ​ရှိ​၍ သူ့​ကို​နှစ်သိမ့်​နေ​သော​ဂျူး​လူမျိုး​တို့​သည် မာရိ​အလျင်အမြန်​ထ​၍ ထွက်သွား​သည်​ကို​မြင်​ကြ​လျှင် ငိုကြွေး​ရန် သင်္ချိုင်း​ဂူ​သို့​သွား​သည်​ဟု ထင်မှတ်​လျက် သူ့​နောက်​သို့​လိုက်​သွား​ကြ​၏။ မာရိ​သည် ယေရှု​ရှိ​တော်မူ​ရာ​အရပ်​သို့​ရောက်​၍ ကိုယ်တော်​ကို​မြင်​သောအခါ ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​သည် မာရိ​ငိုကြွေး​နေ​သည်​ကို​လည်းကောင်း၊ လိုက်​လာ​သော​ဂျူး​လူမျိုး​တို့​သည်​လည်း ငိုကြွေး​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​တော်မူ​လျှင် စိတ်​တော်​ထဲတွင်​ညည်းတွား​လျက် ရင်​တွင်း​၌​မငြိမ်မသက်​ဖြစ်​ကာ “သူ့​ကို​အဘယ်မှာ​သင်္ဂြိုဟ်​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ သူ​တို့​က​လည်း “သခင်​ဘုရား၊ ကြွ​၍​ကြည့်ရှု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​သည် မျက်ရည်​ကျ​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​က “ကြည့်​ပါ။ လာဇရု​ကို အလွန်​ချစ်ခင်​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။ သို့သော် သူ​တို့​ထဲမှ​အချို့​တို့​က “မျက်မမြင်​ကို​မျက်စိ​မြင်​စေ​ခဲ့​သော ဤ​သူ​သည် လာဇရု​ကို​လည်း​မ​သေ​စေရန် မ​တတ်နိုင်​သလော”​ဟု ဆို​ကြ​၏။