YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 10:11-18

ရှင်ယောဟန် 10:11-18 Judson Bible (JBMLE)

ငါ​သည် ကောင်း​သော​သိုး​ထိန်း​လည်း​ဖြစ်၏။ ကောင်း​သော​သိုး​ထိန်း​သည် သိုး​တို့​အ​ဖို့​အ​လို​ငှာ မိ​မိ​အ​သက်​ကို စွန့်​တတ်၏။- သိုး​များ​ကို​ပိုင်​သော သိုး​ထိန်း​မ​ဟုတ်၊ သူ​ငှား​ဖြစ်​သော​သူ​မူ​ကား၊ တော​ခွေး​လာ​သည်​ကို​မြင်​လျှင်၊ သိုး​တို့​ကို ပစ်​ထား၍ ထွက်​ပြေး​တတ်၏။ တော​ခွေး​သည်​လည်း၊ သိုး​တို့​ကို လု​ယက်၍ ကွဲ​လွင့်​စေ၏။- သူ​ငှား​သည် သူ​ငှား​ဖြစ်၍ သိုး​တို့၏​အ​ကျိုး​ကို မ​မှတ်​သော​ကြောင့် ထွက်​ပြေး​တတ်၏။- ငါ​သည် ကောင်း​သော​သိုး​ထိန်း​ဖြစ်၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ၍၊ ငါ​သည်​လည်း ခ​မည်း​တော်​ကို သိ​သ​ကဲ့​သို့ ငါ၏​သိုး​တို့​ကို ငါ​သိ၏။ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ၏။- ငါ​သည် ကိုယ်​အ​သက်​ကို သိုး​တို့​အ​ဖို့​အ​လို​ငှာ စွန့်၏။- ဤ​သိုး​ခြံ​သို့​မ​ဝင်​သော အ​ခြား​သိုး​တို့​ကို​လည်း ငါ​ပိုင်​သေး၏။ ထို​သိုး​တို့​ကို ငါ​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​စ​ကား​သံ​ကို နား​ထောင်​သ​ဖြင့်၊ သိုး​ခြံ​တစ်​ခု သိုး​ထိန်း​တစ်​ပါး​တည်း ရှိ​ရ​လိမ့်​မည်။- ငါ​သည် ကိုယ်​အ​သက်​ကို​စွန့်၍ နောက်​တစ်​ဖန် ယူ​ဦး​မည်​ဖြစ်​သော​ကြောင့်၊ ငါ့​ခ​မည်း​တော်​သည် ငါ့​ကို ချစ်​တော်​မူ၏။- ငါ့​အ​သက်​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ။ ကိုယ်​အ​လို​အ​လျောက် ငါ​စွန့်၏။ ကိုယ်​အ​သက်​ကို စွန့်​ရ​သော​အ​ခွင့်​နှင့် နောက်​တစ်​ဖန် ကိုယ်​အ​သက်​ကို ယူ​ပြန်​ရ​သော​အ​ခွင့်​သည် ငါ၌​ရှိ၏။ ထို​အ​ခွင့်​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 10:11-18 Common Language Bible (BCL)

``ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ သိုး​ထိန်း​ကောင်း သည်​သိုး​များ​အ​တွက် အ​သက်​ကို​စွန့်​တတ်​၏။- သူ​ငှား​သည်​သိုး​ထိန်း​မ​ဟုတ်။ သိုး​ရှင်​လည်း​မ​ဟုတ် သ​ဖြင့် ဝံ​ပု​လွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို စွန့်​၍​ထွက်​ပြေး​တတ်​၏။ သို့​ဖြစ်​၍​ဝံ​ပု​လွေ​သည် သိုး​တို့​ကို​ကိုက်​ဖမ်း​၍​က​စဥ့်​က​ရဲ​ဖြစ်​စေ တတ်​၏။- သူ​ငှား​သည်​သူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့ ကို​ဂ​ရု​မ​စိုက်​ဘဲ​ထွက်​ပြေး​တတ်​၏။- ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည်​လည်း​ခ​မည်း​တော် ကို​သိ​သ​ကဲ့​သို့ ငါ​သည်​သိုး​တို့​ကို​သိ​၍​သိုး တို့​သည်​လည်း​ငါ့​ကို​သိ​ကြ​၏။ ငါ​သည်​သိုး​များ အ​တွက်​အ​သက်​ကို​စွန့်​၏။- ဤ​သိုး​ခြံ​သို့​မ​ဝင်​သည့်​အ​ခြား​သိုး​များ​ကို လည်း​ငါ​ပိုင်​သေး​၏။ ထို​သိုး​တို့​ကို​ငါ​ဆောင်​သွင်း ရ​ဦး​မည်။ သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သိုး​အုပ်​တစ်​အုပ်၊ သိုး​ထိန်း တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။ ``ငါ​သည်​အ​သက်​ကို တစ်​ဖန်​ပြန်​လည်​ရ​ရှိ​စေ ရန် ကိုယ့်​အ​သက်​ကို​စွန့်​သော​ကြောင့်​ခ​မည်း​တော် သည်​ငါ့​ကို​ချစ်​တော်​မူ​၏။- အ​ဘယ်​သူ​မျှ​ငါ့​အသက်​ကို​စွန့်​စေ​သည်​မ​ဟုတ်။ ငါ့​အ​လို​အ​လျောက်​စွန့်​ခြင်း​ဖြစ်​၏။ ငါ့​မှာ အ​သက်​ကို​စွန့်​ပိုင်​ခွင့်၊ ပြန်​ယူ​ပိုင်​ခွင့်​ရှိ​၏။ ဤ သို့​ပြု​ရန်​ခ​မည်း​တော်​က​ငါ့​အား​စေ​ခိုင်း တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

ရှင်ယောဟန် 10:11-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ကောင်းမြတ်​သော​သိုးထိန်း​သည် သိုး​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တတ်​၏။ သိုးထိန်း​မ​ဟုတ်၊ သိုး​တို့​၏​ပိုင်ရှင်​လည်း​မ​ဟုတ်​သော လူငှား​မူကား ဝံပုလွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို​ပစ်ထား​၍ ထွက်ပြေး​တတ်​၏။ ထိုအခါ ဝံပုလွေ​သည် သိုး​တို့​ကို​လုယူ​ဖမ်းဆွဲ​၍ တစ်ကွဲတစ်ပြား​ဖြစ်​စေ​၏။ ထိုသို့​ဖြစ်​ရ​ခြင်းမှာ လူငှား​သည် လူငှား​ဖြစ်​သည့်​အလျောက် သိုး​တို့​၏​အရေး​ကိစ္စ​ကို ဂရုမစိုက်​သောကြောင့်​ဖြစ်​၏။ ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ခမည်းတော်​သည် ငါ့​ကို​သိ​တော်မူ​၍ ငါ​သည် ခမည်းတော်​ကို​သိ​သကဲ့သို့ ငါ့​သိုး​တို့​ကို ငါ​သိ​၍ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ​၏။ ငါ​သည် သိုး​တို့​အတွက် ငါ့​အသက်​ကို​စွန့်​၏။ ငါ​၌ ဤ​သိုး​ခြံ​ထဲမှ​မ​ဟုတ်​သော အခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အသံ​ကို​နားထောင်​ကြ​သဖြင့် သိုး​အုပ်​တစ်အုပ်တည်း၊ သိုးထိန်း​တစ်ပါးတည်း​ဖြစ်​လိမ့်မည်။ ငါ​သည် အသက်​ကို​ပြန်လည်​ရယူ​ရန် ငါ့​အသက်​ကို​စွန့်​သောကြောင့် ခမည်းတော်​သည် ငါ့​ကို​ချစ်​တော်မူ​၏။ မည်သူ​က​မျှ​ငါ့​အသက်​ကို ငါ့​ထံမှ​နုတ်ယူ​သည်​မ​ဟုတ်။ ငါ့​ဆန္ဒ​အလျောက် ငါ့​အသက်​ကို​ငါ​စွန့်​၏။ ငါ​၌ ကိုယ့်​အသက်​ကို​စွန့်​ပိုင်ခွင့်​ရှိ​၍ ၎င်း​ကို ပြန်လည်​ရယူ​ပိုင်ခွင့်​ရှိ​၏။ ငါ​သည် ဤ​အမိန့်​ကို ငါ့​ခမည်းတော်​ထံမှ​ရရှိ​၏”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။