YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 10:11-18

ရှင်ယောဟန်ခရစ်ဝင် 10:11-18 MSBU

ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ကောင်းမြတ်​သော​သိုးထိန်း​သည် သိုး​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တတ်​၏။ သိုးထိန်း​မ​ဟုတ်၊ သိုး​တို့​၏​ပိုင်ရှင်​လည်း​မ​ဟုတ်​သော လူငှား​မူကား ဝံပုလွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို​ပစ်ထား​၍ ထွက်ပြေး​တတ်​၏။ ထိုအခါ ဝံပုလွေ​သည် သိုး​တို့​ကို​လုယူ​ဖမ်းဆွဲ​၍ တစ်ကွဲတစ်ပြား​ဖြစ်​စေ​၏။ ထိုသို့​ဖြစ်​ရ​ခြင်းမှာ လူငှား​သည် လူငှား​ဖြစ်​သည့်​အလျောက် သိုး​တို့​၏​အရေး​ကိစ္စ​ကို ဂရုမစိုက်​သောကြောင့်​ဖြစ်​၏။ ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ခမည်းတော်​သည် ငါ့​ကို​သိ​တော်မူ​၍ ငါ​သည် ခမည်းတော်​ကို​သိ​သကဲ့သို့ ငါ့​သိုး​တို့​ကို ငါ​သိ​၍ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ​၏။ ငါ​သည် သိုး​တို့​အတွက် ငါ့​အသက်​ကို​စွန့်​၏။ ငါ​၌ ဤ​သိုး​ခြံ​ထဲမှ​မ​ဟုတ်​သော အခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အသံ​ကို​နားထောင်​ကြ​သဖြင့် သိုး​အုပ်​တစ်အုပ်တည်း၊ သိုးထိန်း​တစ်ပါးတည်း​ဖြစ်​လိမ့်မည်။ ငါ​သည် အသက်​ကို​ပြန်လည်​ရယူ​ရန် ငါ့​အသက်​ကို​စွန့်​သောကြောင့် ခမည်းတော်​သည် ငါ့​ကို​ချစ်​တော်မူ​၏။ မည်သူ​က​မျှ​ငါ့​အသက်​ကို ငါ့​ထံမှ​နုတ်ယူ​သည်​မ​ဟုတ်။ ငါ့​ဆန္ဒ​အလျောက် ငါ့​အသက်​ကို​ငါ​စွန့်​၏။ ငါ​၌ ကိုယ့်​အသက်​ကို​စွန့်​ပိုင်ခွင့်​ရှိ​၍ ၎င်း​ကို ပြန်လည်​ရယူ​ပိုင်ခွင့်​ရှိ​၏။ ငါ​သည် ဤ​အမိန့်​ကို ငါ့​ခမည်းတော်​ထံမှ​ရရှိ​၏”​ဟု မိန့်​တော်မူ​၏။

​ရှင်ယောဟန်ခရစ်ဝင် 10:11-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။