YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 1:6-51

ရှင်ယောဟန် 1:6-51 Judson Bible (JBMLE)

ယော​ဟန်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ကို ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ၏။- ထို​သူ​ကို​လူ​အ​ပေါင်း​တို့​သည် အ​မှီ​ပြု၍ ယုံ​ကြည်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ထို​သူ​သည် သက်​သေ​ခံ​ဖြစ်၍၊ အ​လင်း​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ခြင်း​ငှာ​လာ၏။- ထို​သူ​သည် အ​လင်း​တော်​မ​ဟုတ်။ အ​လင်း​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ခြင်း​ငှာ​သာ​လာ၏။- ဟုတ်​မှန်​သော​အ​လင်း​မူ​ကား၊ ဤ​လော​က​သို့​ကြွ​လာ​လျက် ခပ်​သိမ်း​သော​လူ​အ​ပေါင်း​တို့​အား အ​လင်း​ကို​ပေး​သော​သူ ဖြစ်​သ​တည်း။ ထို​သူ​သည် ဤ​လော​က၌​ရှိ​တော်​မူ​ပြီ။ ဤ​လော​က​ကို​လည်း ဖန်​ဆင်း​တော်​မူ​ပြီ။ သို့​သော်​လည်း ဤ​လော​က​သည် ထို​သူ​ကို​မ​သိ။- သူ​သည် မိ​မိ​ဒေ​သ​အ​ရပ်​သို့ ကြွ​လာ​သော်​လည်း၊ မိ​မိ​လူ​မျိုး​တို့​သည် သူ့​ကို​လက်​မ​ခံ​ဘဲ နေ​ကြ၏။- ထို​သူ​ကို​လက်​ခံ​သ​မျှ​သော သူ​တည်း​ဟူ​သော ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား၊ ဘု​ရား​သ​ခင်၏ သား​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- ထို​သား​တို့​မူ​ကား၊ လူ​မျိုး​နှင့်​စပ်​ဆိုင်၍ ဖွား​သော​သား​မ​ဟုတ်။ မေ​ထုန်​သံ​ဝါ​သ​အား​ဖြင့် ဖွား​သော​သား​မ​ဟုတ်။ လူ​အ​လို​အ​လျောက် ဖွား​သော​သား​မ​ဟုတ်။ ဘု​ရား​သ​ခင်​ဖွား​တော်​မူ​သော​သား ဖြစ်​သ​တည်း။ နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။- ယော​ဟန်​သည် ထို​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ၍ ကြွေး​ကြော်​သည်​ကား၊ ငါ့​နောက်​ကြွ​လာ​သော​သူ​သည် ငါ​မ​ရှိ​မီ ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို​သည်​ဟု သက်​သေ​ခံ​လေ၏။- ထို​သူ၏​ပြည့်​စုံ​ခြင်း​မှ​လည်း ကျေး​ဇူး​တစ်​ပါး၌ ထပ်​ဆင့်၍ ကျေး​ဇူး​တစ်​ပါး​ကို ငါ​တို့​ရှိ​သ​မျှ​သည်​ခံ​ရ​ကြ​ပြီ။- အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။- ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။ ယု​ဒ​လူ​တို့​က၊ သင်​သည်​အ​ဘယ်​သူ​နည်း​ဟု ယော​ဟန်​ကို​မေး​မြန်း​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​လူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ စေ​လွှတ်​သော​အ​ခါ၊ ယော​ဟန်​သည် သက်​သေ​ခံ​လေ​သည်​မှာ၊- ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်​ဟု ထိမ်​ဝှက်​ခြင်း​မ​ရှိ။ အ​တည့်​အ​လင်း ပြော​ဆို၏။- ထို​သူ​တို့​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​သူ​နည်း။ ဧ​လိ​ယ​ဖြစ်​သ​လော​ဟု မေး​မြန်း​ပြန်၏။ ယော​ဟန်​က၊ ငါ​သည် ဧ​လိ​ယ​မ​ဟုတ်​ဟု ဆို၏။ ဤ​မည်​သော ပ​ရော​ဖက်​ဖြစ်​သ​လော​ဟု မေး​ပြန်​လျှင်၊ မ​ဟုတ်​ဟု ဆို​ပြန်၏။- ထို​သူ​တို့​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​လျှောက်​စ​ရာ ရှိ​စေ​ခြင်း​ငှာ၊ သင်​သည်​ကိုယ်​ကို အ​ဘယ်​သို့​ဆို​သ​နည်း​ဟု မေး​ပြန်​ကြ၏။- ယော​ဟန်​က​လည်း၊ ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ပြော​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့​ဟု တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​ဖြစ်​သည်​ဟု ဆို၏။- အ​စေ​ခံ​သော​သူ​တို့​ကား၊ ဖာ​ရိ​ရှဲ​ဖြစ်​ကြ​သ​တည်း။- ထို​သူ​တို့​က​လည်း၊ သင်​သည် ခ​ရစ်​တော်​မ​ဟုတ်၊ ဧ​လိ​ယ​မ​ဟုတ်၊ ဤ​မည်​သော ပ​ရော​ဖက်​မ​ဟုတ်​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဗ​တ္တိ​ဇံ​ကို​ပေး​သ​နည်း​ဟု မေး​ပြန်​ကြ၏။- ယော​ဟန်​က​လည်း၊ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​အ​လယ်၌ သင်​တို့​မ​သိ​သော သူ​တစ်​ယောက်​ရှိ၏။- ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။- ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက် ဗေ​သ​နိ​ရွာ၌ ဤ​အ​မှု​အ​ရာ​ဖြစ်​သ​တည်း။ နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။- ငါ​မ​ရှိ​မီ​ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို၏။- အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ သို့​သော်​လည်း ထို​သူ​ကို ဣ​သ​ရေ​လ​လူ​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​လာ၏။- ထို​မှ​တစ်​ပါး ဝိ​ညာဉ်​တော်​သည်​ကောင်း​ကင်​မှ ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ထို​သူ၏​အ​ပေါ်၌ နား​တော်​မူ​သည်​ကို ငါ​မြင်​ရ​ပြီ။- အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​က၊ အ​ကြင်​သူ၏​အ​ပေါ်၌ ဝိ​ညာဉ်​တော်​ဆင်း​သက်၍ နား​တော်​မူ​သည်​ကို သင်​သည်​မြင်​လျှင်၊ ထို​သူ​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ပေး​သော​သူ​ပေ​တည်း​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ။- ငါ​သည်​မြင်၍ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​သည်​ဟု ယော​ဟန်​ဆို​လေ၏။ တစ်​ဖန် ယော​ဟန်​သည် နက်​ဖြန်​နေ့၌ တ​ပည့်​နှစ်​ယောက်​တို့​နှင့် အ​တူ​ရပ်​နေ၍၊- ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​လျှင်၊ ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို ကြည့်​လော့​ဟု​ဆို၏။- တ​ပည့်​နှစ်​ယောက်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ ယေ​ရှု​နောက်​တော်​သို့ လိုက်​ကြ၏။- ယေ​ရှု​သည်​လှည့်၍ ထို​သူ​တို့ လိုက်​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​က၊ ရ​ဗ္ဗိ၊ ကိုယ်​တော်​သည် အ​ဘယ်​မှာ​နေ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။ ရ​ဗ္ဗိ၊ အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။- ယေ​ရှု​က​လည်း လာ၍​ကြည့်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​သည်​သွား၍ နေ​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ၏။ ထို​အ​ချိန်​သည် ဆယ်​နာ​ရီ​အ​ချိန်​ဖြစ်၍ မိုး​ချုပ်​သည်​တိုင်​အောင် အ​ထံ​တော်၌​နေ​ကြ၏။- ယော​ဟန်၏​စ​ကား​ကို​ကြား၍ နောက်​တော်​သို့ လိုက်​သော​သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကား ရှိ​မုန်​ပေ​တ​ရု​ညီ အ​န္ဒြေ​ပေ​တည်း။- ထို​သူ​သည် မိ​မိ​အစ်​ကို​ရှိ​မုန်​ကို ရှေ့​ဦး​စွာ​တွေ့​လျှင်၊ ငါ​တို့​သည် မေ​ရှိ​ယ​ကို​တွေ့​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊- သူ့​ကို ယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား ခ​ရစ်​တော်​ဟု​ဆို​လို​သ​တည်း။ ယေ​ရှု​သည် ထို​သူ​ကို​ကြည့်​ရှု၍၊ သင်​သည် ယော​န၏​သား​ရှိ​မုန်​ဖြစ်၏။ ကေ​ဖ​အ​မည်​သစ်​ကို ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏၊ ကေ​ဖ​အ​နက်​ကား ပေ​တ​ရု​ဟု ဆို​လို​သ​တည်း။ နက်​ဖြန်​နေ့၌ ဂါ​လိ​လဲ​ပြည်​သို့​ကြွ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် ဖိ​လိ​ပ္ပု​ကို​တွေ့၍၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ဖိ​လိ​ပ္ပု​ကား၊ အ​န္ဒြေ​နှင့်​ပေ​တ​ရု​မွေး​ဖွား​ရာ ဗက်​ဇဲ​ဒ​မြို့​မှ လာ​သော​သူ​ဖြစ်​သ​တည်း။- ဖိ​လိ​ပ္ပု​သည် နာ​သ​နေ​လ​ကို​တွေ့​လျှင်၊ မော​ရှေ​သည် ပ​ည​တ္တိ​ကျမ်း၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့​သည် သူ​တို့​ကျမ်း၌​လည်း​ကောင်း အ​ကြောင်း​ပြု၍ ရေး​ထား​သော​သူ၊ နာ​ဇ​ရက်​မြို့​သား​ဖြစ်​သော ယော​သပ်၏​သား​ယေ​ရှု​ကို ငါ​တို့​သည် တွေ့​ကြ​ပြီ​ဟု​ဆို၏။- နာ​သ​နေ​လ​က​လည်း၊ နာ​ဇ​ရက်​မြို့​ထဲ​က ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ ထွက်​နိုင်​သ​လော​ဟု​မေး​လျှင်၊ ဖိ​လိ​ပ္ပု​က၊ လာ၍​ကြည့်​ပါ​ဟု ဆို၏။- နာ​သ​နေ​လ​လာ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ လှည့်​စား​ခြင်း​အ​ပြစ်​နှင့် ကင်း​လွတ်​သော ဣ​သ​ရေ​လ​လူ​စစ်​ကို ကြည့်​လော့​ဟု ထို​သူ​ကို​အ​မှတ်​ပြု၍ မိန့်​တော်​မူ၏။- နာ​သ​နေ​လ​က​လည်း၊ ကိုယ်​တော်​သည် အ​ဘယ်​သို့​သော​အား​ဖြင့် အ​ကျွန်ုပ်​ကို သိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ယေ​ရှု​က၊ ဖိ​လိ​ပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ၊ သင်​သည် သင်္ဘော​သ​ဖန်း​ပင်​အောက်၌ ရှိ​သည်​ကို ငါ​မြင်​သည်​ဟု ပြန်၍​မိန့်​တော်​မူ​လျှင်၊- အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏၊ ဣ​သ​ရေ​လ​လူ​တို့၏ ရှင်​ဘု​ရင်​လည်း ဖြစ်​တော်​မူ၏​ဟု နာ​သ​နေ​လ​လျှောက်​လေ၏။- တစ်​ဖန် ယေ​ရှု​က၊ သင်္ဘော​သ​ဖန်း​ပင်​အောက်၌ သင့်​ကို​ငါ​မြင်​သည်​ဟု​ဆို​သော​ကြောင့် ယုံ​သ​လော။ ထို​မျှ​မ​က သင်​သည် သာ၍​ကြီး​စွာ​သော အ​ကြောင်း​အ​ရာ​ကို မြင်​လ​တ္တံ့။- သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ နောင်​ကာ​လ၌ ကောင်း​ကင်​ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​သည် လူ​သား၏​အ​ပေါ်၌ ဆင်း​လျက်​တက်​လျက် ရှိ​နေ​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 1:6-51 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​ယော​ဟန်​ဆို​သူ​အား​မိ​မိ ၏​စေ​တ​မန်​အ​ဖြစ်​ဖြင့်​စေ​လွှတ်​တော်​မူ​၏။- တ​ရား​တော်​ကို​လူ​အ​ပေါင်း​တို့​ကြား​၍ ယုံ​ကြည်​လာ​စိမ့်​သော​ငှာ ထို​သူ​သည်​အ​လင်း တော်​အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​လာ​၏။- သူ​သည်​အ​လင်း​တော်​မ​ဟုတ်။ အ​လင်း​တော် အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​လာ​သူ​ဖြစ်​၏။- ထို​အ​လင်း​တော်​သည်​လော​က​သို့​ကြွ​လာ​၍ လူ​သား​အ​ပေါင်း​တို့​အ​ပေါ်​တွင် ထွန်း​လင်း တောက်​ပ​သည့်​စစ်​မှန်​သော​အ​လင်း​ဖြစ်​ပေ သည်။ နှုတ်​က​ပတ်​တော်​သည်​လော​က​၌​ရှိ​တော်​မူ​၏။ လော​က​ကို​နှုတ်​က​ပတ်​တော်​အား​ဖြင့်​ဖန်​ဆင်း တော်​မူ​သော်​လည်း လော​က​သည်​ကိုယ်​တော်​ကို မ​သိ။- ကိုယ်​တော်​သည်​မိ​မိ​နေ​ရင်း​ပြည်​သို့​ကြွ​တော်​မူ သော်​လည်း မိ​မိ​၏​ပြည်​သား​များ​က​လက်​မ​ခံ ကြ။- သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​လက်​ခံ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​သား သ​မီး​များ​ဖြစ်​ခွင့်​ကို​ရ​ကြ​၏။- ထို​သူ​တို့​သည်​လူ​သား​ဖ​ခင်​မှ​ပေါက်​ဖွား​လာ သော​သား​သ​မီး​များမ​ဟုတ်။ ဘု​ရား​သ​ခင် ပေါက်​ဖွား​စေ​တော်​မူ​သော​သူ​များ​ဖြစ်​ကြ​၏။ နှုတ်​က​ပတ်​တော်​သည်​လူ​ဇာ​တိ​ကို​ခံ​ယူ​၍ ကျေး​ဇူး​တော်၊ သစ္စာ​တော်​နှင့်​ပြည့်​စုံ​လျက် ငါ​တို့​ထံ​တွင်​စံ​နေ​တော်​မူ​၏။ ငါ​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင် ရ​ကြ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​ကား​ခ​မည်း တော်​၏​တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ် ဖြင့်​ခံ​ယူ​ရ​ရှိ​သော​ဘုန်း​အ​သ​ရေ​တော်​ပင် ဖြစ်​သ​တည်း။ ကိုယ်​တော်​၏​အ​ကြောင်း​ကို​ယော​ဟန်​ဟော​ပြော​၏။ ယော​ဟန်​က ``ငါ​၏​နောက်​ကြွ​လာ​သူ​သည်​ငါ မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့်​ငါ့​ထက်​ကြီး မြတ်​သူ​ဖြစ်​သည်​ဟု​ငါ​သက်​သေ​ခံ​ခဲ့​သူ​ကား ဤ​အရှင်​ပင်​တည်း'' ဟု​ကြွေး​ကြော်​လေ​သည်။ ကိုယ်​တော်​သည်​ကျေး​ဇူး​တော်​ပြည့်​စုံ​ကြွယ်​ဝ​တော် မူ​သည်​နှင့်​အ​ညီ ငါ​တို့​အား​ကောင်း​ချီး​မင်္ဂ​လာ တစ်​ပါး​ပြီး​တစ်​ပါး​ချ​ပေး​တော်​မူ​၏။- ဘု​ရား​သ​ခင်​သည်​ပ​ညတ်​တ​ရား​ကို​မော​ရှေ အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။ သို့​ရာ​တွင်​ကျေးဇူး တရား​နှင့် သစ္စာ​တရား​တို့​ကို​မူ​ကား​ယေ​ရှု​ခ​ရစ် အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။- လူ​တစ်​စုံ​တစ်​ယောက်​မျှ​ဘု​ရား​သ​ခင်​ကို​မ​မြင် စ​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​တော် မူ​သော၊ ဘု​ရား​ဖြစ်​တော်​မူ​သော၊ တစ်​ပါး​တည်း သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို​ထင်​ရှား စေ​တော်​မူ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သည် ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့ တို့​ကို​ယော​ဟန်​ထံ​သို့​စေ​လွှတ်​၍ ``သင်​သည် အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​စေ​ကြ​၏။ ထို​အ​ခါ​ယော​ဟန်​က ``ငါ​သည်​မေ​ရှိ​ယ မ​ဟုတ်'' ဟု​ထိန်​ဝှက်​ခြင်း​မ​ရှိ​ဘဲ​အ​တိ အ​လင်း​ပြော​ဆို​၏။ ထို​သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​နည်း။ ဧ​လိ​ယ​ပေ​လော'' ဟု​တစ်​ဖန် မေး​ပြန်​ကြ​၏။ ယော​ဟန်​က ``ငါ​သည်​ဧ​လိ​ယ​မ​ဟုတ်'' ဟု​ဆို​၏။ သူ​တို့​က ``ပ​ရော​ဖက်​ပေ​လော'' ဟု​မေး​ကြ​လျှင်၊ ``ငါ​သည်​ပ​ရော​ဖက်​လည်း​မ​ဟုတ်'' ဟု​ဆို​ပြန်​၏။ ထို​သူ​တို့​က ``သင်​သည်​အ​ဘယ်​သူ​နည်း။ ငါ တို့​ကို​စေ​လွှတ်​လိုက်​သူ​များ​အား​ပြန်​၍ ပြော​ရ​ပါ​မည်။ သင်​ကိုယ်​တိုင်​က​မည်​သို့ ဆို​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။ ယော​ဟန်​က ``ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဖော်​ပြ​ခဲ့​သည်​အ​တိုင်း၊ `ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​လမ်း​ခ​ရီး​တော်​ကို ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့' ဟု တော​ကန္တာ​ရ​၌​ကြွေး​ကြော်​နေ​သော​အသံ​ဖြစ်​၏'' ဟု​ဆို​၏။ ယော​ဟန်​ထံ​သို့​ရောက်​လာ​ကြ​သော​စေ​တ​မန် များ​တွင်​ဖာ​ရိ​ရှဲ​အ​ချို့​ပါ​၏။- ထို​သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​မ​ဟုတ်၊ ဧ​လိ​ယ လည်း​မ​ဟုတ်၊ ပ​ရော​ဖက်​လည်း​မ​ဟုတ်​ပါ​မူ​အ​ဘယ် ကြောင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ပါ​သ​နည်း'' ဟု မေး​ကြ​၏။ ယော​ဟန်​က ``ငါ​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သင်​တို့​တွင်​သင်​တို့​မ​သိ​သော အ​ရှင်​ရှိ​၏။- ထို​အ​ရှင်​သည်​ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ သည်​သူ​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြည်​ထိုက်'' ဟု ဆို​၏။ ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရာ​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ကမ်း​ရှိ​ဗေ​သ​နိ​ရွာ​တွင်​ဤ​အ​မှု အ​ရာ​ဖြစ်​ပျက်​သ​တည်း။ နောက်​တစ်​နေ့​၌​မိ​မိ​၏​ထံ​သို့​သ​ခင်​ယေ​ရှု ကြွ​လာ​သည်​ကို​မြင်​လျှင် ယော​ဟန်​က ``လော​က သား​တို့​၏​အ​ပြစ်​ကို​ယူ​ဆောင်​သွား​တော်​မူ သော​ဘု​ရား​သ​ခင်​၏​သိုး​သူ​ငယ်​တော်​ကို ကြည့်​ကြ​လော့။- `ငါ​မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့် ငါ့​ထက် ကြီး​မြတ်​သော​သူ​သည်​ငါ​၏​နောက်​တွင်​ကြွ လာ​လိမ့်​မည်' ဟု​ယ​ခင်​အ​ခါ​က​ငါ​ဖော်​ပြ ခဲ့​သူ​ကား​ထို​သူ​ပင်​တည်း။- ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို​ယ​ခင် အ​ခါ​က​ငါ​မ​သိ။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သူ့​ကို​သိ​ရှိ​နိုင်​ကြ​စေ​ရန် ငါ သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ပေး​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။ ထို​နောက်​ယော​ဟန်​က ``ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ​ချိုး​ငှက်​အ​သွင်​ဖြင့်​ဆင်း​သက်​၍ ကိုယ်​တော်​၏​အ​ပေါ်​မှာ​နား​သည်​ကို​ငါ​မြင် ရ​၏။- ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို ယ​ခင်​က ငါ​မ​သိ။ သို့​သော်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ဘု​ရား​သ​ခင် က `ဝိ​ညာဉ်​တော်​သည်​ဆင်း​သက်​၍​တစ်​စုံ တစ်​ယောက်​သော​သူ​၏​အ​ပေါ်​မှာ​နား​တော်​မူ သည်​ကို​သင်​မြင်​ရ​လိမ့်​မည်' ဟု​ငါ့​အား မိန့်​တော်​မူ​ခဲ့​၏။- ဤ​သို့​မိန့်​တော်​မူ​သည်​အ​တိုင်း​ငါ​တွေ့​မြင်​ရ​ပြီ ဖြစ်​၍ ဤ​သူ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ကို​ငါ​သက်​သေ​ခံ​၏'' ဟု​ဆို​၏။ နောက်​တစ်​နေ့​၌​ယော​ဟန်​သည် တ​ပည့် နှစ်​ယောက်​နှင့်​အ​တူ​ရပ်​လျက်​နေ​စဉ်၊- သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင် သ​ဖြင့် ``ဘု​ရား​သ​ခင်​၏​သိုး​သူငယ်​တော်​ကို ကြည့်​လော့'' ဟု​ဆို​၏။ သူ​၏​တ​ပည့်​နှစ်​ယောက်​တို့​သည်​ထို​စ​ကား​ကို ကြား​လျှင် သ​ခင်​ယေ​ရှု​၏​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​နောက်​သို့​လှည့်​၍​ကြည့်​တော် မူ​ရာ ထို​သူ​တို့​လိုက်​လာ​သည်​ကို​မြင်​တော်​မူ လျှင် ``သင်​တို့​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ကြ သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``ရဗ္ဗိ၊ ကိုယ်​တော်​သည်​အ​ဘယ်​မှာ နေ​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ (ရဗ္ဗိ​၏​အ​နက်​ကား​အ​ရှင်​ဘု​ရား​ဟု​ဆို​လို​၏) ကိုယ်​တော်​က ``လာ​၍​ကြည့်​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။ ထို​အ​ချိန်​သည်​ည​နေ​လေး​နာ​ရီ​အ​ချိန် ဖြစ်​သည်။ သူ​တို့​သည်​လိုက်​၍​ကိုယ်​တော်​နေ​တော် မူ​ရာ​အ​ရပ်​ကို​မြင်​ပြီး​လျှင် ကိုယ်​တော်​နှင့်​အ​တူ မိုး​ချုပ်​သည်​တိုင်​အောင်​နေ​ကြ​၏။ ယော​ဟန်​၏​စ​ကား​ကို​ကြား​၍ ကိုယ်​တော်​၏ နောက်​တော်​သို့​လိုက်​သွား​သူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​မှာ​ရှိ​မုန်​ပေ​တ​ရု​၏​ညီ​အန္ဒြေ ဖြစ်​၏။- သူ​သည်​အစ်​ကို​ဖြစ်​သူ​ရှိ​မုန်​ကို​ချက်​ချင်း​ရှာ ၍ ``မေ​ရှိ​ယ​အ​ရှင်​ကို​ငါ​တို့​တွေ့​ပြီ'' ဟု​ဆို​၏။ (မေ​ရှိ​ယ​အ​နက်​မှာ ခ​ရစ်​တော်​ဖြစ်​သ​တည်း။)- ထို​နောက်​သူ​သည်​ရှိ​မုန်​အား​သ​ခင်​ယေ​ရှု ထံ​တော်​သို့​ခေါ်​ဆောင်​သွား​လေ​သည်။ သ​ခင်​ယေ​ရှု​သည်​ရှိ​မုန်​ကို​ကြည့်​၍ ``သင်​သည် ယော​ဟန်​၏​သား​ရှိ​မုန်​ဖြစ်​၏။ ကေ​ဖ​နာ​မည် သစ်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (ကေ​ဖ ကား​ပေ​တ​ရု​ဟူ​သော​အ​မည်​နှင့်​ထပ်​တူ ဖြစ်​၍ ကျောက်​ဟု​အ​နက်​ရှိ​၏။) နောက်​တစ်​နေ့​၌​ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည် သို့​ကြွ​တော်​မူ​ရန် စိတ်​ပိုင်း​ဖြတ်​တော်​မူ​၏။ ဖိ​လိပ္ပု ကို​တွေ့​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော် မူ​၏။- (ဖိ​လိပ္ပု​သည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​၏။ ဗက်​ဇဲ​ဒ မြို့​ကား​အန္ဒြေ​နှင့်​ပေ​တ​ရု​တို့​နေ​ထိုင်​ရာ​မြို့ တည်း။)- ဖိ​လိပ္ပု​သည်​နာ​သ​နေ​လ​ကို​တွေ့​သ​ဖြင့် ``မော​ရှေ ၏​ပ​ညတ်​ကျမ်း​တွင်​လည်း​ကောင်း၊ ပ​ရော​ဖက်​ကျမ်း များ​တွင်​လည်း​ကောင်း​ရေး​သား​ဖော်​ပြ​ထား​သူ ကို​ငါ​တို့​တွေ့​ပြီ။ ထို​သူ​သည်​ယောသပ်​၏​သား၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​၏'' ဟု​ဆို​၏။ နာ​သ​နေ​လ​က ``နာ​ဇ​ရက်​မြို့​မှ​ကောင်း​သည့် အ​ရာ​တစ်​စုံ​တစ်​ခု​ထွက်​ပေါ်​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။ ဖိ​လိပ္ပု​က ``လာ​၍​ကြည့်​ပါ'' ဟု​ဆို​၏။ နာ​သ​နေ​လ​လာ​နေ​သည်​ကို​သ​ခင်​ယေ​ရှု​မြင် တော်​မူ​လျှင် ``ပ​ရိ​ယာယ်​ကင်း​သူ​ဣသ​ရေ​လ အ​မျိုး​သား​စစ်​ကို​ကြည့်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ နာ​သ​နေ​လ​က ``ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​သို့ အ​ကျွန်ုပ်​ကို​သိ​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ၏။ သ​ခင်​ယေ​ရှု​က ``သင့်​အား​ဖိ​လိပ္ပု​မ​ခေါ်​မီ သ​ဖန်း​ပင်​အောက်​တွင်​ရှိ​နေ​စဉ်​အ​ခါ​က​ပင် လျှင် သင့်​ကို​ငါ​မြင်​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​နာ​သ​နေ​လ​က ``အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ပါ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​လျှောက်​လေ​၏။ သ​ခင်​ယေ​ရှု​က ``သ​ဖန်း​ပင်​အောက်​တွင်​သင့် ကို​ငါ​မြင်​ကြောင်း​ပြော​ပြ​သည့်​အ​တွက်​သင် ယုံ​သ​လော။ ဤ​ထက်​ပို​၍​အံ့​သြ​ဖွယ်​သော အ​မှု​အ​ရာ​တို့​ကို​သင်​မြင်​ရ​လိမ့်​မည်။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ကောင်း​ကင်​ပွင့်​လျက် လူ​သား​အ​ပေါ်​တွင်​ဘု​ရား သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​ဆင်း​လျက် တက်​လျက်​နေ​ကြ​သည်​ကို​သင်​တို့​မြင်​ရ ကြ​လတ္တံ့' ဟု​မိန့်​တော်​မူ​၏။

ရှင်ယောဟန် 1:6-51 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​ထံမှ​စေလွှတ်​ခြင်း​ခံရ​သော ယောဟန်​အမည်​ရှိ​သူ​တစ်​ဦး​ပေါ်ထွန်း​လာ​၏။ လူ​အပေါင်း​တို့​သည် သူ့​အားဖြင့် ယုံကြည်​လာ​မည့်​အကြောင်း သူ​သည် အလင်း​၏​အကြောင်း​ကို​သက်သေခံ​ရန် သက်သေ​အဖြစ်​လာ​၏။ သူ​သည်​အလင်း​မ​ဟုတ်။ အလင်း​၏​အကြောင်း​ကို​သက်သေခံ​ရန်​သာ​လာ​၏။ စစ်မှန်​သော​အလင်း​သည် ဤ​လောက​သို့​ကြွလာ​၍ လူ​အပေါင်း​တို့​အား အလင်း​ကို​ပေး​သော​အရှင်​ဖြစ်​၏။ ကိုယ်တော်​သည် ဤ​လောက​၌​ရှိ​နှင့်​တော်မူ​၍ ဤ​လောက​သည် ကိုယ်တော်​အားဖြင့်​ဖြစ်လာ​သော်လည်း ဤ​လောက​သည် ကိုယ်တော်​ကို​မ​သိ။ ကိုယ်တော်​သည် မိမိ​အရပ်​သို့​ကြွလာ​သော်လည်း မိမိ​လူမျိုး​တို့​သည် ကိုယ်တော်​ကို​လက်​မ​ခံ​ကြ။ သို့ရာတွင် ကိုယ်တော်​ကို​လက်ခံ​သမျှ​သော​သူ​တည်းဟူသော ကိုယ်တော်​၏​နာမ​တော်​ကို​ယုံကြည်​သော​သူ​တို့​အား ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ရ​သော​အခွင့်​ကို ပေး​တော်မူ​၏။ ထို​သားသမီး​တို့​သည် မျိုးရိုး​ဇာတိ​အားဖြင့်​သော်​လည်းကောင်း၊ ကိုယ်ကာယ​၏​အလိုဆန္ဒ​အားဖြင့်​သော်​လည်းကောင်း၊ လူ​၏​အလိုဆန္ဒ​အားဖြင့်​သော်​လည်းကောင်း မွေးဖွား​ကြ​သည်​မ​ဟုတ်။ ဘုရားသခင်​အားဖြင့်​သာ မွေးဖွား​ကြ​၏။ နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။ ယောဟန်​သည် ထို​အရှင်​၏​အကြောင်း​ကို​သက်သေခံ​လျက် “ငါ့​နောက်​တွင် ကြွလာ​သော​အရှင်​သည် ငါ့​ထက်​အလျင်​ဦးစွာ​ရှိ​နှင့်​သည်​ဖြစ်၍ ငါ့​ထက်​ကြီးမြတ်​သည်​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အရှင်​ပင်​ဖြစ်​သည်”​ဟု ကြွေးကြော်​လေ​၏။ အကျွန်ုပ်​တို့​အားလုံး​သည် ထို​အရှင်​၏​ပြည့်စုံ​တော်မူ​ခြင်း​ထဲမှ ကျေးဇူး​တော်​အပေါ်၌ ထပ်ဆင့်​၍ ကျေးဇူး​တော်​ကို​ခံစား​ရ​ကြ​ပြီ။ အကြောင်းမူကား ပညတ်​တရား​ကို မောရှေ​အားဖြင့်​ပေး​တော်မူ​၏။ ကျေးဇူး​တော်​နှင့်​သမ္မာတရား​မူကား ယေရှု​ခရစ်တော်​အားဖြင့်​ဖြစ်လာ​၏။ ဘုရားသခင်​ကို မည်သူမျှ​မ​မြင်​ဖူး​သော်လည်း ခမည်းတော်​၏​ရင်ခွင်​၌​ရှိ​သည့် တစ်ပါးတည်း​သော​သား​တော်​ဘုရား​သည် ဘုရားသခင်​ကို ထင်ရှား​စေ​တော်မူ​ပြီ။ ဂျူး​လူမျိုး​တို့​သည် ယောဟန်​ထံသို့ ယဇ်ပုရောဟိတ်​များ​နှင့်​လေဝိ​အနွယ်ဝင်​များ​ကို ဂျေရုဆလင်​မြို့​မှ​စေလွှတ်​၍ “သင်​သည်​မည်သူ​နည်း”​ဟု မေးမြန်း​စေ​ကြ​သောအခါ ယောဟန်​၏​သက်သေခံ​ချက်​မှာ ဤသို့​ဖြစ်​၏။ ယောဟန်​သည် ထိမ်ဝှက်​ခြင်း​မ​ရှိ​ဘဲ ဝန်ခံ​၍ “ငါ​သည် ခရစ်တော်​မ​ဟုတ်”​ဟု အတိအလင်း​ပြော​လေ​၏။ ထိုအခါ သူ​တို့​က “သို့ဖြစ်လျှင် သင်​သည်​မည်သူ​နည်း။ ဧလိယ​လော”​ဟု မေး​ကြ​သော် ယောဟန်​က “ငါ​သည် ဧလိယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပရောဖက်​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။ ထို​သူ​တို့​က​လည်း “သင်​သည်​မည်သူ​နည်း။ ငါ​တို့​ကို​စေလွှတ်​သော​သူ​တို့​အား ပြန်​၍​ဖြေကြား​နိုင်​ရန် သင့်​အကြောင်း​ကို သင်​မည်သို့​ပြော​မည်နည်း”​ဟု ဆို​ကြ​၏။ ယောဟန်​က “ငါ​သည် ပရောဖက်​ဟေရှာယ​ဟောပြော​ခဲ့​သည့်​အတိုင်း ‘ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ဖြောင့်တန်း​စေ​ကြ​လော့’​ဟူ၍ တော​ကန္တာရ​၌​ဟစ်ကြော်​သော​သူ​၏​အသံ​ဖြစ်​၏”​ဟု ဆို​၏။ ထို​သူ​တို့​သည် ဖာရိရှဲ​တို့​ထဲမှ​စေလွှတ်​ခြင်း​ခံရ​သော​သူ​များ​ဖြစ်​ကြ​၏။ တစ်ဖန် သူ​တို့​က “သင်​သည် ခရစ်တော်​မ​ဟုတ်၊ ဧလိယ​လည်း​မ​ဟုတ်၊ ထို​ပရောဖက်​လည်း​မ​ဟုတ်​လျှင် အဘယ်ကြောင့်​ဗတ္တိဇံ​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။ ယောဟန်​က​လည်း “ငါ​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​အလယ်​၌ သင်​တို့​မ​သိ​သော​အရှင်​တစ်​ပါး​ရပ်​လျက်​ရှိ​၏။ ထို​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​သော​အရှင်​ဖြစ်​၏။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်”​ဟု ပြန်​ပြော​၏။ ဤ​အခြင်းအရာ​တို့​သည် ယောဟန်​ဗတ္တိဇံ​ပေး​နေ​သော ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း၊ ဗေသနိ​ရွာ​တွင်​ဖြစ်ပျက်​ခဲ့​၏။ နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။ ‘ငါ့​ထက်​အလျင်​ဦးစွာ​ရှိ​နှင့်​သည်​ဖြစ်၍ ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်’​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အရှင်​၏​အကြောင်း​ပင်​ဖြစ်​သည်။ ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် အစ္စရေး​လူမျိုး​ရှေ့၌ သူ့​ကို​ထင်ရှား​စေရန် ငါ​သည်​လာ​၍ ရေ​၌​ဗတ္တိဇံ​ပေး​လျက်​နေ​သည်”​ဟု ဆို​၏။ တစ်ဖန် ယောဟန်​သည် သက်သေခံ​သည်​ကား “ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့ ကောင်းကင်​မှ​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို ငါ​မြင်​ရ​ပြီ။ ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် ရေ​၌​ဗတ္တိဇံ​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​က ‘တစ်စုံတစ်ဦး​အပေါ်သို့ ဝိညာဉ်​တော်​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​မြင်​ရ​သဖြင့် ဤ​သူ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ကို ငါ​သက်သေခံ​သည်”​ဟု ဆို​လေ​၏။ နောက်တစ်နေ့​၌ ယောဟန်​သည် တစ်ဖန် မိမိ​၏​တပည့်​နှစ်​ဦး​တို့​နှင့်အတူ ရပ်​နေ​စဉ် ယေရှု​ကြွ​တော်မူ​သည်​ကို​မြင်​၍ “ကြည့်​လော့။ ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း”​ဟု ဆို​၏။ ထိုသို့ ယောဟန်​ပြောဆို​သည်​ကို တပည့်​နှစ်​ဦး​တို့​သည်​ကြား​လျှင် ယေရှု​နောက်​တော်​သို့​လိုက်​သွား​ကြ​၏။ ယေရှု​သည်​လှည့်​၍ ထို​သူ​တို့​လိုက်​လာ​ကြ​သည်​ကို​မြင်​လျှင်“မည်သည့်​အရာ​ကို​အလိုရှိ​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ ထို​သူ​တို့​က​လည်း “ရဗ္ဗိ၊ ကိုယ်တော်​အဘယ်မှာ​နေ​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ (ရဗ္ဗိ​၏​အဓိပ္ပာယ်​မှာ ဆရာ​ဟူ၍​ဖြစ်​၏။) ယေရှု​က“လာ​ကြ​လော့။ သင်​တို့​သိမြင်​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​သည်​လိုက်​သွား​၍ နေ​တော်မူ​ရာ​အရပ်​ကို​တွေ့မြင်​ကြ​ပြီး ထို​နေ့​၌ ကိုယ်တော်​နှင့်အတူ​နေ​ခဲ့​ကြ​၏။ ထို​အချိန်​ကား ညနေ​လေး​နာရီ​ခန့်​ဖြစ်​၏။ ယောဟန်​၏​စကား​ကို​ကြား​၍ နောက်​တော်​သို့​လိုက်​သွား​သော​သူ​နှစ်​ဦး​ထဲမှ​တစ်​ဦး​သည် ရှိမုန်​ပေတရု​၏​ညီ​အန္ဒြေ​ဖြစ်​၏။ အန္ဒြေ​သည် မိမိ​အစ်ကို​ရှိမုန်​ကို ဦးစွာ​တွေ့​၍ “ငါ​တို့​သည် မေရှိယ​ကို​တွေ့​ကြ​ပြီ”​ဟု ဆို​လျက် သူ့​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​၏။ (မေရှိယ​၏​အဓိပ္ပာယ်​မှာ ဘိသိက်​ခံရ​သူ​ဟူ၍​ဖြစ်​၏။) ယေရှု​သည် ရှိမုန်​ကို​စူးစိုက်​ကြည့်​၍“သင်​သည် ယောဟန်​၏​သား​ရှိမုန်​ဖြစ်​၏။ သင်​သည် ကေဖ​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ (ကေဖ​၏​အဓိပ္ပာယ်​မှာ ကျောက်​ဟူ၍​ဖြစ်​၏။) နောက်တစ်နေ့​တွင် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ထွက်ခွာ​ရန် အလို​တော်​ရှိ​၏။ ထိုအခါ ဖိလိပ္ပု​ကို​တွေ့​လျှင်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။ ဖိလိပ္ပု​သည် အန္ဒြေ​နှင့်​ပေတရု​တို့​၏​ဇာတိ​မြို့​ဖြစ်​သော ဗက်ဇဲဒ​မြို့​မှ​လာ​သော​သူ​ဖြစ်​၏။ ဖိလိပ္ပု​သည် နာသနေလ​ကို​တွေ့​လျှင် “မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​လည်းကောင်း၊ ပရောဖက်​တို့​သည်​လည်း သူတို့ကျမ်း​၌​လည်းကောင်း ရေးသား​ဖော်ပြ​ထား​သော​သူ၊ ယောသပ်​၏​သား၊ နာဇရက်​မြို့​မှ​ယေရှု​ကို ငါ​တို့​တွေ့​ကြ​ပြီ”​ဟု ဆို​၏။ နာသနေလ​က​လည်း “နာဇရက်​မြို့​ထဲမှ ကောင်း​သော​အရာ​တစ်စုံတစ်ခု​ထွက်​နိုင်​သလော”​ဟု ဆို​သော် ဖိလိပ္ပု​က “လာ​၍​ကြည့်​ပါ”​ဟု ဆို​လေ​၏။ ယေရှု​သည် မိမိ​ထံသို့ နာသနေလ​လာ​နေ​သည်​ကို​မြင်​လျှင်“ကြည့်​လော့။ စစ်မှန်​သော​အစ္စရေး​အမျိုးသား​ပေတည်း။ သူ​၌​စဉ်းလဲ​ခြင်း​မ​ရှိ”​ဟု သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​၏။ နာသနေလ​က​လည်း “ကိုယ်တော်​သည် အကျွန်ုပ်​ကို မည်သို့​သိ​ပါ​သနည်း”​ဟု မေးလျှောက်​သော် ယေရှု​က“ဖိလိပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ သင်​သည် သဖန်းပင်​အောက်၌​ရှိ​နေ​သည်​ကို ငါ​မြင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ နာသနေလ​က “ရဗ္ဗိ၊ ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​သည်။ အစ္စရေး​ဘုရင်​လည်း​ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သဖန်းပင်​အောက်၌ သင့်​ကို ငါ​မြင်​သည်​ဟု​ဆို​သောကြောင့် သင်​ယုံကြည်​သလော။ ဤ​ထက်​ကြီးမြတ်​သော​အရာ​များ​ကို သင်​မြင်​ရ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် “သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကောင်းကင်​သည်​ပွင့်​လျက် ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် လူ့သား​၏​အပေါ်တွင် တက်​လျက်​ဆင်း​လျက်​နေ​ကြ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။