YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 9:23-24

ယေရမိ 9:23-24 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ညာ​ရှိ​သော​သူ​သည် မိ​မိ​ပ​ညာ၌ မ​ဝါ​ကြွား​စေ​နှင့်။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား၌ မ​ဝါ​ကြွား​စေ​နှင့်။ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် မိ​မိ​ဥ​စ္စာ၌ မ​ဝါ​ကြွား​စေ​နှင့်။ ဝါ​ကြွား​သော​သူ မည်​သည်​ကား၊ ငါ​သည် မြေ​ကြီး​ပေါ်​မှာ ချစ်​သ​နား​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​ကို ပြု​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​တည်း​ဟူ​သော၊ ငါ့​သ​ဘော​ကို သိ​နား​လည်​ခြင်း၌​သာ ဝါ​ကြွား​စေ။ ငါ​သည် ထို​အ​ရာ​တို့၌ မွေ့​လျော်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယေရမိ 9:23-24 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က၊ ``ပ​ညာ​ရှိ​သည်​မိ​မိ​ဉာဏ်​ပ​ညာ​ရှိ​မှု၊ ခွန်​အား​ကြီး​မား​သူ​သည်​မိ​မိ​ခွန်​အား​ကြီး မား​မှု၊ ချမ်း​သာ​ကြွယ်​ဝ​သူ​သည်​မိ​မိ​ချမ်း​သာ ကြွယ်​ဝ​မှု​၌ မ​ဝါ​မ​ကြွား​အပ်။ အ​ကယ်​၍​ဝါ​ကြွား​လို​သူ​လူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​မူ ထို​သူ​သည်​ငါ​၏​အ​ကြောင်း​ကို​သိ​ရှိ​နား​လည်​မှု ၌​သာ​လျှင်​ဝါ​ကြွား​ရာ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​မေတ္တာ​သည်​ခိုင်​မြဲ​၍ ငါ​ပြု​သော​အ​မှု​သည်​တ​ရား​မျှ​တ​မှု၊ ဖြောင့်​မတ်​မှန်​ကန်​မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဤ​အ​မှု​တို့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။