YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 18:1-7

ယေရမိ 18:1-7 Judson Bible (JBMLE)

ယေ​ရ​မိ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ သင်​သည် ထ၍ အိုး​ထိန်း​သ​မား​အိမ်​သို့ သွား​လော့။ ထို​အ​ရပ်၌ ငါ့​စ​ကား​ကို ငါ​ကြား​စေ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည်​သွား၍၊ အိုး​ထိန်း​စက်​နှင့် လုပ်​လျက်​ရှိ​သော အိုး​ထိန်း​သ​မား​ကို​တွေ့၏။ အိုး​မြေ​ဖြင့် လုပ်​သော​အိုး​သည်၊ အိုး​ထိန်း​သ​မား​လက်၌​ပျက်​စီး​သော​ကြောင့်၊ သူ​သည် အ​လို​အ​လျောက်​အ​သစ်​ပြု​ပြင်၍၊ အ​ခြား​သော​အိုး​ကို လုပ်​ပြန်​လေ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ အိုး​ထိန်း​သ​မား​ပြု​သ​ကဲ့​သို့ သင်​တို့​ကို​ငါ​မ​ပြု​နိုင်​သ​လော။ အို ဣ​သ​ရေ​လ​အ​မျိုး၊ အိုး​မြေ​သည် အိုး​ထိန်း​သ​မား​လက်၌​ရှိ​သ​ကဲ့​သို့ သင်​တို့​သည် ငါ့​လက်၌​ရှိ​ကြ၏။ အ​ကြင်​တိုင်း​နိုင်​ငံ​ကို နုတ်​ပယ်​ဖြို​ချ ဖျက်​ဆီး​ခြင်း​ငှာ ငါ​အ​မိန့်​တော်​ရှိ၏။

ယေရမိ 18:1-7 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အိုး​ထိန်း​သည်​၏ အိမ်​သို့​သွား​လော့။ သင့်​အား​ငါ​ဗျာ​ဒိတ်​ပေး တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​သ​ဖြင့်၊- ငါ​သည်​ထို​အ​ရပ်​သို့​သွား​ရာ​အိုး​ထိန်း​စက် ကို​လှည့်​လည်​နေ​သော​အိုး​ထိန်း​သည်​ကို​မြင်​၏။- သူ​သည်​မိ​မိ​ပြု​လုပ်​လျက်​ရှိ​သည့်​အိုး​မြေ တွင်​အ​ပြစ်​အ​နာ​အ​ဆာ​ကို​တွေ့​သော​အ​ခါ ထို​အိုး​မြေ​ကို​ယူ​၍​အ​ခြား​အ​ရာ​ဝတ္ထု တစ်​ခု​အ​ဖြစ်​သို့​ပြောင်း​လဲ​ပြု​လုပ်​လိုက် လေ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊- ``အိုး​ထိန်း​သည်​သည်​ရွှံ့​စေး​ကို​ပြု​သ​ကဲ့​သို့ ငါ​သည်​လည်း​သင်​တို့​ဣ​သ​ရေ​လ​ပြည်​သား များ​အား​မ​ပြု​နိုင်​ပါ​သ​လော။ အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ရွှံ့​စေး​သည်​အိုး​ထိန်း​သည်​၏ လက်​တွင်း​၌​ရှိ​သ​ကဲ့​သို့ သင်​တို့​အ​မျိုး​သား များ​သည်​လည်း​ငါ​၏​လက်​တွင်း​၌​ရှိ​ကြ​၏။- အ​ကယ်​၍​ငါ​သည်​အ​ဘယ်​အ​ခါ​၌​မ​ဆို​ဤ မည်​သော​လူ​မျိုး​ကို​သော်​လည်း​ကောင်း၊ ဤ​မည် သော​တိုင်း​ပြည်​ကို​သော်​လည်း​ကောင်း​နုတ်​ပယ် ဖြို​ချ​ဖျက်​ဆီး​တော်​မူ​မည်​ဟု​ဆို​ပြီး​နောက်၊

ယေရမိ 18:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရမိ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​မှာ “​ထ​၍ အိုးထိန်းသည်​အိမ်​သို့ သွား​လော့​။ ထို​အိမ်​၌ သင်​သည် ငါ​၏​နှုတ်ကပတ်တော်​ကို ကြား​ရ​မည်​”​ဟူ၍ ဖြစ်​၏​။ ငါ​သည်​လည်း အိုးထိန်းသည်​အိမ်​သို့​သွား​၍ ရောက်​သောအခါ သူ​သည် အိုးထိန်းစက်​နှင့် အလုပ်​လုပ်​နေ​သည်​ကို တွေ့​ရ​၏​။ အိုးထိန်းသည်​သည် ရွှံ့စေး​ဖြင့် အိုး​တစ်​လုံး​ကို​ပြုလုပ်​ရာ ပုံပျက်​သွား​သဖြင့် အခြား​အိုး​တစ်​လုံး​ကို သူ​နှစ်သက်​သော​ပုံ​ဖြင့် တစ်ဖန်​ပြုလုပ်​လေ​၏​။ ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၏​။ ထာဝရဘုရား​က “​အို အစ္စရေး​အမျိုးအနွယ်​တို့​၊ အိုးထိန်းသည် ပြု​သကဲ့သို့ သင်​တို့​ကို ငါ​ပြု​နိုင်​သည်​မ​ဟုတ်​လော​။ ကြည့်ရှု​လော့​။ ရွှံ့စေး​သည် အိုးထိန်းသည်​လက်​၌​ရှိ​သကဲ့သို့ အစ္စရေး​အမျိုးအနွယ်​တို့​သည် ငါ့​လက်​၌​ရှိ​၏​။ ငါ​သည် လူမျိုး​တစ်​မျိုး​၊ တိုင်းနိုင်ငံ​တစ်နိုင်ငံ​ကို တစ်ခဏအတွင်း နုတ်ပယ်​ဖြိုချ​မည်​၊ ဖျက်ဆီး​မည်​ဟု ငါ​သတိပေး​ခဲ့​ပြီ​။