YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 17:5-7

ယေရမိ 17:5-7 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​ကို​ကိုး​စား၍ လူ​သ​တ္တ​ဝါ​ကို အ​မှီ​ပြု​သ​ဖြင့်၊ စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား​သော​သူ​သည် ကျိန်​အပ်​သော​သူ​ဖြစ်၏။ ထို​သူ​သည် လွင်​ပြင်၌​ရှိ​သော သစ်​ပင်​ခြောက်​ကဲ့​သို့​ဖြစ်၍၊ ကောင်း​ကျိုး​ရောက်​ကြောင်း​ကို မ​သိ​ရ။ အ​ဘယ်​သူ​မျှ​မ​နေ​သော ဆား​မြေ၊ သွေ့​ခြောက်​သော​လွင်​ပြင်၌ နေ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မိ​မိ​ကိုး​စား​ရာ အ​ကြောင်း​ဖြစ်​စေ​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​အပ်​သော​သူ​ဖြစ်၏။

ယေရမိ 17:5-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က “​လူ​ကို​ကိုးစား​သော​သူ​၊ လူ​၏​လက်ရုံးအား​ကို​မှီခို​သော​သူ​၊ ထာဝရဘုရား​ထံမှ ကျောခိုင်း​သွား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​သော​သူ​ဖြစ်​၏​။ ထို​သူ​သည် သဲကန္တာရ​ရှိ​ချုံပုတ်​ကဲ့သို့​ဖြစ်​မည်​။ ကောင်းကျိုးချမ်းသာ​ကို ခံစား​ရ​မည်​မ​ဟုတ်​။ ခြောက်သွေ့​သော​တောကန္တာရ​ရှိ မည်သူ​မျှ​မ​နေထိုင်​သော​ဆား​မြေ​၌ နေ​ရ​လိမ့်မည်​။ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​၊ ထာဝရဘုရား​ကို မိမိ​ကိုးစား​ရာ​ဖြစ်​စေ​သော​သူ​သည် ကောင်းချီးမင်္ဂလာ​ခံစား​ရ​သော​သူ​ဖြစ်​၏​။