YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 8:1-3

တရားသူကြီး 8:1-3 Judson Bible (JBMLE)

ဧ​ဖ​ရိမ်​လူ​တို့​က၊ သင်​သည် မိ​ဒျန်​လူ​တို့​ကို တိုက်​သွား​သော​အ​ခါ၊ ငါ​တို့​ကို​မ​ခေါ်​ဘဲ ငါ​တို့၌ အ​ဘယ်​သို့ ပြု​သ​နည်း​ဟု ကျပ်​ကျပ်​အ​ပြစ်​တင်​ကြ၏။ ဂိ​ဒေါင်​က​လည်း၊ သင်​တို့​ပြု​သ​ကဲ့​သို့ ငါ​သည် အ​ဘယ်​သို့ ပြု​ပြီး​သ​နည်း။ အ​ဗျေ​ဇာ​စ​ပျစ်​သီး သိမ်း​ခြင်း​ထက် ဧ​ဖ​ရိမ်​လိုက်​ကောက်​ခြင်း​သည် သာ၍​ကောင်း​သည်​မ​ဟုတ်​လော။ ဘု​ရား​သ​ခင်​သည် မိ​ဒျန်​ဗိုလ်​ချုပ် ဩ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​ပြီ။ သင်​တို့​ပြု​သ​ကဲ့​သို့ ငါ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း​ဟု ပြန်​ပြော​သော​စ​ကား​ကို သူ​တို့​သည်​ကြား​သော​အ​ခါ စိတ်​ပြေ​ကြ၏။

တရားသူကြီး 8:1-3 Common Language Bible (BCL)

ထို​နောက်​ဧ​ဖ​ရိမ်​နယ်​သား​တို့​က​ဂိ​ဒေါင် အား``သင်​သည်​မိ​ဒျန်​အ​မျိုး​သား​တို့​ထံ​သွား ရောက်​တိုက်​ခိုက်​စဉ်​အ​ခါ​က အ​ဘယ်​ကြောင့် ငါ​တို့​အား​မ​ခေါ်​ဘဲ​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​သို့​ငါ​တို့​အား​ပြုပါ​သ​နည်း'' ဟု ပြင်း​ပြင်း​ထန်​ထန်​အ​ပြစ်​တင်​ကြ​၏။ သို့​ရာ​တွင်​ဂိ​ဒေါင်​က``သင်​တို့​ပြုခဲ့​သ​မျှ နှင့်​နှိုင်း​ယှဉ်​ကြည့်​လျှင် ငါ​ပြု​ခဲ့​သ​မျှ​သည် ဘာ​မျှ​မ​ဖြစ်​လောက်​ပါ။ သင်​တို့​ပြု​သည့် အ​မှု​အ​နည်း​ငယ်​က​ပင်​လျှင် ငါ​တို့​သား ချင်း​စု​တစ်​ရပ်​လုံး​ပြု​သည့်​အ​မှု​ထက်​ပို​၍ တန်​ဖိုး​ရှိ​ပါ​၏။- သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အား​ဖြင့် မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​အား​ကွပ်​မျက်​နိုင်​ခဲ့ ကြ​လေ​ပြီ​တ​ကား။ ထို​အ​မှု​နှင့်​နှိုင်း​ယှဉ် လောက်​အောင်​ငါ​သည်​အ​ဘယ်​အ​မှု​ကို​ပြု နိုင်​ခဲ့​ပါ​သ​နည်း'' ဟု​ပြန်​ပြော​သော​စ​ကား ကို​ကြား​လျှင်​သူ​တို့​သည်​အ​မျက်​ပြေ ကြ​၏။

တရားသူကြီး 8:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဧဖရိမ်​အမျိုးသား​တို့​က ဂိဒေါင်​အား “​သင်​သည် မိဒျန်​လူမျိုး​တို့​နှင့် စစ်သွားတိုက်​သည်​ကို ငါ​တို့​အား အဘယ်ကြောင့် မ​ခေါ်​သနည်း​။ ငါ​တို့​အား အဘယ်ကြောင့် ထိုသို့​ပြု​သနည်း​”​ဟု ဆို​လျက် ပြင်းပြင်းထန်ထန်​အပြစ်တင်​ကြ​၏​။ ဂိဒေါင်​က​လည်း “​ငါ​ပြု​သော​အမှု​သည် သင်​တို့​ပြု​သော​အမှု​နှင့် အဘယ်သို့​နှိုင်းယှဉ်​နိုင်​မည်နည်း​။ အဗျေဇာ​အမျိုးသား​စပျစ်သီး​စုသိမ်း​ခြင်း​ထက် ဧဖရိမ်​အမျိုးသား​ကောက်သင်းကောက်​ခြင်း​က သာ၍​ကောင်း​သည်​မ​ဟုတ်​လော​။ ဘုရားသခင်​သည် မိဒျန်​လူမျိုး​တို့​၏​အကြီးအကဲ​များ​ဖြစ်​သည့် ဩရဘ​နှင့် ဇေဘ​တို့​ကို သင်​တို့​လက်​သို့​အပ်​တော်မူ​၏​။ ငါ​သည် သင်​တို့​နှင့် အဘယ်သို့​နှိုင်းယှဉ်​နိုင်​မည်နည်း​”​ဟု သူ​တို့​အား ပြန်ပြော​လေ​၏​။ ထိုသို့ ဂိဒေါင်​ပြော​သောအခါ ဧဖရိမ်​အမျိုးသား​တို့​သည် စိတ်ပြေ​သွား​လေ​၏​။