YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 7:1-25

တရားသူကြီး 7:1-25 Judson Bible (JBMLE)

ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် ခေါ်​ဝေါ်​သော ဂိ​ဒေါင်​သည် နံ​နက်​စော​စော​ထ၍၊ ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဟာ​ရုတ်​ရေ​တွင်း​နား​မှာ တပ်​ချ​သ​ဖြင့်၊ မိ​ဒျန်​တပ်​သည် မြောက်​ဘက်၊ မော​ရေ​တောင်​ခြေ​ရင်း​ချိုင့်၌ ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၌​ပါ​သော​လူ​တို့​သည် အ​လွန်​များ၍၊ သူ​တို့​လက်၌ မိ​ဒျန်​လူ​တို့​ကို ငါ​မ​အပ်​ရ။ အပ်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​က၊ ငါ့​လက်​ရုံး​သည် ငါ့​ကို​ကယ်​တင်​ပြီ​ဟု ငါ့​တစ်​ဖက်၌ ဝါ​ကြွား​လိမ့်​မည်။ သို့​ဖြစ်၍၊ ကြောက်​လန့်​သော​သူ မည်​သည်​ကား၊ ဂိ​လဒ်​တောင်​မှ စော​စော​ပြန်​သွား​စေ​ဟု လူ​များ​တို့​အား ဟစ်​ကြော်​လော့​ဟု ဂိ​ဒေါင်​အား​မိန့်​တော်​မူ​သ​ဖြင့်၊ လူ​နှစ်​သောင်း​နှစ်​ထောင်​ပြန်​သွား၍ တစ်​သောင်း​ကျန်​ရစ်၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည် အ​လွန်​များ​သေး၏။ ရေ​ဆိပ်​သို့ ခေါ်​ခဲ့​လော့။ သူ​တို့​ကို ရေ​ဆိပ်​မှာ သင့်​အ​ဖို့ ငါ​စုံ​စမ်း​မည်။ ထို​အ​ခါ ဤ​မည်​သော​သူ​သည် သင်​နှင့်​အ​တူ​သွား​ရ​မည်​ဟု ငါ​ဆို​လျှင်၊ ထို​သူ​သည် သွား​ရ​မည်။ ဤ​မည်​သော​သူ​မ​သွား​ရ​ဟု ငါ​ဆို​လျှင် ထို​သူ​သည် မ​သွား​ရ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဂိ​ဒေါင်​သည် လူ​တို့​ကို ရေ​ဆိပ်​သို့​ခေါ်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ခွေး​သည် ရေ​ကို​လျက်၍ သောက်​သ​ကဲ့​သို့ လျှာ​နှင့်​လျက်၍ သောက်​သော​သူ​တစ်​စု၊ ဒူး​ထောက်​လျက် ဝပ်၍​သောက်​သော​သူ​တစ်​စု၊ ထို​လူ​နှစ်​စု​ကို ခွဲ​ထား​လော့​ဟု ဂိ​ဒေါင်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ မိ​မိ​လက်​ခုပ်​နှင့် ရေ​ကို​ယူ​သ​ဖြင့် လျက်၍​သောက်​သော​သူ သုံး​ရာ​ရှိ၏။ ကြွင်း​သော​သူ​အ​ပေါင်း​တို့​သည် ရေ​သောက်​ခြင်း​ငှာ ဒူး​ထောက်၍ ဝပ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လျက်၍ သောက်​သော​သူ သုံး​ရာ​အား​ဖြင့် သင့်​ကို​ငါ​ကယ်​တင်၍ မိ​ဒျန်​လူ​တို့​ကို သင့်​လက်၌​အပ်​မည်။ ကြွင်း​သော​သူ​တို့​ကို မိ​မိ​နေ​ရာ​သို့ ပြန်​သွား​စေ​ဟု ဂိ​ဒေါင်​အား​မိန့်​တော်​မူ၏။ ထို​သူ​တို့​သည် စား​စ​ရိတ်​နှင့် တံ​ပိုး​များ​ကို​ယူ၍၊ ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို မိ​မိ​နေ​ရာ​သို့ ဂိ​ဒေါင်​သည် လွှတ်​လိုက်​သ​ဖြင့်၊ ထို​သုံး​ရာ​သော​လူ​တို့​ကို​သာ မိ​မိ​နှင့်​အ​တူ ချန်​ထား​လေ၏။ မိ​ဒျန်​လူ​တို့​သည် သူ့​အောက်​ချိုင့်၌ တပ်​ချ​လျက် ရှိ​ကြ၏။ ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ ထ​လော့။ ရန်​သူ​တပ်​ချ​ရာ​သို့ ချီ​သွား​လော့။ သင့်​လက်၌ ငါ​အပ်​မည်။ မ​ချီ​ဝံ့​လျှင် သင်၏​ကျွန်​ဖု​ရ​ကို ရှေ့​ဦး​စွာ​ခေါ်​သွား​လော့။ သူ​တို့​သည် အ​ဘယ်​သို့​ပြော​သည်​ကို ကြား​လိမ့်​မည်။ ထို​နောက်​မှ တပ်​ချ​ရာ​သို့ ချီ​သွား​ခြင်း​ငှာ သင့်​လက်​အား​ကြီး​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဂိ​ဒေါင်​သည် မိ​မိ​ကျွန်​ဖု​ရ​ကို​ခေါ်၍ ရန်​သူ၏​တပ်​ပြင်၌ ကင်း​ထိုး​သော​သူ​ရှိ​ရာ​သို့ သွား​လေ၏။ မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် ချိုင့်၌​အိပ်​လျက်၊ ကျိုင်း​ကောင်​နှင့်​အ​မျှ များ​ကြ၏။ ကု​လား​အုတ်​တို့​သည်​လည်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​တိုင်း​မ​သိ​များ​ကြ၏။ ဂိ​ဒေါင်​သည် ရောက်​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် မိ​မိ​မြင်​မက်​သော အိပ်​မက်​ကို မိ​မိ​အ​ပေါင်း​အ​ဖော်​အား ပြန်​ပြော​သည်​မှာ၊ ငါ​မြင်​မက်​သည်​ကား၊ မု​ယော​မုန့်​တစ်​ပြား​သည် မိ​ဒျန်​တပ်​ထဲ​သို့​လိမ့်၍ တဲ​တစ်​ဆောင်​ကို​တွေ့​လျှင်၊ ထိ​ခိုက်​မှောက်​လှန်​ဖြို​ချ​လေ၏​ဟု ဆို​သော်၊ သူ၏​အ​ပေါင်း​အ​ဖော်​က၊ ထို​မုန့်​ပြား​သည် အ​ခြား​မ​ဟုတ် ဣ​သ​ရေ​လ​အ​မျိုး ယော​ရှ​သား​ဂိ​ဒေါင်၏​ဓား​ဖြစ်၏။ ထို​သူ​လက်၌ ဘု​ရား​သ​ခင်​သည် မိ​ဒျန်​အ​မျိုး၊ မိ​ဒျန်​ဗိုလ်​ခြေ​အ​ပေါင်း​ကို အပ်​တော်​မူ​မည်​ဟု ပြန်​ပြော၏။ ထို​အိပ်​မက်​နှင့် အိပ်​မက်​အ​နက်​ကို ဂိ​ဒေါင်​သည်​ကြား​သော​အ​ခါ၊ ကိုး​ကွယ်၍ ဣ​သ​ရေ​လ​တပ်​သို့ ပြန်​ပြီး​လျှင်၊ ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​ဒျန်​ဗိုလ်​ခြေ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို၏။ ထို​အ​ခါ လူ​သုံး​ရာ​တို့​ကို သုံး​စု​ခွဲ၍၊ တံ​ပိုး​တစ်​လုံး​နှင့် မီး​ခွက်​ပါ​သော အိုး​တစ်​လုံး​စီ​ကို လူ​တိုင်း​လက်၌ ဆောင်​စေ၏။ ငါ့​ကို​ကြည့်၍ ငါ​ပြု​သည်​အ​တိုင်း​ပြု​ကြ။ တပ်​ပြင်​သို့ ရောက်​သော​အ​ခါ၊ ငါ​ပြု​သည်​အ​တိုင်း ပြု​ကြ။ ငါ​နှင့် ငါ၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ တပ်​ပတ်​လည်​အ​ရပ်​ရပ်၌ သင်​တို့​သည် တံ​ပိုး​မှုတ်၍၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ​လော့​ဟု မှာ​ထား၏။ ထို​သို့ ဂိ​ဒေါင်​နှင့် သူ၌​ပါ​သော လူ​တစ်​ရာ​တို့​သည် သန်း​ခေါင်​ယံ၌ ကင်း​လဲ​စ​က တပ်​ပြင်​သို့​ရောက်​သ​ဖြင့် တံ​ပိုး​မှုတ်​ကြ၏။ မိ​မိ​ကိုင်​သော အိုး​တို့​ကို​လည်း​ခွဲ​ကြ၏။ လူ​သုံး​စု​တို့​သည် တံ​ပိုး​မှုတ်၍ အိုး​တို့​ကို​ခွဲ​သ​ဖြင့် လက်​ဝဲ​လက်၌ မီး​ခွက်​တို့​ကို​လည်း​ကောင်း၊ လက်​ယာ​လက်၌ မှုတ်​စ​ရာ​တံ​ပိုး​တို့​ကို​လည်း​ကောင်း​ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ၏။ သူ​တို့​သည် တပ်​ပတ်​ဝန်း​ကျင်၌ လူ​တိုင်း မိ​မိ​နေ​ရာ​အ​ရပ်​တွင် ရပ်​နေ၍၊ တပ်​သား​အ​ပေါင်း​တို့​သည် ပြေး​လျက်၊ အော်​လျက် ထွက်​ပြေး​ကြ၏။ လူ​သုံး​ရာ​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကြောင့်၊ တပ်​သား​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် တိုက်၍၊ ဇေ​ရ​ရတ်​အ​ရပ် ဗက်​ရှိ​တ္တ​မြို့​သို့​လည်း​ကောင်း၊ တ​ဗ္ဗတ်​မြို့​နား​မှာ အာ​ဗေ​လ​မ​ဟော​လ မြို့​နယ်​သို့​လည်း​ကောင်း ပြေး​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် နဿ​လိ​ခ​ရိုင်၊ အာ​ရှာ​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင် အ​ရပ်​ရပ်​ထဲ​က စု​လာ၍၊ မိ​ဒျန်​လူ​တို့​ကို လိုက်​ကြ၏။ ဂိ​ဒေါင်​သည်​လည်း၊ တ​မန်​တို့​ကို ဧ​ဖ​ရိမ်​တောင်​တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ သင်​တို့​သည် မိ​ဒျန်​လူ​တို့​ကို ဆီး​တား​ခြင်း​ငှာ ယော်​ဒန်​မြစ်​နား၊ ဗက်​ဗာ​ရ​ရွာ​တိုင်​အောင် သူ​တို့​အ​ရင်​စောင့်​နေ​ကြ​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ဧ​ဖ​ရိမ်​လူ​အ​ပေါင်း​တို့​သည် စု​ဝေး၍၊ ယော်​ဒန်​မြစ်​နား၊ ဗက်​ဗာ​ရ​ရွာ​တိုင်​အောင် စောင့်​နေ​ကြ၏။ မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ယောက်၊ ဩ​ရ​ဘ​နှင့်​ဇေ​ဘ​ကို ဖမ်း​ဆီး၍၊ ဩ​ရ​ဘ​ကို ဩ​ရ​ဘ​ကျောက်​ပေါ်၌​လည်း​ကောင်း၊ ဇေ​ဘ​ကို ဇေ​ဘ​စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ၌​လည်း​ကောင်း သတ်​ပြီး​မှ၊ မိ​ဒျန်​လူ​တို့​ကို​လိုက်​သ​ဖြင့်၊ ဩ​ရ​ဘ၏​ဦး​ခေါင်း​နှင့် ဇေ​ဘ၏​ဦး​ခေါင်း​တို့​ကို ယော်​ဒန်​မြစ်​တစ်​ဖက်၊ ဂိ​ဒေါင်​ထံ​သို့ ဆောင်​ခဲ့​ကြ၏။

တရားသူကြီး 7:1-25 Common Language Bible (BCL)

တစ်​နေ့​သ​၌​ဂိဒေါင်​နှင့်​တ​ကွ​သူ​နှင့်​ပါ​လာ သော​လူ​အ​ပေါင်း​တို့​သည်​နံ​နက်​စော​စော​ထ ၍ ဟာ​ရုတ်​စမ်း​အ​နီး​၌​တပ်​ချ​ကြ​၏။ မိ​ဒျန် အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​သည်​သူ​တို့ ၏​မြောက်​ဘက်​မော​ရ​တောင်​ကုန်း​အ​နီး​ရှိ ချိုင့်​ထဲ​၌​ရှိ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​က​ဂိ​ဒေါင်​အား``သင်​နှင့် အ​တူ​ပါ​လာ​သော​လူ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​လွန်း​သ​ဖြင့် သူ​တို့​အား​မိ​ဒျန် အ​မျိုး​သား​တို့​အ​ပေါ်​အောင်​မြင်​ခွင့်​ကို​ငါ မ​ပေး​လို။ အ​ကယ်​၍​ပေး​ခဲ့​သော်​သူ​တို့​သည် မိ​မိ​တို့​၏​စွမ်း​ရည်​ဖြင့်​အောင်​ပွဲ​ရ​သည်​ဟု ထင်​မှတ်​ကာ​ငါ့​ကျေး​ဇူး​ကို​မ​သိ​ဘဲ​နေ ကြ​လိမ့်​မည်။- သို့​ဖြစ်​၍`ကြောက်​လန့်​သူ​မှန်​သ​မျှ​မိ​မိ​တို့ အိမ်​သို့​ပြန်​ကြ​ပါ။ ငါ​တို့​မူ​ကား​ဤ​ဂိ​လဒ် တောင်​တွင်​နေ​ရစ်​မည်' ဟု​လူ​တို့​အား​ကြေ​ညာ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​လူ​ပေါင်း နှစ်​သောင်း​နှစ်​ထောင်​တို့​သည်​ပြန်​သွား​ကြ​၏။ လူ​တစ်​သောင်း​မူ​ကား​နေ​ရစ်​ကြ​လေ​သည်။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်​အား ``ကျန်​ရှိ​နေ​သူ​တို့​မှာ​များ​လွန်း​သေး​သည်။ သူ​တို့​အား​ရေ​ဆိပ်​သို့​ခေါ်​သွား​လော့။ ထို အ​ရပ်​တွင်​သူ​တို့​ကို​သင့်​အ​တွက်​ငါ​လူ​နှစ်​စု ခွဲ​၍​ပေး​မည်။ အ​ကယ်​၍​ဤ​မည်​သော​သူ​သည် သင်​နှင့်​အ​တူ​လိုက်​ရ​မည်​ဟု​ငါ​ဆို​လျှင် ထို သူ​သည်​သင်​နှင့်​လိုက်​ရ​မည်။ အ​ကယ်​၍​ဤ မည်​သော​သူ​သည်​သင်​နှင့်​အ​တူ​မ​လိုက်​ရ ဟု​ငါ​ဆို​လျှင်​မူ​ကား ထို​သူ​သည်​သင်​နှင့် မ​လိုက်​ရ'' ဟု​မိန့်​တော်​မူ​၏။- ဂိ​ဒေါင်​သည်​လူ​တို့​ကို​ရေ​ဆိပ်​သို့​ခေါ်​ဆောင် သွား​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​တို့ တွင်​ရေ​ကို​ခွေး​ကဲ့​သို့​လျှာ​နှင့်​လျက်​သောက် သော​သူ​များ​နှင့် ဒူး​ထောက်​၍​သောက်​သော​သူ များ​ကို​နှစ်​စု​ခွဲ​လော့'' ဟု​ဂိ​ဒေါင်​အား​မိန့် တော်​မူ​၏။- ရေ​ကို​လက်​ခုပ်​ဖြင့်​ယူ​ပြီး​လျှင်​လျှာ​နှင့် လျက်​သောက်​သော​လူ​အ​ရေ​အ​တွက်​မှာ သုံး​ရာ​ရှိ​၍ ကျန်​သော​သူ​တို့​မူ​ကား​ဒူး ထောက်​၍​ရေ​ကို​သောက်​သူ​များ​ဖြစ်​ကြ​၏။- ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ရေ​ကို​လျှာ ဖြင့်​လျက်​သောက်​သော​သူ​သုံး​ရာ​အား​ဖြင့် သင့်​ကို​ကယ်​ဆယ်​၍​မိ​ဒျန်​အ​မျိုး​သား တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ​မည်။ အ​ခြား သူ​အ​ပေါင်း​တို့​ကို​အိမ်​သို့​ပြန်​ရန်​ပြော ကြား​လော့'' ဟု​ဂိ​ဒေါင်​အား​မိန့်​တော် မူ​၏။- သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​ရိက္ခာ​နှင့်​တံ​ပိုး ခ​ရာ​ရှိ​သ​မျှ​ကို ယူ​ထား​သော​လူ​သုံး​ရာ မှ​တစ်​ပါး​အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ကို​အိမ်​သို့​ပြန်​စေ​၏။ မိ​ဒျန်​အ​မျိုး​သား​များ​၏​တပ်​စ​ခန်း​မှာ အ​နိမ့်​ပိုင်း​ချိုင့်​ထဲ​တွင်​ရှိ​သ​တည်း။ ထို​ည​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင် အား``ထ​၍​သူ​တို့​၏​တပ်​စ​ခန်း​ကို​တိုက် ခိုက်​လော့။ သင့်​အား​အောင်​ပွဲ​ကို​ငါ​ပေး​မည်။- သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​သူ​တို့​အား တိုက်​ခိုက်​ရန်​ကြောက်​လန့်​နေ​ပါ​မူ သင်​၏ အ​စေ​ခံ​ဖုရ​ကို​ခေါ်​၍​ထို​တပ်​စ​ခန်း​သို့ သွား​လော့။- သူ​တို့​ပြော​ဆို​နေ​ကြ​သော​စ​ကား​ကို​သင် ကြား​သိ​ရ​လိမ့်​မည်။ ထို​အ​ခါ​သင်​သည်​တိုက် ခိုက်​ရန်​ရဲ​စွမ်း​သတ္တိ​ကို​ရ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အ​စေ ခံ​ဖု​ရ​နှင့်​အ​တူ ရန်​သူ့​တပ်​စ​ခန်း​အ​စွန် နား​သို့​သွား​လေ​သည်။- မိ​ဒျန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​တို့​သည်​ကျိုင်း​ကောင် အုပ်​ကြီး​သ​ဖွယ်​ချိုင့်​၌​အိပ်​နေ​ကြ​၏။ သူ တို့​၏​ကု​လား​အုတ်​များ​သည်​သ​မုဒ္ဒ​ရာ ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။ ဂိ​ဒေါင်​ရောက်​ရှိ​လာ​ချိန်​၌​လူ​တစ်​ယောက် သည် မိ​မိ​မြင်​မက်​သည့်​အိပ်​မက်​အ​ကြောင်း ကို​မိတ်​ဆွေ​တစ်​ဦး​အား​ပြော​ပြ​လျက်​နေ​၏။ ထို​သူ​က``မု​ယော​မုန့်​ပြား​တစ်​ချပ်​သည်​ငါ တို့​တပ်​စ​ခန်း​ထဲ​သို့​လိမ့်​ဝင်​လာ​ပြီး​လျှင် တဲ​ရှင်​တစ်​ခု​နှင့်​တိုက်​မိ​သ​ဖြင့်​ထို​တဲ​ရှင် သည်​ပြို​လဲ​ပြား​ချပ်​၍​သွား​သည်​ကို​ငါ အိပ်​မက်​မြင်​မက်​ပါ​သည်'' ဟု​ဆို​လေ​သည်။ ထို​မိတ်​ဆွေ​က​လည်း``ထို​မုန့်​ပြား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​ယော​ရှ​၏​သား​ဖြစ်​သူ ဂိ​ဒေါင်​၏​ဋ္ဌား​ပင်​ဖြစ်​သည်။ မုန့်​ပြား​သည် အ​ခြား​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​ဆောင်​နိုင် ရာ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​မိ​ဒျန် အ​မျိုး​နှင့် ငါ​တို့​တပ်​တစ်​ခု​လုံး​အ​ပေါ်​၌ အောင်​ပွဲ​ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။ ထို​သူ​၏​အိပ်​မက်​နှင့်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကြား​သိ​ရ​သော​အ​ခါ​ဂိ​ဒေါင်​သည်​ဒူး ထောက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​၏။ ထို​နောက်​ဣ​သ​ရေ​လ​တပ်​စ​ခန်း​သို့​ပြန် ပြီး​လျှင်``ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​အား​မိ​ဒျန်​တပ်​အ​ပေါ်​၌​အောင်​ပွဲ​ခံ စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။- သူ​သည်​မိ​မိ​တပ်​သား​သုံး​ရာ​ကို​သုံး​စု​ခွဲ ပြီး​နောက် လူ​တိုင်း​အား​မီး​ရှူး​တိုင်​ပါ​သော အိုး​တစ်​လုံး​နှင့်​တံ​ပိုး​ခ​ရာ​တစ်​ခု​ကို​ပေး ၏။- ထို​နောက်​သူ​တို့​အား``ရန်​သူ​တပ်​စ​ခန်း​အ​စွန် သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြည့်​၍​ငါ​ပြု​သည့်​အ​တိုင်း​ပြု​ကြ လော့။- ငါ​နှင့်​ငါ​၏​လူ​စု​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​သင်​တို့​သည်​လည်း စ​ခန်း​ပတ်​လည်​၌ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ပြီး​လျှင်`ထာ​ဝ​ရ ဘု​ရား​နှင့်​ဂိ​ဒေါင်​အ​တွက်' ဟူ​၍​ကြွေး ကြော်​ကြ​လော့'' ဟု​မှာ​ထား​လေ​သည်။ ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​တစ်​ရာ​တို့​သည် ရန်​သူ့​တပ်​စ​ခန်း​အ​စွန်​သို့ သန်း​ခေါင်​အ​ချိန် မ​တိုင်​မီ​အ​စောင့်​ကင်း​လဲ​ပြီး​စ​အ​ခါ​၌ ရောက်​ရှိ​လာ​ကြ​၏။ ထို​အ​ခါ​သူ​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​၍ မိ​မိ​တို့​ကိုင်​ဆောင်​ထား သော​အိုး​တို့​ကို​ခွဲ​ပစ်​လိုက်​ကြ​၏။- အ​ခြား​တပ်​သား​နှစ်​စု​သည်​လည်း​ဤ​နည်း တူ​ပင်​ပြု​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ဘယ် လက်​ဖြင့်​မီး​ရှူး​တိုင်​ကို​ကိုင်​၍ ညာ​လက်​ဖြင့် တံ​ပိုး​ခ​ရာ​ကို​ကိုင်​ထား​ကြ​လေ​သည်။ ထို နောက်``ထာ​ဝ​ရ​ဘု​ရား​နှင့်​ဂိ​ဒေါင်​၏​ဋ္ဌား'' ဟူ​၍​ကြွေး​ကြော်​ကြ​၏။- သူ​တို့​သည်​ရန်​သူ့​တပ်​စ​ခန်း​ပတ်​လည်​၌ အ​သီး​သီး​မိ​မိ​တို့​နေ​ရာ​၌​ရပ်​နေ​ကြ​၏။ ထို​အ​ခါ​ရန်​သူ​တပ်​တစ်​တပ်​လုံး​ပင်​လျှင် အော်​ဟစ်​ထွက်​ပြေး​ကြ​လေ​သည်။- ဂိဒေါင်​၏​တပ်​သား​တို့​တံ​ပိုး​ခ​ရာ​များ​ကို မှုတ်​ကြ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​အား​အ​ချင်း​ချင်း​ဋ္ဌား​လက်​နက် ဖြင့်​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ရ ရတ်​အ​ရပ်​သို့​ဦး​တည်​လျက်​ဗက်​ရှိတ္တ​မြို့​သို့ တိုင်​အောင်​လည်း​ကောင်း၊ တဗ္ဗတ်​မြို့​အ​နီး​အာ ဗေ​လ​မ​ဟော​လ​မြို့​သို့​တိုင်​အောင်​လည်း ကောင်း​ထွက်​ပြေး​ကြ​လေ​သည်။ ထို​အ​ခါ​န​ဿ​လိ​နှင့်​အာ​ရှာ​အ​နွယ်​ဝင် တို့​ကို​လည်း​ကောင်း၊ မ​နာ​ရှေ​ဒေ​သ​နှစ်​ပိုင်း စ​လုံး​မှ​လူ​တို့​ကို​လည်း​ကောင်း​ဆင့်​ခေါ် လိုက်​ရာ သူ​တို့​သည်​မိ​ဒျန်​အ​မျိုး​သား​တို့ ကို​လိုက်​လံ​တိုက်​ခိုက်​ကြ​၏။- ဂိ​ဒေါင်​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​အ​ရပ် ရပ်​သို့​စေ​တ​မန်​များ​ကို​လွှတ်​၍``မိ​ဒျန်​အ​မျိုး သား​တို့​အား​တိုက်​ခိုက်​ရန်​ဆင်း​ခဲ့​ကြ​လော့။ ယော်​ဒန်​မြစ်​ကို​လည်း​ကောင်း၊ ဗက်​ဗာ​ရ​ရွာ​တိုင် အောင်​ရှိ​သ​မျှ​သော​ချောင်း​ငယ်​တို့​ကို​လည်း ကောင်း ထို​သူ​တို့​မ​ကူး​မ​ဖြတ်​နိုင်​စေ​ရန်​သိမ်း ယူ​ကြ​လော့'' ဟု​မှာ​ကြား​လိုက်​၏။ ဧ​ဖ​ရိမ် အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​စု​ရုံး​ပြီး​လျှင် ယော်​ဒန်​မြစ်​နှင့်​ဗက်​ဗာ​ရ​ရွာ​အ​ထိ​ချောင်း ငယ်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​ကြ​၏။- သူ​တို့​သည်​မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​ကို​လက်​ရ​ဖမ်း​မိ​သ ဖြင့် သြ​ရ​ဘ​အား​သြ​ရ​ဘ​ကျောက်​၌​လည်း ကောင်း၊ ဇေ​ဘ​ကို​ဇေ​ဘ​စ​ပျစ်​သီး​နယ်​ရာ အ​ရပ်​၌​လည်း​ကောင်း​ကွပ်​မျက်​လိုက်​ကြ လေ​သည်။ သူ​တို့​သည်​မိ​ဒျန်​အ​မျိုး​သား တို့​နောက်​သို့​ဆက်​လက်​လိုက်​လံ​ကြ​ပြီး နောက် သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​၏​ဦး​ခေါင်း ကို​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​သို့​ရောက် ရှိ​နေ​သော​ဂိ​ဒေါင်​၏​ထံ​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။

တရားသူကြီး 7:1-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဂိဒေါင် ခေါ် ယေရုဗ္ဗာလ​သည် မိမိ​လူ​အားလုံး​နှင့်တကွ နံနက်စောစော စစ်ချီ​သွား​၍ ဟာရုတ်​စမ်းရေတွင်း​နား​၌ စခန်းချ​လေ​၏​။ မိဒျန်​လူမျိုး​တို့​သည် သူ​တို့​၏​မြောက်ဘက်​၊ မောရေ​တောင်ကုန်း​အနီး ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​၏​။ ထာဝရဘုရား​က ဂိဒေါင်​အား “​သင်​နှင့်အတူ ပါလာ​သော​သင့်​လူ​တို့​သည် အလွန်များ​သောကြောင့် သူ​တို့​လက်​သို့ မိဒျန်​လူမျိုး​တို့​ကို ငါ​မ​အပ်​။ အပ်​မည်​ဆိုလျှင် အစ္စရေး​လူမျိုး​တို့​က ‘​ငါ​တို့​၏​လက်ရုံး​သည် ငါ​တို့​ကို​ကယ်တင်​ပြီ​’​ဟု ဝါကြွား​ပြောဆို​ကြ​လိမ့်မည်​။ ထို့ကြောင့် ‘​ကြောက်​တတ်​သော​သူ​၊ သတ္တိမရှိ​သော​သူ မည်သူမဆို ဂိလဒ်​တောင်​မှ လှည့်ပြန်​သွား​ကြ​’​ဟူ၍ လူ​အများ​ကြားသိ​အောင် ကြေညာ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထိုသို့ ကြေညာ​ပြီး​သောအခါ လူ​အယောက်​နှစ်သောင်းနှစ်ထောင် ပြန်သွား​သဖြင့် လူ​အယောက်​တစ်သောင်း​သာ ကျန်ရစ်​၏​။ တစ်ဖန် ထာဝရဘုရား​က ဂိဒေါင်​အား “​လူ များ​သေး​၏​။ သူ​တို့​ကို စမ်းချောင်း​နား​သို့​ခေါ်သွား​လော့​။ ငါ​သည် ထို​နေရာ​၌ သူ​တို့​ကို ရွေးထုတ်​မည်​။ သင့်​အား ‘​ဤ​သူ​သည် သင်​နှင့်အတူ​သွား​ရ​မည်​’​ဟု ငါ​ဆို​လျှင် ထို​သူ​သည် သင်​နှင့်အတူ​သွား​ရ​မည်​။ သင့်​အား ‘​ဤ​သူ​သည် သင်​နှင့်အတူ​မ​သွား​ရ​’​ဟု ငါ​ဆို​လျှင် ထို​သူ​သည် သင်​နှင့်အတူ​မ​သွား​ရ​”​ဟု မိန့်​တော်မူ​၏​။ ဂိဒေါင်​က​လည်း လူ​တို့​ကို စမ်းချောင်း​နား​သို့​ခေါ်သွား​သောအခါ ထာဝရဘုရား​က သူ့​အား “​ခွေး​ကဲ့သို့ ရေ​ကို​လျှာ​ဖြင့် လျက်​သော​သူ​နှင့် ဒူးထောက်​ပြီး​သောက်​သော​သူ​တို့​ကို သီးခြား​ခွဲထား​လော့​”​ဟု မိန့်​တော်မူ​၏​။ ရေ​ကို လက်ခုပ်​နှင့် ခပ်​၍​လျက်သောက်​သော​သူ အယောက်​သုံး​ရာ ရှိ​၏​။ ကျန်​လူ​တို့​မှာ ဒူးထောက်​၍ ရေ​ကို​သောက်​သော​သူ​များ ဖြစ်​၏​။ ထာဝရဘုရား​က​လည်း ဂိဒေါင်​အား “​ရေ​ကို လျက်သောက်​သော​သူ​အယောက်​သုံး​ရာ​ဖြင့် သင်​တို့​ကို ငါ​ကယ်တင်​မည်​။ မိဒျန်​လူမျိုး​တို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​။ ကျန်​လူ​တို့​ကို မိမိ​နေရပ်​သို့ အသီးသီး​ပြန်သွား​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။ ထို​သူ​တို့​သည် စားနပ်ရိက္ခာ​နှင့် တံပိုး​တို့​ကို​ယူ​ကြ​၏​။ ဂိဒေါင်​သည် လူ​အယောက်​သုံး​ရာ​တို့​ကို ချန်ထား​၍ ကျန်​သော​အစ္စရေး​အမျိုးသား​တို့​ကို ကိုယ့်​တဲ​သို့​ပြန်လွှတ်​လိုက်​၏​။ မိဒျန်​လူမျိုး​တို့​သည် သူ​တို့​နေရာ​အောက်​ဘက်​ချိုင့်ဝှမ်းလွင်ပြင်​တွင် စခန်းချ​လျက်​ရှိ​၏​။ ထို​ည​၌ ထာဝရဘုရား​က ဂိဒေါင်​အား “​ထ​လော့​၊ မိဒျန်​တပ်စခန်း​သို့ ဆင်းသွား​လော့​။ သူ​တို့​ကို သင့်​လက်​သို့​ငါ​အပ်​ပြီ​။ သင်​သည် ဆင်းသွား​ရန်​ကြောက်​နေ​လျှင် ထို​တပ်စခန်း​သို့ သင်​၏​ငယ်သား​ဖုရ​နှင့်အတူ ဆင်းသွား​လော့​။ သူ​တို့​ပြောဆို​သော​စကား​ကို​ကြား​သောအခါ သင်​သည် အားရှိ​သွား​လိမ့်မည်​။ ထို​တပ်စခန်း​ကို တိုက်​နိုင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ သို့ဖြစ်၍ သူ​သည် သူ​၏​ငယ်သား​ဖုရ​နှင့်အတူ ဆင်းသွား​၍ တပ်စခန်း​အစွန်​နား​သို့ ရောက်​၏​။ ကျိုင်းကောင်အုပ်​သဖွယ် များပြား​လှ​သော မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​အပေါင်း​တို့​သည် ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​လျက်​ရှိ​ကြ​၏​။ သူ​တို့​၏​ကုလားအုတ်​တို့​သည်​လည်း ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ မ​ရေတွက်​နိုင်​အောင်​များပြား​၏​။ ဂိဒေါင်​ရောက်​သောအခါ လူ​တစ်​ယောက်​က သူ့​အဖော်​ကို အိပ်မက်​အကြောင်း​ပြောပြ​နေ​သည်​ကို ကြား​ရ​၏​။ ထို​သူ​က “​မုယော​မုန့်လုံး​တစ်​လုံး​သည် မိဒျန်​တပ်စခန်း​ထဲသို့​လှိမ့်လာ​၍ တဲ​ကို​ဝင်တိုက်​သဖြင့် တဲ​သည် စောက်ထိုးမိုးမျှော်​ဖြစ်၍ ပြိုလဲ​သွား​သည်​ဟူ၍ ငါ​အိပ်မက်​မက်​သည်​”​ဟု ဆို​၏​။ ထို​သူ​၏​အဖော်​က “​ထို​မုန့်လုံး​ကား အခြား​မ​ဟုတ်​။ အစ္စရေး​အမျိုးသား ယောရှ​၏​သား​ဖြစ်​သော ဂိဒေါင်​၏​ဓား​ပေတည်း​။ ဘုရားသခင်​သည် မိဒျန်​လူမျိုး​တို့​နှင့် ဤ​တပ်စခန်း​တစ်ခုလုံး​ကို သူ​၏​လက်​သို့​အပ်​တော်မူ​ပြီ​”​ဟု ပြန်ပြော​လေ​၏​။ ဂိဒေါင်​သည် ထို​အိပ်မက်​နှင့် အိပ်မက်​အနက်​ကို​ကြား​သောအခါ ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​၏​။ ထို့နောက် အစ္စရေး​တပ်စခန်း​သို့​ပြန်လာ​၍ “​ထ​ကြ​။ ထာဝရဘုရား​သည် မိဒျန်​တပ်စခန်း​ကို သင်​တို့​လက်​သို့​အပ်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ ဂိဒေါင်​သည် လူ​သုံး​ရာ​ကို​သုံး​ဖွဲ့​ခွဲ​၍ သူ​တို့​အားလုံး​၏​လက်​၌ တံပိုး​နှင့် မြေအိုး​ကို ကိုင်ဆောင်​စေ​ပြီးလျှင် ထို​အိုး​ထဲ၌ မီးတုတ်​ကို ထည့်​စေ​၏​။ ထို့နောက် သူ​က “​ငါ့​ကို​ကြည့်​၍ ငါ​ပြု​သည့်​အတိုင်း ပြု​ကြ​လော့​။ တပ်စခန်း​အစွန်​နား​သို့​ရောက်​သောအခါ ငါ​ပြု​သည့်​အတိုင်း​ပြု​ကြ​လော့​။ ငါ​နှင့် ငါ့​အဖွဲ့သား​အားလုံး တံပိုး​မှုတ်​သောအခါ တပ်စခန်း​ပတ်ပတ်လည်​ကို ဝိုင်း​ထား​သော သင်​တို့​သည်​လည်း တံပိုး​မှုတ်​၍ ‘​ထာဝရဘုရား​နှင့်​ဂိဒေါင်​၏​ဓား​’​ဟူ၍ ကြွေးကြော်​လော့​”​ဟု မှာထား​လေ​၏​။ ကင်းစောင့်​လဲ​ပြီး​စ သန်းခေါင်ယံအချိန်​၌ ဂိဒေါင်​နှင့် သူ့​လူ​တစ်ရာ​တို့​သည် ထို​တပ်စခန်း​အစွန်နား​သို့​ရောက်လာ​ပြီး တံပိုး​ကို မှုတ်​၍ လက်​ထဲ​ရှိ​ရေအိုး​ကို​ရိုက်ခွဲ​ကြ​၏​။ သူ​တို့ သုံးဖွဲ့စလုံး လက်ဝဲ​လက်​၌ မီးတုတ်​၊ လက်ယာ​လက်​၌ တံပိုး​ကို ကိုင်ဆောင်​ပြီး တံပိုး​ကို​မှုတ်​၍ ရေအိုး​ကို​ရိုက်ခွဲ​ကာ “​ထာဝရဘုရား​၏​ဓား​၊ ဂိဒေါင်​၏​ဓား​”​ဟု ကြွေးကြော်​ကြ​ပြီး တပ်စခန်း​ပတ်ပတ်လည်​တွင် ကိုယ့်နေရာကိုယ် အသီးသီး​ရပ်​နေ​ကြ​၏​။ တပ်စခန်း​အတွင်း​ရှိ​စစ်သည်​အားလုံး​တို့​မူကား ထွက်ပြေး​ကြ​၏​။ ပြေး​လျက်​အော်ဟစ်​ကြ​၏​။ လူ​သုံး​ရာ​တို့ တံပိုး​မှုတ်​သောအခါ ထာဝရဘုရား​သည် တပ်စခန်း​တစ်လျှောက်လုံး​ရှိ စစ်သည်​အချင်းချင်း​ဓား​ဖြင့်​တိုက်ခိုက်​စေ​တော်မူ​၏​။ စစ်သည်​တို့​သည် ဇေရရတ်​အရပ်​၊ ဗက်ရှိတ္တ​မြို့​မှ တဗွတ်​မြို့​အနီး အာဗေလမဟောလ​မြို့​နား​တိုင်အောင် ထွက်ပြေး​ကြ​၏​။ နဿလိ​နယ်​၊ အာရှာ​နယ်​နှင့် မနာရှေ​နယ်​တစ်လျှောက်လုံး​မှ အစ္စရေး​အမျိုးသား​တို့ စုစည်း​ကြ​ပြီး မိဒျန်​လူမျိုး​တို့​ကို လိုက်​ကြ​၏​။ ဂိဒေါင်​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​တစ်လျှောက်လုံး​သို့ တမန်​တို့​ကို​စေလွှတ်​၍ “​ဆင်းလာ​ပြီး မိဒျန်​လူမျိုး​တို့​ကို တိုက်​ကြ​လော့​။ ဗက်ဗာရ​မြို့​တိုင်အောင် ဂျော်ဒန်​မြစ်​တစ်လျှောက် ရေတိမ်ပိုင်း​တို့​ကို သိမ်းယူ​လော့​”​ဟု မှာလိုက်​လေ​၏​။ သို့ဖြစ်၍ ဧဖရိမ်​အမျိုးသား​တို့​သည်​စုရုံး​၍ ဗက်ဗာရ​မြို့​တိုင်အောင် ဂျော်ဒန်​မြစ်​တစ်လျှောက် ရေတိမ်ပိုင်း​တို့​ကို သိမ်းယူ​ကြ​၏​။ သူ​တို့​သည် မိဒျန်​လူမျိုး​တို့​၏​အကြီးအကဲ​နှစ်​ဦး​ဖြစ်​သည့် ဩရဘ​နှင့်​ဇေဘ​ကို​ဖမ်းဆီး​ကြ​၏​။ ဩရဘ​ကို ဩရဘ​ကျောက်ဆောင်​၌ သတ်​၍ ဇေဘ​ကို ဇေဘ​စပျစ်သီးနယ်ရာကျင်း​၌ သတ်​ပြီးလျှင် မိဒျန်​လူမျိုး​တို့​နောက်​သို့​လိုက်​ကြ​၏​။ ဩရဘ​နှင့် ဇေဘ​တို့​၏​ဦးခေါင်း​ကို ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ ဂိဒေါင်​ထံသို့​ယူဆောင်​လာ​ကြ​၏​။