YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 6:19-21

တရားသူကြီး 6:19-21 Judson Bible (JBMLE)

ဂိ​ဒေါင်​သည် သွား၍ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် လုပ်​သော တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။ ဆိတ်​သား​ကို တောင်း၌​ထည့်၍၊ ဆိတ်​သား​ပြုတ်​ရည်​ကို အိုး၌​လောင်း​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​ရှိ​ရာ သ​ပိတ်​ပင်​အောက်​သို့ ဆောင်​ခဲ့၍ ဆက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က​လည်း၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​ယူ၍ ဤ​ကျောက်​ပေါ်​မှာ တင်​ထား​လော့။ အ​မဲ​သား​ပြုတ်​ရည်​ကို သွန်း​လောင်း​လော့​ဟု ဆို​လျှင်၊ ဆို​သည်​အ​တိုင်း ဂိ​ဒေါင်​သည် ပြု​လေ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ကိုင်​သော တောင်​ဝှေး​ကို​ဆန့်၍၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို တို့​သ​ဖြင့်၊ ကျောက်​ထဲ​က​မီး​ထ၍ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို လောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကွယ်​လေ၏။

တရားသူကြီး 6:19-21 Common Language Bible (BCL)

သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အိမ်​သို့​ပြန်​ပြီး လျှင် ဆိတ်​ငယ်​တစ်​ကောင်​ကို​ချက်​ပြုတ်​၏။ တ​ဆေး​မဲ့​မုန့်​ညက်​တစ်​တင်း​ဖြင့်​မုန့်​ကို ပြင်​ဆင်​၏။ ထို​နောက်​ဆိတ်​သား​ကို​တောင်း နှင့်​လည်း​ကောင်း၊ ဆိတ်​ပြုတ်​ရည်​ကို​အိုး​တစ် လုံး​၌​လည်း​ကောင်း​ထည့်​၍ ကောင်း​ကင်​တ​မန် ရှိ​ရာ​သပိတ်​ပင်​အောက်​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သူ့​အား​ဆက်​လေ​သည်။- ကောင်း​ကင်​တ​မန်​က``ဆိတ်​သား​နှင့်​မုန့်​တို့​ကို ယူ​၍​ဤ​ကျောက်​ပေါ်​တွင်​တင်​၍ ဆိတ်​ပြုတ် ရည်​ဖြင့်​သွန်း​လောင်း​လော့'' ဟု​ဆို​၏။ ဤ​သို့ ဆို​သည့်​အ​တိုင်း​ဂိ​ဒေါင်​ပြု​၏။- ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည်​လက်​ကို​ဆန့်​၍ မိ​မိ​ကိုင်​ထား​သည့်​တုတ်​ဖျား​ဖြင့်​ဆိတ်​သား​နှင့် မုန့်​တို့​ကို​တို့​ထိ​လိုက်​ရာ ကျောက်​ထဲ​မှ​မီး​လျှံ ထွက်​၍​ဆိတ်​သား​နှင့်​မုန့်​တို့​ကို​ကျွမ်း​လောင် စေ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ပျောက် ကွယ်​သွား​လေ​သည်။

တရားသူကြီး 6:19-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဂိဒေါင်​လည်း သွား​၍ ဆိတ်သငယ်​တစ်​ကောင်​နှင့် မုန့်ညက်​တစ်​ဧဖာ​ဖြင့်​လုပ်​သော တဆေးမဲ့မုန့်​ကို ပြင်ဆင်​၏​။ အသား​ကို တောင်း​ထဲ​ထည့်​၍ အသားပြုတ်ရည်​ကို အိုး​ထဲ​ထည့်​ကာ သပိတ်ပင်​အောက်​ရှိ ကိုယ်တော့်​ထံ ယူလာ​၍ ဆက်သ​၏​။ ဘုရားသခင်​၏​ကောင်းကင်တမန်​က သူ့​အား “​အသား​နှင့် တဆေးမဲ့မုန့်​ကို ယူ​၍ ဤ​ကျောက်​ပေါ်​တင်​ထား​လော့​။ အသားပြုတ်ရည်​ကို​မူ သွန်းလောင်း​လော့​”​ဟု ဆို​လျှင် သူ​လည်း ထို​အတိုင်း​ပြု​၏​။ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် လက်​ထဲရှိ တောင်ဝှေး​ကို ဆန့်​၍ အသား​နှင့်​တဆေးမဲ့မုန့်​ကို တို့​သောအခါ ထို​ကျောက်​မှ မီးတောက်​ထွက်​၍ အသား​နှင့် တဆေးမဲ့မုန့်​ကို လောင်ကျွမ်း​သွား​၏​။ ထိုစဉ် ထာဝရဘုရား​၏​ကောင်းကင်တမန်​က ဂိဒေါင်​ရှေ့​မှ ပျောက်သွား​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။