YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 6:11-14

တရားသူကြီး 6:11-14 Judson Bible (JBMLE)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် လာ၍၊ ဩ​ဖ​ရ​ရွာ​မှာ အ​ဗျေ​ဇာ​အ​မျိုး​သား​ယော​ရှ​ပိုင်​သော သ​ပိတ်​ပင်​အောက်၌ ထိုင်​လေ၏။ ယော​ရှ​သား​ဂိ​ဒေါင်​သည် မိ​မိ​စ​ပါး​ကို မိ​ဒျန်​လူ​တို့ မ​တွေ့​စေ​ခြင်း​ငှာ၊ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​အ​နား​မှာ စ​ပါး​ကို​နယ်​လျက်​နေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကိုယ်​ထင်​ရှား၍၊ ခွန်​အား​ကြီး​သော အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု​ဆို​လျှင်၊ ဂိ​ဒေါင်​က၊ အို​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဤ​အ​မှု​ကြီး ရောက်​ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည် မ​ဟုတ်​လော​ဟု အ​ကျွန်ုပ်​တို့​အ​ဘ​များ ပြော​သည်​အ​တိုင်း ပြု​တော်​မူ​သော၊ အံ့​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​သည် အ​ဘယ်​မှာ ရှိ​ပါ​သ​နည်း။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို​စွန့်၍ မိ​ဒျန်​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​တ​ကား​ဟု ဆို​လေ​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​ကြည့်​ရှု၍ ယ​ခု သင်​ရ​သော​တန်​ခိုး​ကို အ​မှီ​ပြု​လျက် သွား​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​လိမ့်​မည်။ သင့်​ကို ငါ​စေ​ခိုင်း​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

တရားသူကြီး 6:11-14 Common Language Bible (BCL)

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သြ​ဖ​ရ​ရွာ​သို့​လာ​၍ အ​ဗျေ​ဇာ​သား​ချင်း စု​ဝင်​တစ်​ဦး​ဖြစ်​သူ၊ ယော​ရှ​၏​သ​ပိတ်​ပင် အောက်​၌​ထိုင်​လေ​သည်။ ယော​ရှ​၏​သား​ဂိ​ဒေါင် သည် မိ​မိ​အား​မိ​ဒျန်​အ​မျိုး​သား​တို့​မ​တွေ့ မ​မြင်​နိုင်​စေ​ရန် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​တွင် ဂျုံ​စပါး​နယ်​လျက်​နေ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​၏​ရှေ့​၌​ပေါ်​လာ​၍​သူ့​အား``ခွန်​အား ကြီး​သော​အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပြီ'' ဟု​ဆို​လေ​သည်။ ဂိ​ဒေါင်​က​သူ့​အား``အို အ​ရှင်၊ အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည် မှန်​ပါ​လျှင် အ​ဘယ်​ကြောင့်​ဤ​ဘေး​ဆိုး​သင့်​ရောက် ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​ပုံ အ​စ​ရှိ​သည့် အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​တော်​မူ ကြောင်း​ဘိုး​ဘေး​တို့​ပြော​ဆို​ခဲ့​ကြ​ပါ​၏။ ထို အံ့​သြ​ဖွယ်​ရာ​တို့​သည်​အ​ဘယ်​မှာ​နည်း။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို​စွန့်​၍​မိ​ဒျန်​အ​မျိုး သား​တို့​၏​လက်​သို့​အပ်​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ပြော​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ကြီး​မား သော​ခွန်​အား​ဖြင့်​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​၏​လက် မှ​ကယ်​ဆယ်​လော့။ ငါ​ကိုယ်​တိုင်​ပင်​သင့်​အား စေ​လွှတ်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

တရားသူကြီး 6:11-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ရောက်လာ​၍ ဩဖရ​မြို့​နေ အဗျေဇာ​အမျိုးသား ယောရှ​ပိုင်​သော​သပိတ်ပင်​အောက်​၌ ထိုင်​လေ​၏​။ ထို​အချိန်​၌ ယောရှ​၏​သား​ဂိဒေါင်​သည် မိဒျန်​လူမျိုး​တို့ မသိ​အောင် စပျစ်သီးနယ်ရာကျင်း​၌ ဂျုံ​များ​ကို ရိုက်ခြွေ​နေ​၏​။ ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က ကိုယ်ထင်ရှားပြ​၍ သူ့​အား “​ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​၊ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု ဆို​၏​။ ဂိဒေါင်​က​လည်း “​အို အကျွန်ုပ်​၏​အရှင်သခင်​၊ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်အတူ ရှိ​တော်မူ​သည်​ဆိုလျှင် အဘယ်ကြောင့် ဤ​အမှု​ကို အကျွန်ုပ်​တို့ ကြုံ​ရ​သနည်း​။ ‘​ထာဝရဘုရား​သည် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု ဘိုးဘေး​တို့​က အကျွန်ုပ်​တို့​အား ပြောပြ​ခဲ့​သော​အံ့ဖွယ်​အမှု​တို့​ကား အဘယ်မှာ​နည်း​။ ယခု​မူကား ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို စွန့်ပစ်​၍ မိဒျန်​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​ပြီ​တကား​”​ဟု ဆို​၏​။ ထာဝရဘုရား​သည် သူ့​ကို​ကြည့်​၍ “​သင့်​ကို ငါ​စေလွှတ်​သည် မ​ဟုတ်​လော​။ သင်​၌​ရှိ​သော​ခွန်အား​ဖြင့် အစ္စရေး​လူမျိုး​တို့​ကို မိဒျန်​လူမျိုး​လက်​မှ သွား​၍​ကယ်တင်​လော့​”​ဟု မိန့်​တော်မူ​၏​။