တရားသူကြီး 6:1-6
တရားသူကြီး 6:1-6 Judson Bible (JBMLE)
တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောကြောင့်၊ သူတို့ကို မိဒျန်အမျိုးလက်၌ ခုနစ်နှစ်ပတ်လုံးအပ်တော်မူသဖြင့်၊ မိဒျန်အမျိုးသည် ဣသရေလအမျိုးကို နိုင်၍ ညှဉ်းဆဲသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် တောင်ရိုး၌ ခိုင်ခံ့သော ဥမင်မြေတွင်းတို့ကို လုပ်ရကြ၏။ ဣသရေလအမျိုးသည် လယ်လုပ်ပြီးမှ၊ မိဒျန်ပြည်သားနှင့် အာမလက်ပြည်သား အစရှိသော အရှေ့ပြည်သားတို့သည် ချီလာ၍၊ တပ်ချသဖြင့်၊ ဂါဇမြို့တိုင်အောင် မြေအသီးအနှံကို သုတ်သင်ပယ်ရှင်းလျက် စားစရာကို ချန်၍မထား။ သိုးနွားမြည်းကိုလည်း ချန်၍မထားကြ။ အဘယ်သို့နည်းဟူမူကား၊ သူတို့သည် တိရစ္ဆာန်များ၊ တဲများပါလျက်၊ ကျိုင်းကောင်များပြားသကဲ့သို့၊ သူတို့နှင့် ကုလားအုတ်တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလပြည်ကို ဖျက်ဆီးလျက် လာကြ၏။ ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြ၏။
တရားသူကြီး 6:1-6 Common Language Bible (BCL)
ဣသရေလအမျိုးသားတို့သည်တစ်ဖန်ထာဝရ ဘုရားအားပြစ်မှားကြပြန်၏။ သို့ဖြစ်၍ကိုယ် တော်သည်သူတို့ကိုခုနစ်နှစ်တိုင်တိုင် အုပ်စိုးခွင့် ကိုမိဒျန်အမျိုးသားတို့အားပေးတော်မူ၏။- မိဒျန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့ထက်အင်အားကြီးသဖြင့် ဣသရေလ အမျိုးသားတို့သည်ဥမင်များ၌လည်းကောင်း၊ အခြားဘေးလွတ်ရာတောင်ပေါ်ဒေသများ ၌လည်းကောင်းပုန်းအောင်းနေရကြကုန်၏။- ကောက်ပဲသီးနှံများကိုဣသရေလအမျိုးသား တို့စိုက်ပျိုးသည့်အခါတိုင်း မိဒျန်အမျိုးသား တို့သည်အာမလက်အမျိုးသားနှင့် သဲကန္တာရ တွင်နေထိုင်သောလူမျိုးများနှင့်အတူလာ၍ တိုက်ခိုက်တတ်ကြ၏။- သူတို့သည်ဣသရေလမြေပေါ်တွင်တပ်စခန်း ချ၍ တောင်ဘက်ရှိဂါဇမြို့တစ်ဝိုက်မြေယာများ တိုင်အောင် အသီးအနှံတို့ကိုဖျက်ဆီးပစ်တတ် ကြ၏။ သူတို့သည်သိုးနွားမြည်းမှစ၍ရှိသမျှ ကိုသိမ်းယူကြသဖြင့် ဣသရေလအမျိုးသား တို့အတွက်အဘယ်စားစရာမျှမကျန်တော့ ချေ။- သူတို့သည်မိမိတို့၏တဲရှင်များ၊ သိုးနွားများ နှင့်ပြန်လာတတ်ကြ၏။ သူတို့၏အရေအတွက် မှာကျိုင်းကောင်အုပ်ကဲ့သို့များသတည်း။ သူတို့ နှင့်သူတို့၏ကုလားအုတ်များမှာလည်းမရေ မတွက်နိုင်အောင်များပြားသည်။ သူတို့သည် ဝင်ရောက်လာ၍ရှိသမျှကိုဖျက်ဆီးပစ် ကြ၏။- ဣသရေလအမျိုးသားတို့သည်သူတို့ကို ခုခံနိုင်စွမ်းမရှိချေ။
တရားသူကြီး 6:1-6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို မိဒျန်လူမျိုးတို့လက်သို့ ခုနစ်နှစ်အပ်လိုက်တော်မူ၏။ မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။ အစ္စရေးလူမျိုးတို့စိုက်ပျိုးပြီးကြပြီဆိုလျှင် မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားတို့သည် ချီတက်လာပြီး သူတို့ကို တိုက်ခိုက်ကြ၏။ တပ်ချ၍ တိုက်ခိုက်ကြ၏။ ဂါဇမြို့တိုင်အောင် ထိုပြည်၏အသီးအနှံတို့ကိုဖျက်ဆီးပစ်ကြ၏။ အစ္စရေးလူမျိုးတို့၏စားနပ်ရိက္ခာမှစ၍ သိုး၊ နွား၊ မြည်းပါမကျန် ဖျက်ဆီးပစ်ကြ၏။ သူတို့သည် တိရစ္ဆာန်များ၊ တဲများနှင့်တကွ ချီတက်လာကြ၏။ ကျိုင်းကောင်အုပ်ကြီးသဖွယ် ချီလာ၍ အစ္စရေးပြည်ကို ဖျက်ဆီးကြ၏။ သူတို့နှင့် သူတို့၏ကုလားအုတ်များလည်း မရေတွက်နိုင်အောင် များပြားလှ၏။ အစ္စရေးလူမျိုးတို့သည် မိဒျန်လူမျိုးတို့ကြောင့် အလွန်ဆင်းရဲဒုက္ခရောက်လေ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားထံအော်ဟစ်ကြပြန်၏။