YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 6:1-40

တရားသူကြီး 6:1-40 Judson Bible (JBMLE)

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ သူ​တို့​ကို မိ​ဒျန်​အ​မျိုး​လက်၌ ခု​နစ်​နှစ်​ပတ်​လုံး​အပ်​တော်​မူ​သ​ဖြင့်၊ မိ​ဒျန်​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နိုင်၍ ညှဉ်း​ဆဲ​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တောင်​ရိုး၌ ခိုင်​ခံ့​သော ဥ​မင်​မြေ​တွင်း​တို့​ကို လုပ်​ရ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် လယ်​လုပ်​ပြီး​မှ၊ မိ​ဒျန်​ပြည်​သား​နှင့် အာ​မ​လက်​ပြည်​သား အ​စ​ရှိ​သော အ​ရှေ့​ပြည်​သား​တို့​သည် ချီ​လာ၍၊ တပ်​ချ​သ​ဖြင့်၊ ဂါ​ဇ​မြို့​တိုင်​အောင် မြေ​အ​သီး​အ​နှံ​ကို သုတ်​သင်​ပယ်​ရှင်း​လျက် စား​စ​ရာ​ကို ချန်၍​မ​ထား။ သိုး​နွား​မြည်း​ကို​လည်း ချန်၍​မ​ထား​ကြ။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တိ​ရ​စ္ဆာန်​များ၊ တဲ​များ​ပါ​လျက်၊ ကျိုင်း​ကောင်​များ​ပြား​သ​ကဲ့​သို့၊ သူ​တို့​နှင့် ကု​လား​အုတ်​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​ကို ဖျက်​ဆီး​လျက် လာ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန်​အ​မျိုး​သား​တို့​ကြောင့် အ​လွန်​ဆင်း​ရဲ၍ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ၏။ ထို​သို့ မိ​ဒျန်​အ​မျိုး​သား​တို့​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တစ်​ယောက်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ စေ​လွှတ်​တော်​မူ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို ငါ​နုတ်​ဆောင်​ပြီ။ အဲ​ဂု​တ္တု​ပြည်​သား​လက်​မှ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့ လက်​မှ​လည်း​ကောင်း၊ သင်​တို့​ကို​ကယ်​နုတ်၍၊ သူ​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​သ​ဖြင့် သူ​တို့​ပြည်​ကို​ပေး​ပြီ။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့​နေ​သော အာ​မော​ရိ​ပြည်​သား ကိုး​ကွယ်​သော ဘု​ရား​တို့​ကို မ​ကြောက်​ရွံ့​ကြ​နှင့်​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် လာ၍၊ ဩ​ဖ​ရ​ရွာ​မှာ အ​ဗျေ​ဇာ​အ​မျိုး​သား​ယော​ရှ​ပိုင်​သော သ​ပိတ်​ပင်​အောက်၌ ထိုင်​လေ၏။ ယော​ရှ​သား​ဂိ​ဒေါင်​သည် မိ​မိ​စ​ပါး​ကို မိ​ဒျန်​လူ​တို့ မ​တွေ့​စေ​ခြင်း​ငှာ၊ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​အ​နား​မှာ စ​ပါး​ကို​နယ်​လျက်​နေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကိုယ်​ထင်​ရှား၍၊ ခွန်​အား​ကြီး​သော အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု​ဆို​လျှင်၊ ဂိ​ဒေါင်​က၊ အို​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဤ​အ​မှု​ကြီး ရောက်​ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည် မ​ဟုတ်​လော​ဟု အ​ကျွန်ုပ်​တို့​အ​ဘ​များ ပြော​သည်​အ​တိုင်း ပြု​တော်​မူ​သော၊ အံ့​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​သည် အ​ဘယ်​မှာ ရှိ​ပါ​သ​နည်း။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို​စွန့်၍ မိ​ဒျန်​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​တ​ကား​ဟု ဆို​လေ​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​ကြည့်​ရှု၍ ယ​ခု သင်​ရ​သော​တန်​ခိုး​ကို အ​မှီ​ပြု​လျက် သွား​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​လိမ့်​မည်။ သင့်​ကို ငါ​စေ​ခိုင်း​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​က​လည်း၊ အို​သ​ခင်၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ဘယ်​သို့ ကယ်​နုတ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး၌ သာ၍​ဆင်း​ရဲ​ပါ၏။ အ​ကျွန်ုပ်​သည်​လည်း၊ ကိုယ်​အ​ဆွေ​အ​မျိုး၌ အ​ယုတ်​ဆုံး​သော သူ​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကယ်​စင်​စစ် ငါ​သည် သင်​နှင့်​အ​တူ​ရှိ​သ​ဖြင့်၊ သင်​သည် လူ​တစ်​ယောက်​ကို လုပ်​ကြံ​သ​ကဲ့​သို့၊ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​က​လည်း၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​လျှင် အ​ကျွန်ုပ်​နှင့် ယ​ခု​နှုတ်​ဆက်​တော်​မူ​ကြောင်း ထင်​ရှား​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် တစ်​ဖန်​လာ​ပြန်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ကိုယ်​တော်​ရှေ့၌ မ​တင်​မီ​တိုင်​အောင်၊ ဤ​အ​ရပ်​က ကြွ​သွား​တော်​မ​မူ​ပါ​နှင့်​ဟု တောင်း​ပန်​လျှင်၊ သင်​သည် ပြန်၍ မ​လာ​မီ​တိုင်​အောင် ငါ​နေ​မည်​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​သည် သွား၍ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် လုပ်​သော တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။ ဆိတ်​သား​ကို တောင်း၌​ထည့်၍၊ ဆိတ်​သား​ပြုတ်​ရည်​ကို အိုး၌​လောင်း​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​ရှိ​ရာ သ​ပိတ်​ပင်​အောက်​သို့ ဆောင်​ခဲ့၍ ဆက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က​လည်း၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​ယူ၍ ဤ​ကျောက်​ပေါ်​မှာ တင်​ထား​လော့။ အ​မဲ​သား​ပြုတ်​ရည်​ကို သွန်း​လောင်း​လော့​ဟု ဆို​လျှင်၊ ဆို​သည်​အ​တိုင်း ဂိ​ဒေါင်​သည် ပြု​လေ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ကိုင်​သော တောင်​ဝှေး​ကို​ဆန့်၍၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို တို့​သ​ဖြင့်၊ ကျောက်​ထဲ​က​မီး​ထ၍ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို လောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကွယ်​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို ဂိ​ဒေါင်​သည် သိ​မြင်​သော​အ​ခါ၊ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ကို မျက်​နှာ​ချင်း​ဆိုင်၍ မြင်​ရ​ပါ​ပြီ​တ​ကား​ဟု လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ချမ်း​သာ​ပါ​စေ။ မ​စိုး​ရိမ်​နှင့်။ သင်​သည် သေ​ဘေး​နှင့် လွတ်​လျက်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ရပ်၌ ဂိ​ဒေါင်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​ရှာ​လုံ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ဗျေ​ဇာ​သား၏​နေ​ရာ ဩ​ဖ​ရ​ရွာ၌ ယ​နေ့​တိုင်​အောင်​ရှိ​သ​တည်း။ ထို​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား​က၊ သင့်​အ​ဘ၏​နွား​ပိုက်​နှင့် အ​သက်​ခု​နစ်​နှစ်​ရှိ​သော ဒု​တိ​ယ​နွား​ထီး​ကို ယူ​ပြီး​လျှင်၊ သင့်​အ​ဘ​တည်​သော ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ဖြို​ဖျက်၍၊ ယဇ်​ပ​လ္လင်​အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​လော့။ ငါ​စီ​ရင်​သည်​အ​တိုင်း၊ ဤ​ကျောက်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ခုတ်​လှဲ​သော​သစ်​သား​ဖြင့် ဒု​တိ​ယ​နွား​ကို မီး​ရှို့၍ ယဇ်​ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​လည်း မိ​မိ​ကျွန်​ဆယ်​ယောက်​တို့​ကို ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​လေ၏။ မိ​မိ​အ​ဘ၏ အိမ်​သား​တို့​ကို​လည်း​ကောင်း၊ မြို့​သား​တို့​ကို​လည်း​ကောင်း ကြောက်၍၊ နေ့​အ​ချိန်၌ မ​ပြု​ဝံ့​သော​ကြောင့်၊ ည​အ​ချိန်၌ ပြု၏။ နံ​နက်​စော​စော မြို့​သား​တို့​သည် ထ​ကြ​သော​အ​ခါ၊ ဗာ​လ​ဘု​ရား၏ ယဇ်​ပ​လ္လင်​သည် ပြို​ပျက်​လျက်၊ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​လည်း​လဲ​လျက်၊ နောက်​တည်​သော ယဇ်​ပ​လ္လင်​ပေါ်​မှာ ဒု​တိ​ယ​နွား​ထီး​ကို ပူ​ဇော်​လျက်​ရှိ​သည်​ကို တွေ့​ကြ​လျှင်၊ ဤ​အ​မှု​ကို အ​ဘယ်​သူ​ပြု​သ​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက် မေး​မြန်း​စစ်​ကြော​လျှင်၊ ဤ​အ​မှု​ကို ယော​ရှ​သား​ဂိ​ဒေါင်​ပြု​ပြီ​ဟု လူ​အ​ချို့​တို့​သည် ဆို​ကြ၏။ ထို​အ​ခါ မြို့​သား​တို့​သည် ယော​ရှ​အား၊ သင်၏​သား​သည် ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို​ဖြို​ဖျက်၍ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​သော​ကြောင့်၊ သူ့​ကို အ​သေ​ခံ​စေ​ခြင်း​ငှာ ထုတ်​လော့​ဟု ဆို​သော်​လည်း၊ ယော​ရှ​သည် တစ်​ဖက်၌​နေ​သော သူ​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် ဗာ​လ​ဘု​ရား​ဘက်၌ အ​မှု​စောင့်​မည်​လော။ သူ့​ကို ကယ်​တင်​မည်​လော။ သူ့​ဘက်၌ အ​မှု​စောင့်​သော​သူ​သည်၊ နံ​နက်​မ​လွန်​မီ အ​သေ​ခံ​ပါ​လေ​စေ။ ဗာ​လ​သည် ဘု​ရား​မှန်​လျှင်၊ သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ပြန်​ပြော၏။ ထို​သို့ ဗာ​လ​ဘု​ရား​သည် သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ ထို​သူ​တစ်​ဖက် မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ဆို​လျက် သူ၏​သား​ကို ထို​နေ့၌ ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် မှည့်​သ​တည်း။ ထို​အ​ခါ မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် စည်း​ဝေး​သ​ဖြင့်၊ ယေ​ဇ​ရေ​လ​ချိုင့်​သို့ ကူး​သွား၍ တပ်​ချ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဂိ​ဒေါင်​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် တံ​ပိုး​မှုတ်​သ​ဖြင့် အ​ဗျေ​ဇာ​သား​တို့​သည် လိုက်​ကြ၏။ တ​မန်​တို့​ကို မ​နာ​ရှေ​ခ​ရိုင်​တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် လိုက်​ကြ၏။ တစ်​ဖန် အာ​ရှာ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​သို့ တ​မန်​တို့​ကို စေ​လွှတ်၍၊ ထို​ခ​ရိုင်​သား​တို့​သည်​လည်း စု​ဝေး​ရာ​သို့ လာ​ကြ၏။ ဂိ​ဒေါင်​သည်​လည်း ဘု​ရား​သ​ခင်​အား၊ ကိုယ်​တော်​သည် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​မှန်​လျှင်၊ အ​ကျွန်ုပ်​သည် သိုး​တစ်​ကောင်၏​အ​မွေး​ကို တ​လင်း၌ ထား​ပါ​မည်။ သိုး​မွေး​သည် နှင်း​စို၍၊ မြေ​တစ်​ပြင်​လုံး သွေ့​ခြောက်​လျှင်၊ မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​ဟု တောင်း​လျှောက်​သည်​အ​တိုင်း ဖြစ်​လေ၏။ နံ​နက်​စော​စော​ထ၍ သိုး​မွေး​ကို​ညှစ်​သ​ဖြင့် နှင်း​ရည်​သည် အင်​တုံ​အ​ပြည့် ရှိ​လေ၏။ တစ်​ဖန် ဂိ​ဒေါင်​က၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​သာ​လျှောက်​ပါ​ဦး​မည်။ သိုး​တစ်​ကောင်၏​အ​မွေး​နှင့် ယ​ခု​တစ်​ကြိမ်​သာ စုံ​စမ်း​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​ပါ​စေ​ဟု ဘု​ရား​သ​ခင်​အား တောင်း​လျှောက်​သည်​အ​တိုင်း၊ ထို​ည၌​လည်း ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​ဖြင့်၊ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​လျက်​ရှိ၏။

တရားသူကြီး 6:1-40 Common Language Bible (BCL)

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဖန်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​ကိုယ် တော်​သည်​သူ​တို့​ကို​ခု​နစ်​နှစ်​တိုင်​တိုင် အုပ်​စိုး​ခွင့် ကို​မိ​ဒျန်​အ​မျိုး​သား​တို့​အား​ပေး​တော်​မူ​၏။- မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​အင်​အား​ကြီး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဥ​မင်​များ​၌​လည်း​ကောင်း၊ အ​ခြား​ဘေး​လွတ်​ရာ​တောင်​ပေါ်​ဒေ​သ​များ ၌​လည်း​ကောင်း​ပုန်း​အောင်း​နေ​ရ​ကြ​ကုန်​၏။- ကောက်​ပဲ​သီး​နှံ​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​စိုက်​ပျိုး​သည့်​အ​ခါ​တိုင်း မိ​ဒျန်​အ​မျိုး​သား တို့​သည်​အာ​မ​လက်​အ​မျိုး​သား​နှင့် သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​သော​လူ​မျိုး​များ​နှင့်​အ​တူ​လာ​၍ တိုက်​ခိုက်​တတ်​ကြ​၏။- သူ​တို့​သည်​ဣ​သ​ရေ​လ​မြေ​ပေါ်​တွင်​တပ်​စ​ခန်း ချ​၍ တောင်​ဘက်​ရှိ​ဂါ​ဇ​မြို့​တစ်​ဝိုက်​မြေ​ယာ​များ တိုင်​အောင် အ​သီး​အ​နှံ​တို့​ကို​ဖျက်​ဆီး​ပစ်​တတ် ကြ​၏။ သူ​တို့​သည်​သိုး​နွား​မြည်း​မှ​စ​၍​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​အ​ဘယ်​စား​စ​ရာ​မျှ​မ​ကျန်​တော့ ချေ။- သူ​တို့​သည်​မိ​မိ​တို့​၏​တဲရှင်​များ၊ သိုး​နွား​များ နှင့်​ပြန်​လာ​တတ်​ကြ​၏။ သူ​တို့​၏​အ​ရေ​အ​တွက် မှာ​ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​များ​သ​တည်း။ သူ​တို့ နှင့်​သူ​တို့​၏​ကု​လား​အုတ်​များ​မှာ​လည်း​မ​ရေ မ​တွက်​နိုင်​အောင်​များ​ပြား​သည်။ သူ​တို့​သည် ဝင်​ရောက်​လာ​၍​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​ပစ် ကြ​၏။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ချေ။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သား​တို့​၏​ရန်​ကြောင့်​မိ​မိ​တို့​အား ကူ​မ တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ် အော်​လျှောက်​ထား​ကြ​၏။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​သည်။ ပ​ရော​ဖက် မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့ ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​အား​ထုတ် ဆောင်​ခဲ့​၏။- အီ​ဂျစ်​ပြည်​သူ​တို့​လက်​မှ​လည်း​ကောင်း၊ ဤ​ပြည် တွင်​သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​လည်း ကောင်း​ကယ်​ဆယ်​ခဲ့​၏။ သင်​တို့​ချီ​တက်​လာ​စဉ်​သူ တို့​အား​နှင်​ထုတ်​၍ သူ​တို့​၏​ပြည်​ကို​သင်​တို့​၏ လက်​သို့​ပေး​အပ်​ခဲ့​၏။- ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို​မိန့်​ကြား​၍ ယ​ခု​သင်​တို့​နေ​ထိုင်​ရာ ပြည်​ရှိ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ကြ​ရန်​သင်​တို့​အား ပညတ်​ခဲ့​၏။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​စ​ကား ကို​နား​မ​ထောင်​ကြ'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သြ​ဖ​ရ​ရွာ​သို့​လာ​၍ အ​ဗျေ​ဇာ​သား​ချင်း စု​ဝင်​တစ်​ဦး​ဖြစ်​သူ၊ ယော​ရှ​၏​သ​ပိတ်​ပင် အောက်​၌​ထိုင်​လေ​သည်။ ယော​ရှ​၏​သား​ဂိ​ဒေါင် သည် မိ​မိ​အား​မိ​ဒျန်​အ​မျိုး​သား​တို့​မ​တွေ့ မ​မြင်​နိုင်​စေ​ရန် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​တွင် ဂျုံ​စပါး​နယ်​လျက်​နေ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​၏​ရှေ့​၌​ပေါ်​လာ​၍​သူ့​အား``ခွန်​အား ကြီး​သော​အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပြီ'' ဟု​ဆို​လေ​သည်။ ဂိ​ဒေါင်​က​သူ့​အား``အို အ​ရှင်၊ အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည် မှန်​ပါ​လျှင် အ​ဘယ်​ကြောင့်​ဤ​ဘေး​ဆိုး​သင့်​ရောက် ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​ပုံ အ​စ​ရှိ​သည့် အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​တော်​မူ ကြောင်း​ဘိုး​ဘေး​တို့​ပြော​ဆို​ခဲ့​ကြ​ပါ​၏။ ထို အံ့​သြ​ဖွယ်​ရာ​တို့​သည်​အ​ဘယ်​မှာ​နည်း။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို​စွန့်​၍​မိ​ဒျန်​အ​မျိုး သား​တို့​၏​လက်​သို့​အပ်​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ပြော​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ကြီး​မား သော​ခွန်​အား​ဖြင့်​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​၏​လက် မှ​ကယ်​ဆယ်​လော့။ ငါ​ကိုယ်​တိုင်​ပင်​သင့်​အား စေ​လွှတ်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဂိ​ဒေါင်​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​ဘယ်​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​ဆယ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​၏​သား ချင်း​စု​သည်​မ​နာ​ရှေ​အ​နွယ်​တွင် အား​အ​နည်း ဆုံး​သော​သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​လည်း မိ​မိ​၏​မိ​သား​စု​တွင်​အ​ရေး​မ​ပါ၊ အ​ရာ မ​ရောက်​ဆုံး​သော​သူ​ဖြစ်​ပါ​သည်'' ဟု ပြန် လည်​လျှောက်​ထား​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​ကို​ကူ​မ​မည် ဖြစ်​၍ ထို​အ​မှု​ကို​သင်​ပြု​နိုင်​လိမ့်​မည်။ သင်​သည် လူ​တစ်​ယောက်​တည်း​ကို​လုပ်​ကြံ​ရ​ဘိ​သ​ကဲ့ သို့ မိ​ဒျန်​အ​မျိုး​သား​များ​အား​အ​လွယ် တ​ကူ​နှိမ်​နင်း​နိုင်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ ဂိ​ဒေါင်​က``အ​ကယ်​၍​ကိုယ်​တော်​၏​သ​ဘော တော်​နှင့်​တွေ့​မည်​ဆို​ပါ​က ကိုယ်​တော်​သည် အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သက်​သေ​ခံ​အ​ထောက်​အ​ထား​တစ်​ခု​ကို​ပြ တော်​မူ​ပါ။- ကိုယ်​တော်​အား​ဆက်​သ​ရန်​ပူ​ဇော်​သကာ​ကို​ယူ ဆောင်​လာ​ချိန်​တိုင်​အောင် ဤ​အ​ရပ်​မှ​ကြွ​သွား တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​လေ​၏။ ကိုယ်​တော်​က​လည်း``သင်​ပြန်​လာ​ချိန်​တိုင် အောင်​ငါ​ရှိ​နေ​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အိမ်​သို့​ပြန်​ပြီး လျှင် ဆိတ်​ငယ်​တစ်​ကောင်​ကို​ချက်​ပြုတ်​၏။ တ​ဆေး​မဲ့​မုန့်​ညက်​တစ်​တင်း​ဖြင့်​မုန့်​ကို ပြင်​ဆင်​၏။ ထို​နောက်​ဆိတ်​သား​ကို​တောင်း နှင့်​လည်း​ကောင်း၊ ဆိတ်​ပြုတ်​ရည်​ကို​အိုး​တစ် လုံး​၌​လည်း​ကောင်း​ထည့်​၍ ကောင်း​ကင်​တ​မန် ရှိ​ရာ​သပိတ်​ပင်​အောက်​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သူ့​အား​ဆက်​လေ​သည်။- ကောင်း​ကင်​တ​မန်​က``ဆိတ်​သား​နှင့်​မုန့်​တို့​ကို ယူ​၍​ဤ​ကျောက်​ပေါ်​တွင်​တင်​၍ ဆိတ်​ပြုတ် ရည်​ဖြင့်​သွန်း​လောင်း​လော့'' ဟု​ဆို​၏။ ဤ​သို့ ဆို​သည့်​အ​တိုင်း​ဂိ​ဒေါင်​ပြု​၏။- ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည်​လက်​ကို​ဆန့်​၍ မိ​မိ​ကိုင်​ထား​သည့်​တုတ်​ဖျား​ဖြင့်​ဆိတ်​သား​နှင့် မုန့်​တို့​ကို​တို့​ထိ​လိုက်​ရာ ကျောက်​ထဲ​မှ​မီး​လျှံ ထွက်​၍​ဆိတ်​သား​နှင့်​မုန့်​တို့​ကို​ကျွမ်း​လောင် စေ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ပျောက် ကွယ်​သွား​လေ​သည်။ ထို​အ​ခါ​ဂိ​ဒေါင်​သည်​မိ​မိ​တွေ့​ရှိ​ခဲ့​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ပင်​ဖြစ် ကြောင်း​သိ​လေ​လျှင် ကြောက်​လန့်​လျက်​ဤ​သို့ ဆို​၏။ ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​နှင့်​မျက် နှာ​ချင်း​ဆိုင်​တွေ့​မြင်​ရ​ပါ​ပြီ​တ​ကား'' ဟု​လျှောက်​လေ​သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``စိတ်​အေး​ချမ်း သာ​စွာ​နေ​လော့။ မ​စိုး​ရိမ်​နှင့်။ သင်​သည်​သေ​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​သူ့​အား​မိန့်​တော်​မူ​၏။- ဂိ​ဒေါင်​သည်​ထို​အ​ရပ်​၌​ထာ​ဝ​ရ​ဘု​ရား အ​ဖို့​ယဇ်​ပလ္လင်​တစ်​ခု​တည်​ဆောက်​၍``ထာ​ဝ​ရ ဘု​ရား​သည်​စိတ်​အေး​ချမ်း​ခြင်း​ဖြစ်​တော်​မူ​၏'' ဟူ​သော​အ​မည်​ဖြင့်​မှည့်​ခေါ်​လေ​သည်။ (ထို ယဇ်​ပလ္လင်​သည်​အ​ဗျေ​ဇာ​သား​ချင်း​စု​ပိုင် သြ​ဖ​ရ​ရွာ​၌​ယ​နေ့​တိုင်​အောင်​တည်​ရှိ သ​တည်း။) ထို​ည​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်​အား``သင့် ဖ​ခင်​၏​နွား​ထီး​နှင့်​အ​ခြား​ခုနစ်​နှစ်​သား​နွား​ထီး တစ်​ကောင်​ကို​ယူ​လော့။ ဗာ​လ​ဘု​ရား​အ​ဖို့​သင့် ဖ​ခင်​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ကို​ဖြို​ချ ပြီး​လျှင် ထို​ယဇ်​ပလ္လင်​၏​အ​နီး​ရှိ​အာ​ရှ​ရ​နတ် သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​အ​ဖြစ်​ဖြင့်​စိုက် ထား​သည့်​သစ်​ပင်​တို့​ကို​ခုတ်​လှဲ​ပစ်​လော့။- ဤ​တောင်​ပူ​စာ​ထိပ်​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​ကို​အ​ခိုင် အ​မာ​တည်​ဆောက်​လော့။ ထို​နောက်​ဒု​တိ​ယ​နွား ထီး​ကို​ယူ​ပြီး​လျှင်​သင်​ခုတ်​လှဲ​ထား​သည့် အာ ရှ​ရ​နတ်​သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​ကို​ထင်း အ​ဖြစ်​အ​သုံး​ပြု​၍​မီး​ရှို့​ပူ​ဇော်​လော့'' ဟု မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​အ​စေ​ခံ​ဆယ်​ယောက် ကို​ခေါ်​၍ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​အ​တိုင်း​ပြု​စေ​သည်။ သူ​သည်​မိ​မိ အိမ်​ထောင်​စု​ဝင်​တို့​ကို​လည်း​ကောင်း၊ မြို့​သူ မြို့​သား​များ​ကို​လည်း​ကောင်း​ကြောက်​သ​ဖြင့် ဤ​အ​မှု​ကို​နေ့​အချိန်​၌​မ​ပြု​ဝံ့​ဘဲ​ည အ​ချိန်​၌​ပြု​၏။ နောက်​တစ်​နေ့​နံ​နက်​စော​စော​မြို့​သား​တို့​နိုး​ထ ကြ​သော​အ​ခါ သူ​တို့​သည်​ဗာလ​ဘု​ရား​၏​ယဇ် ပလ္လင်​နှင့်​အာ​ရှ​ရ​နတ်​သ​မီး​၏ အ​မှတ်​လက္ခ ဏာ​သစ်​ပင်​တို့​ပြို​လဲ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ယဇ်​ပလ္လင်​သစ်​တစ်​ခု​ပေါ်​တွင်​ဒု​တိ​ယ နွား​ထီး​ကို မီး​ရှို့​ပူ​ဇော်​ထား​လျက်​ရှိ​သည် ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​၏။- သူ​တို့​သည်``ဤ​အ​မှု​ကို​အ​ဘယ်​သူ​ပြု​သ​နည်း'' ဟု​အ​ချင်း​ချင်း​မေး​မြန်း​စုံ​စမ်း​ကြည့်​ရာ ယော​ရှ​၏​သား​ဂိ​ဒေါင်​ပြု​သည့်​အ​မှု​ဖြစ် ကြောင်း​ကို​သိ​ရှိ​ရ​ကြ​၏။- ထို​အ​ခါ​သူ​တို့​သည်​ယော​ရှ​အား``သင်​၏ သား​ဂိ​ဒေါင်​ကို​ငါ​တို့​သတ်​နိုင်​ရန်​ခေါ်​ထုတ် လော့။ သူ​သည်​ဗာ​လ​၏​ယဇ်​ပလ္လင်​နှင့်​ယင်း ၏​အ​နီး​ရှိ​အာ​ရှ​ရ​နတ်​သ​မီး​၏​အ​မှတ် လက္ခ​ဏာ​သစ်​ပင်​တို့​ကို ခုတ်​လှဲ​လိုက်​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။ ယော​ရှ​သည်​မိ​မိ​ထံ​သို့​လာ​ရောက်​တောင်း​ဆို သူ​အ​ပေါင်း​တို့​အား``သင်​တို့​သည်​ဗာ​လ​ကိုယ် စား​ရှေ့​နေ​လိုက်​နေ​ကြ​ပါ​သ​လော။ သူ​၏ အ​တွက်​အ​ကွယ်​အ​ကာ​ပေး​နေ​ကြ​ပါ​သ လော။ သူ့​အ​တွက်​ရှေ့​နေ​လိုက်​သူ​မှန်​သ​မျှ သည်​နံ​နက်​ချိန်​မ​လွန်​မီ​အ​သတ်​ခံ​ရ​မည်။ အ​ကယ်​၍​ဗာ​လ​သည်​ဘု​ရား​ဖြစ်​ပါ​မူ မိ​မိ ကိုယ်​ကို​မိ​မိ​ကာ​ကွယ်​ပါ​လေ​စေ။ ဖြို​ချ​ခြင်း ခံ​ရ​သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​ပါ​၏'' ဟု​ပြော​လေ​သည်။- ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဂိ​ဒေါင်​သည်​ယေ​ရု ဗ္ဗာ​လ​ဟူ​၍​နာ​မည်​တွင်​လေ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ယော​ရှ​က``ဗာ​လ​သည်​မိ​မိ​ကိုယ်​ကို မိ​မိ​ကွယ်​ကာ​ပါ​လေ​စေ။ ဖြို​ချ​ခြင်း​ခံ​ရ သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​သည်'' ဟု​ဆို သော​ကြောင့်​တည်း။ ထို​အ​ခါ​မိ​ဒျန်​အ​မျိုး​သား​များ၊ အာ​မ​လက် အ​မျိုး​သား​များ၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​အ​ပေါင်း တို့​သည်​စု​ဝေး​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ပြီး​လျှင် ယေ​ဇ​ရေ​လ​ချိုင့်​တွင်​စ​ခန်း​ချ​ကြ​၏။- ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ဂိ​ဒေါင် အ​ပေါ်​၌​သက်​ရောက်​သ​ဖြင့် သူ​သည်​အ​ဗျေ​ဇာ သား​ချင်း​စု​အ​ပေါင်း​တို့​အား မိ​မိ​နောက်​သို့ လိုက်​ကြ​ရန်​တံ​ပိုး​ခ​ရာ​ကို​မှုတ်​လေ​၏။- မ​နာ​ရှေ​နယ်​မြေ​နှစ်​ရပ်​စ​လုံး​သို့​လည်း​စေ တ​မန်​များ​ကို​လွှတ်​၍ မ​နာ​ရှေ​အ​မျိုး​သား တို့​အား​မိ​မိ​နောက်​သို့​လိုက်​ကြ​ရန်​လှုံ့​ဆော်​၏။ သူ​သည်​အာ​ရှာ၊ ဇာ​ဗု​လုန်​နှင့်​န​ဿ​လိ​အ​နွယ် တို့​ထံ​သို့​လည်း​စေ​တ​မန်​များ​ကို​လွှတ်​လိုက် သ​ဖြင့် ထို​သူ​တို့​သည်​လည်း​သူ​၏​ထံ​သို့​လာ ရောက်​ကြ​ကုန်​၏။ ထို​နောက်​ဂိ​ဒေါင်​သည်​ဘု​ရား​သ​ခင်​အား``ကိုယ် တော်​သည်​အ​ကျွန်ုပ်​အား​အ​သုံး​ပြု​၍ ဣ​သ ရေ​လ​လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​ဆုံး​ဖြတ်​တော် မူ​ပြီး​ဖြစ်​ကြောင်း​မိန့်​တော်​မူ​ခဲ့​ပါ​၏။- အ​ကျွန်ုပ်​သည်​ဂျုံ​စပါး​နယ်​ရာ​မြေ​တ​လင်း ပေါ်​၌ သိုး​မွေး​ကို​ချ​ထား​ပါ​မည်။ အ​ကယ်​၍ နံ​နက်​ချိန်​၌​သိုး​မွေး​အ​ပေါ်​၌​သာ​လျှင် နှင်း​ကျ​၍​မြေ​တ​လင်း​ပေါ်​၌​မ​ကျ​ခဲ့​သော် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ဣ​သ​ရေ​လ လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​အ​တွက်​အ​သုံး​ပြု တော်​မူ​မည်​ကို​အ​ကျွန်ုပ်​အ​မှန်​သိ​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​ထား​၏။- ယင်း​သို့​လျှောက်​ထား​သည့်​အ​တိုင်း​ဖြစ်​လေ သည်။ ဂိ​ဒေါင်​သည်​နောက်​တစ်​နေ့​နံ​နက်​စော စော​ထ​၍ သိုး​မွေး​ကို​ညှစ်​ကြည့်​ရာ​နှင်း​ရည် အင်​တုံ​တစ်​လုံး​အ​ပြည့်​ရ​ရှိ​လေ​သည်။- ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ် ကို​အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​တစ် ကြိမ်​သာ​လျှင်​ထပ်​မံ​လျှောက်​ထား​ခွင့်​ပြု​တော် မူ​ပါ။ သိုး​မွေး​နှင့်​နောက်​တစ်​ကြိမ်​ထပ်​မံ​စမ်း သပ်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​တစ်​ကြိမ်​၌​သိုး မွေး​သည်​ခြောက်​သွေ့​လျက် မြေ​ကြီး​သည် နှင်း​စို​လျက်​နေ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။- ထို​ည​၌​လည်း​ဘု​ရား​သ​ခင်​သည်​ဂိ​ဒေါင် လျှောက်​ထား​သည့်​အ​တိုင်း​ပင်​ဖြစ်​စေ​တော် မူ​၏။ နောက်​တစ်​နေ့​နံ​နက်​၌​သိုး​မွေး​သည် ခြောက်​သွေ့​လျက်​မြေ​ကြီး​မှာ​မူ​စွတ်​စို လျက်​နေ​၏။

တရားသူကြီး 6:1-40 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ကြ​ပြန်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​သို့ ခုနစ်​နှစ်​အပ်လိုက်​တော်မူ​၏​။ မိဒျန်​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ညှဉ်းဆဲ​ကြ​၏​။ မိဒျန်​လူမျိုး​ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောင်​များ​တွင်​ရှိ​သော တွင်း​များ​၊ လိုဏ်ဂူ​များ​တွင် ခိုလှုံစရာ​နေရာ​များ ပြုလုပ်​ကြ​ရ​၏​။ အစ္စရေး​လူမျိုး​တို့​စိုက်ပျိုး​ပြီး​ကြ​ပြီ​ဆိုလျှင် မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​တို့​သည် ချီတက်​လာ​ပြီး သူ​တို့​ကို တိုက်ခိုက်​ကြ​၏​။ တပ်ချ​၍ တိုက်ခိုက်​ကြ​၏​။ ဂါဇ​မြို့​တိုင်အောင် ထို​ပြည်​၏​အသီးအနှံ​တို့​ကို​ဖျက်ဆီး​ပစ်​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​၏​စားနပ်ရိက္ခာ​မှစ၍ သိုး​၊ နွား​၊ မြည်း​ပါ​မ​ကျန် ဖျက်ဆီး​ပစ်​ကြ​၏​။ သူ​တို့​သည် တိရစ္ဆာန်​များ​၊ တဲ​များ​နှင့်တကွ ချီတက်​လာ​ကြ​၏​။ ကျိုင်းကောင်အုပ်ကြီး​သဖွယ် ချီလာ​၍ အစ္စရေး​ပြည်​ကို ဖျက်ဆီး​ကြ​၏​။ သူ​တို့​နှင့် သူ​တို့​၏​ကုလားအုတ်​များ​လည်း မ​ရေတွက်​နိုင်​အောင် များပြား​လှ​၏​။ အစ္စရေး​လူမျိုး​တို့​သည် မိဒျန်​လူမျိုး​တို့​ကြောင့် အလွန်​ဆင်းရဲဒုက္ခ​ရောက်​လေ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​ကြ​ပြန်​၏​။ မိဒျန်​လူမျိုး​တို့​ကြောင့် အစ္စရေး​လူမျိုး​တို့ ထာဝရဘုရား​ထံ အော်ဟစ်​ကြ​သောအခါ ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ထံသို့ ပရောဖက်​တစ်​ပါး​ကို​စေလွှတ်​တော်မူ​၏​။ ထို​ပရောဖက်​က သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။ ကျွန်ခံရာ​အိမ်​မှ ခေါ်ထုတ်​ခဲ့​၏​။ ငါ​သည် သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ​လည်းကောင်း​၊ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​အပေါင်း​တို့​လက်​မှ​လည်းကောင်း ကယ်နုတ်​ခဲ့​၏​။ ထို​သူ​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​၍ သူ​တို့​၏​ပြည်​ကို သင်​တို့​အား ငါ​ပေး​၏​။ သင်​တို့​ကို​လည်း ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​တို့​နေထိုင်​သော​ပြည်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရား​များ​ကို မ​ကြောက်​ရ​ဟု ငါ​မိန့်ဆို​ခဲ့​သော်လည်း သင်​တို့​သည် ငါ​၏​စကား​ကို​နား​မ​ထောင်​ကြ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။ ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ရောက်လာ​၍ ဩဖရ​မြို့​နေ အဗျေဇာ​အမျိုးသား ယောရှ​ပိုင်​သော​သပိတ်ပင်​အောက်​၌ ထိုင်​လေ​၏​။ ထို​အချိန်​၌ ယောရှ​၏​သား​ဂိဒေါင်​သည် မိဒျန်​လူမျိုး​တို့ မသိ​အောင် စပျစ်သီးနယ်ရာကျင်း​၌ ဂျုံ​များ​ကို ရိုက်ခြွေ​နေ​၏​။ ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က ကိုယ်ထင်ရှားပြ​၍ သူ့​အား “​ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​၊ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု ဆို​၏​။ ဂိဒေါင်​က​လည်း “​အို အကျွန်ုပ်​၏​အရှင်သခင်​၊ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်အတူ ရှိ​တော်မူ​သည်​ဆိုလျှင် အဘယ်ကြောင့် ဤ​အမှု​ကို အကျွန်ုပ်​တို့ ကြုံ​ရ​သနည်း​။ ‘​ထာဝရဘုရား​သည် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု ဘိုးဘေး​တို့​က အကျွန်ုပ်​တို့​အား ပြောပြ​ခဲ့​သော​အံ့ဖွယ်​အမှု​တို့​ကား အဘယ်မှာ​နည်း​။ ယခု​မူကား ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို စွန့်ပစ်​၍ မိဒျန်​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​ပြီ​တကား​”​ဟု ဆို​၏​။ ထာဝရဘုရား​သည် သူ့​ကို​ကြည့်​၍ “​သင့်​ကို ငါ​စေလွှတ်​သည် မ​ဟုတ်​လော​။ သင်​၌​ရှိ​သော​ခွန်အား​ဖြင့် အစ္စရေး​လူမျိုး​တို့​ကို မိဒျန်​လူမျိုး​လက်​မှ သွား​၍​ကယ်တင်​လော့​”​ဟု မိန့်​တော်မူ​၏​။ ဂိဒေါင်​က​လည်း “​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​ကို မည်သို့​ကယ်တင်​နိုင်​ပါ​မည်နည်း​။ မနာရှေ​အမျိုးအနွယ်​တွင် အကျွန်ုပ်​၏​မျိုးနွယ်စု​သည် အဆင်းရဲဆုံး​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​မိသားစု​တွင် အကျွန်ုပ်​သည် အသိမ်ငယ်ဆုံး​ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။ ထာဝရဘုရား​က​လည်း သူ့​အား “​အကယ်စင်စစ် သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင်​သည် မိဒျန်​လူမျိုး​တို့​ကို လူ​တစ်ယောက်တည်း​ကဲ့သို့ လုပ်ကြံ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ သူ​က​လည်း “​အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​မည်​ဆိုလျှင် အကျွန်ုပ်​နှင့်​စကားပြော​တော်မူ​သော​သူ​သည် ကိုယ်တော်​ဖြစ်ကြောင်း အမှတ်လက္ခဏာ​ပြ​တော်မူ​ပါ​။ ကိုယ်တော့်​ထံသို့ အကျွန်ုပ်​ပြန်လာ​၍ ဘောဇဉ်ပူဇော်သက္ကာ​ကို ကိုယ်တော်​အား လာ​ပြီး​မ​ဆက်သ​မ​ချင်း ဤ​နေရာ​မှ ထွက်​မ​သွား​ပါ​နှင့်​”​ဟု လျှောက်ဆို​လျှင် “သင်​ပြန်လာ​သည်​အထိ စောင့်​နေ​မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏​။ ဂိဒေါင်​လည်း သွား​၍ ဆိတ်သငယ်​တစ်​ကောင်​နှင့် မုန့်ညက်​တစ်​ဧဖာ​ဖြင့်​လုပ်​သော တဆေးမဲ့မုန့်​ကို ပြင်ဆင်​၏​။ အသား​ကို တောင်း​ထဲ​ထည့်​၍ အသားပြုတ်ရည်​ကို အိုး​ထဲ​ထည့်​ကာ သပိတ်ပင်​အောက်​ရှိ ကိုယ်တော့်​ထံ ယူလာ​၍ ဆက်သ​၏​။ ဘုရားသခင်​၏​ကောင်းကင်တမန်​က သူ့​အား “​အသား​နှင့် တဆေးမဲ့မုန့်​ကို ယူ​၍ ဤ​ကျောက်​ပေါ်​တင်​ထား​လော့​။ အသားပြုတ်ရည်​ကို​မူ သွန်းလောင်း​လော့​”​ဟု ဆို​လျှင် သူ​လည်း ထို​အတိုင်း​ပြု​၏​။ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် လက်​ထဲရှိ တောင်ဝှေး​ကို ဆန့်​၍ အသား​နှင့်​တဆေးမဲ့မုန့်​ကို တို့​သောအခါ ထို​ကျောက်​မှ မီးတောက်​ထွက်​၍ အသား​နှင့် တဆေးမဲ့မုန့်​ကို လောင်ကျွမ်း​သွား​၏​။ ထိုစဉ် ထာဝရဘုရား​၏​ကောင်းကင်တမန်​က ဂိဒေါင်​ရှေ့​မှ ပျောက်သွား​၏​။ ထာဝရဘုရား​၏​ကောင်းကင်တမန်​ဖြစ်ကြောင်း​ကို ဂိဒေါင် သိမြင်​သောအခါ “​အလို အရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​ကို မျက်နှာချင်းဆိုင် တွေ့​ပါ​သည်​တကား​”​ဟု ဂိဒေါင်​ဆို​လေ​၏​။ ထာဝရဘုရား​က​လည်း သူ့​အား “​စိတ်အေးအေး​ထား​ပါ​။ မ​ကြောက်​နှင့်​။ သင်​မ​သေ​ရ​”​ဟု မိန့်​တော်မူ​၏​။ ဂိဒေါင်​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ “​ငြိမ်သက်​ခြင်း​အရှင် ထာဝရဘုရား​”​ဟု မှည့်ခေါ်​လေ​၏​။ ထို​ယဇ်ပလ္လင်​သည် အဗျေဇာ​အမျိုးသား​တို့​နေထိုင်​ရာ ဩဖရ​မြို့​တွင် ယနေ့​တိုင်အောင် ရှိ​၏​။ ထို​ည​၌ ထာဝရဘုရား​က ဂိဒေါင်​အား “​သင့်​ဖခင်​၏​နွားအုပ်​ထဲမှ နွားထီးပျို​တစ်ကောင်​နှင့် နောက်ထပ် ခုနစ်​နှစ်​သား​အရွယ်​နွားထီးပျို​တစ်​ကောင်​ကို​ယူ​လော့​။ သင့်​ဖခင်​တည်​သော​ဗာလ​ယဇ်ပလ္လင်​ကို​ဖြိုဖျက်​လော့​။ ထို​အနား​၌​ရှိ​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို ခုတ်လှဲ​ပစ်​လော့​။ ဤ​ကျောက်​ပေါ်​တွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​စနစ်တကျ​တည်​လော့​။ သင်​ခုတ်လှဲ​ခဲ့​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​သစ်သား​ဖြင့် ဒုတိယ​နွားထီးပျို​ကို မီးရှို့​ပူဇော်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ဂိဒေါင်​လည်း မိမိ​၏​အစေအပါး​ဆယ်​ယောက်​ကို​ခေါ်​၍ ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​သည့်​အတိုင်း​ပြု​လေ​၏​။ သူ​သည် ဖခင်​၏​အိမ်သား​များ​၊ မြို့သား​များ​ကို​ကြောက်​သောကြောင့် နေ့​အချိန်​၌ မ​ပြု​ဘဲ ညအချိန်​၌ ပြု​လေ​၏​။ နံနက်​စောစော မြို့သား​တို့ ထ​သောအခါ ဗာလ​ယဇ်ပလ္လင်​သည် ဖြိုဖျက်​ခံရ​လျက်​၊ အနား​၌​ရှိ​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​သည် ခုတ်လှဲ​ခံရ​လျက်​၊ အသစ်​တည်​ထား​သော​ယဇ်ပလ္လင်​ပေါ်၌ ဒုတိယ​နွားထီးပျို ပူဇော်​ထား​လျက်​ရှိ​သည်​ကို တွေ့မြင်​ကြ​လျှင် “​ဤ​အမှု​ကို မည်သူ​ပြု​သနည်း​”​ဟု တစ်ယောက်​ကို​တစ်ယောက်​မေးမြန်း​ကြ​၏​။ လိုက်လံ​စုံစမ်း​သောအခါ လူ​တို့​က “ဤ​အမှု​ကို ယောရှ​၏​သား ဂိဒေါင်​ပြု​သည်”​ဟု ဆို​ကြ​၏​။ ထိုအခါ မြို့သား​တို့​က ယောရှ​အား “​သင်​၏​သား​ကို ထုတ်ပေး​လော့​။ ဗာလ​ယဇ်ပလ္လင်​ကို​ဖြိုဖျက်​ပြီး အနား​၌​ရှိ​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​ခုတ်လှဲ​သောကြောင့် သူ​အသတ်​ခံရ​မည်​”​ဟု ဆို​ကြ​၏​။ ယောရှ​က မိမိ​ကို ရန်ရှာ​သော​သူ​အပေါင်း​တို့​အား “​သင်​တို့​သည် ဗာလ​ဘုရား​ဘက်​မှ ရပ်တည်​မည်လော​။ သူ့​ကို ကယ်တင်​မည်လော​။ သူ့​ဘက်​၌ ရပ်တည်​သော​သူ​မည်သူမဆို နေမထွက်မီ အသတ်​ခံရ​မည်​။ သူ​သည် ဘုရား​မှန်လျှင် သူ​၏​ယဇ်ပလ္လင် ဖြိုဖျက်​ခံရ​သောကြောင့် သူ​ကိုယ်တိုင် ဖြေရှင်း​ပါစေ​”​ဟု ဆို​လေ​၏​။ ယောရှ​က “​ဂိဒေါင်​သည် ဗာလ​ယဇ်ပလ္လင်​ကို ဖြိုဖျက်​သောကြောင့် သူ့​ကို ဗာလ ဆုံးမ​ပါစေ​”​ဟု ဆို​လျက် ထို​နေ့​၌ ဂိဒေါင်​ကို ယေရုဗ္ဗာလ ဟု​ခေါ်တွင်​လေ​၏​။ မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​အပေါင်း​တို့ ပူးပေါင်း​ကြ​ပြီး ဂျော်ဒန်​မြစ်​ကို​ကူး​၍ ယေဇရေလ​ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​ကြ​၏​။ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဂိဒေါင်​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် တံပိုး​ကို​မှုတ်လိုက်​သောအခါ အဗျေဇာ​အမျိုးသား​တို့​သည် သူ့​ထံ လာရောက်​စုဝေး​ကြ​၏​။ သူ​သည် မနာရှေ​အမျိုး တစ်မျိုးလုံး​ထံသို့ တမန်​တို့​ကို စေလွှတ်​၍ ခေါ်​စေ​သဖြင့် သူ့​နောက်သို့ လိုက်​ရန် သူ​တို့​ရောက်လာ​ကြ​၏​။ အာရှာ​အမျိုး​၊ ဇာဗုလုန်​အမျိုး​၊ နဿလိ​အမျိုး​တို့​ထံသို့​လည်း တမန်​တို့​ကို​စေလွှတ်​၍ ခေါ်​စေ​သဖြင့် သူ​တို့​လည်း ရောက်လာ​ကြ​၏​။ ဂိဒေါင်​က​လည်း ဘုရားသခင်​အား “​ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တို့​ကို အကျွန်ုပ်​လက်​အားဖြင့်​ကယ်တင်​တော်မူ​မည်​မှန်​လျှင် အကျွန်ုပ်​သည် သိုးမွေး​ကို ကောက်နယ်တလင်း​၌​ထား​မည်​။ မြေ​တစ်ပြင်လုံး​ခြောက်သွေ့​၍ သိုးမွေး​သာ နှင်းစို​မည်​ဆိုလျှင် ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​တို့​ကို အကျွန်ုပ်​လက်​အားဖြင့် ကယ်တင်​တော်မူ​မည်​ဖြစ်ကြောင်း​ကို အကျွန်ုပ်​သိ​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်​၏​။ သူ​လျှောက်​သည့်​အတိုင်း ဖြစ်လာ​၏​။ သူ​သည် နောက်တစ်နေ့​နံနက်​စောစောထ​၍ သိုးမွေး​ကို ညှစ်​သောအခါ ရေ​တစ်​ဖလား​အပြည့်​ရ​၏​။ တစ်ဖန် ဂိဒေါင်​က ဘုရားသခင်​အား “​အကျွန်ုပ်​ကို အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​လျှောက်ထား​ပါရစေ​။ နောက်​တစ်ကြိမ် သိုးမွေး​ဖြင့် စမ်းသပ်​ခွင့်​ပြု​တော်မူ​ပါ​။ မြေ​တစ်ပြင်လုံး​နှင်းစို​၍ သိုးမွေး​ကို​သာ ခြောက်သွေ့​စေ​တော်မူ​ပါ​”​ဟု လျှောက်​၏​။ ထို​ည​၌​လည်း ဘုရားသခင်​သည် သူ​လျှောက်​သည့်​အတိုင်း​ပြု​လေ​၏​။ မြေ​တစ်ပြင်လုံး​နှင်းစို​၍ သိုးမွေး​သာ ခြောက်သွေ့​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။