YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 3:2-11

တရားသူကြီး 3:1-11 Judson Bible (JBMLE)

ခါ​နာန်​ပြည်၌ တိုက်​သော စစ်​မှု​ရှိ​သ​မျှ​တို့​ကို မ​သိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ စစ်​မှု​ကို​မ​သိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​သည် စစ်​အ​တတ်​ကို​သင်၍ တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ချန်​ထား​တော်​မူ​သော လူ​မျိုး​များ​ဟူ​မူ​ကား၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​အ​စ​ရှိ​သော ခါ​န​နိ​လူ​အ​မျိုး​မျိုး၊ ဇိ​ဒုန်​လူ၊ ဗာ​လ​ဟေ​ရ​မုန်​တောင်​မှ​စ၍ ဟာ​မတ်​လမ်း​ဝ​တိုင်​အောင် လေ​ဗ​နုန်​တောင်​ပေါ်​မှာ​နေ​သော ဟိ​ဝိ​လူ​တို့​သည် ကျန်​ကြွင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဘိုး​ဘေး​တို့​ကို မှာ​ထား​တော်​မူ​သော ပ​ညတ်​များ​အ​တိုင်း​ကျင့်​မည် မ​ကျင့်​မည်​ကို​ထင်​ရှား​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​ကို စုံ​စမ်း​ဖို့​ရာ ဖြစ်​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​တွင်​နေ၍၊ သူ​တို့​သ​မီး​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု​လျက်၊ မိ​မိ​တို့​သ​မီး​ကို​ပေး​စား​လျက်၊ သူ​တို့​ဘု​ရား​များ​ကို ဝတ်​ပြု​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​မေ့​လျော့​သ​ဖြင့်၊ ဗာ​လ​ဘု​ရား​များ၊ အာ​ရှ​ရ​ပင်​များ​ကို ဝတ်​ပြု​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​တော်​ထွက်၍၊ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရှစ်​နှစ်​ပတ်​လုံး ထို​ရှင်​ဘု​ရင်​ထံ၌​ကျွန်​ခံ​ရ​ကြ၏။ နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ ကာ​လက်​ညီ၊ ကေ​နတ်၏​သား​ဩ​သံ​ယေ​လ​ကို သူ​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​သို့ သက်​ရောက်​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၍ စစ်​ချီ​လေ၏။ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင် ခု​ရှံ​ရိ​ရှ​သိမ်​ကို သူ့​လက်၌ ထာ​ဝ​ရ​ဘု​ရား​အပ်​တော်​မူ​သ​ဖြင့်၊ သူ​သည် ထို​ရှင်​ဘု​ရင်​ကို အောင်​လေ၏။ အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​ပြီး​မှ၊ ကေ​နတ်၏​သား ဩ​သံ​ယေ​လ​သည် သေ​လေ၏။

တရားသူကြီး 3:2-11 Common Language Bible (BCL)

ယင်း​သို့​ကိုယ်​တော်​ပြု​ရ​သည့်​အ​ကြောင်း​မှာ ဣ​သ​ရေ​လ​လူ​မျိုး​ဆက်​တစ်​ဆက်​ပြီး​တစ် ဆက်​စစ်​မှု​ရေး​ရာ​သင်​ကြား​နိုင်​ရန်​ပင်​ဖြစ် ၏။ အ​ထူး​သ​ဖြင့်​ယ​ခင်​က​စစ်​ပွဲ​မ​ဝင်​ခဲ့ ဘူး​သူ​တို့​အား​သင်​ကြား​ပေး​နိုင်​စေ​ရန် ဖြစ်​၏။- ထို​ပြည်​တွင်​ကျန်​ရှိ​နေ​သော​လူ​မျိုး​များ​မှာ ဖိ​လိတ္တိ​မြို့​ငါး​မြို့​မှ​ဖိ​လိတ္တိ​လူ​မျိုး၊ ခါ​နာန် လူ​မျိုး​အား​လုံး၊ ဇိ​ဒုန်​လူ​မျိုး​နှင့်​ဗာ​လ​ဟေ ရ​မုန်​တောင်​မှ​ဟာ​မတ်​တောင်​ကြား​လမ်း​အ​ထိ တည်​ရှိ​သော​လေ​ဗ​နုန်​တောင်​ပေါ်​တွင်​နေ​ထိုင် သည့်​ဟိဝိ​လူ​မျိုး​တို့​ဖြစ်​ကြ​၏။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​တို့ ကို​လိုက်​နာ​ကျင့်​သုံး​မည်​မ​ကျင့်​သုံး​မည်​ကို သိ​ရှိ​နိုင်​စေ​ရန်​ကိုယ်​တော်​သည်​အ​ဆို​ပါ​လူ မျိုး​တို့​ကို​အ​သုံး​ပြု​၍​စစ်​ကြော​တော်​မူ​လို သ​တည်း။- သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခါ​နာန်​အ​မျိုး​သား​များ၊ ဟိတ္တိ​အ​မျိုး​သား များ၊ အာ​မော​ရိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ အ​မျိုး​သား​များ၊ ဟိ​ဝိ​အ​မျိုး​သား​များ​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​များ​တို့​နှင့်​အ​တူ​နေ ထိုင်​ရ​ကြ​လေ​သည်။- သူ​တို့​သည်​ထို​သူ​တို့​၏​သား​သ​မီး​များ​နှင့် ထိမ်း​မြား​စုံ​ဖက်​ကာ​သူ​တို့​၏​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​ကုန်​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​မေ့​လျော့ သွား​ကြ​၏။ ကိုယ်​တော်​ကို​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​နှင့်​အာ​ရှ​ရ​ဘု​ရား​တို့​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။- သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​မျက်​တော်​ထွက်​သ​ဖြင့် မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်​အား သူ​တို့​ကို​နှိမ်​နင်း​အောင်​မြင်​စေ​တော်​မူ​၏။ သူ တို့​သည်​ရှစ်​နှစ်​ပတ်​လုံး​ထို​ဘု​ရင်​၏​လက် အောက်​ခံ​ဖြစ်​ရ​ကြ​လေ​သည်။- ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား​ကယ် ဆယ်​ရန်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​မှာ​ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား သြ​သံ​ယေ​လ​ပင်​တည်း။- ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​သူ့ အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင် ဖြစ်​လာ​လေ​သည်။ သြ​သံ​ယေ​လ​သည်​စစ် ချီ​တိုက်​ခိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့ အား​မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ကို​နှိမ်​နင်း အောင်​မြင်​စေ​တော်​မူ​၏။- တိုင်း​ပြည်​သည်​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငြိမ်း​ချမ်း​သာ​ယာ​လျက်​ရှိ​၏။ ထို​နောက် သြ​သံ​ယေ​လ​ကွယ်​လွန်​လေ​သည်။

တရားသူကြီး 3:2-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

(​ဤသည်ကား စစ်ပွဲ​အတွေ့အကြုံ​မ​ရှိ​သေး​သော အစ္စရေး​လူမျိုး မျိုးဆက်သစ်​များ စစ်မှုရေးရာ သင်ယူ​စေရန်​ဖြစ်​၏​။​) ဖိလိတ္တိ​မင်း ငါး​ပါး​အပါအဝင် ခါနာန်​လူမျိုး​အားလုံး​၊ ဆီဒုန်​လူမျိုး​နှင့် ဗာလဟေရမုန်​တောင်​မှ လီဘိုဟာမတ်​တိုင်အောင် လက်ဘနွန်​တောင်​တစ်လျှောက်​တွင် နေထိုင်​ကြ​သော​ဟိဝိ​လူမျိုး တို့​ဖြစ်​ကြ​၏​။ ဤ​လူမျိုး​တို့​ကို ချန်ထား​သည်​မှာ မောရှေ​မှတစ်ဆင့် ဘိုးဘေး​တို့​အား မိန့်မှာ​တော်မူ​ခဲ့​သည့် ထာဝရဘုရား​၏​ပညတ်တော်​များ​ကို အစ္စရေး​လူမျိုး​တို့ နာခံ​မည်​၊ မ​နာခံ​မည်​ကို သိရှိ​နိုင်​မည့်​အကြောင်း စမ်းသပ်​ရန်​အတွက် ဖြစ်​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​၍ သူ​တို့​၏​သမီး​များ​ကို လက်ထပ်ယူ​ကြ​၏​။ မိမိ​တို့​၏​သမီး​များ​ကို​လည်း ထို​လူမျိုးခြား​တို့​၏​သား​များ​နှင့် ပေးစား​ကြ​၏​။ သူ​တို့​၏​ဘုရား​များ​ကို​လည်း ဝတ်ပြု​ကြ​၏​။ ဤသို့ အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ထား​ကာ ဗာလ​ဘုရား​၊ အာရှရ​နတ်ဘုရားမ​တို့​ကို ဝတ်ပြု​လျက် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​သောကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​လက်​သို့ ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို ရှစ်​နှစ်​အစေခံ​ရ​လေ​၏​။ သို့သော် အစ္စရေး​အမျိုးသား​တို့ ထာဝရဘုရား​ထံ အော်ဟစ်​သောအခါ ထာဝရဘုရား​သည် သူ​တို့​ကို ကယ်တင်​မည့်​ကယ်တင်ရှင်​တစ်ဦး​ကို အစ္စရေး​လူမျိုး​ထဲမှ ပေါ်ထွန်း​စေ​တော်မူ​၏​။ ထို​သူ​ကား ကာလက်​၏​တူ​၊ ကေနတ်​၏​သား ဩသံယေလ​ပေတည်း​။ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဩသံယေလ​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရ​၏​။ စစ်ချီ​သောအခါ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​ကို သူ့​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​သဖြင့် သူ​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို နိုင်​လေ​၏​။ တိုင်းပြည်​လည်း အနှစ်​လေးဆယ်​ပတ်လုံး ငြိမ်းချမ်း​လေ​၏​။ ထို့နောက်မှ ကေနတ်​၏​သား ဩသံယေလ သေဆုံး​၏​။