YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 2:11-19

တရားသူကြီး 2:11-19 Judson Bible (JBMLE)

ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ၏။ အဲ​ဂု​တ္တု​ပြည်​မှ သူ​တို့​ကို ဆောင်​ခဲ့​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​မျိုး​တို့၏ ဘု​ရား​တစ်​ပါး​တို့​နောက်​သို့ လိုက်​လျက်​ဦး​ညွှတ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ကို ထွက်​စေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ လု​ယူ​သော သူ​တို့​လက်​သို့​အပ်၍၊ ပတ်​ဝန်း​ကျင်​သော ရန်​သူ​တို့၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ရှေ့​မှာ သူ​တို့​သည် တစ်​ဖန်​မ​ရပ်​နိုင်​ကြ။ သူ​တို့​သည် ထွက်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား မိန့်​မြွက်​ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ လက်​တော်​အ​ဆီး​အ​တား​နှင့် တွေ့၍ အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ကြ၏။ သို့​ရာ​တွင် လု​ယူ​သော​သူ​တို့​လက်​မှ ကယ်​လွှတ်​သော တ​ရား​သူ​ကြီး​တို့​ကို ထာ​ဝ​ရ​ဘု​ရား ပေါ်​ထွန်း​စေ​တော်​မူ၏။ ထို​တ​ရား​သူ​ကြီး​တို့​စ​ကား​ကို​လည်း သူ​တို့​သည် နား​မ​ထောင်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နှင့်​မှား​ယွင်း၍ ဦး​ညွှတ်​ကြ၏။ ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို​ကျင့်၍ လိုက်​သော​လမ်း​မှ သူ​တို့​သည် အ​လျင်​အ​မြန်​လွဲ​သွား​သ​ဖြင့်၊ ဘိုး​ဘေး​ကျင့်​သည်​အ​တိုင်း မ​ကျင့်​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​ကို ပေါ်​ထွန်း​စေ​သော​အ​ခါ သူ​နှင့်​အ​တူ​ရှိ၍၊ သူ့​လက်​ထက်​ပတ်​လုံး ဣ​သ​ရေ​လ​လူ​တို့​ကို ရန်​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ မြည်​တမ်း​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ​တော်​မူ၏။ တ​ရား​သူ​ကြီး​သေ​သော​နောက်၊ သူ​တို့​သည် တစ်​ဖန် ဘိုး​ဘေး​ထက်​သာ၍ ဆိုး​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နောက်​သို့​လိုက်​လျက် ဝတ်​ပြု၍ ဦး​ညွှတ်​ကြ၏။ မိ​မိ​တို့​အ​ကျင့်​ဓ​လေ့​နှင့် ကြမ်း​တမ်း​သော​လမ်း​ကို မ​စွန့်​မ​ပယ်​ကြ။

တရားသူကြီး 2:11-19 Common Language Bible (BCL)

ထို​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။- သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်၊ မိ​မိ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ကိုး​ကွယ်​မှု​မ​ပြု​ကြ​တော့​ဘဲ​မိ​မိ​တို့ ပတ်​ဝန်း​ကျင်​မှ လူ​တို့​ကိုး​ကွယ်​သော​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။ သူ​တို့​သည် ထို​ဘု​ရား​များ​ရှေ့​တွင်​ဦး​ညွှတ်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ကို​ထွက်​စေ ကြ​လေ​သည်။- သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​မှု ကို​စွန့်​၍ ဗာ​လ​ဘု​ရား​များ​နှင့်​အာ​ရှ​တ​ရက် ဘု​ရား​များ​ကို​ရှိ​ခိုး​ကြ​၏။- သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ပြင်း​စွာ​အ​မျက်​ထွက်​တော် မူ​သ​ဖြင့် ရန်​သူ​တို့​ကို​သူ​တို့​အား​လု​ယက် တိုက်​ခိုက်​ရန်​အ​ခွင့်​ပြု​တော်​မူ​၏။ ကိုယ်​တော် သည်​ပတ်​ဝန်း​ကျင်​ရှိ​ရန်​သူ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​ခွင့် ပေး​တော်​မူ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ကာ​ကွယ်​နိုင်​စွမ်း မ​ရှိ​ကြ​တော့​ချေ။- သူ​တို့​တိုက်​ပွဲ​ဝင်​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် သည် မိ​မိ​မိန့်​မြွက်​တော်​မူ​ခဲ့​သည်​အ​တိုင်း​သူ တို့​အား​အ​ရေး​နိမ့်​စေ​တော်​မူ​သ​ဖြင့် သူ တို့​သည်​အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား လု​ယက်​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​ကယ်​ဆယ် မည့်​ခေါင်း​ဆောင်​များ​ကို​ပေါ်​ထွန်း​စေ​တော် မူ​၏။- သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မူ ထို​ခေါင်း​ဆောင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား သစ္စာ​ဖောက်​၍​အ​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​တို့​ကို​ဘိုး​ဘေး​များ​စောင့်​ထိန်း ခဲ့​ကြ​သ​ကဲ့​သို့​မ​စောင့်​ထိန်း​ကြ​တော့​ပေ။- ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​သည့် အ​ခါ​တိုင်း ထို​သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​သူ့​ကို​ကူ​မ​တော်​မူ​၍ သူ​တို့​ကို​ရန် သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​သည်။ သူ​တို့ သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ညှင်း​ပန်း​နှိပ်​စက်​ခြင်း ကို​ခံ​ရ​၍​ညည်း​ညူ​ကြ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပေ​သည်။- သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​၏​ခေါင်း​ဆောင် ကွယ်​လွန်​သွား​သော​အ​ခါ​၌​မူ ဒုံ​ရင်း​သို့​ပြန် လည်​ဆိုက်​ရောက်​ကြ​လျက် ယ​ခင်​လူ​မျိုး​ဆက် မှ​လူ​တို့​ထက်​ပင်​ပို​မို​ဆိုး​ရွား​စွာ​ပြု​မူ​ကျင့် ကြံ​တတ်​ကြ​၏။ အ​ခြား​ဘု​ရား​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လမ်း​စဉ်​ကို လိုက်​မြဲ​လိုက်​ကြ​ကုန်​သည်။

တရားသူကြီး 2:11-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​မျက်မှောက်​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​၏​။ ဗာလ​ဘုရား​ကို ဝတ်ပြု​ကြ​၏​။ သူ​တို့​သည် အီဂျစ်​ပြည်​မှ မိမိ​တို့​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သည့် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ပြီး မိမိ​တို့​ပတ်လည်​ရှိ​လူမျိုး​တို့​၏​ဘုရား​များ​နောက်သို့​လိုက်​၍ ထို​ဘုရား​များ​ကို​ရှိခိုးကိုးကွယ်​ခြင်း​ဖြင့် ထာဝရဘုရား​၏​အမျက်​တော်​ကို​နှိုးဆော်​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို စွန့်​၍ ဗာလ​ဘုရား​နှင့် အာရှတရက်​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​ထဲသို့​အပ်လိုက်​တော်မူ​သဖြင့် ထို​သူ​တို့​သည် သူ​တို့​ကို​တိုက်ခိုက်လုယက်​ကြ​၏​။ သူ​တို့​ဝန်းကျင်​ရှိ ရန်သူ​တို့​ထံ သူ​တို့​ကို ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ရန်သူ​တို့​ကို မ​ခုခံ​နိုင်​ကြ​တော့​ပေ​။ ထာဝရဘုရား ကျိန်ဆို​မိန့်မြွက်​သည့်​အတိုင်း သူ​တို့ စစ်ချီ​လေရာရာ​၌ ထာဝရဘုရား​၏​လက်​တော်​သည် သူ​တို့​အပေါ် ကျရောက်​သဖြင့် ဘေးအန္တရာယ်​နှင့် ကြုံတွေ့​ရ​၍ အလွန်​ဒုက္ခရောက်​ရ​ကြ​၏​။ ထို့နောက်မှ ထာဝရဘုရား​သည် တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​မှ သူ​တို့​ကို ကယ်တင်​ပေး​မည့် တရားသူကြီး​များ​ကို ပေါ်ထွန်း​စေ​တော်မူ​၏​။ သို့သော် သူ​တို့​သည် တရားသူကြီး​တို့​၏​စကား​ကို နား​မ​ထောင်​၊ အခြား​ဘုရား​များ​ကို ရှိခိုးကိုးကွယ်​လျက် ဖောက်ပြန်မှားယွင်း​ကြ​၏​။ ဘိုးဘေး​တို့ နာခံ​လိုက်လျှောက်​ခဲ့​ကြ​သော​ထာဝရဘုရား​၏​ပညတ်တရား​လမ်း​မှ အလျင်အမြန်​လမ်း​လွဲသွား​ကြ​၏​။ ထို​လမ်း​အတိုင်း မ​လိုက်လျှောက်​ကြ​။ ထာဝရဘုရား​သည် သူ​တို့​အဖို့ တရားသူကြီး​ကို ပေါ်ထွန်း​စေ​ပြီ​ဆိုလျှင် ထို​တရားသူကြီး​နှင့် ထာဝရဘုရား​အတူ​ရှိ​တော်မူ​၍ ထို​တရားသူကြီး​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​တို့​ကို ရန်သူ့​လက်​မှ ကယ်တင်​ပေး​တော်မူ​၏​။ အကြောင်းမှာ သူ​တို့ ညှဉ်းဆဲ​ခံရ​ချိန်​၊ ဒုက္ခရောက်​ချိန်​တွင် ညည်းတွား​မြည်တမ်း​ကြ​သဖြင့် ထာဝရဘုရား​သည် သူ​တို့​ကို သနား​တော်မူ​၏​။ သို့သော် ထို​တရားသူကြီး သေလွန်​သွား​သောအခါ သူ​တို့​သည် အခြား​ဘုရား​များ​ဘက်​သို့​ပြန်လှည့်​၍ ထို​ဘုရား​များ​နောက်သို့​လိုက်​လျက် ထို​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​ကြ​ပြန်​၏​။ ဘိုးဘေး​တို့​ထက် သာ၍​အကျင့်ပျက်ပြား​ကြ​၏​။ သူ​တို့​၏​အကျင့်စရိုက်​၊ ဆိုးညစ်​သော​အပြုအမူ​များ​ကို မ​စွန့်ပစ်​ကြ​။