YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 2:11-19

တရားသူကြီး 2:11-19 JBMLE

ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ၏။ အဲ​ဂု​တ္တု​ပြည်​မှ သူ​တို့​ကို ဆောင်​ခဲ့​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​မျိုး​တို့၏ ဘု​ရား​တစ်​ပါး​တို့​နောက်​သို့ လိုက်​လျက်​ဦး​ညွှတ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ကို ထွက်​စေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ လု​ယူ​သော သူ​တို့​လက်​သို့​အပ်၍၊ ပတ်​ဝန်း​ကျင်​သော ရန်​သူ​တို့၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ရှေ့​မှာ သူ​တို့​သည် တစ်​ဖန်​မ​ရပ်​နိုင်​ကြ။ သူ​တို့​သည် ထွက်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား မိန့်​မြွက်​ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ လက်​တော်​အ​ဆီး​အ​တား​နှင့် တွေ့၍ အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ကြ၏။ သို့​ရာ​တွင် လု​ယူ​သော​သူ​တို့​လက်​မှ ကယ်​လွှတ်​သော တ​ရား​သူ​ကြီး​တို့​ကို ထာ​ဝ​ရ​ဘု​ရား ပေါ်​ထွန်း​စေ​တော်​မူ၏။ ထို​တ​ရား​သူ​ကြီး​တို့​စ​ကား​ကို​လည်း သူ​တို့​သည် နား​မ​ထောင်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နှင့်​မှား​ယွင်း၍ ဦး​ညွှတ်​ကြ၏။ ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို​ကျင့်၍ လိုက်​သော​လမ်း​မှ သူ​တို့​သည် အ​လျင်​အ​မြန်​လွဲ​သွား​သ​ဖြင့်၊ ဘိုး​ဘေး​ကျင့်​သည်​အ​တိုင်း မ​ကျင့်​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​ကို ပေါ်​ထွန်း​စေ​သော​အ​ခါ သူ​နှင့်​အ​တူ​ရှိ၍၊ သူ့​လက်​ထက်​ပတ်​လုံး ဣ​သ​ရေ​လ​လူ​တို့​ကို ရန်​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ မြည်​တမ်း​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ​တော်​မူ၏။ တ​ရား​သူ​ကြီး​သေ​သော​နောက်၊ သူ​တို့​သည် တစ်​ဖန် ဘိုး​ဘေး​ထက်​သာ၍ ဆိုး​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နောက်​သို့​လိုက်​လျက် ဝတ်​ပြု၍ ဦး​ညွှတ်​ကြ၏။ မိ​မိ​တို့​အ​ကျင့်​ဓ​လေ့​နှင့် ကြမ်း​တမ်း​သော​လမ်း​ကို မ​စွန့်​မ​ပယ်​ကြ။