YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 5:16-20

ရှင်ယာကုပ် 5:16-20 Judson Bible (JBMLE)

အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ကြ​လော့။ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။- ဧ​လိ​ယ​သည် ငါ​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ ဖြစ်​သော်​လည်း၊ မိုး​မ​ရွာ​မည်​အ​ကြောင်း အ​ထူး​သ​ဖြင့် ဆု​တောင်း​သော​အ​ခါ၊ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မြေ​ပေါ်​သို့ မိုး​မ​ရွာ​ဘဲ​နေ၏။- တစ်​ဖန် ဆု​တောင်း​သော​အ​ခါ၊ မိုး​ကောင်း​ကင်​သည် မိုး​ရွာ​စေ၏။ မြေ​ကြီး​သည်​လည်း မိ​မိ​အ​သီး​ကို​သီး​လေ၏။ ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သ​မ္မာ​တ​ရား​လမ်း​မှ​လွဲ​သွား၍ သူ​တစ်​ပါး​သည် ထို​သူ​ကို ပြန်​စေ​လျှင်​မူ​ကား၊- အ​ပြစ်​ရှိ​သော​သူ​ကို မှား​ယွင်း​သော​လမ်း​မှ ပြန်​စေ​သော​သူ​သည်၊ ဝိ​ညာဉ်​ကို သေ​ခြင်း​မှ​ကယ်​တင်၍ များ​စွာ​သော​အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်​သည်​ဟု ထို​သူ​သည် သိ​မှတ်​စေ။ ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ​ပြီး၏။

ရှင်ယာကုပ် 5:16-20 Common Language Bible (BCL)

သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၍ အ​ချင်း​ချင်း အ​တွက်​ဆု​တောင်း​သ​ဖြင့်​သင်​တို့​၏​ရော​ဂါ များ​ပျောက်​ကင်း​လိမ့်​မည်။ သူ​တော်​ကောင်း​၏ ဆု​တောင်း​ပတ္ထ​နာ​သည်​အ​လွန်​တန်​ခိုး​ပါ​၏။- ဧ​လိ​ယ​သည်​ငါ​တို့​နည်း​တူ​သာ​မန်​လူ​သား ဖြစ်​ပေ​သည်။ သူ​သည်​မိုး​မ​ရွာ​စေ​ရန်​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ ကမ္ဘာ​မြေ ပေါ်​သို့​သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင်​မိုး​မ​ရွာ ဘဲ​နေ​၏။- နောက်​တစ်​ဖန်​ဧ​လိ​ယ​ဆု​တောင်း​သော​အ​ခါ ကောင်း​ကင်​မှ​မိုး​များ​ရွာ​ချ​လာ​သ​ဖြင့် မြေ ဆီ​လွှာ​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ထွန်း စေ​၏။ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​အ​နက်​တစ်​စုံ​တစ် ယောက်​သော​သူ​သည်​သမ္မာ​တ​ရား​လမ်း​မှ​လွဲ မှား​၍​သွား​သ​ဖြင့် အ​ခြား​သူ​တစ်​ယောက်​က လမ်း​မှန်​သို့​ပြန်​လည်​ပို့​ဆောင်​ခဲ့​သည်​ဆို​အံ့။- ယင်း​သို့​အ​ပြစ်​ကူး​သူ​တစ်​ဦး​အား​လမ်း​မှား မှ​ပြန်​လည်​ခေါ်​ဆောင်​ကာ​သူ​သည် ထို​သူ​၏ ဝိ​ညာဉ်​ကို​သေ​ခြင်း​မှ​ကယ်​တင်​၍​သူ့​အား များ​စွာ​သော​အ​ပြစ်​တို့​မှ​ပြေ​လွှတ်​ခွင့်​ရ စေ​ရန်​ဆောင်​ရွက်​ပေး​သူ​ဖြစ်​လိမ့်​မည်။ ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ​ပြီး​၏။

ရှင်ယာကုပ် 5:16-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ သင်​တို့​သည် ကျန်းမာ​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း တစ်ဦး​နှင့်​တစ်ဦး မိမိ​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်း​ကြ​လော့။ ဖြောင့်မတ်​သော​သူ​၏​စိတ်အား​ထက်သန်​သည့်​ဆုတောင်း​ချက်​သည် အလွန်​တန်ခိုး​ပါ​၍ ထိရောက်​မှု​ရှိ​၏။ ဧလိယ​သည် ငါ​တို့​နည်းတူ သာမန်​လူသား​တစ်​ဦး​ဖြစ်​သော်လည်း မိုး​မ​ရွာ​မည့်​အကြောင်း ထက်သန်စွာ​ဆုတောင်း​သောအခါ သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်တိုင် မြေ​ပေါ်၌​မိုး​မ​ရွာ​ဘဲ​နေ​၏။ ထို့နောက် သူ​သည် နောက်တစ်ဖန် ဆုတောင်း​သောအခါ ကောင်းကင်​မှ​မိုး​ရွာသွန်း​၍ မြေ​သည် အသီးအနှံ​များ​ကို​ဖြစ်ထွန်း​စေ​၏။ ငါ့​ညီအစ်ကို​တို့၊ သင်​တို့​တွင် တစ်စုံတစ်ယောက်​သော​သူ​သည် သမ္မာတရား​လမ်း​မှ​လွဲ​သွား​၍ တစ်စုံတစ်ဦး​က သူ့​ကို ပြန်လည်​ခေါ်ဆောင်​လာ​လျှင် အပြစ်သား​ကို သူ​၏​မှားယွင်း​သော​လမ်း​မှ ပြန်လည်​ခေါ်ဆောင်​လာ​သော​ထို​သူ​သည် လမ်းလွဲ​ခဲ့​သူ​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​ကယ်တင်​၍ များစွာ​သော​အပြစ်​တို့​ကို​ဖုံးအုပ်​ပေး​မည်​ဖြစ်​ကြောင်း သိမှတ်​ပါစေ။