YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 5:14-18

ရှင်ယာကုပ် 5:14-18 Judson Bible (JBMLE)

နာ​သော​သူ​ရှိ​လျှင်၊ သင်း​အုပ်​ကို​ခေါ်၍ သူ​တို့​သည် သ​ခင်​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု​လျက်၊ လူ​နာ​ကို​ဆီ​နှင့်​လူး၍ သူ့​အ​ပေါ်​မှာ ဆု​တောင်း​ကြ​စေ။- ထို​သို့​ပြု​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​တ္ထ​နာ​သည် လူ​နာ​ကို ကယ်​ဆယ်၍၊ သ​ခင်​ဘု​ရား​သည် သူ့​ကို​ထ​မြောက်​စေ​တော်​မူ​မည်။ သူ​သည် အ​ပြစ်​ပြု​မိ​သော်​လည်း ထို​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။- အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ကြ​လော့။ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။- ဧ​လိ​ယ​သည် ငါ​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ ဖြစ်​သော်​လည်း၊ မိုး​မ​ရွာ​မည်​အ​ကြောင်း အ​ထူး​သ​ဖြင့် ဆု​တောင်း​သော​အ​ခါ၊ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မြေ​ပေါ်​သို့ မိုး​မ​ရွာ​ဘဲ​နေ၏။- တစ်​ဖန် ဆု​တောင်း​သော​အ​ခါ၊ မိုး​ကောင်း​ကင်​သည် မိုး​ရွာ​စေ၏။ မြေ​ကြီး​သည်​လည်း မိ​မိ​အ​သီး​ကို​သီး​လေ၏။

ရှင်ယာကုပ် 5:14-18 Common Language Bible (BCL)

ဖျား​နာ​သူ​သည်​အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ လူ​ကြီး​များ​အား​ဖိတ်​ခေါ်​စေ။ သူ​တို့​သည်​သခင် ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ​နာ အား​ဆီ​ဖြင့်​လူး​၍​ဆု​တောင်း​ကြ​စေ။- ယုံ​ကြည်​ခြင်း​ဖြင့်​ဆု​တောင်း​ခြင်း​သည် လူ​နာ အား​ကျန်း​မာ​စေ​လိမ့်​မည်။ သ​ခင်​ဘု​ရား​သည် သူ့​အား​ကျန်း​မာ​လာ​စေ​တော်​မူ​၍ သူ​ပြု​မိ သော​အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ လိမ့်​မည်။- သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၍ အ​ချင်း​ချင်း အ​တွက်​ဆု​တောင်း​သ​ဖြင့်​သင်​တို့​၏​ရော​ဂါ များ​ပျောက်​ကင်း​လိမ့်​မည်။ သူ​တော်​ကောင်း​၏ ဆု​တောင်း​ပတ္ထ​နာ​သည်​အ​လွန်​တန်​ခိုး​ပါ​၏။- ဧ​လိ​ယ​သည်​ငါ​တို့​နည်း​တူ​သာ​မန်​လူ​သား ဖြစ်​ပေ​သည်။ သူ​သည်​မိုး​မ​ရွာ​စေ​ရန်​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ ကမ္ဘာ​မြေ ပေါ်​သို့​သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင်​မိုး​မ​ရွာ ဘဲ​နေ​၏။- နောက်​တစ်​ဖန်​ဧ​လိ​ယ​ဆု​တောင်း​သော​အ​ခါ ကောင်း​ကင်​မှ​မိုး​များ​ရွာ​ချ​လာ​သ​ဖြင့် မြေ ဆီ​လွှာ​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ထွန်း စေ​၏။

ရှင်ယာကုပ် 5:14-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​တွင် နာမကျန်း​ဖြစ်​သူ​ရှိ​လျှင် သူ​သည် အသင်းတော်​အကြီးအကဲ​များ​ကို​ဖိတ်ခေါ်​စေ။ သူ​တို့​သည်​လည်း သခင်​ဘုရား​၏​နာမ​တော်​၌ သူ့​ကို​ဆီ​လိမ်း​၍ သူ့​အတွက်​ဆုတောင်း​ပေး​ကြ​စေ။ ယုံကြည်​ခြင်း​ဖြင့်​တောင်းလျှောက်​သော​ဆုပတ္ထနာ​သည် လူနာ​ကို​ကျန်းမာ​စေ​၍ သခင်​ဘုရား​သည် သူ့​ကို​ထူမ​တော်မူ​လိမ့်မည်။ သူ​သည် အပြစ်​ကို​ပြု​မိ​ခဲ့​လျှင်​လည်း သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်။ သို့ဖြစ်၍ သင်​တို့​သည် ကျန်းမာ​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း တစ်ဦး​နှင့်​တစ်ဦး မိမိ​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်း​ကြ​လော့။ ဖြောင့်မတ်​သော​သူ​၏​စိတ်အား​ထက်သန်​သည့်​ဆုတောင်း​ချက်​သည် အလွန်​တန်ခိုး​ပါ​၍ ထိရောက်​မှု​ရှိ​၏။ ဧလိယ​သည် ငါ​တို့​နည်းတူ သာမန်​လူသား​တစ်​ဦး​ဖြစ်​သော်လည်း မိုး​မ​ရွာ​မည့်​အကြောင်း ထက်သန်စွာ​ဆုတောင်း​သောအခါ သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်တိုင် မြေ​ပေါ်၌​မိုး​မ​ရွာ​ဘဲ​နေ​၏။ ထို့နောက် သူ​သည် နောက်တစ်ဖန် ဆုတောင်း​သောအခါ ကောင်းကင်​မှ​မိုး​ရွာသွန်း​၍ မြေ​သည် အသီးအနှံ​များ​ကို​ဖြစ်ထွန်း​စေ​၏။